Wednesday, January 28, 2009

☼ အနာဂတ်သစ်သို့ ☼


လှမ်းနေတာမညီညာသည့်လမ့်း့ 
ငါတို့လျှောက်နေတဲ့
အဲ့ဒီဘ၀လမ်းမှာ့ 
လူတွေအမျိုးမျိုးထွေ
ငါလည်းလေခရီးထွက်ခဲ့
ငါ့ဘ၀အနာဂတ်သစ်အတွက့့်  ။
ငါတို့လျှောက်နေတဲ့ခရီးလမ်းကြမ်းမှာ့ 
တချို့လူတွေက
ရေလိုက်ငါးလိုက်နဲ့အောင်မြင်ကြ
ဒါပေမယ့့်  သူတို့
ဘ၀ရဲ့ဒဿနကို
တွင်းနက်နက်ထဲအထိဆင်းမကြည့်လို့
ဘ၀အနှစ်သာရအကြောင်း
ကောင်းကောင်းသိမသွားကြ
သြော့့်  ရေလိုက်ငါးလိုက်
ဖြစ်သလိုနေတတ်ကြတဲ့
သနားစရာလူတွေပ့  ။

ငါတို့လျှောက်နေတဲ့ခရီးလမ်းကြမ်းမှာ့ 
တချို့သူတွေက
မသိရင်မေး မစင်ရင်ဆေးခဲ့ကြ
အဲ့ဒါ ဘ၀ရဲ့အနှစ်သာရ
တကယ်ပါ့ 
အဲ့ဒီလိုလူစားမျိုး
ငါအရမ်းလေးစားသပ့  ။
ငါတို့လျှောက်နေတဲ့ခရီးလမ်းကြမ်းမှာ့ 
တချို့သူတွေက
လှပတဲ့ဘ၀ခရီးကိုရောက်ဖို့
နှောင်ကြိုးတွေကိုဖြေထုတ်
အနာဂတ်ခရီးမှာ့ 
ရဲရဲတွေးရဲရဲရေးပြီး
အမှန်တွေကိုဆိုဖို့အတွက်
ဘ၀တက္ကသိုလ်ဆီ ခရီးဆက်ခဲ့
တကယ်ပါ့  တကယ်ပါ
ငါ့မျက်လုံးတွေရှိရဲ့သားနဲ့
ကြောင်တောင်ကန်းကြီးအဖြစ်မခံနှိုင်ပါ
ငါ့ရဲ့နားတွေရှိရဲ့သားနဲ့
နားတွေကိုထိုးဖောက်တာကိုမခံနှိုင်ပါ
ငါ့ရဲ့ပါးစပ်တွေရှိရဲ့သားနဲ့
ရေငုံနှုတ်ပိတ်ကြိတ်မခံစားနှိုင်ပါ
တကယ်ဆို ငါ့ 
အနာဂတ်သစ်ဆီကိုဆက်လျှောက်ရင်း
အမှန်တွေကိုပဲ
ငါသိသလောက်ဆက်ရေးသွားမှာပါ့  ။
ဇာနည်မောင်

No comments:

Post a Comment