Tuesday, January 18, 2011

သတင်းအတိုအထွာများ

ကာကွယ်ရေးဝန်ကြီးဌာနစီမံကိန်း (ကကကိန်း) မှ ဗိုလ်ကြီးအဆင့်မှ ရဲဘော်အထိ စုစုပေါင်းလူဦးရေ (၇၀) ခန့်အား အင်ဂျင်နီယာတပ်များသို့ခေါ်ယူ၍ ပဲခူးတိုင်းအနောက် ပေါက်ခေါင်းမြို့နယ်မှ အရှေ့ဘက် ၇ မိုင် အကွာရှိ စက်ရုံသို့ ပြောင်းရွှေ့တာဝန်ပေးလိုက်သည်ဟု သိရှိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ သတင်းတပ်ဖွဲ့နှင့် ထလရ (နိုင်) ရဲတပ်ဖွဲ့များအား အထူးလေ့ကျင့်သတိပေးလျှက် ရန်ကုန်တိုင်းအတွင်းရှိ နအဖဆန့်ကျင်လှုပ်ရှားလျှက်ရှိသည့် UG အဖွဲ့ပေါင်း ၁၁ ဖွဲ့အား အမြန်ဆုံးရှာဖွေဖော် ထုတ်ဖမ်းဆီးနှိုင်ရန် ရန်ကုန်တိုင်းရဲမှူးကြိး အောင်နိုင်သူမှ အမိန့်ပေးထားရှိကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းမင်္ဂလာဒုံမြို့နယ်တွင် အခြေစိုက်ထားသည့် ပင်မယာဉ်သိုလှောင်ရေးတပ်နှင့် ထောက်ပံ့ပို့ဆောင် ရေး (ကကပံ့)မှ တစ်နေ့လျှင် ရိက္ခာတင်ယာဉ်တန်း (၁၅) စီးခန့် အနည်းဆုံးထွက်နေသည်မှာ ၄ ရက်ခန့်ရှိပြီ ဖြစ်ကြောင်း တပ်မတော်သားတဦး၏ အဆိုရ သိရှိရသည်။

၂၀၁၁ ခုနှစ် ဇန္န၀ါရီလ ၁၆ ရက် နံနက် ၃ နာရီအချိန်တွင် ရန်ကုန်မှ နေပြည်တော်အမြန်လမ်းမကြီးအတိုင်း လုံခြုံရေးပွိုင့်ကား ၂ စီးနှင့် စစ်သား ၃၀ ခန့်စီပါသည့်ကားနှစ်စီးတို့ ဓါတ်ငွေ့ဖိုဟုယူဆရသည့်ပစ္စည်းများတင်ဆောင်ထားသည့် ၁၆ ဘီးကားကြီး ၃ စီးတို့ မောင်းနှင်သယ်ဆောင်သွားကြကြောင်း မြင်တွေ့ခဲ့ကြ သည့် ခရီးသွားကားသမားနှင့် ခရီးသည်တို့ထံမှကြားသိရသည်။

No comments:

Post a Comment