Saturday, September 10, 2011

မြန်မာအစိုးရသစ်၏ နယ်စပ်ဆောင်ရွက်ချက်တိုးတက်မှုများ

မြ၀တီခရိုင်ရဲတပ်ဖွဲ့မှ မြ၀တီမြို့ရှိ မာဆတ်အနှိပ်ခမ်းများ၊ လောင်းကစားဝိုင်းများထံမှ တစ်လလျှင် ငွေ တစ်သိန်း ကောက်ခံ၍ လိုင်စင်မဲ့ ကားများအားလည်း ရဲအုပ်၊ ဒု-ရဲအုပ်နှင့် ဒု-ရဲမှူးတို့မှ လိုက်လံ စစ်ဆေးကာ တစ်စီးလျှင် ၃ သိန်း ၅ သိန်း အထိတောင်းယူလျှက်ရှိသည်။ ငွေအပေးအယူကို မြို့ပေါ်ရှိ စားသောက်ဆိုင်တို့ တွင် ချိန်းဆက်ပေးကြရကြောင်းနှင့် ကားပိုင်ရှင်တို့က ထိုကောက်ခံမှုအား လျှော့ပေါ့ရန် အသနားခံသော် လည်း ခရိုင်ရဲမှူးအား အတိအကျပြည့်ဝစွာ ပြန်အပ်ရသည့်အတွက် မလျှော့ပေးနှိုင်ဟုဆိုကြောင်း သိရသည်။

ခရိုင် ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (ခယက)ဥက္ကဌမှလည်း ကားများကို ၎င်းကိုယ်တိုင် ခွင့်ပြုချက်လက်မှတ်များ ထုတ်ပေးပြီး လိုင်စင်မဲ့ကားများအား ၅ သိန်းယူ၍ တရားမ၀င်ကုန် များ တင်ဆောင်ထားသည့် ကားများအား သယ်ဆောင်လာသည့် ပစ္စည်းအပေါ်မူတည်၍ တစ်စီးလျှင် ၇ သိန်းမှ ၁၀ သိန်းအထိ တောင်းခံနေကြကြောင်း သိရသည်။ နယ်စပ်ကုန်သွယ်ရေးဇုန်မှလည်း ခယကနှင့် ပတ်သက်သည့်ကားများအား ကုန်သွယ်ရေးဇုန်အနောက်ဘက် ကိုက် ၁၅၀ ခန့် ရွှေ့ထားစေကြောင်း ကြားသိရသည်။

ကုန်သည်ကြီးများအဖွဲ့မှလည်း ခယက ရဲမှူး၊ နယ်စပ်ကုန်သွယ်ရေးဌာန (နကသ) တို့နှင့်ပေါင်း၍ ပုလင်းခွံ၊ ဗူးခွံသယ်သည့် ကားများအတွင်း ဂျပန်လုပ်ဇိမ်ခံ ကားငယ်များအား ထည့်သွင်းသယ်ဆောင်လျှက်ရှိကြ ကြောင်း သတင်းရရှိထားသည်။

တံတားကျိုး စစ်ဆေးရေးဂိတ်မှ အဖွဲ့စုံ ရဲ၊ ရဲထောက်လှမ်းရေး၊ စစ်တပ်တို့မှ ကားတစ်စီးလျှင် တစ်သောင်း နှစ်သောင်းတောင်းယူ၍ AK ဆောက်လုပ်ရေး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဌာန (ပို့ဆက်)နှင့် မောင်းတံ ဂိတ်တို့မှ ငါးထောင် တစ်သောင်း အထိတောင်းယူနေကြကြောင်းလည်း ကားသမားများထံမှ ကြားသိ ရသည်။

နက ၁၁ မှ ကုန်သွယ်ရေးဇုန်တွင် ဒေသဖွံ့ဖြိုးရေးအကြောင်းပြပြီး လိုင်စင်မဲ့ကုန်ပစ္စည်းများတင်ဆောင်ထား သည့် ဟိုင်းလက်စ် ကားများထံမှ တစ်စီးလျှင် နှစ်သောင်းသုံးသောင်း တောင်းယူလျှက်ရှိကြောင်း ကား သမားများနှင့် ကုန်သည်များတို့ထံမှ သတင်းရရှိထားသည်။

မြ၀တီခရိုင်ရဲတပ်ဖွဲ့မှ စက်တင်ဘာလ (၆) ရက်နေ့တွင် ဖမ်းဆီးထားသောတရားမ၀င်ကား (Without) အစီး ၆၀ မှ ၁၂ စီးအား ဒုရဲမှူးမြင့်အေးနှင့် ဒုရဲအုပ်မောင်စန်းတို့အား တစ်စီးလျှင် ငွေသိန်းနှစ်ဆယ်ပေးကာ ပြန် လည်ထုတ်ယူခဲ့ကြရကြောင်း ကားဆရာ ကိုသူရ၏ ပြောပြချက်အရ သတင်းရရှိသည်။

No comments:

Post a Comment