Friday, January 14, 2011

တိုက်ပွဲသတင်းများ

ယနေ့မနက် ၁၁ နာရီကျော်လောက်တွင် မြ၀တီတံတားကျိုးဂိတ်အနီးရှိ ခလရ ၃၅၅ စခန်းကို နအဖဆန့်ကျင်သည့် တပ်ပေါင်းစုတစ်ခုမှ ၀င်ရောက်စီးနင်းရာ နအဖ တပ်သား ၆ ဦးကျဆုံး၍ အယောက်နှစ်ဆယ်ခန့် ဒဏ်ရာရရှိသည် ဟု မြန်မာ့တပ်မတော်မှ အရာရှိတဦးထံမှ သိရသည်။

ယနေ့ နေ့လည် ၁၂ နာရီနှင့် ၁ နာရီကြားတွင် မြ၀တီ- သင်္ကန်းညီနောင်ကားလမ်း ဒေါနတောင် အလယ်ဗဟိုရှိ ဆင်ဆွဲလမ်းထိပ်အနီးတွင် နအဖ စစ်သားများတင်ဆောင်လာသည့် Tiger တိုယိုတာဟိုင်းလက်စ်ကားအား ချုံခိုတိုက်ခိုက်ခြင်းခံရ၍ နယ်ခြားစောင့် တပ် Border Guard Force တပ်ရင်း ၁၀၁၈ မှ ရဲဘော် ၄ ဦးပွဲချင်းပြီး သေဆုံးကြောင်းကြားသိရသည်။

No comments:

Post a Comment