Wednesday, February 9, 2011

မြ၀တီဗုံးကွဲ မဆိုင်သူတွေလိုက်ဖမ်း

ယနေ့ညနေ မြန်မာစံတော်ချိန် ၄ နာရီ ၃၅ မိနစ်လောက်မှာ မြ၀တီတံတားအနီးမှာ ဗုံးကွဲတယ်လို့ ကြားသိရ ပါတယ်။ အမျိုးသမီးနှစ်ဦးဖြစ်ကြတဲ့ ဒေါ်တင်အေး (၃၆) နဲ့ မသင်းသင်းမြ (၂၁) တို့ သေဆုံးသွားပြီး အခြား ၇ ဦးဒဏ်ရာရသွားတယ်သိရပါတယ်။ အနီးပါတ်ဝန်းကျင်က လူတွေရဲ့အဆိုအရ ဗုံးထောင်တယ်လို့ သံသယ ရှိသူတစ်ဦးက လ္ဘက်ရည်ဆိုင်တခုမှာ ဗုံးမကွဲခင်အထိ ၀င်ထိုင်ပြီး အခင်းဖြစ်ပွားတော့မှ သွေးအေးအေးနဲ့ တိမ်းရှောင်သွားတယ်လို့သိရပါတယ်။ သူ့ပုံပန်းသဏ္ဍာန်က အသားညိုညို အရပ်ရှည်ရှည်နဲ့လို့ ဆိုပါတယ်။ နောက်ဆက်တွဲအနေနဲ့ကတော့ မြ၀တီ ရဲထောက်လှမ်းရေးက လက်မြန်ချေမြန်နဲ့ ၎င်းတို့သံသယရှိသူ ၄ ဦး (အမှတ် ၁ ရပ်ကွက်မှ ၂ ဦးနှင့် အမှတ် ၄ ရပ်ကွက်မှ ၂ ဦး) ကိုဖမ်းဆီးစစ်ဆေးနေပြီဖြစ်တယ်လို့ပြောကြ ပါတယ်။ အမှတ် ၁ ရပ်ကွက်က အဖမ်းဆီးခံရသူဟာ မြ၀တီနဲ့ မဲဆောက် အသွားအပြန် ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ပေးနေသူတဦးဖြစ်တယ်လို့လည်း မိမိတို့အနေနဲ့ သတင်းရထားပါတယ်။ ယခင်ကလည်း ဒီလိုအဖြစ် အပျက်တွေကြုံတဲ့အခါ အစိုးရက မဆိုင်တဲ့လူတွေလိုက်ဖမ်းလေ့ရှိတာဘဲဟု အဘိုးအိုတစ်ဦးက မိမိတို့အား ပြောပြခဲ့ပါတယ်။

Thursday, February 3, 2011