Wednesday, January 5, 2011

သတင်းအတိုအထွာများ

မန္တလေး-မိုးကုတ်ကားလမ်း သပိတ်ကျင်းအကျော် ဇရပ်ကွင်းရွာအနီး ယူရေနီယံထွက်တဲ့တောင်ကြောမှာ နအဖက စက်ရုံတခုကို ဇန္န၀ါရီလထဲမှာ အပြီးသတ်မယ်လို့ ဒေသခံတဦးကပြော။ အဲဒီနေရာကထွက်တဲ့ ယူရေနီယံက ၇၀ ရာခိုင်နှုန်း သန့်စင်တယ်လို့လည်း ပြောပြခဲ့။

ဒီဇင်ဘာလကုန်မှာ အင်းစိန်၊ ပေါင်းတည်၊ ပြည်၊ သရက်၊ သာယာဝတီထောင်တွေက အကျဉ်းသားပေါ်တာတွေကို ရှေ့တန်းကိုလွှတ်မယ်ကြားထား။ အခု ဝေါ်လေဒေသဘက်ကို ရောက်လာတဲ့ ပေါ်တာအများစုဟာ သူတို့တွေဘဲဖြစ်ရမယ်။

ခမရ(၂၀၈)အပါအ၀င် တပ်မ (၂၂) လက်အောက်ခံ တပ်ရင်း (၄) ရင်းကို လာမည့် ဇန္န၀ါရီလ (၆) ရက်နေ့နောက်ဆုံးထားပြိး ဝေါ်လေဒေသ စစ်မြေပြင်ကို အင်အားဖြည့်လာဘို့ရှိတယ်လို့ တပ်မှူးတဦးထံက ကြားသိထားပါကြောင်း။

No comments:

Post a Comment