Saturday, May 22, 2010

ဒေါ်အောင်ဆန်းစုကြည်သာ ပင်လုံကတိ ပြန်ဖေါ် နိုင်မည်ဟု သျှမ်းတော်လှန်ရေးနေ့၌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ပြော


Friday, 21 May 2010 21:07 သျှမ်းသံတော်ဆင့်

မေ ၂၁ ရက်၌ ကျရောက်သော ၅၂ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစု ကြည်သာ ပင်လုံကတိပြန်ဖေါ်နိုင်သူ ဟု SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်ကပြောကြားခဲ့ပါသည်။

“ပင်လုံစာချုပ်ကို ကျောခိုင်းလို့တိုင်းပြည်အခြေအနေ အခုလိုမျိုးဖြစ်ရတာ။ ရှေ့ဆက် ဥပက္ခာပြု မေ့ချင်သယောင် လုပ်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ပြဿနာ ဘယ်တော့မှ အဆုံးသတ်နိုင်မှာမဟုတ်ဘူး။ တန်းတူ အခွင့်အရေး အတွက် ပင်လုံကတိကို ပြန်ဖေါ်ရမယ်၊ ပင်လုံကို ပြန်ဖေါ်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဟာ အဓိက အခန်း ကဏ္ဍ ဖြစ်တယ်၊ သူမကို ဆက်လက်ထောက်ခံအားပေးရမယ်”- ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ကပြော၏။

မေ ၂၁ ရက် သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားကို လွယ်တိုင်းလျဲန်းဌာနချုပ်၌ ကျင်းပရာ စစ်သည် အင်အား ၁၅၀၀ ကျော် တက်ရောက် စစ်ရေးပြပြီး လူထုပရိသတ် အပါဝင် စုစုပေါင်း အင်အား ၂၀၀၀ ကျော် တက်ရောက်ခဲ့၏။

မနက်ပိုင်း တော်လှန်ရေးအခမ်းအနားကျင်းပပြီး မွန်းလွဲပိုင်း ၁၃း၃၀ နာရီတွင် တော်လှန်ရေးနေ့နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတရပ်ြုပလုပ်ခဲ့ရာ သတင်းထောက်များ၏ မေးမြန်းချက်အပေါ် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ပင်လုံနှင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဒွန်တွဲပြောဆိုခြင်းဖြစ်ပါသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးလဲဖြစ်တယ်။ အာဆီယံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီး သီးကလဲ သူမကိုလက်ခံတယ်။ ပင်လုံအကြောင်းသူမ ပြန်ပြောင်းပြောလာမယ်ဆိုရင် ပိုထိရောက်မယ်၊ စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်လာနိုင်အောင် အဲဒီအခွင့်အလှမ်း ကနေ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို သူမဖေါ်ဆောင်နိုင်မယ်။ UN ပြောသလိုပါဘဲ တိုင်းရင်းသားမပါရင်မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ လွယ်ကူမှာ မဟုတ်ဘူး” - ဟု သတင်းထောက်များအား ဆက်လက်ပြောပြ၏။

လွယ်တိုင်းလျဲန်းဌာနချုပ် သတင်းစာရှင်းလင်းပွဲတွင် ပချားထိုင်းကဲ့သို့ ထိုင်းသတင်းဌာနများအပြင်၊ ဒီဗွီဘီ သတင်းဌာန နှင့် အတူ သျှမ်းသံတော်ဆင့်သတင်းဌာနတို့လည်း ပါဝင်တက်ရောက် သတင်းယူမေးမြန်းခဲ့ပါသည်။

၁၉၅၂ ခုနှစ် တွင် တရုပ်ဖြူကျူးကျော်မှုကိုအကြောင်းပြု၍ ဗမာ့တပ်မတော်က သျှမ်းပြည်၏ ကိုယ်ပိုင်ပြဌာန်းခွင့် ကို သိမ်းပိုက်ထိပါးလာမှုကြောင့် လွတ်လပ်ရေး၊ တန်းတူရေးမြတ်နိုးတန်ဖိုးထားသည့် စောနွဲ့ဆောယန္တ ဦးဆောင် သျှမ်းလူငယ် ၃၁ ယောက်က ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် တောခိုပြီး လက်နက်ကိုင်တော်လှန်ရေးစတင်ကာ သျှမ်းပြည်တော်လှန်ရေးသမိုင်းစာမျက်နှာ စဖွင့်ခဲ့ခြင်းဖြစ်ပါသည်။

Monday, May 3, 2010

ဆယ်နဲ့လုပ်ပြီး ဆယ်ဦးမယ့် ရွေးကောက်ပွဲတဲ့ဗျား

မြန်မာပြည်တွင်းရှိ နအဖအတွင်း လုံခြုံစိတ်ချရသည့် မိမိတို့ဧ။် သတင်းရပ်ကွက်တခုမှ သတင်းအရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနှင့် ယခင်သတင်းထွက်ထားသည့် ဒီဇင်ဘာလလောက်အတွင်းပြုလုပ်မည့် ၄င်းတို့ပြောသည့်ရွေးကောက်ပွဲအား ယခုအခါ အစီအစဉ်ရှိရှိ ပြောင်းရွှေ့မည်ဖြစ်ကြောင်းသတင်းရရှိထားသည်။

မူလက အစီအစဉ်ရှိရှိဖြင့် နိုင်ငံခြားသံတမန်များ၊ သံရုံးဝန်ထမ်းများ၊ ကုလသမဂ္ဂ၀န်ထမ်းများနှင့် အခြား အန်ဂျီအိုအဖွဲ့အစည်းများရှိ ၀န်ထမ်းများ အိမ်ပြန်ချိန်ဖြစ်သည့် ခရစ္စမတ်နှင့် နှစ်သစ်ကူးအချိန် နှစ်ကုန်ပိုင်း ဒီဇင်ဘာလ၀န်းကျင်တွင် နအဖအနေနှင့် ရွေးကောက် ပွဲအား ကျင်းပရန်ဆန္ဒရှိသော်လည်း ယခုအခါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဧ။် အပါးတွင်ခစားသည့် အခါပေးတို့ဧ။် အလိုအရ လာမည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုဆယ်ဂဏန်းများအား ရွေးချယ်ပြုလုပ်သည့် ရည်ရွယ်ချက်တခုမှာ တိုင်းပြည်အား ဆယ်ယူမည်ဟူသည့် အတိတ်ဖြင့် ဆယ်ဂဏန်းများဖြစ်သည့် ၁၀၊၁၀၊၂၀၁၀ ကိုရွေးချယ်ထားခြင်းဖြစ်ကြောင်း ထိုသတင်းကိုပေးပို့လာသူမှ ပြောပြခဲ့သည်။ သို့သော် အခြားတဘက်မှကြည့်မည်ဆိုပါကလည်း နအဖတို့အနေနှင့် ၄င်းတို့တိုင်းပြည်ပေါ် နေရာမဖယ်ရရေး အလွန့်အကျွံ လုပ်ဆောင်ထား၍ ပျက်စီးနေသည့် နာမည်အား သူ့တို့ကိုယ်သူတို့ဆယ်မည်ဆိုသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။

နောက်တခုမှာလည်း ဖဲအသုံးအနှုန်းဖြစ်သည့် ဘူနှင့်လိမ်မှရမည်ဟုလည်းဖြစ်ကြောင်း အကြောင်းတချက်လည်းပါရှိနေသည်ဟုဆိုသည်။ သို့သော် ဂဏန်းများအားလုံးပေါင်းလျှင် ၅ ဖြစ်နေသဖြင့် ၄င်းဂဏန်းမှာ မြန်မာနိုင်ငံတွင် လူထုတိုက်ပွဲဖြစ်ပေါ်ခဲ့သည့် ၈၈၈၈ ရှစ်လေးလုံးပေါင်းလဒ်နှင့် တထပ်တည်းတူနေသဖြင့် ၅ ကိုတန်ပြန်သည့်သဘောလားဟု မေးစရာရှိသည်။ အကယ်၍ဤသတင်းမှန်ပါက လက်ရှိ နအဖပံ့ပိုးမှုဖြင့် ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွတ်ပါတီကို ယှဉ်ပြိုင်မည့် အခြားပါတီတို့အနေနှင့် ရွေးကောက်ပွဲအနိုင်ရရေး ပြင်ဆင်ချိန်မှာ ၆ လမျှသာရှိတော့သဖြင့် နအဖအလိုကျအတိုင်း တသွေမတိမ်းဖြစ်လာမည့်အနေအထားဖြစ်စေရေး အနေအထားဖြစ်နေပေသည်။

နအဖအနေနှင့် အာဏာတည်မြဲရေးအတွက် တိုင်းပြည်အား ဗေဒင်ယဒယာအခါပေးတို့၏ အကြံဥာဏ်အတိုင်း နှစ်ပေါင်းများစွာ အရှက်မရှိလိုက်လုပ်နေကြသဖြင့် ၄င်းတို့၏ နောက်ဆက်တွဲ အကျိုးဆက်မှာ မည်သည့်အခါမျှ အများပြည်သူအတွက် အကျိုးမရှိစေသည့် လုပ်ရပ်များသာဖြစ်နေသဖြင် မိမိတို့အားလုံး သတိရှိရှိပြင်ဆင် တိုက်ပွဲဝင်မှသာ အများလွတ်မြောက်ရေးအကျိုး သယ်ပိုးနှိုင်မည်ဖြစ်ပါကြောင်း။

Sunday, August 9, 2009

၈၈၈၈ နှစ်ပတ်လည်

ဘယ်တော့မှမမေ့ဘူး.... ဘယ်တော့မှလက်လျှော့မှာမဟုတ်ဘူး....

Tuesday, July 7, 2009

ဆဲဗင်း ဂျူလိုင် အိမ်မက်ဆိုးအမှတ်တရ



၁၉၆၂ ခုနှစ်၊ ဇူလိုင်လ( ၈) ရက်နေ့ ည(၇)နာရီတွင် မြန်မာ့အသံရေဒီယိုမှနေ၍ အာဏာရှင်နေ၀င်း ကနေ - “ကျနော် တိုင်းပြည် တာဝန်ယူသည့် အချိန်မှာ တက္ကသိုလ်ကျောင်းသားများရဲ့ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြင်ရမဲ့ တာဝန်ပါ ကျရောက်နေလို့ တပ်မတော်ရဲ့ အင်အား တစိတ်တဒေသကို သုံး၍ ဖြေရှင်း လိုက်ပါသည်” တဲ့ … “အခု ဖြစ်တဲ့ကိစ္စဟာ ကျောင်းသားကိစ္စ တခုတည်း မဟုတ်ဘဲ နိုင်ငံရေး အမှောင့်ပရောဂများ ဖမ်းစားတယ် ဆိုတာ ရိပ်စားမိပါတယ်။ ကျနော်တို့ကို အလုပ်ပျက်ကွက်အောင် ရည်စူးပြီး တမင် လုပ် လုပ်နေကြတယ် ဆိုရင်တော့ ကျနော် နောက်ထပ် ဘာမျှ မပြောလိုပါဘူး။ ဓါးကို ဓါးချင်း လှံကို လှံချင်း ဆိုင်ဖို့သာ ရှိပါတယ်” လို့ ကျောင်းသားထုနဲ့ ပြည်သူတစ်ရပ်လုံးကို မိုက်မိုက် ရိုင်းရိုင်း ‘ဒါး ဒါးချင်း လှံ လှံချင်း’ ဆိုပြီး စိန်ခေါ်စော်ကားခဲ့ပါတယ်။


ဒီအတွက် ၁၉၆၂ ခုနှစ်က ပြိုကျပျက်စီးခဲ့ရတဲ့ ကျောင်းသားထုတစ်ရပ်လုံးရဲ့  ကိုယ်စားပြုရာ ဘူမိနက်သန် နေရာဌာနေ၊ အမျိုးသားတစ်ရပ်လုံးရဲ့  သမိုင်းပြယုပ်နေရာဌာနဖြစ်တဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦး ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် ကျွန်ုပ်တို့ ကျောင်းသားပြည်သူ ရဟန်းရှင်လူအပေါင်းကနေ အာဏာရှင်တွေကို သုတ်သင်ဖယ်ရှားကြပါစို့။

"စစ်အာဏာရှင်ဖျက်ဖြိုကာအတည် ပြည်သူ့ခေတ်တွင် ဒို့တတွေကျောင်းတက်မည်။ မီးလောင်မြေတစပြင်မှာအတည် ထွန်းသစ်တဲ့တက္ကသိုလ် ဒို့ဆောက်တည်။ ညီညာလက်တွဲလို့အတည်... ပြည်သာ လျှောက်လှမ်းကြမည်... အသေအချာ အောင်ပွဲရမည်။ နီလဲဘဲနီသည် ချွန်လဲဘဲချွန်သည် ကျောင်းသားသမိုင်းသစ်ဆီ။" ဆိုတဲ့ ABSDF ရဲ့ နေ၀န်းနီနီဆိုတဲ့ ဘ၀တက္ကသိုလ်အကျဉ်းတိုက်တွေထဲက နောင်တော်ကျောင်းသားတို့ရဲ့ "တကသ" သီချင်းလေးကိုလည်းနားထောင်ကြည့်ပါဦး။ အဲဒါဟာ သံလွင်မြစ်ဘေးက တဲလေးတခုအတွင်းမှာ အသံသွင်းထားခဲ့ကြတာဆိုတော့ ရှယ်ဖြစ်ချင်မှဖြစ်မယ်။ သို့သော် အဓိပ္ပါယ်ရှိတယ်။

အာဏာရှင်မှန်သမျှကို "ဒါးကို ဒါးချင်း၊ လှံကို လှံချင်း တော်လှန်ကြပါစို့ "၊ ဇူလိုင် (၇) ရက်နေ့  နောင်တော်ကျောင်းသားအပေါင်းရဲ့  ၀ိညာဉ်တွေကို သစ္စာတိုင်တည်ပြီး ဆောင်ရွက်ကြပါစို့  ……..
Takatha.mp3

(နစ်နေမန်း www.niknayman-niknayman.co.cc က တချို့အချက်အလက်များကိုရယူ၍ ပြန်လည်တင်ပြပေးခြင်းဖြစ်ပါသည်။)

Friday, May 22, 2009

ဒီမိုကရက်တစ်အမျိုးသမီးအမတ်တွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး တောင်းဆို

ဘန်ကောက် ၂၁ မေ ၂၀၀၉ (NNT) ထိုင်းနိုင်ငံဒီမိုကရက်ပါတီရဲ့ အမျိုးသမီးလွှတ်တော်အမတ်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆို လိုက်ပါတယ်။

ထိုအမျိုးသမီးလွှတ်တော်အမတ်များက မနေ့ညနေ ၄ နာရီခွဲအချိန်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပါတယ်။ ထိုအဖွဲ့မှာ မစ္စ ပူဆာဒီ ထမ်မ်ထိုင်း၊ မစ္စ ရချဒါပွန် ကော်စန်နစ်၊ မစ္စ ရမ်စီမာ ရော့ဒရာစာမီး၊ မစ္စ နာထရာ ဘန်ဂျစရီဝမ်း၊ မစ္စ ဂျာမတ်စ် ချွန်လပ်စရီနဲ့ မစ္စ ထစနီယာ ရတ်တနာစိတ် တို့ပါဝင်ကြပါတယ်။

ထိုအမျိုးသမီးလွှတ်တော်အမတ်များအဖွဲ့က အရှေ့တောင်အာရနိုင်ငံများအသငှ်း အာစီယံအဖွဲ့ဝင်နိုင်ငံတခုဖြစ်သည့် မြန်မာအစိုးရအနေနှင့် လက်ရှိထိမ်းသိမ်းခံနေရပြီး တရားဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး သင့်ကြောင်း တောင်းဆိုထားသည်။ ၄င်းတို့က ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရေးအတွက် ကာလရှည်လျှား စွာ တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးဖြစ်တဲ့အတွက်ဒီလိုတောင်းဆိုရတာဖြစ်တယ်လို့ဆိုပါတယ်။ သူမကိုဖမ်းဆီးတာဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်တဲ့အပြင် လူအခွင့်အရေးကျဆင်းစေတာဖြစ်တယ်လို့ဆိုပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ၄င်းအုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးတာဟာ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလည်းရေးမှာ ဂုဏ်သိက္ခာတိုးလာစေမှာဖြစ်တယ်လို့ ယုံကြည်တယ်လို့ဆိုပါတယ်။

Tuesday, May 19, 2009

ကြားလို့ကောင်းကြသေးရဲ့လားကွယ်ရို့


အဲဒီလိုတရားမျှတမှုတွေမရှိတဲ့နေရာမို့သာ အနိုင်ကျင့်ချင်တိုင်းကျင့်နေကြတာလေ။ မြန်မာနိုင်ငံသားအားလုံးရဲ့ ဆန္ဒကို အပေါ်ဆုံးက သောက်ရူးဗိုလ်ချုပ်တွေရဲ့အလိုအတိုင်း အောက်က၀ိုင်းလိုက် မိုက်ရိုင်းပြနေလိုက်ကြတာများ။ တရားဥပဒေအရ အပြစ်ရှိတယ်လို့ သက်သေပြု ဆုံးဖြတ်တာတွေ မလုပ်နှိုင်ခင်မှာ ဘယ်ခွေးကမှ ဖမ်းထားတဲ့လူကို တရားခံလို့ ခေါ်လို့မရဘူး။ တရားဥပဒေကို နဲနဲလောက်လေး နားလည်တာနဲ့ ရှင်းရှင်းသိနှိုင်တယ်။ အခုလဲ နအဖသတင်းစာက လုပ်ထဲ့လိုက်ပြန်ပြီ။ အန်တီစုကို တရားခံတဲ့ဗျား။ အဲ ဒီသတင်းဖတ်မိတဲ့ ပြည်တွင်းက လူထုကလည်း ဒေါသတွေ တရိပ်ရိပ်ပေါ့။ ဒီဒေသအတွင်းမှာ နအဖနဲ့ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေလေ့ရှိတဲ့ အာစီယန် ASEAN ကတောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးဘို့ အာစီယန်ခေါင်းဆောင်တွေအနေနဲ့ တောင်းဆိုလိုက်သည်ဆိုဘဲ။ ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာလည်း လှုပ်လှုပ်လှုပ်လှုပ်ဘဲ။ ဘာတွေထပ်ဖြစ်လာဦးမလဲဆိုတာကို စောင့်ကြည့်ကြဦးစို့။ တခုခုဖြစ်ရင် တို့ဘာဝိုင်းလုပ်မလဲဆိုတာကိုလည်း ရင်ထဲထည့်ထား။

Sunday, April 26, 2009

♣ ရာဇ၀င်ကောင်းအောင် ♣


“နက်မှောင်သောမိုးသားကောင်းကင်မှာ
ငွေကြယ်ပွင့်များတောက်ပလျှက်ရှိသည်
ကျွန်ုပ်တို့သည်လည်း ဆည်းဆာရောင်မှာ
အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်လျှက်ရှိသည်” ( ဒဂုန်တာရာ )
ဆရာတယောက်ဆီက့ 
တဆင့်ပြန်ကြားခဲ့ရတဲ့
ရှေ့မှီနောက်မှီ ကဗျာဆရာစာဆိုကြီးရဲ့စကား
အကြိမ်ကြိမ်အခါခါ ပြန်စဉ်းစား
ကိုယ့်အတွေးနဲ့ကို
ကိုယ့်လုပ်ရပ်နဲ့ကိုပေမို့
စဉ်းစားမရပါလား ခက်သာ့း့  ။
အကိုတယောက်လိုခင်တဲ့ 
သူငယ်ချင်းတယောက်ကလည်းပြောတယ်
“ ကိုယ့်ရာဇ၀င်ကိုယ်ရေးတာမဟုတ်ဘူး
ကိုယ့်ရာဇ၀င်ကိုယ်ကောင်းအောင်
ကိုယ့်လုပ်ရပ်နဲ့ကိုယ်လုပ်နေတာ ” တဲ့
ဘ၀ဖြတ်သန်းမှုက ရထားခဲ့တဲ့
မပြည့်စုံသေးတဲ့ ငါ့အတွေးအခေါ်နဲ့
သူ့ရဲ့စကားကတော့
တကယ့်တထပ်တည်း တူနေပါလာ့း့  ။
ခြောက်ပြစ်ကင်း တယောက်တော့မဟုတ်ပါဘူ့း့ 
ဦးတည်ချက်ထားပြီးတော့ ကြိုးစားနေတာကတော့
မျိုးကြီးရဲ့ သီချင်းလေးထဲကလို
“ နေရောင်ခြည်မဟုတ်လည်းပဲ
ငါတတ်စွမ်းသလောက် ကြယ်လောက်တော့
ငါ့ရဲ့လက်တကမ်းတော့ အလင်းဓါတ်တွေပေးခဲ့တယ် ” ဆိုတဲ့အတိုင်းပဲ
ငါ့ရာဇ၀င်တခုကောင်းပြီးကျန်နေခဲ့ရအောင်
လက်တွေ့လုပ်ရပ်တွေနဲ့ လုပ်ဆောင်လျှက်ပါပဲ့  ။
ဘ၀မှာစံထားရမယ့်သူ မျာစွာထားလို့ 
သူတို့ရဲ့ လုပ်ထုံးတွေကိုနှလုံးမူကာ
ကြိုးစားနေဆဲပါ ငါ့မှာ
နောင်တချိန်မှာကျန်ခဲ့မယ့်
ငါ့မျိုးဆက်တွေဟာလည်း
လူပုံအလည်မျက်နှာပန်းပွင့်စေဖို့
ကြိုးစားနေဆဲပါ ငါ့မှာ့  ။
ကမ္ဘာ့ရာဇ၀င်ထဲက ငါတို့တွေမှာ့ 
ဆိုးသူတွေလည်းရှိ
ကောင်းသူတွေလည်းရှိ
သိရက်နဲ့ဆက်မိုက်နေသူတွေလည်းရှိ
အမှားကိုသိရင်အမှန်ပြင်တတ်သူတွေလည်းရှိ
့  ရှိ
့  ရှိ
့  ရှိ
အဲ့ဒီလို “ ရှိ ” တွေထဲမှာပေါ့
ငါ့မှာလည်းတခုခုတော့ ရှိကောင်းရှိလိမ့်မယ်
ဒါပေမယ့် ငါ့ရာဇ၀င်ကောင်းအောင်
ကြိုးစားသွားဖို့ဆုံးဖြတ်ထားတာဖြစ်လို့
တော်လှန်ရေး လမ်းခရီးတလျှောက်လုံးအတွက်
ငါ့မှာ့  “ လုပ်စား ” လုပ်ဖို့ဆိုတာကတော့
စိတ်ကူးယဉ်တွေးမိတာတောင် မုန်းမိရဲ့
အဲ့ဒီစိတ်မျိုးတော့ လုံးဝငါ့မှာမရှိ့  ။
လယ်ပြင်မှာဆင်သွားရင်တော့ 
ခြေရာတွေကတော့ ထင်းထင်းပေါ်ခဲ့မှာပဲ
ငါလျှောက်နေတဲ့ လမ်းတလျှောက်မှာလည်း
ကိုယ်ပိုင်အသိနဲ့ယှဉ်လို့
အမှားတွေရှိခဲ့ရင်လည်း
ရဲရဲပဲ ငါပြင်သွားမယ်
ငါ့ရဲ့လုပ်ရပ်အပြုအမူတွေနဲ့
နောင်အနာဂတ်မှာကျန်ခဲ့မယ့်
ငါ့ရဲ့ဆွေစဉ်မျိုးဆက်တွေပါ
ရာဇ၀င်ကောင်းအောင်လုပ်တတ်ဖို့
လမ်းညွှန်သွန်သင်ပေးခဲ့ပြီး
ငါ့ရာဇ၀င်လည့်း့ 
သမိုင်းမှာသန့်သန့်ကလေးကျန်ခဲ့အောင်
လက်တွေ့လုပ်ရပ်တွေနဲ့ လုပ်ပြသွားမယ့့်  ။
ဇာနည်မောင်