Sunday, January 16, 2011

ယနေ့သတင်း

၁။ န.အ.ဖ စစ်အစိုးရမှ ကရင်ပြည်နယ် မာနယ်ပလောဒေသအား မိုးကြိုးစစ်ဆင်ရေးအမည်ဖြင့်၎င်း၊ ဝေါလေဒေသအား သန်လျှက်စစ်ဆင်ရေးအမည်ဖြင့်၎င်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု နေပြည်တော် စ.ရ.န ရုံးတွင်းသတင်းအရ သိရှိထားသည်။

၂။ ၂၀၁၀ ဧပြီလက X2O သင်္ကြန်မဏ္ဍပ်ဗုံးခွဲမှုဖြင့် မတရားထောင်ချခံထားရသော စာရေးဆရာလင်းယုန် မောင်မောင်၏မြေး ကိုဇေယျအား စစ်ခွေးတိုက်တွင် ညှဉ်းပမ်းနှိပ်စက်မှုအား ထောင်အာဏာပိုင်တို့က ရပ်တန့်ပေးခြင်းမရှိသည့်အတွက် အင်းစိန်ထောင် ၄တိုက်မှ နေလင်းအောင် BAJF၊ သန့်ဇင်ထွန်း BAJF၊ ၅တိုက်မှ ဇော်မင်းထွန်း NLDနှင့် ၆တိုက်မှ အောင်ကို GW၊ အောင်မိုးလွင် NLD တို့ဦးဆောင်၍ ယနေ့မနက် ပိုင်းမှစတင်ကာ အစာငတ်ခံဆန္ဒပြနေကြကြောင်း သိရှိရသည်။

၃။ မြ၀တီမြို့ DKBA ကလို့ထူးဗြူဟာမှူး ဗိုလ်နှုတ်ခမ်းမွှေး၏ ညာလက်ရုံးဖြစ်သည့် ၂၀၀၉ ခုနှစ်တွင် ၅(ည) ၁၉(က)(ဂ) တို့ဖြင့် ၁၃နှစ် ထောင်ချခံရသည့် ကျော်နိုင် (ခ) ကျော်ကျော်နိုင်အား ဘူးသီးတောင်ထောင်တွင် ထောင်အာဏာပိုင်တို့က မတရားနှိပ်စက်နေသည့်အပြင် အစာအိမ်ရောဂါနှင့် အဟာရချို့တဲ့သည့်ရောဂါများ အပြင်းအထန်ခံစားနေရသည်ဟု သိရှိရသည်။

၎။ အင်းစိန်သီးသန့်ထောင် အဆောင် (၁) တွင် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့ပြီး ထောင်ဒဏ် ၁၄ နှစ် ကျခံရသည့် ဦးခေမာစာရ (ခ) ချမ်းသာ၏ ကျန်းမာရေးအခြေ အနေမှာ အမှန်တကယ်ဆိုးရွားလျှက်ရှိကြောင်း သိရှိထားသည်။

၅။ ယနေ့နံနက်တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးအတွင်းရှိ ရွာငယ်တစ်ခုအား န.အ.ဖ နှင့် နယ်ခြား စောင့် တပ်ဖွဲ့ BGF မှ စတင်မီးရှို့မည်ဟု ကြားသိထားသည်။

No comments:

Post a Comment