Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Saturday, March 5, 2011
ဝမ်းနည်းမှတ်တမ်း (မင်းလူ)
Labels:
ကဗျာ
Sunday, April 26, 2009
♣ ရာဇ၀င်ကောင်းအောင် ♣
“နက်မှောင်သောမိုးသားကောင်းကင်မှာ
ငွေကြယ်ပွင့်များတောက်ပလျှက်ရှိသည်
ကျွန်ုပ်တို့သည်လည်း ဆည်းဆာရောင်မှာ
အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်လျှက်ရှိသည်” ( ဒဂုန်တာရာ )
ဆရာတယောက်ဆီက့ 
တဆင့်ပြန်ကြားခဲ့ရတဲ့
ရှေ့မှီနောက်မှီ ကဗျာဆရာစာဆိုကြီးရဲ့စကား
အကြိမ်ကြိမ်အခါခါ ပြန်စဉ်းစား
ကိုယ့်အတွေးနဲ့ကို
ကိုယ့်လုပ်ရပ်နဲ့ကိုပေမို့
စဉ်းစားမရပါလား ခက်သာ့း့  ။
အကိုတယောက်လိုခင်တဲ့ 
သူငယ်ချင်းတယောက်ကလည်းပြောတယ်
“ ကိုယ့်ရာဇ၀င်ကိုယ်ရေးတာမဟုတ်ဘူး
ကိုယ့်ရာဇ၀င်ကိုယ်ကောင်းအောင်
ကိုယ့်လုပ်ရပ်နဲ့ကိုယ်လုပ်နေတာ ” တဲ့
ဘ၀ဖြတ်သန်းမှုက ရထားခဲ့တဲ့
မပြည့်စုံသေးတဲ့ ငါ့အတွေးအခေါ်နဲ့
သူ့ရဲ့စကားကတော့
တကယ့်တထပ်တည်း တူနေပါလာ့း့  ။
ခြောက်ပြစ်ကင်း တယောက်တော့မဟုတ်ပါဘူ့း့ 
ဦးတည်ချက်ထားပြီးတော့ ကြိုးစားနေတာကတော့
မျိုးကြီးရဲ့ သီချင်းလေးထဲကလို
“ နေရောင်ခြည်မဟုတ်လည်းပဲ
ငါတတ်စွမ်းသလောက် ကြယ်လောက်တော့
ငါ့ရဲ့လက်တကမ်းတော့ အလင်းဓါတ်တွေပေးခဲ့တယ် ” ဆိုတဲ့အတိုင်းပဲ
ငါ့ရာဇ၀င်တခုကောင်းပြီးကျန်နေခဲ့ရအောင်
လက်တွေ့လုပ်ရပ်တွေနဲ့ လုပ်ဆောင်လျှက်ပါပဲ့  ။
ဘ၀မှာစံထားရမယ့်သူ မျာစွာထားလို့ 
သူတို့ရဲ့ လုပ်ထုံးတွေကိုနှလုံးမူကာ
ကြိုးစားနေဆဲပါ ငါ့မှာ
နောင်တချိန်မှာကျန်ခဲ့မယ့်
ငါ့မျိုးဆက်တွေဟာလည်း
လူပုံအလည်မျက်နှာပန်းပွင့်စေဖို့
ကြိုးစားနေဆဲပါ ငါ့မှာ့  ။
ကမ္ဘာ့ရာဇ၀င်ထဲက ငါတို့တွေမှာ့ 
ဆိုးသူတွေလည်းရှိ
ကောင်းသူတွေလည်းရှိ
သိရက်နဲ့ဆက်မိုက်နေသူတွေလည်းရှိ
အမှားကိုသိရင်အမှန်ပြင်တတ်သူတွေလည်းရှိ
့  ရှိ
့  ရှိ
့  ရှိ
အဲ့ဒီလို “ ရှိ ” တွေထဲမှာပေါ့
ငါ့မှာလည်းတခုခုတော့ ရှိကောင်းရှိလိမ့်မယ်
ဒါပေမယ့် ငါ့ရာဇ၀င်ကောင်းအောင်
ကြိုးစားသွားဖို့ဆုံးဖြတ်ထားတာဖြစ်လို့
တော်လှန်ရေး လမ်းခရီးတလျှောက်လုံးအတွက်
ငါ့မှာ့  “ လုပ်စား ” လုပ်ဖို့ဆိုတာကတော့
စိတ်ကူးယဉ်တွေးမိတာတောင် မုန်းမိရဲ့
အဲ့ဒီစိတ်မျိုးတော့ လုံးဝငါ့မှာမရှိ့  ။
လယ်ပြင်မှာဆင်သွားရင်တော့ 
ခြေရာတွေကတော့ ထင်းထင်းပေါ်ခဲ့မှာပဲ
ငါလျှောက်နေတဲ့ လမ်းတလျှောက်မှာလည်း
ကိုယ်ပိုင်အသိနဲ့ယှဉ်လို့
အမှားတွေရှိခဲ့ရင်လည်း
ရဲရဲပဲ ငါပြင်သွားမယ်
ငါ့ရဲ့လုပ်ရပ်အပြုအမူတွေနဲ့
နောင်အနာဂတ်မှာကျန်ခဲ့မယ့်
ငါ့ရဲ့ဆွေစဉ်မျိုးဆက်တွေပါ
ရာဇ၀င်ကောင်းအောင်လုပ်တတ်ဖို့
လမ်းညွှန်သွန်သင်ပေးခဲ့ပြီး
ငါ့ရာဇ၀င်လည့်း့ 
သမိုင်းမှာသန့်သန့်ကလေးကျန်ခဲ့အောင်
လက်တွေ့လုပ်ရပ်တွေနဲ့ လုပ်ပြသွားမယ့့်  ။
ဇာနည်မောင်
Labels:
ကဗျာ
Friday, January 30, 2009
ညီလေးနဲ့တခဏတာ

ညီလေးရေ့ 
ငါတို့တတွေဟာ
သာသူကိုအားကိုးကြတဲ့
ပုတုစဉ်လူသားတွေဖြစ်တယ့့်  ။
တကယ်ဆိုငါတို့တတွေဟာလောကီသားတွေပေမို့ 
လောကသဘာဝအတိုင်းလိုက်ကာ
တခါတလေမှာ
တကိုယ်ကောင်းအတ္တတွေကို
ကိုယ်ပိုင်အသိနဲ့ဖျောက်လို့
အစွန်းရောက်လွန်းတဲ့
လူ့တိရစ္ဆာန်မဖြစ်အောင်
အများတကာနဲ့သဟဇာတဖြစ်ဖို့
ကိုယ်ပိုင်အသိနဲ့အမြဲရှင်နေရတယ်နော့့်  ။
ညီလေးရေ့ 
ကိုယ့်မျက်စေ့မွှေးတဆုံးမကပဲ
ဝေးဝေးကိုမြင်နှိုင်အောင်လို့
မြင့်မြင့်ပျံပြီးတော့
ဝေးဝေးကြည့်ရမယ့့်  ။
နားစွင့်ထားညီလေ့း့ 
ဟိုးရှေ့က၀ံပုလွေတွေ
သားရဲကိုလိုက်ရင်း
စူးစူးရဲရဲအော်သံတွေကြားနေတယ်
ဒါပေမယ့် ခေါင်းဆောင်
ဝံပုလွေအိုကြီးအသံကို သိပ်မကြားရဘူး
တဘို့တည်းကြည့်တတ်တဲ့ဝံပုလွေအိုကြီးက
တချီတည်းနဲ့သားရဲကိုအပြီလှဲဖို့ပဲ
အဓိကကြိုးစားနေလေရဲ့  ။
ညီလေးရေ့ 
ခေါင်းဆောင်လုပ်တဲ့သူဆိုတာ
စွန့်လွှတ်စွန့်စားမှု
သီးခံအနစ်နာခံမှုနဲ့
ရဲရင့်ဆုံးဖြတ်ဥာဏ်မှန်ကန်မှု
တခုကောင်းတခုတော့ရှိရမယ့့်  ။
ညီလေး ငါတို့တတွေက့ 
ယုံကြည်ကိုးကွယ်ကြတာ
ဘာသာအသီးသီးဖြစ်ကြပေမယ့်
ဘာသာတရားတိုင်းမှာ
မကောင်းတာတွေလုပ်ဖို့
ဟောကြားဆုံးမထားတာတွေမရှိဘူ့း့  ။
တကယ်ဆိုရင်ညီလေးရာ့ 
ငါဟာ ပညာရှိတယောက်မဟုတ်တော့
စကားကြွယ်သူပညာတတ်တွေနဲ့
နေ့တဓူဝလောကအကြောင်းတွေပြောကြရင်း
သူတို့တတွေလောက်
ငါကဥာဏ်မသုံးတတ်တော့
ပညာရှိတွေအကြား
ငါ့မှာ့  မျက်နှာငယ်နဲ့ရှက်စရာပ့  ။
ဒါပေမယ့်လည်း ညီလေးရေ့ 
အချိန်ရရင်ငါဟာ
ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ဝေဖန်တတ်လို့
ငါဟာ့  ပညာနည်းပေမယ့်
အစွန်းရောက်တာတွေမလုပ်ခဲ့ဘူး
ကွဲကွာ ညီလေးရာ
ငါတို့နှစ်ယောက်တွေ့ရတဲ့တခဏ
မင်းရဲ့အမြင်လေးတွေနဲ့
ခံစားချက်လေးတချို့ကိုပြောပြပါဦ့း့  ။
ဇာနည်မောင်
Labels:
ကဗျာ
Wednesday, January 28, 2009
☼ အနာဂတ်သစ်သို့ ☼
လှမ်းနေတာမညီညာသည့်လမ့်း့ 
ငါတို့လျှောက်နေတဲ့
အဲ့ဒီဘ၀လမ်းမှာ့ 
လူတွေအမျိုးမျိုးထွေ
ငါလည်းလေခရီးထွက်ခဲ့
ငါ့ဘ၀အနာဂတ်သစ်အတွက့့်  ။
ငါတို့လျှောက်နေတဲ့ခရီးလမ်းကြမ်းမှာ့ 
တချို့လူတွေက
ရေလိုက်ငါးလိုက်နဲ့အောင်မြင်ကြ
ဒါပေမယ့့်  သူတို့
ဘ၀ရဲ့ဒဿနကို
တွင်းနက်နက်ထဲအထိဆင်းမကြည့်လို့
ဘ၀အနှစ်သာရအကြောင်း
ကောင်းကောင်းသိမသွားကြ
သြော့့်  ရေလိုက်ငါးလိုက်
ဖြစ်သလိုနေတတ်ကြတဲ့
သနားစရာလူတွေပ့  ။
ငါတို့လျှောက်နေတဲ့ခရီးလမ်းကြမ်းမှာ့ 
တချို့သူတွေက
မသိရင်မေး မစင်ရင်ဆေးခဲ့ကြ
အဲ့ဒါ ဘ၀ရဲ့အနှစ်သာရ
တကယ်ပါ့ 
အဲ့ဒီလိုလူစားမျိုး
ငါအရမ်းလေးစားသပ့  ။
ငါတို့လျှောက်နေတဲ့ခရီးလမ်းကြမ်းမှာ့ 
တချို့သူတွေက
လှပတဲ့ဘ၀ခရီးကိုရောက်ဖို့
နှောင်ကြိုးတွေကိုဖြေထုတ်
အနာဂတ်ခရီးမှာ့ 
ရဲရဲတွေးရဲရဲရေးပြီး
အမှန်တွေကိုဆိုဖို့အတွက်
ဘ၀တက္ကသိုလ်ဆီ ခရီးဆက်ခဲ့
တကယ်ပါ့  တကယ်ပါ
ငါ့မျက်လုံးတွေရှိရဲ့သားနဲ့
ကြောင်တောင်ကန်းကြီးအဖြစ်မခံနှိုင်ပါ
ငါ့ရဲ့နားတွေရှိရဲ့သားနဲ့
နားတွေကိုထိုးဖောက်တာကိုမခံနှိုင်ပါ
ငါ့ရဲ့ပါးစပ်တွေရှိရဲ့သားနဲ့
ရေငုံနှုတ်ပိတ်ကြိတ်မခံစားနှိုင်ပါ
တကယ်ဆို ငါ့ 
အနာဂတ်သစ်ဆီကိုဆက်လျှောက်ရင်း
အမှန်တွေကိုပဲ
ငါသိသလောက်ဆက်ရေးသွားမှာပါ့  ။
ဇာနည်မောင်
Labels:
ကဗျာ
ဧရာဝတီမှသည်……

နာဂစ်မုန်တိုင်းကြောင့်ပေါ့ လူတွေဒုက္ခရောက်ကြရတဲ့အချိန် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကရောက်လာတဲ့ အကိုကြီးတစ်ဦးနဲ့ စကားပြောဖြစ်ကြတော့ သူက နောက်တစ်ကြိမ် တော်လှန်ရေးက “ဧရာဝတီက စမှာကွ” လို့ရုတ်တရက်ပြောလိုက်တဲ့အခါ ကျွန်တော် ကြက်သီးဖြန်းဖြန်းထသွားခဲ့တယ်။ ဟောဒီကဗျာလေးကိုလည်း…. ရေးဖွဲ့ဖြစ်တယ်။ ခံစားချက်တူတဲ့သူတွေနဲ့ ထပ်တူကျမှာဘဲလို့လည်း ယုံကြည်မိပါရဲ့။
ဧရာဝတီမှသည်……
၁။ ဧရာဝတီဟာ…
သူရဲကောင်းပါ…။
တောင်းမစားတတ်ပါဘူး…။
၂။ မြောက်ဘက်ဖျားမှာ… သန္ဓေတည်မွေးဖွား…
သွေးသားညီရင်း… ချင်းတွင်းဝန်းရံ…။
သံလွင် စစ်တောင်း… ညာလက်မောင်းဟေ့
စစ်မောင်းသံချီ… ဒုဌ၀တီ။
မှိုင်းရီဖြိုးဖြ… ရိုးမတွေဆီ…
နောင်တော်မြတ်မို့… လက်အုပ်ချီ။
ပြည်သူ့ရဲ့သွေး …
ပြည်သူ့ရဲ့သွေး …
ပြည်သူ့ရဲ့သွေး …
ဧရာဝတီ…။
၃။ ၁၉၇၀ နှစ်များက…
ပညာရေးတက္ကသိုလ်…
နောက်ဆုံးနှစ်ရဲ့… နှုတ်ဆက်ပွဲက…
ကိုဖူးသစ်ရဲ့…
“နိုးလော့ ထလော့ ဧရာတီ” တေးသွား…
သံတိုင်တွေကြား… ငါတို့သီဆို။
အားသစ်တွေတက်…
ထောင်တွင်းတိုက်ပွဲတွေ ဆက်ခဲ့…။
ပဒေသရာဇ်စနစ်ဆိုး…
မိုးကြိုးသံလျက် အာဏာစက်အောက်မှာ…
တုံးအောက်ဖားလို… ပြားပြားဝပ်နေ…
“ဟယ်” ပြည်သူတွေရဲ့… ရှိုက်ငိုကြွေးသံ…
ပြန်လည်လို့ကြားပါစလေ…
ပြန်လည်လို့ကြားပါစလေ…
“တောက်”… တက်ခေါက်နေတဲ့…
ဧရာဝတီ…။
၎။ ကောင်းလိုက်တဲ့စာသားနဲ့သံစဉ်
ဗိန်းဗေါင်းတီးလို့.. ဟစ်အော်လိုက်ချင်…။
… သူပုန် သူပုန် ထထ
… ဂဠုန် ဂဠုန် ကြွကြွ
… သပိတ် သပိတ် မှောက်မှောက်
… မြင်းခွာတချက်ပေါက်ရင်
… မီးဟုန်းဟုန်းတောက်စေရမလေ…။
… တို့ပြည်သူညီတူတေး
… သီဆိုကြမယ်လေ…။
… တူ တံဇင် ကိုင်ဆွဲ
… တိုက်ပွဲဝင် သူရဲကောင်းတို့…
… နီမောင်းတေးသံ… ကျူးရင့်ကြဟေ…
… နီမောင်းတေးသံ… ကျူးရင့်ကြဟေ…
… ပြည်သူ့ရဲ့ဧရာဝတီ…
… ပြည်သူနိုးထ အားမာန်ကြွချီ။
… နိုးလော့ထလော့… ဧရာဝတီ
… နိုးလော့ထလော့… ဧရာဝတီ
… နိုးလော့ထလော့… ဧရာဝတီ။
၅။ ဒီသံစဉ်နဲ့ စာသား
ရင်ထဲ နှလုံးသားထဲ
သံမှိုစွဲထားသလို…
အို… ဧရာဝတီသူရဲကောင်းတို့…။
၆။ ဆရာမင်းသုဝဏ်ရဲ့…
… စစ်ကိုလည်းကြုံ
… ခြအုံလည်းဖြစ်
… ဓါးထစ်လည်းခံခဲ့ရတဲ့ ဧရာဝတီ။
၇။ “၁၉၇၄”.. အလုပ်သမားအရေး
ထောင်တွင်းတေးတပုဒ်
ဂျွန် (၆) စိတ်ဓါတ်က။
… ငတ်ရင်းဖြင့်အသေမခံ
… တိုက်ရင်းသာအသေခံမည်…
… ဘာမထီ… ဇာနည်စိတ်ဓါတ်
… မွေး… ခဲ့သည်။
… အာဏာရူး စစ်အစိုးရသည်
… ပေးစရာဆန်အစား
… သနားမညှာ… ကျည်ဆံများသာ…
… ပေး… ခဲ့လေပြီ…။
၈။ ဒီတေးသွားနဲ့သံစဉ်
ခုတိုင်ပင်.. ပေါက်ကွဲလွင့်စင်မဆုံး
ဘယ်မှာတုန်း… တို့ပြန်သီကုံးဘို့…။
နာကျည်းစရာ သံစဉ်တွေ ရှာနေတုန်းလား။
ခေါင်းငြိမ့် ငုတ်တုတ်ခံနေရတုန်းလား။
၉။ လက်နက်နဲ့ စိတ်ဓါတ်
သူပြတ်ရင် ကိုယ်ပြတ်ရမယ်။
သူကိုင်တတ်ရင်… ကိုယ်ကိုင်တတ်ရမယ်။
သူတိုက်တတ်ရင်… ကိုယ်တိုက်တတ်ရမယ်လေ။
၁၀။ ငတ်ပြီး တောင်းနေလို့…
ပတ်ပြီး တောင်းနေလို့…
ပေးမဲ့အရာတွေက…
ပေးတဲ့သူတွေက…။
၁၁။ တိုက်ပွဲထဲက အတွေ့အကြုံ
ဒို့… ရင်ခုံပြီး… ယူရမယ်။
၁၂။ မတိုက်ဖူးသေးလို့ပေါ့
တိုက်ဖူးရင်… မိုးကိုတောင်
ဒူးနဲ့တိုက်ချင်လာမှာ…။
၁၃။ နာဂစ်မုန်တိုင်းထက်မြန်တဲ့
သန်တဲ့… နှုန်းတွေနဲ့…
ဧရာဝတီ သူရဲကောင်းတို့စိတ်ဓါတ်။
သေဆုံး… ပျောက်ဆုံးသူတို့ရဲ့…
ဝိညာဉ်တွေနဲ့အတူ…
ဧရာဝတီမှာ… အလံထူပြီး…
ဒို့ညီတူစကြစို့။
၁၄။ တိုက်ရဲသူသာ…
အောင်ပွဲရယူနှိုင်မှာ…။
ဘယ်သူတွေခံနှိုင်မလဲ။
တိုက်ပွဲထဲက…
သူရဲကောင်းတွေပေါ်လာမယ်။
၁၅။ အရှေ့ မျှော်မျှော်… အနောက်မျှော်မျှော်
တောင်မျှော်မျှော်… မြောက်မျှော်မျှော်
အသံကုန်ဟစ်ခေါ်ခေါ်…
ဘယ်သူတွေလာကြသလဲ…
ဘယ်သူတွေဘာလုပ်ကြသလဲ…
ဘာတွေလုပ်နေကြသလဲ...
ဘာတွေလုပ်ပေးနေသလဲ…
… ပါးစပ်ထဲက… လုစားနေသလိုပ…။
၁၆။ တော်လှန်တဲ့စိတ်ဓါတ်က
ရပ်ကြည့်နေတဲ့သူတွေပါ…
တိုက်လှဲသွားမယ်… ရိုက်ခွဲသွားမယ်။
တိုက်ပွဲဒီလှိုင်းတွေတက်လာရင်…။
၁၇။ အသနားမခံနဲ့
အကစားမခံနဲ့
တရားမမှန်တဲ့သူတွေကို…
မုန်တိုင်းလိုမွှေပေတော့။
၁၈။ ဧရာဝတီစိတ်ဓါတ်နဲ့
မြင့်မြတ်တဲ့…
သူရဲကောင်းတွေ…
တိုက်ပွဲကြားမှာ…
အောင်ပွဲခံကြလိမ့်မယ်။
၁၉။ “ဟေ”…
ဧရာဝတီဟာ…
သူရဲကောင်းပါ…..။
၂၀။ “ဟေ”…
ဧရာဝတီဟာ
ဂန္တ၀င်မြောက်တဲ့
ဒို့ရဲ့ သူရဲကောင်းပါ။
ကိုဘိုးရန် (ခေတ္တ- တိုင်းတပါး) 030608
Labels:
ကဗျာ
Subscribe to:
Posts (Atom)
