အဲဒီလိုတရားမျှတမှုတွေမရှိတဲ့နေရာမို့သာ အနိုင်ကျင့်ချင်တိုင်းကျင့်နေကြတာလေ။ မြန်မာနိုင်ငံသားအားလုံးရဲ့ ဆန္ဒကို အပေါ်ဆုံးက သောက်ရူးဗိုလ်ချုပ်တွေရဲ့အလိုအတိုင်း အောက်က၀ိုင်းလိုက် မိုက်ရိုင်းပြနေလိုက်ကြတာများ။ တရားဥပဒေအရ အပြစ်ရှိတယ်လို့ သက်သေပြု ဆုံးဖြတ်တာတွေ မလုပ်နှိုင်ခင်မှာ ဘယ်ခွေးကမှ ဖမ်းထားတဲ့လူကို တရားခံလို့ ခေါ်လို့မရဘူး။ တရားဥပဒေကို နဲနဲလောက်လေး နားလည်တာနဲ့ ရှင်းရှင်းသိနှိုင်တယ်။ အခုလဲ နအဖသတင်းစာက လုပ်ထဲ့လိုက်ပြန်ပြီ။ အန်တီစုကို တရားခံတဲ့ဗျား။ အဲ ဒီသတင်းဖတ်မိတဲ့ ပြည်တွင်းက လူထုကလည်း ဒေါသတွေ တရိပ်ရိပ်ပေါ့။ ဒီဒေသအတွင်းမှာ နအဖနဲ့ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေလေ့ရှိတဲ့ အာစီယန် ASEAN ကတောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးဘို့ အာစီယန်ခေါင်းဆောင်တွေအနေနဲ့ တောင်းဆိုလိုက်သည်ဆိုဘဲ။ ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာလည်း လှုပ်လှုပ်လှုပ်လှုပ်ဘဲ။ ဘာတွေထပ်ဖြစ်လာဦးမလဲဆိုတာကို စောင့်ကြည့်ကြဦးစို့။ တခုခုဖြစ်ရင် တို့ဘာဝိုင်းလုပ်မလဲဆိုတာကိုလည်း ရင်ထဲထည့်ထား။
Tuesday, May 19, 2009
ကြားလို့ကောင်းကြသေးရဲ့လားကွယ်ရို့

Subscribe to:
Post Comments (Atom)
No comments:
Post a Comment