Friday, January 14, 2011

တိုက်ပွဲသတင်းများ

ယနေ့မနက် ၁၁ နာရီကျော်လောက်တွင် မြ၀တီတံတားကျိုးဂိတ်အနီးရှိ ခလရ ၃၅၅ စခန်းကို နအဖဆန့်ကျင်သည့် တပ်ပေါင်းစုတစ်ခုမှ ၀င်ရောက်စီးနင်းရာ နအဖ တပ်သား ၆ ဦးကျဆုံး၍ အယောက်နှစ်ဆယ်ခန့် ဒဏ်ရာရရှိသည် ဟု မြန်မာ့တပ်မတော်မှ အရာရှိတဦးထံမှ သိရသည်။

ယနေ့ နေ့လည် ၁၂ နာရီနှင့် ၁ နာရီကြားတွင် မြ၀တီ- သင်္ကန်းညီနောင်ကားလမ်း ဒေါနတောင် အလယ်ဗဟိုရှိ ဆင်ဆွဲလမ်းထိပ်အနီးတွင် နအဖ စစ်သားများတင်ဆောင်လာသည့် Tiger တိုယိုတာဟိုင်းလက်စ်ကားအား ချုံခိုတိုက်ခိုက်ခြင်းခံရ၍ နယ်ခြားစောင့် တပ် Border Guard Force တပ်ရင်း ၁၀၁၈ မှ ရဲဘော် ၄ ဦးပွဲချင်းပြီး သေဆုံးကြောင်းကြားသိရသည်။

Tuesday, January 11, 2011

မြန်မာပြည်ကနေ အလွယ်တကူ proxy ကျော်ကြည့်နည်းများ

ကိုယ့်ဘာသာကိုယ် ကျော်ခွဆိုဒ် ရှာနည်း

ပြည်တွင်းက မိတ်ဆွေတွေအတွက် ကျနော်တို့ ဒီကနေ တင်ပေးလိုက်တဲ့ proxy ဆိုဒ်တွေကို ခဏခဏအပိတ်ခံနေရတဲ့အတွက် အခက်အခဲတွေ့နေသူတွေအတွက် ကိုယ်တိုင်ရှာလို့ရတဲ့နည်းလေးပါ။ google တို့ yahoo တို့မှာ appspot proxy ဆိုပြီးရိုက်ထည့်ရှာလိုက်ပါ။ Update ဖြစ်တာ အမြဲထိပ်ဆုံးမှာ တင်ပေးထားပါတယ်။ ဒါဆိုကိုယ့်စိတ်ကြိုက်ရွေးပြီး ကျော်ခွနိုင်ပါပြီ။ ဒီ appspot proxy ဆိုတဲ့ စာသားလေးပဲမှတ်ထားရမှာပါ။

Site တွေ တဆင့်ခံပြီး သုံးနည်း

ကိုယ့်ဘာသာရှာလို့ရလာတဲ့ proxy ဆိုဒ်တွေကို တဆင့်ခံသုံးပြီး ကျော်ကြည့်ရဖြစ်ပါတယ်။ proxy ဆိုဒ်တိုင်းမှာ Link လိပ်စာရိုက်ထည့်ပြီး ကျော်ဖို့ အကွက်လေးတွေ ပေးထားပါတယ် ။ အဲ့ဒီမှာ ကိုယ်ဖွင့်ချင်တဲ့ ဆိုဒ် စာကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ တော်တော်များများက သိပြီး ဖြစ်မှာပါ။

Proxy Server တွေက Proxy Number တွေကို အမြဲလိုပြောင်းလဲနေတဲ့အတွက် Proxy ကိုသုံးရမှာ ပြဿနာနည်းနည်းရှိပါတယ် ဒါကြောင့် Site တွေ တဆင့်ခံပြီး သုံးလာပါတယ်။

ဒါကတော့ Solakoko ရဲ့  IT Sharing site တစ်ခုကနေ ကူးပေးလိုက်တာပါ http://www.quigonjinn02.appspot.com/

http://quigonjinn03.appspot.com/

http://quigonjinn03.appspot.com/

http://www.october22.host22.com/

http://bumblebee.net16.net/prx/index.php

http://moomoo.net16.net/prx/index.php

http://turkeysoup.webatu.com/prx/index.php

http://www.funkysoup.webatu.com/prx/

http://www.cornpops.netai.net/index.php

http://gamerskangaroo.hostoi.com/prx/index.php

http://www.cornpops.netai.net/index.php

https://ctunnel.com/

http://polysolve.com/

ထိပ်ဆုံက လင့်ခ်တွေကနေ စမ်းသုံးကြပါ

Youtube,Blogger,Ning,Gmail ,etc.. စတာတွေအကုန်ကျော်လို့ ရပါတယ်

ကွန်နက်ရှင်တော့ နဲနဲ ကောင်းဖို့ လိုတာပေါ့

ဒါကတော့ Facebook က ကိုကြည်ဝင်းဆိုတဲ့ အကို တင်ပေးထားတဲ့ဆိုဒ်ကလေးတွေပါ

http://www.iloveim.com/

http://www.instan-t.com/

https://imo.im/

http://www.ebuddy.com/

http://www.meebo.com/

နောက်တစ်နည်းက

koKaungkhant Mintun ဆီကနည်းပါ။

ပထမဆုံးကတော့ Proxy သုံးပြီင်္း ကျော်တဲ့နည်းလေးပါ

Firefox ရဲ့  Tools>>Options>>Advanced>>Network>>Setting ကနေ Manual Proxy Setting ထဲကို Proxy နဲ့ Port ရိုက်ပြီး reload လုပ်ပြီး သုံးတဲ့နည်းပါ မသိသေးတဲ့လူတွေအတွက်ပါ။

ခုဟာက အဆင်ပြေ...တဲ့ Proxy list ကလေးပါ

IP 203.81.81.38 Port 80

IP 203.81.81.49 Port 80

IP 212.93.193.88 Port 443

IP 212.116.220.100 Port 443

IP 212.93.193.89 Port 443

IP 212.93.193.90 Port 443

IP 134.153.184.17 Port 443

IP 212.116.220.149 Port 443

IP 192.18.102.59 Port 443

IP 212.93.193.82 Port 443

IP 212.93.193.83 Port 443

IP 212.93.193.72 Port 443

အဆင်ပြေမှာပါ မပြေရင်လည်း ပြောပေါ့ဗျာ ကျော်နိုင် ခွနိုင်ကြပါစေ။
Information & Technology Network (Facebook Group)

Sunday, January 9, 2011

ယနေ့သတင်း

ဆုံဆည်းရာ၊ ၉ ရက် ဇန်န၀ါရီလ ၂၀၁၁

သတင်း
နေ့လည် (၁၂ နာရီ ၁၀ မိနစ်) ယခုတိုက်ခိုက်နေသည့် ကရင်ပြည်နယ်အတွင်းရှိ နအဖ ရဲ့ စစ်ဆင်ရေးများတွင် လက်နက်ကြီးကျရောက်သည့် ကိုက်တရာအတွင်းရှိ လူများ နားစည်များမှ သွေးယိုသည့် ဓါတုလက်နက်ပစ္စည်းများ စမ်းသပ်အသုံးပြုမည်ဟု ကောလဟာလ သတင်းများထွက်ပေါ်နေကြောင်း သိရှိရသည်။

နံနက် (၁၁ နာရီ ၅၀ မိနစ်) နအဖ ဘက်မှ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားသော ယခု စစ်ဆင်ရေးများတွင် အင်းစိန်ထောင်၊ မော်လမြိုင်ထောင်၊ ဘားအံ(တောင်ကလေး)ထောင်တို့မှ အကျဉ်းသားများအပြင် လက်နက်ရိက္ခာသယ်ယူရန်နှင့် လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုရန် အကျဉ်းသားများမလုံလောက်သဖြင့် တောင်ငူထောင်မှ အကျဉ်းသားများကိုလည်း ထပ်မံခေါ်ယူထားကြောင်းသိရှိရသည်။

နံနက် (၁၁ နာရီ ၄၀ မိနစ်) နအဖ စစ်ဆင်ရေးနဲ့ ကွပ်ကဲရေးဌာန လက်အောက်ခံတပ်ရင်းများ ကေအန်ယူ တပ်မဟာ (၁)၊ တပ်မဟာ (၆)နဲ့ တပ်မဟာ (၇) နယ်မြေတွေကို ယမန်နေ့ကနေ့စတင်ပြီး အင်အားအလုံးအရင်းနဲ့ တပြိုင်နက် ထိုးစစ်ဆင်လာတာတွေ့ရပါတယ်။
- နအဖ တပ်များမှာ စကခ(၁၂) နည်းဗျူဟာ(၁)နှင့် (၂)လက်အောက်ခံ ခလရ(၂၃၁)၊ ခမရ(၅၄၆)၊ ခမရ (၅၄၈)၊ ခမရ(၅၄၉)၊ ခမရ(၃၅၆)၊ ခမရ(၃၅၇)နှင့် ခမရ(၅၄၅) တပ်ရင်းများဖြစ်ပြီး ကေအဲန်ယူ၊ ဒီကေဘီအေတပ်များနှင့် ထိပ် တိုက်ရင်ဆိုင်နေရသည့် နအဖတပ်များမှာ
- စကခ(၁၉) နည်းဗျူဟာ(၂)မှ ခလရ(၂၉၉)မှ ချူကလီးဒေသတွင် ထိုးစစ်ဆင်၊
- ခမရ(၅၈၆)မှ အူးကလေးထာ့ရွာတွင် အခြေစိုက်လှုပ်ရှားနေပြီး ဖားအံမြို့အခြေစိုက် လှုပ်ရှား၊
- နအဖ တပ်မ(၂၂) လက်အောက်ခံ နည်းဗျူဟာ(၂၂၂) လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခမရ (၂၀၉)၊ (၂၀၁)၊ (၂၀၂)နဲ့ (၂၀၅)တပ်ရင်းမှာ ကမမောင်းကျေးရွာဘက်သို့ ထိုးစစ်ဆင်လှုပ်ရှား၊
- မာနယ်ပလော နယ်မြေတွင် စစ်ဆင်ရေး လှုပ်ရှားဖို့အတွက် နည်းဗျူဟာ(၂၂၃)သည် ရှမ်းရွာသစ်ဘက်တွင် ထိုးစစ်ဆင်ပြီး၊
- နည်း ဗျူဟာ(၂၂၃) လက်အောက်ခံတပ်များဖြစ်သည့် ခလရ(၈၁)၊ ခမရ(၂၀၄)၊ (၂၀၈) တပ်များမှာ ဆင်ဖြူတောင်(ကဆောဝါးလေး)ဒေသ ဘက်သို့ ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။

နံနက် (၁၁ နာရီ ၃၅ မိနစ်) ယမန့်နေ့က ဝေါလေဒေသ ဖလူးကျေးရွာနားမှာ နအဖ တပ်တွေနဲ့ ဒီကေဘီအေ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ယမန့်နေ့ မနက်ပိုင်းမှ စပြီး နအဖ စစ်တပ်တွေ ဒီကေဘီအေတပ်တွေကို အရှိန်အဟုန်မြင့်ပြီး တိုက်ခိုက်လာတာတွေ့ရပါတယ်။

Wednesday, January 5, 2011

သတင်းအတိုအထွာများ

မန္တလေး-မိုးကုတ်ကားလမ်း သပိတ်ကျင်းအကျော် ဇရပ်ကွင်းရွာအနီး ယူရေနီယံထွက်တဲ့တောင်ကြောမှာ နအဖက စက်ရုံတခုကို ဇန္န၀ါရီလထဲမှာ အပြီးသတ်မယ်လို့ ဒေသခံတဦးကပြော။ အဲဒီနေရာကထွက်တဲ့ ယူရေနီယံက ၇၀ ရာခိုင်နှုန်း သန့်စင်တယ်လို့လည်း ပြောပြခဲ့။

ဒီဇင်ဘာလကုန်မှာ အင်းစိန်၊ ပေါင်းတည်၊ ပြည်၊ သရက်၊ သာယာဝတီထောင်တွေက အကျဉ်းသားပေါ်တာတွေကို ရှေ့တန်းကိုလွှတ်မယ်ကြားထား။ အခု ဝေါ်လေဒေသဘက်ကို ရောက်လာတဲ့ ပေါ်တာအများစုဟာ သူတို့တွေဘဲဖြစ်ရမယ်။

ခမရ(၂၀၈)အပါအ၀င် တပ်မ (၂၂) လက်အောက်ခံ တပ်ရင်း (၄) ရင်းကို လာမည့် ဇန္န၀ါရီလ (၆) ရက်နေ့နောက်ဆုံးထားပြိး ဝေါ်လေဒေသ စစ်မြေပြင်ကို အင်အားဖြည့်လာဘို့ရှိတယ်လို့ တပ်မှူးတဦးထံက ကြားသိထားပါကြောင်း။

ကိုကျော်သူရဲ့စာသားများ

၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့ နှစ်သစ်ရက်မြတ်နေ့ရက်က အမေဒေါ်အောင်ဆန်းစုကြည် ရေးဆွဲပေး သွားသည့် ဆီဆေးပန်းချီကားကို ယနေ့ တိုင်ခံစားကြည့်ရှုရင်းနှင့် ပေါ်ပေါက်လာသော ကျွန်တော်ရဲ့ နှလုံးသားထဲမှ စကားလုံးများပါ။

ကျော်သူ။

Tuesday, January 4, 2011

လွတ်လပ်ရေး ကျေညာစာတမ်းမူရင်း

အောင်စေသတည်း

၁။ မြန်မာသက္ကရ်ာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ် သက္ကရာ် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော အခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝ လွတ်လပ်သော အချုပ်အချာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေမြတ် လည်းဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး တရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်း မြေပြင် အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တ၀ါအပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော် လည်း မသုဉ်းမကုန် နိုင်သော ပဒေသာစစ် အနှစ်သာရ ကြွယ်ဝပြည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှ ထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့် တသွေးတသား တမိဘ ဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇ၀င် ရှည်ဝေး ရှေးပဝေဏီမှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့နောက် မန္တလေးအထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လ၀ါ ပမာကဲ့သို့ တဖြာဖြာတ၀င်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာ့တန်ဆာ ကာလအင်္သချေ တည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ် ဖုံးအုပ်၍ ခေတ္တခဏ အရှိန်အ၀ါ ညှိုးလျော်နွမ်းလျ မထွန်းမပ ဖြစ်ဘိသကဲ့သို့ ငါတို့၏လွတ်လပ်သော မြန်မာ နိုင်ငံတော် သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပတိုင်မှ ထွက်ပေါ်လာ၍ တကမ္ဘာလုံးကို ရစ်ပတ်အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒကြီးနှင့် မရှောင်မကွင်းသာ ကြုံကြိုက်ဆုံတွေ့မိ၍ ပဌမ အင်္ဂလိပ်-မြန်မာစစ်၌ ရခိုင်-တနင်္သာရီ၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်၌ ဟံသာဝတီ-ပဲခူး၊ တတိယ အင်္ဂလိပ်-မြန်မာစစ်၌ မန္တလေးရတနာပုံ သုံးကြိမ်သုံးတန် ချအပ်ရခြင်းဖြင့် ဤမြေထူမြေမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍လာခဲ့ကြသော ငါတို့၏ လွတ်လပ်ရေးသည် ငါတို့လက်မှလွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝရောက်ခဲ့ကြရသည်။ သို့သော် နေမင်း သူရိယာ လစန္ဒာတို့ကို ဆီးနှင်း မြူတိမ်တို့သည် မည်သို့ပင် ဖုံးလွှမ်းစေကာမူ နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရကား ခေတ္တမျှနှင့်ပင် လွင့်စင်ကွယ်ပျောက်၍ နေ၀ါလရောင်သည် ပကတိအရေကို ပြန်၍ဆောင်လေ ဘိသကဲ့သို့ ငါတို့အပေါ်၌ လွှမ်းဖုံးအုပ်သော နယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့် ရင့်မာလှသော လွတ်လပ်ရေး စိတ်ဓါတ်၏ အရှိန်အတောက်ကို မခံနိုင်ရာကား ခြောက်ဆယ့်တနှစ် တလနှင့် တရက်သော အခိုက်အတန့် ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသဖြင့် ဤနေ့ဤအခါမှစ၍ ငါတို့သည် အသူရိန် ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့သာယာစွာဖြင့် လုံးဝ လွတ်လပ် သော ဘ၀ထူး ဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။
၃။ ယခု ငါတို့ရရှိအပ်သော လွတ်လပ်ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်းကင် တိမ်ရိပ်ထင်သကဲ့ သို့သော လွတ်လပ်ရေး မဟုတ်။ ငါတို့အား လွတ်လပ်ရေးလမ်းစဉ်သို့ ညွှန်လည်းညွှန်ပြ လမ်းစရှာကြံ အမြန် ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ကူးတို့မှူး ခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ်သောလုံ့လ၊ မလျော့သောဝိရိယ၊ ဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပအပ်သော ဥာဏ်မျက်စိ၊ ၀ဇီရစိန်သွား ကဲ့သို့ စူးရှသောသတ္တိတို့ကြောင့် အဟံမမ သံပကြုံးဝါး အခြားအခြားလွတ်လပ်သော နိုင်ငံကြီးတို့နှင့်တန်းတူ မြူ တခြမ်းမျှ မလျော့မလို ထိုထိုသော တန်ခိုးရှိန်ဝါ တေဇာအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အချာတည်း ဟူသော အာဏာထူးအမြတ်ကို ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ။

၎။ ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား။ ကျောသားရင်သား သူကားငါကား ခွဲခြားခြင်းကို အလိုမရှိ။ မြစ်ချောင်းသီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝ အပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသား ဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေ နေထိုင်ရာ မြန်မာနိုင်ငံတော် တ၀ှမ်းကို တသွေး တသားတည်းဟူသော ကြိုးထူး၊ တစိတ်တ၀မ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝ အထောက် အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာ တည်းဟူသော ကြိုးထူး၊ ဤကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင် တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆိုက်လက်ကိုင် ငါတို့ အပိုင်ရလေပြီ။

၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ် မဟုတ်။ မည်သူ တဦး တယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်း မဟုတ်။ မည်သူ တဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံ မဟုတ်။ အတိတ်ကာလက၎င်း၊ ယခုမျက်မှောက်တွင်၎င်း၊ နောင်လာ လတ္တံ့သော အနာဂတ်ကာလ၌၎င်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျား-မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ ဒို့၏အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာ ဖြစ်သည်ဟူသော လူ့ ဘာသာ၊ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအ၀ှမ်း၏ အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက် မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြား သတ်မှတ် တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့် သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော၊ သမ္မတမြန်မာနိုင်ငံတော် တည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။

၆။ သိကြကုန်လော့။ ယနေ့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏မူလအပိုင်ဖြစ်သော လုံးဝ လွတ်လပ်ရေးကို ငါတို့ပြန်၍ ယူပြီ။ တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး၊ အဆင့်အတန်း တူညီသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ်သည် နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက် ကျင့်ဆောင်မည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစား စောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။

ဤ ငါတို့ ကျေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေသတည်း။

ထုတ်ပြန်ကြေညာချက်

Wednesday, December 22, 2010

လမ်း


vltrsm; owdrxm;vdkuf=uayrJh 2003 ck azazmf0g&D 16 &ufae@[m jrefrmhEdkifiHa&;ordkif;rSm ta&;ygwJh rSwfwdkifwck jzpfoGm;ygw,f? bma=umifhvJqdkawmh 'Dae@rSm u&ifeDtrsKd;om;wdk;wufa&;ygwD KNPP u ESpfaygif; 40 ausmf&yfwnfcJhwJh jrefrmjynfrScGJxGuf+yD; oD;jcm;EdkifiHxlaxmifa&;0g'udk w&m;0ifpGef@v$wfvdkufwm a=umifh jzpfygw,f? 'gwifru “tpGef;a&muftrsKd;om;a&;orm;rsm;/ EdkifiHa&;orm;rsm;ESifh ppf0g'Drsm; toHk;rcs Edkifatmif cGJxGufcGifhudk tajccHOya'xJ xnfhoGif;jyÏmef;rxm;bJ ‘ukd,fydkifjyÏmef;cGifh’vdk@om jynfaxmifpk zGJ@pnf; yHktajccHOya'rSm jyÏmef;xm;&Sdzdk@” vnf; w&m;0ifoabmxm;ay;cJhygw,f?
'DqHk;jzwfcsuf ta&;yg&wJh ta=umif;uawmh “taemufu&ifeDjynf” (twdtusajym&&if vuf&Sd u,m; jynfe,f&J@ taemufjcrf; oHk;yHkwyHkausmfausmf) [m 1875 ck uif;0efrif;}uD;eJ@ t*Fvdyfudk,fpm;vS,fwdk@ ESpfzuf oabmwlpmcsKyfcsKyf+yD; vGwfvyfwJhEdkifiHtjzpf todtrSwfjyKxm;cJhwmwa=umif;/ u&ifeD[m 1947 azazmf0g&D 12 &uf yifvHkpmcsKyfudk vHk;0vufrSwfrxdk; todtrSwfrjyKcJhwmwa=umif;/ tJ'DtusKd;quftjzpf 'Duae@ Arm jynfwdkif;&if;om;vufeufudkiftzGJ@awGtwGif; oD;jcm;EdkifiHt,ltq &yfcHaewJhtxJrSm t}uD;qHk;/ tjyif;xefqHk;/ tpGJjrJqHk;eJ@ ,kwWdt&SdqHk;tzGJ@ jzpfwmuvnf;wa=umif; wdk@a=umifhjzpfygw,f? tiftm;ta&twGuft&=unfh&if i,fayrJh vlrsKd;eJ@jynfe,ft&/ EdkifiHa&;eJ@ppfa&;t&/ ordkif;a=umif;t& ta&;ygwJh tzGJ@tpnf;jzpfygw,f?
ordkif;t&=unfh&if rGefeJ@&cdkifwdk@[mvnf; r=umao;wJh 18 &mpktxd oD;jcm;vGwfvyfwJh ya'o&mZfEdkifiH awGtjzpf &yfwnfcJhwm b,folrSjiif;r&ygbl;? &Srf;uawmh 15 &mpkuwnf;u oD;jcm;bk&ifhEdkifiH ysufokOf;oGm;+yD; w±kwfjynfeJ@ Armjynfu cGJa0odrf;oGif;vdkufwm cHcJh&w,f? 'gayrJh ArmjynfbufrSmawmh wjynfvHk;udk tkyfcsKyf wJhbk&ifawGtjzpf wcgw&H ay: ay:vmcJhygw,f? (tif;0[m &Srf;-ArmjynfaxmifpkjzpfcJh+yD; ArmawGomru &Srf;awGvnf; bk&iftjzpf r=umc% tkyfpdk;cJhygw,f?) wurBmvHk;u t&if;&Sifpepft}uKd vl@tzGJ@tpnf;awGrSm jzpfavhjzpfx&SdwJhtwdkif; tcsKyftjcmtm%mwdk@/ e,fedrdwfwdk@ rwnfr+idrfeJ@ tmrcHcsufr&Sdao;bJ trsKd;rsKd; r=umc% ajymif;vJaeavh&SdcsdefeJ@ t*Fvdyf-jrefrmppfyGJjzpfcsdefawG wdkufqdkifoGm;wJhtwGuf/ wnf+idrfr_eJ@ ydkaejrJ usm;aejrJtaetxm;udk tav;ay;wJh 'Duae@ urBmhaps;uGufpD;yGm;a&;acwfumv a&mufwJhtcg vufawG@rSm jyefajymif;zdk@ rvG,fawmhygbl;? urBmrSm ajymif;oGm;=uwmawG[m ¹cGif;csufoabmrsKd; jzpfaeygw,f? qdkAD,uf jynfaxmifpk/ ,l*dkqvm;AD;,m;/ csufudkpvdkaA;uD;,m;/ tDoD,dkyD;,m;wdk@vdk uGefjrLepfEdkifiHa[mif;awGuvGJ&if usefwJht&if;&SifurBmrSm oD;jcm;EdkifiHopfawG cGJxGufwnfaxmifwmudk urBmu tm;ray;wm awG@&ygw,f? ukvor*~udk,fYu axmufcHxm;wJh taemufEdkifiHvufusefudkvdkeDawG vGwfvyfwJh oD;jcm;EdkifiHopfawGtjzpf xlaxmifa&;udkawmif t&if;&SifurBmu tifwifwifvkyfcJhwm/ vkyfaewm tm;vHk;todygbJ? ajrmuftdkif,m vef/ azmufuvifu|ef;pk/ yGmwdk&Dudk/ *ltrf/ 'dkif*dk*g;qD;,m;/ pydefq[m&/ w[DwD/ *dkif,mem/ ul±dkif;u|ef; av;u|ef;wdk@[m erlemawGygbJ? tifrwef@udk xl;jcm;wJhtajctae&Sdvdk@ b*Fvm;a'h&Sf/ puFmyleJ@ ta&S@wDarmwdk@ EdkifiHopfawG jzpfvmwmuvGJ&if cGJxGufa&;awG atmifjrifwm rawG@&ygbl;? *vkdb,fvdkufaZ;&Sif;acwfrSmqdk ydkvdk@awmif tvm;tvmenf;ygw,f?
*vdkb,fvdkufaZ;&Sif;acwf&J@ t"duwdrf;!Gwfr_u 'Drdkua&pDeJ@ tcGifhtvrf;wef;wla&; jzpfygw,f? tcGifh tvrf;qdkwm EdkifiHa&;/ pD;yGm;a&;/ vlrsKd;a&;qdkif&m tcGifhta&;awGudk qdkvdkygw,f? 'dxuf ydkvnf;rydk avsmhvnf; ravsmhygbl;? qdkvdkwmu cGmxkwfr& cGmxkwfrjzpfatmif aygif;pnf;xm;wJh *vdkb,furBmxJrSm tcGifhtvrf;wl rS 0ifupm;vdk@&rSm jzpfygw,f? 'Dvdkrupm;Edkif&if ajrmif;xJa&mufrSm taotcsmygbJ? 'gudk jrefrmjynftwdkif; twmeJ@ajym&&if 'Drdkua&pDeJ@ zuf'&,f[m acgif;eJ@yef;vdk b,fvdkrScGJr&Edkifbl; qdkwJh t"dy`m,fbJ jzpfygw,f? zuf'&,frygwJh 'Drdkua&pD/ 'Drdkua&pDrygwJh zuf'&,fawG[m &mpkw0ufausmf =umae+yDjzpfwJh rD;awGudk quf avmifapzdk@bJ&Sdygw,f? ArmjynfrSm zuf'&,fpepf vdktyf rvdktyfqdkwm jiif;cHkaqG;aEG;&r,fhtqifh ausmfoGm; yg+yD?
twdwfwHk;uom (zuf'&,fvdk@ acgif;pOfwyfwyf rwyfwyf) wu,fhwef;wltcGifhta&;awG tmrcHcsuf&Sd&Sd usifhoHk;cJh=u&if trsKd;om;jy\emawG ckcsdefrSm 'gavmufr±_yfEdkifygbl;? wzufu=unfh&ifvnf; Ak'
tcktcg zuf'&,fudk cg;cg;oD;oD;qef@usifwmqdkvdk@ rqv-e0w-etz ppftkyfpktqufqufbJ usefyg awmhw,f? EdkifiHa&;orm;a[mif;awGxJuqdk zqyvOD;ausmf+idrf;/ a'gufwmbarmf/ ocifApdef/ OD;bazwdk@[m aowJhtxd zuf'&,fqef@usifa&;udk pGJpGJjrJjrJzufwG,foGm;cJhygw,f? wcsdefu zuf'&,fudk vufrcHcJhwJh ppftkyfpk jyKwfawG/ uG,fvGefolOD;Ek/ OD;AaqGeJ@ Auy tygt0if usefEdkifiHa&;tiftm;pk ta[mif;-topf tm;vHk;uawmh zuf'&,fudk tenf;eJ@trsm;qdkovdk rltm;jzifh vufcH=u+yDjzpfygw,f? a,bk,szuf'&,frltqifhuae b,fvdk zuf'&,fpepfrsKd; vkyfrvJqdkwJh vufawG@ydkif;tao;pdwfawGbJ qufnd‡zdk@vdkygawmhw,f? urBmrSm zuf'&,ftrsKd; rsKd;&SdwJhtxJu usaemfwkd@taeeJ@ ArmjynfvufawG@eJ@ tudkufnDqHk;yHkpHudk tm;vHk;0dkif;aqG;aEG;azmfxkwf&rSm jzpfygw,f? 'gudkawmh wdkif;&if;om;vlrsKd;aygif;pHk jynfoltm;vHk; vGwfvGwfvyfvyfoabmxm;ay;Edkifr,fh wEdkifiH vHk; 'Drdkua&pDyGifhvef;wJh tajctaeusrS vkyfvdk@&Edkifygw,f?
jrefrmEdkifiHvlrsKd;pkjy\emudk zuf'&,fpepfeJ@ ajz&Sif;zdk@ yxrqHk;pepfwustqdkjyKcJhwm[m 1945 ck Zlvdkif v ArmjynfuGefjrLepfygwD 'kwd,uGef*&ufrSmjzpfygw,f? tJ'DwHk;u ocifoef;xGef; wifoGif;cJhwJhtxJrSm -
· vlrsKd;a&;jy\em t+yD;owfajz&Sif;a&;
3? wjynfvHk;qdkif&mudpPrsm;udk A[dkudk,fpm;vS,ftzGJ@upDrH+yD; a'oEW&qdkif&mudpPrsm;udk a'oEW&udk,fpm;vS,ftzGJ@u pDrH&ef? Oyrm/ umuG,fa&;/ b¾ma&; - A[dkupDrH&ef? ynma&;/ usef;rma&; - a'oEW& (u&if/ &Srf;/ Arm/ &cdkif/ rGef/ ucsif) upDrH&ef
4? A[dkrSm v$wfawmfESpf&yfxm;&ef
5? v$wfawmfESpf&yfudk vlrsKd;a&;v$wfawmfeJ@ jynfol@v$wfawmf [k owfrSwf&ef
6? vlrsKd;a&;v$wfawmfudk vlrsKd;csif;wef;wlxm;I vlrsKd;wrsKd; 10 a,mufpD udk,fpm;vS,fajr‡muf&ef? Oyrm/ Arm 10/ u&if 10/ &Srf; 10/ &cdkif 10/ csif; 10/ ucsif 10 ponf
7? jynfol@v$wfawmfudk a'otvdkuf a&G;aumuf&ef/ odk@aomf vlrsKd;csif;a&maeaom a'orsm; (Oyrm/ jrpf0u|ef;ay:) rSm vlrsKd;tvdkufa&G;aumuf&ef
8? v$wfawmfESpf&yf tm%mwl&ef
9? v$wfawmfESpf&yfaygif;+yD; tpdk;&tzGJ@ a&G;aumuf&ef
10? vlrsKd;a&;qdkif&m0ef}uD;awGygcef@&ef/ vlrsKd;atmufajcxktm;vHk;. udk,fpm;vS,fawGudk a&G;aumufyGJeJ@wifI tkyfcsKyf&ef
- vdk@yg0ifygw,f? 'g[m vGwfvyfa&;r&cif oHk;ESpftvdkjzpfwJh/ *syefawmfvSefa&; +yD;+yD; csif;uwnf;u tajrmftjrif}uD;}uD;eJ@ wifcJhwmjzpfygw,f? t*FvdyfudkvdkeDacwfrSm ckacwfvdk jynfe,fwdk@ wdkif;wdk@ r=um;zl;ao;vdk@om 7 jynfe,f 8 jynfe,fawG rajymEdkifcJhwm jzpfygw,f? 'gayrJh tJ'Dacwftaetxm;t& =unfh&if tifrwefjynfhpHk+yD; acwfa&S@ajy;aewJh t,ltqawGjzpfwm awG@Edkifygw,f? (jynfe,f-wdkif; qdkwm urBmOD;tpuwnf;u &SdcJhwmr[kwfbJ 48 vGwfvyfa&;aemufydkif;rS wnfxGifzefwD;xm;wmjzpfvdk@ usaemfwdk@ pOf;pm;r_awG[m 'Duef@owfcsufabmifudk ausmfzdk@vdkygw,f?)
1946 Zefe0g&Dv a&$wd*Hktv,fypP,HrSmvkyfwJh zqyv yxrnDvmcHrSm 'D;'kwfOD;bcsKdwifwJh “wdkif;&if;om;vlenf;pkta&;” tqdkxJrSmvnf; -

1? bmomw&m; vGwfvyfpGm udk;uG,fcGifhjyK&rnf?
2? ,Ofaus;r_ vGwfvyfr_&Sd&rnf?
3? pD;yGm;a&;tcGifhta&; wef;wl&rnf?
4? ArmEdkifiHtoif; wnfaxmif&mY vlrsKd;wdkif; oabmwlvGwfvyfpGm wnfaxmif&rnf? Todk@wnfaxmif&mY rdrdwdk@uH =urRm rdrdzmom zefwD;EdkifcGifh tm;ay;&rnf? cGJvdkwJhtcg cGJcGifh&Sda=umif; uwdjyK&rnf?
- vdk@ajymcJhw,f? zqyv y%mrjyifqifr_nDvmcHrSm AdkvfcsKyfatmifqef;udk,fwdkif yg0if a&;qGJcJhwJh zGJ@pnf;tkyfcsKyfyHkrl=urf;[m Auy 'kwd,uGef*&ufeJ@ zqyvyxrnDvmcHurlawGudk tckdiftrm xnfhoGif; csrSwfxm;wJh pHjyzGJ@pnf;yHkOya'jzpfygw,f? yifvHkpmcsKyfrSm cGJxGufcGifh xnfhrxm;cJhayrJh AdkvfcsKyf atmifqef;u zGJ@pnf;tkyfcsKyfyHktajccHOya'xJxnfh tmrcHcsufay;cJhw,f? 'gayrJh trsm;od=uwJhtwdkif; AdkvfcsKyf wdk@vkyf=uHcH&+yD;aemuf wdkif;jyKjynfjyKv$wfawmfxJrSm 'DzGJ@pnf;yHkrl=urf;udk vHk;0±kyfysufqif;ysufjzpfatmif zuf '&,fqef@usifa&;orm;awGjzpf=uwJh/ a&G;aumufcHwdkif;jyKjynfjyKv$wfawmftrwfvnf;r[kwfwJh 0wfvHkOD;csef xGef;/ OD;bOD; (q&mpHudk}uKd;ay;cJhwJh w&m;ol}uD;/ aemifrSm Armjynforwawmif jzpfvdkufao;) eJ@ a'gufwm b[ef (a'gufwmbarmf&J@tpfudk)/ a&G;aumufcHwdkif;jyKjynfjyKv$wfawmftrwf zqyvOD;ausmf+idrf;wdk@u OD;Ek&J@ axmufcHr_eJ@ jyifypfEdkifcJhw,f? 'g[m 'Duae@aemufqHk; etz&J@ 104 csuf zGJ@pnf;yHkqD OD;wnfoGm;apcJhwJhvrf;p ygbJ?
vlrsKd;t& ArmeJ@wef;wlr,fh zuf'&,fpepfoufouf wnfaqmuf±HkeJ@awmh udpPawGu r+yD;Edkifygbl;? AdkvfcsKyfjrudk,fwdkifa&;txky`wWdxJygwJh udk,fhvlrsKd;tcsif;csif; rk'drf;usifhwm/ "m;jywdkufwmawGudk zuf'&,fwck wnf;u r&Sif;Edkifygbl;? Armppfom; rk'drf;usifhwJhae&mrSm udk,fhvlrsKd;pkppfom;u tpm;0ifrk'drf;usifhwmrsKd; b,folrSrvdkvm;ygbl;? 'ghtjyif 8 av;vHk;umv u&ifeJ@rGefppfyGJ/ *sdef;azmeJ@ &Srf;eD-em*-&0rf/ &Srf;eJ@ 0-ytdk@0f-yavmif-tcg-vm;[l vdkrsKd; Armr[kwfwJhvlrsKd;csif; yËdyuQawG[mvnf; vlrsKd;wckpDtwGif; 'Drdkua&pDtjynfh t0&SdrSom Armtm%m&Sifae&mudk vlrsKd;pktm%m&Sifppfbk&ifawG 0iftpm;rxdk;EdkifbJ ajyvnfrSmjzpfygw,f?
1948-49 wHk; u jrefrmEdkifiHrSm 'Drdkua&pD&Sdw,fqdkayrJh rvGJraoGwGJzufyg&r,fh zuf'&,fpepf r&SdwJhtcg u&if/ rGef/ &cdkif/ u&ifeDvlrsKd;wdk@&J@ vufeufudkifykefuefxºuGr_awG ay:cJh&ygw,f? OD;Ek&J@ zuf'&,frJh'Drdkua&pD odk@r[kwf 'Drdkua&pDtwkta=umif; ucsifjynfe,f0ef}uD;a[mif; OD;Zefxm;qifu “'Drdkua&pDajymif;jyef” pmtkyfxJ &ifemp&maumif;avmufatmif a&;cJhovdk 'Drdkua&pDrJhzuf'&,f odk@r[kwf zuf'&,ftwkta=umif; udkvnf; ytdk0f;wdkif;&if;om; qDqdkifapmfbGm;}uD; p0fcGef=unf (*syefawmfvSefa&; Adkvf}uD;a[mif;) u “&Srf;jynf trSm;awmfyHk” pmtkyfxJ yGifhyGifhvif;vif;zGifhcscJhygw,f? xkdpOfwHk;u &Srf;jynf[m wjcm;jynfe,f wjcm;vlrsKd;awGeJ@ pm&if zuf'&,feD;yg;tcGifhta&;awG&cJhvdk@ &Srf;olykefray:cJhbJ yxrtif;0acwfwHk;uvdk &Srf;orw/ &Srf;ygvDref OuUÏ/ &Srf;EdkifiHjcm;a&;0ef}uD;awG ay:wJhtxd acwfaumif;cJhygw,f? 'gayrJh &Srf;jynftwGif;rSmawmh 'Drdkua&pDpepf rusifhoHk;bJ ya'o&mZftm%m&Sifpepfom&Sdvdk@ &Srf;jynfawmifydkif;u tif;om;/ "Ek/ awmif±dk;/ yavmif/ ,if;euf/ u,ef;vlrsKd;awG axmufcHyg0if=uwJh ytdk0f;vlrsKd; vufeufudkifolykefxr_ 1949 ESpfukefrSm ay:vmcJhw,f? 'gha=umifh aemiftem*wfrSm u&if 8 av;vHk;/ ucsif 8 av;vHk;/ &Srf;-&cdkif-rGef 8 av;vHk;awG ray:&avatmif zuf'&,feJ@'Drdkua&pD wGJbuf+yD; tcdkiftcef@tkwfjrpfcsEdkifzdk@ vdkygw,f?
tm;vHk;od=uwJhtwdkif; etz uawmh 'Drdkua&pDvnf; vHk;0vufrcH/ zuf'&,fvnf; vHk;0acgif;cgxm; ygw,f? trsKd;om;nDvmcHrSm typftcwf&yfpJa&; 16 zGJ@uwifwJh tqdkjyKcsuf 9 csuf[m 'Drdkua&pDa&; udka&Smif+yD; zuf'&,fa&;udkwifwm jzpfygw,f? vHk;0vufeufcs tyJht&GJ@ 10 zGJ@ ('DxJrSm cGefqm 3 zGJ@ygw,f) eJ@ 'DaubDat/ yDtiftdkytdk0f;jzLtzGJ@wdk@ygwJh +idrf; 12 zGJ@uawmh 6š104 csufudk onf. rvGJ axmufcHxm;ygw,f? bdef;tzGJ@ 'kp±dkuftzGJ@awGtjzpf emrnfysufaewJh Auya[mif; 4 zGJ@/ vHk;0vufeufcs 2 zGJ@ tygt0if typf&yf eJ@+idrf; 16 zGJ@[m 'Drdkua&pDpepfudk qef@usifaewJh/ usyfrjynfhwJh wrwfom;ygvDrefudpP/ a&mracwfu qDZmbk&if vdk ppforwudpPawGudk vHk;0rwdk@ rxdbJ/ tkyfcsKyfa&;/ vHkjcKHa&;/ pD;yGm;a&;/ vlr_a&; wef;wlzdk@/ zuf'&,f emrnf rcHwJh zuf'&,ftqdkjyKcsufawG wifcJh=uygw,f? etz&J@ tqifhwl 7 wdkif; 7 jynfe,fudpPudkvnf; vufa&Smif xm;vdk@ trSefrSmawmh zuf'&,fryDwJh zuf'&,ftqdkawGom jzpfaeygw,f? tJoavmufawmifrS etzu vufrcHEdkifbJ pD;yGm;a&;ydkif;wcsKd@om vdkufavsmay;cJh+yD; t"dujzpfwJh tkyfcsKyfa&;-EdkifiHa&;/ vHkjcKHa&;/ vlr_a&;ydkif; awGudk y,fcscJhw,f? pD;yGm;a&;ydkif;cGifhjyKwmawGuvnf; toufjzpfwJh EdkifiHa&;ydkif; tuef@towf&Sdae&if bmrS tmrcHcsufr&SdwJhta=umif; vwfwavm0pfaomufum;udpPawGu oufaojyaeygw,f? “cdkifrmawmifhwif;vS wJh ppftkyfpkudk rEdkif Edkifvdk@ &oavmufbJ ,l&r,f” qdkwJhtawG;tac:awGeJ@ ppfabmif;bD*G=um;atmuf wdk;0if oGm;=uolawG bm&ovJqdkwm trsKd;om;nDvmcH vdk@qdkwJh[muav;u jyaeygw,f?
y,fcscH&wJh 9 csufrSm u|ef;opf yk*~vduydkifa&;udpPwcsufbJ pD;yGm;a&;udpPjzpf+yD; usef 8 csufuawmh EdkifiHa&;-tkyfcsKyfa&; 4 csuf/ vHkjcKHa&; wcsuf/ vlr_a&; 3 csufjzpfygw,f? EdkifiHa&; 4 csufuawmh jynfe,ftvdkuf oD;jcm;tajccHOya'a&;qGJusifhoHk;cGifh/ xyfwlOya'jyKcGifh/ ºuGif;useftm%mOya'jyKcGifh/ udk,fydkiftkyfcsKyfa&;pD&ifpk awGudk jynfe,f§wdkif;vufatmuf rxm;bJ jynfaxmifpke,fajrtjzpf owfrSwf&ef ('g[m aemifrSm jynfe,f opfawG azmfxkwfEdkifatmif }uKdwifjyifqifwJhtcsufjzpfygw,f) wdk@jzpfygw,f? tqifhqifhv$wfawmfwdkif;rSm ppfwyfu tpdwfom;ygae+yD; tcsdefra&G; w&m;0ifppftm%modrf;cGifh/ rm&S,favmtkyfcsKyfcGifh &xm;vsufeJ@ awmifrS 'DEdkifiHa&; 4 csufudk etzu ray;&Jygbl;? vHkjcKHa&;udpPrSmvnf; jynfe,fvHkjcKHa&;wyf odk@r[kwf txl;&Judk umuG,fa&;OD;pD;csKyfvufatmufcHtjzpfeJ@ xm;zdk@awmif etzu vHk;0cGifhrjyKygbl;? etz&J@ tEWdr&nf rSef;csuf bmvJqdkwmudk 'guazmfjyaeygw,f? vlr_a&; 3 csufy,fcswmuawmh etz&J@ r[mArmvlrsLd;}uD;0g'udk ajymiftwdtvif;jyvdkufwmbJjzpfygw,f? wdkif;&if;om;pmayjyÏmef;cGifh/ wdkif;&if;om;"avhxHk;wrf;Oya' jyÏmef; cGifh/ wdkif;&if;om;a&;&mu¾ oD;jcm;owfrSwfcGifhwdk@udk vufrcHwm[m tifrwefao;odrfwJh/ a&ra&mwJh vlrsKd; }uD;0g'ygbJ? Armjynf t*FvdyfudkvdkeDb0wHk;uawmif jrefrmAk'
OD;Ekudk,fwdkifvnf; t±l;rD;0dkif;jzpfaewJh 48-49 umvrSm u&if-Arm vlrsKd;a&;yËdyuQ v_H@aqmfcJhwm ordkif; rSm azsmufzsufr&awmhygbl;? tJ'DwHk;u ±dk;±dk;omref u&ifeJ@ArmtrsKd;om;awGomru odu Qm&SdEdkifiHa&;tzGJ@t pnf;awGjzpfwJh autif,l/ Auy/ jynfol@&Jabmfwdk@yg OD;EktuGufxJ 0ifoGm;cJhygw,f? 'gudkodvdk@ qef@usifwJh AdkvfcsKyfatmifqef;&J@vuf±Hk; Adkvfvufsmudk OD;Ek/ OD;ausmf+idrf;wdk@u wyfxJuxGufapcJhygw,f? 'gayrJh EdkifiHa&;tpOf tvm}uD;wJh jynfolawG[m odwfr=umcif vlrsKd;a&;vSnfhuGufxJu ±kef;xGufEdkifcJhygw,f? 'ga=umifh 'Duae@ &0rf'g/ abmhpfeD;,m;wdk@vdktqifhxd [dkwHk;u ArmjynfrSm jzpfroGm;cJhygbl;? 'gayrJh wzufrSm OD;Ek&J@ “&efukeftpdk;&”[m &nfrSef;wJhtwdkif; tusOf;t=uyfu xGufaygufawmh&oGm;cJhygw,f? uy`wdefref;wHk;EHk; qdkwJh csif;wdkif;&if;om;wa,mufuvnf; OD;Ektpdk;&udk t}uD;tus,f tvkyftau|;jyK u,fwifay;oGm;cJhw,f? (uy`wdefref;wHk;EHk;[m 1961 ck awmif}uD;nDvmcHrSmawmh wdkif;&if;om;vlrsKd;pkawGbuf jyefrsufESmrlcJhygw,f?)
tvm;wlbJ wdkif;&if;om;vlrsKd;pkawGxJu wcsKd@[m zuf'&,fqef@usifa&;orm;awGeJ@ vnfyif;zufcJhwm acwfopfjrefrmhordkif;rSm ±dkufowfvdk@rukefEdkifygbl;? a&Smifv$Jr&wJh vufiif;ta=umif;wcsKd@a=umifh tiftm;}uD; =oZm&SdvlrsKd;pktpdwftydkif;awGu zuf'&,fqef@usifa&;tm%m&tpdk;&eJ@ aygif;oGm;wm p0fa&$odkuf/ ref;wHk;EHk;wdk@ acwfupvdk@ vif;xif/ [efwmomar$;tv,f tckacwf 0 udk;uef@ 'DaubDatacwftqHk;&Sdaewmudk vHk;vHk;}uD; rsufESmv$JcJypfvkyfvdkuf&ifawmh vlrsKd;pktiftm; w0ufruwmawGudk todtrSwfrjyKwmbJ jzpfoGm;ygvdrfhr,f? tiftm;t&=unfh&if ucsif/ rGef/ ytdk0f;/ u,ef;/ 0/ udk;uef@/ tcg/ yavmif vufeufudkiftiftm;tm;vHk;/ &Srf;/ u&ifeDvufeufudkiftiftm;trsm;ydkif;/ u&ifvufeufudkiftawmfrsm;rsm;[m zuf'&,fqef@usifa&;tpdk;&udk jyif;jyif;xefxef jywfjywfom;om; rqef@usifawmhygbl;? 'gha=umifh vufawG@ususpOf;pm;zdk@ vdkygvdrfhr,f?
tajctaeaumif;wmudkjywJh edrdwfvuQ%muawmh 1990 a&G;aumufyGJrSm wjynfvHk;udkudk,fpm;jyKwJh a': atmifqef;pk=unf tift,fvf'DeJ@ nDaemifjzpfwJh rsKd;cspf&Jabmfa[mif;awG[m jynfe,f 7 cku trwfae&m 156 ae&mteuf 80 (51 &mcdkifE_ef;) &cJhwmjzpfw,f? jynfe,f-vlrsKd;pktajccHygwDawGu ae&m 70 (45 &mcdkifE_ef;) om&+yD; wjynfvHk;tajccHwJh wjcm;ygwD (wpneJ@atmif}uD;ygwD) awGu 6 ae&m (4 &mcdkifE_ef;) &cJhw,f? jynfruppfudkif;wdkif;rSmawmh vlrsKd;pkygwDawGu 3 ae&m&cJhw,f? aemufqHk;tus,fcsKyfrcH&rD a':atmifqef; pk=unfc&D;pOfawGuvnf; wdkif;&if;om;vlrsKd;aygif;pHk&J@ qENoabmxm;rSefukd &Sif;&Sif;vif;vif;jyocJhygw,f? 'gawG &J@t"dy`m,fuawmh tpOftvm}uD;+yD; &ifhusufvSwJh vlrsKd;pHkjynfolawG[m etzppftkyfpk&J@ r[mArmvlrsKd;}uD; 0g'r_dif;wdkufr_eJ@ vlrsKd;a&;-bmoma&;yËdyuQv_H@aqmfr_axmifacsmufxJ rusEdkifbl; qdkwm&,f/ usOf;ajrmif;wJh vlrsKd;a&;orm;awGeJ@ EdkifiHjcm;u “apwem&Sif”wcsKd@&J@ cGJxGufa&;/ &0rf'g-abmhpfeD;,m;vdkjzpfa&; v_H@aqmfr_ vSnfhuGufxJ r0ifEdkifbl;qdkwm&,fudk jyaeygw,f? 'gwifru “&oavmuf,lzdk@” udkvnf; vHk;0 vHk;0pdwfr0ifpm; bl;qdkwm jyaeygw,f? jynfolvlxktm;vHk;uawmh vrf; ay:rSm toifha&mufaeyg+yD? usaemfwdk@ EdkifiHa&;orm; rsm;ua&m b,fvdkvJ?

*gr%d

Tuesday, December 21, 2010

ဦးသန်းရွှေကိုထောက်ခံခြင်း

မြန်မာနိုင်ငံတွင် မဖွံ့ဖြိုးသည့်ကဏ္ဍ မရှိဟု ဗိုလ်သန်းရွှေမှ သင်တန်းဆင်းပွဲအခမ်းအနားတစ်ခုတွင် ခပ်တည်တည်ပြောကြားသွားခဲ့သည်။

ကျွန်ပ် အနေနှင့်လည်း တာဝန်သိအမျိုးချစ်ပြည်သူတယောက်ပီသစွာ ခပ်ပြောင်ပြောင် ဖော်လိုလိုက်ရသည်ရှိသော်-

စက်မှုလယ်ယာ။ ။ လယ်ယာသုံး စက်ပစ္စည်းများကို မယူမနေရ အိမ်တိုင်ယာရောက် လက်ငင်း အကြွေး အဆင်ပြေသလို ဝေငှပြီးသဖြင့် လယ်ယာသမားတိုင်း အနည်းဆုံး စက်တစ်လုံး ပိုင်ဆိုင်နေကြပြီဖြစ်သည်။

လက်မှုလယ်ယာ။ ။ စာရွက်စာတမ်း နှင့် စာရင်းဇယားပေါ်တွင် လျာထားချက်ထက် ကျော်လွန်၍ ထွက်ရှိနေလျက်ရှိသည်။

စိုက်ပျိုးရေး ။ ။ UNODC မှပင် အသိအမှတ်ပြုရသည်အထိ ဘိန်းစိုက်ပျိုးရေးတွင် အထူးဖွံ့ဖြိုးတိုးတက် နေသည်။ နောင်အနာဂတ်တွင် ကမ္ဘာ့နံပါတ်တစ် ဘိန်းစိုက်ပျိုးထုတ်လုပ်ရာဒေသအဖြစ်ရောက်ရှိအောင်
အစွမ်းကုန်ဆောင်ရွက်သွားမည်ဟုလည်း သက်ဆိုင်သူများမှ ကတိပြုပြောကြားထားသည်။

စွမ်းအင် ။ ။ နောက်ချေး မှ လျှပ်စစ်ဓါတ်အား ထုတ်ယူသုံးစွဲခြင်း။ ကြက်ဆူဆီမှ လောင်စာဆီထုတ်ယူသုံးစွဲခြင်းဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများကပင် လက်ဖျားခါသွားရသည်အထိ တိုးတက်လျက်ရှိသည်။ သို့သော် သနားကြင်နာတတ်သော မြန်မာနိုင်ငံသားများသည် တိရိစ္ဆာန်များကို
မနှိပ်စက်လိုသဖြင့် အစိုးရမှ ဖြန့်ဖြူးပေးသော ဓါတ်အားကို သာ သုံးစွဲကြသော်လည်း နိုင်ငံနှင့်အ၀ှမ်း မီးလာချိန်တွင် ထိန်ထိန်လင်း နေသည်ကို တွေ့ရသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားသဖြင့်လည်း ကြက်ဆူအစားထိုး ဒီဇယ် ဓါတ်ဆီများကိုသာ အများဆုံးသုံးစွဲနေကြလျက်ရှိသည်။

ကာကွယ်ရေး ။ ။ ဂျီသရီး မီးကျိုးမောင်းပျက် သေနတ်မှသည် အဏုမြူလက်နက် တပ်ဆင်ရန်ကြိုးပမ်းသည်အထိ ကြောက်ခမန်းလိလိ တိုးတက်လျက်ရှိသည်။ နှစ်စဉ် တပ်မတော်အရာရှိများ အများအပြားမွေးထုတ်နိုင်နေသဖြင့် နောင်အနာဂတ် တပ်မတော်တွင် စစ်ဆင်ရေးဆင်နွဲရာ ၌ ဗိုလ် အဆင့်ကို အနိမ့်ဆုံးအဖြစ် သတ်မှတ်နိုင်လာတော့မည်ဖြစ်သည်။ ပြည်တွင်းရေးတည်ငြိမ်မှုကို
ဖျက်ဆီးနိုင်သော အေးချမ်းစွာဆန္နပြမှုများကို ဖြိုခွင်းရန် ဖွင့်လှစ်သော တိတ်တိတ်ပုန်း တုတ်သိုင်း သင်တန်းများတွင်လည်း နေ့စားလပေး စွမ်းအားရှင်များ တက်တက်ကြွကြွ တက်ရောက်လျက် မခံမရပ်နိုင်သောပြည်သူများ အမည်ကိုခံယူရန် အဆင်သင့်ဖြစ်နေကြလျက်ရှိသည်။

ပညာရေး ။ ။ ဗိုလ်ချုပ်ကြီးများနှင့် စူပါ စီးပွါးရေးသမားများ၏ သားသမီးများအားလုံးနီးပါး နိုင်ငံခြားကျောင်းများတွင် ပညာသင်ယူနေနိုင် ကြပြီဖြစ်သည်။ ပြည်ပတွင် မတက်ရောက်နိုင်သူများကိုလည်း အေးချမ်းစွာပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ တက္ကသိုလ် များကို မြို့ပြင်ရွာနီးချုပ်စပ်များသို့ ပို့ဆောင်ပေးထားပြီးဖြစ်သည်။ ပြည်တွင်းတွင်လည်း ၀ိဇ္ဖာ သိပ္ပံ နေ့တက် / အဝေးသင်၊ အင်ဂျင်နီယာ ၊ ရှေ့နေ ၊ဆရာဝန် ၊မဟာဘွဲ့၊ ပါရဂူဘွဲ့ စသည့် ပညာတတ်များ စက်နှင့်လှည့်ထုတ်သကဲ့သို့ အရေအတွက်များစွာ နှစ်စဉ်ပေါ်ထွန်းနေပေသည်။ အထူးတိုးတက်သည့်အချက်မှာ ဘွဲ့ရ ပညာတတ်အားလုံးနီးပါး အမိမြန်မာစာကို ကောင်းစွာ ရေးတတ် ဖတ်တတ် ပြောဆိုတတ်ကြခြင်းဖြစ်သည်။ နိုင်ငံတ၀န်းလုံးအတိုင်းအတာ အရဆိုလျှင် စာမသင်နိုင်သူများမှလွဲ၍ အားလံုး စာတတ်မြောက်နေပြီဖြစ်ကြောင်း ၀မ်းမြောက်ဖွယ်တွေ့၇ှိရပေသည်။

အလုပ်အကိုင်အခွင့်အလမ်း ။ ။ သိသာထင်ရှားစွာပင် တိုးတက်နေပြီဖြစ်သည်။
ဘွဲ့ရလူငယ်များအနေဖြင့် ဆိုက်ကားသမား ၊ ကွမ်းယာသည် ၊ဂျာနယ်လက်ပွေ့ရောင်းသူ အစရှိသဖြင့် တပိုင်တနိင် ကိုယ်ပိုင်လုပ်ငန်းကို လွတ်လွတ်လပ်လပ် ထူထောင်နိုင်သကဲ့သို့ အရောင်းစာရေး ။ စားပွဲထိုး ။ စပယ်ရာ စသည့် လခစားအလုပ်များတွင်လည်း ထိုက်ထိုက်တန်တန် လစာများဖြင့်
ဝင်ရောက်လုပ်ကိုင်နိုင်ကြပြီ ဖြစ်သည်။ အစိုးရ၀န်ထမ်း အပိုင်းတွင်လည်း အသိပညာ အတတ်ပညာများ လွန်စွာပြည့်စုံသည်ဟု ထင်ရသော အရပ်ဝတ်လဲ ပုဂ္ဂိုလ်များကို ထိပ်ပိုင်းရာထူးများတွင် တာဝန်ယူစေပြီးဖြစ်သည်။ ပညာမတတ်သူများပင်လျှင် အနှိပ်ခန်း။ ကာရာအိုကေ။ အလှပြင်ဆိုင်။
နိုက်ကလပ်များတွင် လွယ်လင့်တကူ လုပ်ကိုင်နီုင်ရန် လမ်းဖွင့်ပေးထားလျက်ရှိသည်။ ကလေးသူငယ်များမှအစ လ္ဘက်ရည်ဆိုင်တွင် စားပွဲထိုးနေပြီဖြစ်သဖြင့် မကြာမတင်ကာလတွင် ကမ္ဘာ့အလယ်
အလုပ်လက်မဲ့အနည်းဆုံးနိုင်ငံအဖြစ် ၀င့်ထည်နိုင်တော့ မည်ဖြစ်သည်။

ဆန်၊ ဆီ၊ သားငါးရေထွက်ပစ္စည်း ။ ။ အခြေခံစားကုန်များအားလုံး ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးနိုင်မှုကြောင့် ငွေကြေးတတ်နိုင်သူအားလုံး အလွယ်တကူ ၀ယ်ယူစားသုံးနိုင်နေပြီဖြစ်သည်။ စားသုံးရန် မသင့်တော်သော ပုစွန်ထုပ်ကြီးများ ၊ ငါးသလောက်အကောင်ကြီးများ ၊ စံမီ ငါးရှဥ့်များကို
နိုင်ငံတော်မှ အနစ်နာခံကာ အခြားတိုင်းပြည်များသို့ တင်ပို့ရောင်းချပေးလျက်ရှိသည်။
ကုန်ဈေးနှုန်းများလည်း တည်ငြီမ်၍ ငွေကြေးဖောင်းပွမှုနှုန်း အလွန်နည်း သဖြင့် ပြည်သူအများစုမှာ ကန်စွန်းရွက်နှင့် ငါးပိကဲ့သို့သော ဗီတာမင်ပြည့်ဝသည့်အစာများကို နေ့စဉ် စားသုံးနိုင်လျက်ရှိကြသည်။

ဆက်သွယ်ရေး ။ ။ ပြည်သူများ ကွန်ပြူတာ အင်တာနက်နှင့် ထိတွေ့ချိန်ပိုမိုများပြားစေရန် ရည်ရွယ်၍ အင်တာနက်လိုင်းများ နှေးကွေးစေခြင်းဖြင့်လည်းကောင်း ။ အကျော်အခွ ဗဟုသုတတိုးပွါးစေရန် ရည်သန်၍
နိုင်ငံရေး ဆိုဒ်များကို ဘန်းထားခြင်းဖြင့် လည်းကောင်း အဘက်ဘက်မှ စနစ်တကျမြှင့်တင်လျက်ရှိသည်။ အခြေခံဆက်သွယ်ရေးဖြစ်သည့် တယ်လီဖုန်းဆိုလျှင်လည်း အနှစ်နှစ်ဆယ်အတွင်း တဖြေးဖြေး
ကြိုးပမ်းလာမှုကြောင့် အနိမ့်ဆုံးဈေးမှာ နိုင်ငံတကာနှင့်ယှဉ်လျှင် အဆတစ်ရာကျော်ကျော်လေးသာ မြင့်တက်နေတော့သည်။ ယခု နှုန်းအတိုင်းဆိုလျှင် နောက်ထပ်အနှစ်လေးဆယ်မှ ခြောက်ဆယ်အတွင်း နိင်ငံတကာနှင့် တန်းတူပြည်သူတိုင်း သုံးစွဲနိုင်မည်ဖြစ်ကြောင်း အားတက်စဖွယ် တွေ့ရှိရသည်။
ဖုန်းလိုင်းများ များပြားလာသကဲ့သို့ ခေါ်မရခြင်း။ စကားသံမကြားရခြင်း။ မတ်ဆေ့ခ်ျ မှားယွင်းရောက်ရှိခြင်း ကဲ့သို့သော အသေးအဖွဲပြဿနာလေးများမှလွဲ၍ ပြည်သူအများစုမှာ စတိုင်ကျကျ ဖုန်းကို ပါးစပ်နားကပ်ပြီး ပြောတတ်နေပြီဖြစ်သည်။

လမ်း/ တံတား ။ ။ လမ်းများ တံတားများကို ငွေအား လူအားမြောက်များစွာ အကုန်အကျခံ၍ တည်ဆောက်ပေးခဲ့သဖြင့် ပြည်သူများမှာ စိတ်အေးချမ်းသာစွာ ထိုက်ထိုက်တန်တန် အခွန်အခပေးပြီး ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။ တံတားများမှာလည်း မဟာဗျူဟာကျကျ တည်ဆောက်ထားသဖြင့် ဆူပူမှုရှိလာပါက ဖြတ်တောက်ပိတ်ဆို့လိုက်ခြင်းဖြင့် ပြည်သူများ အေးချမ်းစွာဘာမျှမသိရှိဘဲ
နေနိုင်မည် ဖြစ်သည်။

သတင်းမီဒီယာ ။ ။ မီဒီယာများအနေဖြင့် သတင်းမှန်များကို ကြေးမုံနှင့်မြန်မာ့အလင်းကဲ့သို့ စောင်ေ၇အများဆုံးရိုက်နှိပ်ထုတ်ဝေသော သတင်းစာများတွင် ဖော်ပြခွင့်ရရှိနေကြပြီဖြစ်သည်။ အခြားသော ဂျာနယ်များတွင် ဖော်ပြသောသတင်းများကိုလည်း စာပေစိစစ်ရေးနှင့် သဘောမတွေ့သော
စာမူများမှအပ ကျန်သည့်ကြော်ငြာကဲ့သို့သော အရာများကို လွတ်လပ်စွာ ဖော်ပြခွင့်ရှိနေပြီ ဖြစ်ရာ မကြုံစဖူး ထူးကဲသော မီဒီယာလွတ်လပ်ခွင့်ကို ရရှိနေကြပြီဖြစ်သည်။အနုပညာရှင်များကိုလည်း မသီဆိုရ။ မရိုက်ကူးရ။
မထုတ်လုပ်ရ ဟု ပိတ်ပင်သည်မှ လွဲ၍ အသက်ကိုရန်မရှာဘဲ လွတ်လပ်စွာဖျော်ဖြေနိုင်သည် ဖြစ်ပေသည်။

နိုင်ငံခြားရေး ။ ။ ၁၈ နှစ်ပြည့်ပြီးသူတိုင်း ပြည်ပထွက် အလုပ်လုပ်နိုင်ရေးအတွက် ပတ်စ်ပို့ရုံးတွင် နိုင်ငံသားတိုင်း ထုတ်ယူကိုင်ဆောင်နိုင်ရန် သိန်းဂဏန်းမျှသော ငွေကြေးဖြင့် စေတနာကြီးမားစွာ
ထုတ်ပေးနေလျက်ရှိသည်။ နိုင်ငံတကာဆက်ဆံေ၇းတွင်လည်း တရုတ်နိုင်ငံနှင့်သားအဖ ၊ မြောက်ကိုရီးယားနှင့် သမီးယောက်ဖ သဖွယ်ရင်းနှီးခင်မင်စွာဆက်ဆံလျက်၇ှိရာ ကမ္ဘာ့တလွှားတွင် ရောက်ရှိနေကြသော ရွှေမြန်မာများမှာ မိမိတို့၏ ပတ်စ်ပို့အနီရောင်လေးများကို ပြသလိုက်သည်နှင့် တလေးတစား အရေးပေး ဆက်ဆံခံနေရလျက်ရှိပေသည်။

တွင်းထွက် နှင့် သယံဇာတ ။ ။ကျွန်းသစ်၊ ရေနံ ၊ သဘာဝဓါတ်ငွေ့၊ ပတ္တမြား ၊ကျောက်စိမ်း ၊ သစ်မွှေး ၊ရာဘာ ၊ ကြိမ် အစရှိသည့် ငွေရပေါက်ရလမ်းရှိသည့် အရာအားလုံးကို စီမံကိန်းလျာထားချက်ထက် ကျော်လွန်အောင် တင်ပို့ရောင်းချလျက်ရှိသည်။ ရရှိလာသော ဘဏ္ဏာငွေများမှာ လွန်စွာများပြားသော်လည်း တိုင်းတပါးမှ မျက်စိကျကျူးကျော်မည်စိုးသောကြောင့် စာရင်းမပြဘဲ တာဝန်ရှိသူများက အနစ်နာခံ ထိန်းသိမ်းပေးထားလျက်ရှိသည်။

ကျန်းမာရေး ။ ။ မိမိပိုင်ဆိုင်မှုနှင့် ညီမျှသည့် ကျန်းမာရေးဝန်ဆောင်မှုကို ပြည်သူများ လွယ်ကူစွာ ရရှိနိုင်ကြနေပြီဖြစ်သည်။ ခုတင် ၁၀၀ဆန့်ဆေးရုံ ။ ခုတင် ၃၀၀ ဆန့်ဆေးရုံ စသဖြင့် တိုင်းပြည်အနံ့
တည်ဆောက်ပေးပြီးဖြစ်သဖြင့် ဆေးနှင့် ဆရာဝန်လုံလောက်စွာ မရှိသော်လည်း ပြည်သူများမှာ ထိုခုတင်များပေါ်တွင် အေးချမ်းစွာ ဝေဒနာခံစားရင်း သေရက်ကို စောင့်မျှော်နိုင်နေပြီဖြစ်သည်။ ကျန်းမာေ၇း အတွက် လွန်စွာ အန္တရာယ်ကြီးသော စားအုန်းဆီကို ရောနှောေ၇ာင်းချခြင်းကို စီးပွါးရေး လိုအပ်ချက်အရ မသိချင်ယောင်ဆောင်နေရသော်လည်း ဓါတုဆိုးဆေးများသုံးသော အစားအသောက်နှင့်ဆေးဝါးများကို လုံလောက်သောငွေကြေး မရရှိမချင်း ထုတ်ဝေခွင့်ပိတ်ပင်ထားခြင်းဖြင့် ပြည်သူများ၏ ကျန်းမာေ၇းကို ကာကွယ်ပေးလျက်ရှိသည်။

လူမှုရေး ။ ။ မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မည် ဖြစ်သဖြင့် လူကုန်ကူးမှုကို တင်းကျပ်သော ဥပဒေများ ထုတ်ကာ တားဆီးနှိမ်နင်းခဲ့သဖြင့် အာဏာပိုင်အဖွဲ့အစည်းမှလွဲပြီး မည်သူမျှ
မလုပ်ကိုင်ရဲကြသည်ကို လည်း စိတ်ချမ်းမြေ့ဖွယ် တွေ့ရှိနေရသည်။ နိင်ငံလူဦးရေ တိုးတက်မှုနှုန်းနှေးကွေး သဖြင့် တရုတ်နိုင်ငံမှ ဆွေမျိုးပေါက်ဖော်များကို တိုးတိုးတိတ်တိတ် နိင်ငံသားလက်မှတ်ထုတ်ပေးကာ
အမြော်အမြင်ရှိရှိ ဆောင်၇ွက်နေသဖြင့်လည်း မန္တလေး လားရှိုး မြို့များတွင် မြန်မာစစ်စစ်ပြည်သူများမှာ မျက်စိရှုပ်နားရှုပ်သော မြို့တွင်း နေရာများကို စွန့်ခွါ၍ မြို့သစ်များကို ပြောင်းေ၇ွ့နေထိုင်ကာ မျက်စိအေး နားအေး နေထိုင်နိုင်လျက်ရှိပေသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ။ ။ မုန်တိုင်းဒဏ်ခံပြည်သူများအတွက်
အလှုငွေများကို တက်တက်ကြွကြွ ထိန်းသိမ်းပေးထားခြင်း။ စေတနာ၇ှင်များမှ လှုဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများတွင် နာမည်တပ်၍ လှုဒါန်းခြင်း စသည်များကြောင့် နိုင်ငံတော်၏ စေတနာကို သေချာစွာ နားလည်သဘောပေါက်လာလျက်ရှိကြသည်။ အလှည့်ကျမီးလောင်သော ဈေးများကိုလည်း
အမြန်ဆုံးကန်ထရိုက်ပေး၍ အဆင့်မြှင့်ဈေးသစ်တည်ဆောက်နိင်ခြင်းကြောင့်လည်း “ကျန်းမာပါစေ၊ ချမ်းသာပါစေ” ဟူသော မေတ္တာပို့သံများကိုလည်း ဝေေ၀စည်စည် တိုင်းပြည်အနှံ့ ကြားသိနိုင်နေပြီ ဖြစ်သည်။

အားကစား ။ ။ ဤကဏ္ဍတွင်လည်း အထူးတလည် ရှင်းပြစရာမလိုအောင်ပင် တိုးတက်နေသည်မှာ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။ မြန်မာနေရှင်နယ်အာဖရိကန်လိဂ် ကိုလည်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပကာ
အရည်အသွေးထက်မြက်သော နိုင်ငံကိုယ်စားပြုဘောလုံးသမားများ မွေးထုတ်ပေးနိုင်ခဲ့ခြင်းကြောင့်လည်း နိုင်ငံတကာပြိုင်ပွဲများတွင် အောင်ပွဲ အလီလီဆင်နိုင်လုနီးနီးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
နိုင်ငံတော်၏ ထောက်ပံ့အားပေးမှုများကြောင့် အားကစားသမားများမှာလည်း တက်တက်ကြွကြွ ယှဉ်ပြိုင်ကြသည်မှာ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရန် လက်တကမ်းအလို သို့ရောက်ရှိနေပြီဖြစ်ကြောင်းထင်ရှားနေပေသည်။

ဘာသာရေး ။ ။ မကြုံစဖူးထူးကဲလှစွာသော ချီးမြှောက်မှုများကြောင့် ထောင်ကျ အကျဉ်းသားများပင် သံဃာတော်များကို အားရပါးရ ဖူးမြော်ခွင့်ရရှိနေသော အချိန်အခါဖြစ်သည်။ “လက်ညိုးညွှန်ရာ ဘုရားဖြစ်စေ” ဟုဆိုရမတတ် တည်ထားသော ဘုရားပုထိုးများကြောင့် ပြည်သူပြည်သားတို့မှာ ဘာသာရေးကို ပိုမိုကိုင်းရှိုင်းလာကြသည်မှာ ညဘက် တံခါးခေါက်သံကြားသည်နှင့် ဘုရားတပြီး
ဖြစ်နေသည်အထိပင်။

စီးပွါးရေး ။ ။ သူတောင်းစားကြီးများ ပင် တိုက်ဆောက်ကားစီးနေနိုင်သဖြင့် လွန်စွာ ဂုဏ်ယူဖွယ် ကောင်းလှပေသည်။ တစ်ဦးချင်း ၀င်ငွေတွင်လည်း မြန်မာကျပ်ငွေဖြင့် တွက်ချက်လျှင်သော်လည်းကောင်း ၊အစိုးရငွေလဲလှယ်နှုန်းဖြင့် တွက်ချက်လျှင်သော်လည်းကောင်း လုံးဝနိမ့်ကျနေခြင်းမရှိပေ။ ပြည်သူများမှာလည်း စီးပွါးရေး ချောင်လည်ကြသဖြင့် အိမ်ထောင်စုတခုတွင် အိမ်ဦးနတ်က ဘောပွဲလောင်း၊
အိမ်ရှင်မက နှစ်လုံးထီထိုး ၊ သားကြိးက ကျူတံကိုင် ၊ သမီးငယ်က ချိုင်းဖတ် ချဲတွက် စသဖြင့် အေးအေးလူလူ လုပ်ကိုင်စားသောက်နိုင်ကြပေသည်။ နိုင်ငံတ၀န်း လောင်းကစားလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် တရားဝင်၊ တရားမ၀င် လုပ်ဆောင်နိုင်ခြင်းကိုလည်း အိမ်နီးချင်းနိုင်ငံများကပင် အားကျအတုယူလျက်ရှိနေပေသည်။


ထိုသို့ အဖက်ဖက် ကဏ္ဍစုံမှ လွန်မတန်စွာ ဖွံ့ဖြိုးတိုးတက်နေသော ရွှေမြန်မာနိုင်ငံကြီးကို မည်သူက “မတိုးတက်ပါ ဖွံ့ဖြိုးမှုအနှေးကွေးဆုံးပါ” ဟု သတ်မှတ်ချင်ပါသလဲ။

ကောင်းကင်ကလူ ( ၁၅.၁၂.၁၀ )

http://simpleviewsonmyland.blogspot.com မှကူးယူဖေါ်ပြခြင်းဖြစ်သည်။

Tuesday, October 19, 2010

ရှစ်လေးလုံးအရေခြုံ

၈လေးလုံးအရေခြူံ စာစောင်နဲ့ ပတ်သက်ပြီး ကိုသန်းဝင်းရဲ့ စာဖြစ်ပါတယ်။
၈၈ မှာပါဝင်ခဲ့တဲ့ကျောင်းသားအားလုံး ကန့်ကွက်သင့်ပါတယ်။ ရှစ်လေးလုံးနဲ့ ဒေါင်းအလံကို သေးသိမ်အောင် လုပ်နေသူတွေ ဖြစ်တယ်။ လူထုအတွက် ရှေ့ကမားမားမတ်မတ်ရပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သေးသိမ်အောင် အပုပ်ချနေသူတွေ လဲဖြစ်တယ်
-------------------------------------------
၈၈ ပြည်သူ့နေ့စဉ်သတင်းစာကိုမည်သည့်ပုဂ္ဂိုလ်များ ထုတ်ဝေသည်ကို ကျွန်တော် အတိအကျ မသိပါ။ သို့သော် လည်း 8888peoplepower,email-groups နှင့် တစုံတရာ ပတ်သက်လိမ့်မည်ဟုကျွန်တော် ထင်တယ်။ သူတို့သတင်းစာထွက်တိုင်း ကျွန်တော်ဖတ်ကြည့်ပါတယ်။ တခြားကဏ္ဍကိုတော့ပြောစရာမရှိပါ။ လေထန်ကုန်း အခန်းကဏ္ဍကိုတော့ ကျွန်တော်ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ လေထန်ကုန်းမှာ မည်သူတွေ ရေးနေသည်ကိုကျွန်တော်မသိပါ၊ ၈၈ ပြည်သူ့နေ့စဉ်သတင်းစာမှာထည့်ထားတဲ့အတွက် ဒီသတင်းစာကိုလဲ ကန့်ကွက် ရှုတ်ချတယ်။ လေထန်ကုန်း အခန်းကဏ္ဍကိုဒီသတင်းစာမှာ မည်သည့်အကြောင်းကြောင့် ထည့်ရသလဲ။ မည်သည့်အကျိုးကိုမျှော်ပြီးထည့်ရသလဲ ဆိုတာကျွန်တော်လုံးဝနားမလည်ပါ။ ကျွန်တော့်အမြင်အရ လေထန်ကုန်းကိုထည့်ထားခြင်းသည် ဒီသတင်းစာရဲ့ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ကျဆုံးစေတဲ့အပြင် လေထန်ကုန်းမှာ ရေသားထားတဲ့အကြောင်းအရာများဟာ တိုင်းပြည်အတွက်ဘာအကျိုးမှမရှိပါ၊ ဘယ်သူကိုမှလည်း ပြုပြင်နိုင်မည်မဟုတ်ပါ။ သွားပုပ်လေလွင့်ရေးသားထားခြင်းကပိုများပါတယ်။ ဒါကတော့သူတို့ကိစ္စပါ ကျွန်တော်နဲ့ မဆိုင်ပါ။ ကျွန်တော်ပါဝင်ပတ်သက်ခဲ့တဲ့ ၈၈၈၈ ဂုဏ်သိက္ခာနှင့် ဆိုင်လာတဲ့အတွက် အခုလို ကန့်ကွက်ရခြင်း ဖြစ်တယ်။

၈၈၈၈ပြည်သူ့နေ့စဉ် ဟုခေါင်းစဉ်တပ်ထားပြီးလေထန်ကုန်းဆိုပြီးရေးသူအမည်လဲမထည့်ဘဲ ရေးချင်သလိုရေး။ ဘောင်မရှိ၊ အကွပ်မရှိ၊မဝေဖန်သင့်တဲ့သူကိုဝေဖန် မလုပ်သင့်တဲ့အလုပ်ကိုလုပ်။နောက်ဆုံး ကျောင်းသားထု တရပ်လုံး အမြတ်တနိုးထားပြီး ၁၉၂၀ ကစ၍သမိုင်းစဉ်အဆက်ဆက်ဆွဲကိုင်တိုက်ပွဲဝင်ခဲ့သော အစဉ်အလာ ကြီးမားတဲ့ ခွပ်ဒေါင်းအလံတော် ကိုပါစော်ကား၊ စုတ်ပြတ်သပ်အောင်ရေးသား ဝေဖန်မှုဟာ ကျွန်တော့အနေနဲ့  လုံးဝသည်းမခံနိုင်ပါ။ ခင်ဗျားတို့သတင်းစာရဲ့လုပ်ရပ်တချို့ကိုကြည့်ပါ။

၁။ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့မှာ မြို့ခံဒီမိုကရေစီအင်အားစုများရဲ့ကြိုးစားမှုကြောင့် သူများနိုင်ငံ အမေရိကန်မြေပေါ်မှာ ခွပ်ဒေါင်းအလံကြီးဂုဏ် ရောင်တောက်ပြောင်စွာတလူလူလွင့်နေတာကို ဂုဏ်ယူရ မဲ့အစား မနာလိုဝန်တိုပြီး သွားပုတ်လေလွင့်ပြော။ ခွပ်ဒေါင်းပုံကိုစုတ်ပြတ်အောင်ဆွဲပြီး ရိသလိုလိုရေး၊ခနဲ့သလိုလိုရေး ခွပ်ဒေါင်းကိုဂုဏ်သိက္ခာညှိုးအောင် ရေးသားထားတာကိုဒီ၈၈ ဆိုတဲ့
သတင်းစာက ပေါ်ပေါ်ထင်ထင်ထည့်ခဲ့ကြတယ်။

၈၈ပြည်သူ့သတင်းစာသည် ဘာကိုရည်ရွယ်ပြီး ၊ဘာသဘောနဲ့လုပ်တာလဲဆိုတာဖြေရှင်းပါ။?

၂။ ၈၈မျိုးဆက်ခေါင်းဆောင်ကိုမြအေးရဲ့သမီးလေး ဝေနှင်းပွင့်သုံက သူ့အဖေအမွေပေးလိုက်တဲ့အတိုင်း အရွယ်နှင့်မလိုက်အောင် တိုင်းပြည်အတွက်ရဲရင့်ပြတ်သားစွာ တိုက်ပွဲဝင်နေတာကို ဂုဏ်ယူရမည့်အစား
သူမရဲ့ ရိုးသားမှု ၊ ခံစားချက်များကို AAPP ရဲ့ အသုံးချခံ လက်ကိုင်တုတ်သဖွယ် အတင်းဆွဲသွင်းပြီး သူမရဲ့ဂုဏ်သိက္ခာကိုညှိုးနွမ်းအောင် ရေးသားထားတာကို ဒီသတင်းစာကခွင့်ပြုထည့်ထားတာဟာ
ဘာရည်ရွယ်ချက် ၊ဘာသဘောထားနဲ့ ဒီလိုလုပ်ရတာလဲ။ ဝေနှင်းပွင့်သုံရဲ့လုပ်ရပ်ဟာ တိုင်းပြည်အတွက် ဘာများအကျိုးယုတ်သွားလို့လဲ။ သူမအဖေကအကျဉ်းကျနေတာကို ခံစားနေရပြီး ကောင်းကောင်းမကောင်းကောင်း အကျဉ်းသားများကို တစုံတရာကူညီနေတဲ့AAPP ကိုသူကူညီ ထောက်ပံ့တာဟာသူမမှာဘာမှားတာရှိလဲ၊ ခင်ဗျားတို့လဲသူ့လိုဘ၀မျိုးဆိုယင်ဘယ်လိုခံစားကြမလဲ ကိုယ်ချင်းစာကြည့်ကြပါလား။

၃။ သူ့ယုံကြည်ချက်နဲ့တိုင်းပြည်အတွက်လမ်းလျှေက်ပြီးတိုက်ပွဲဝင်နေတဲ့ဘုန်ကြီးကိုလည်းနှစ်ပြားမတန်အောင်
ရေးတာကိုလဲ ဒီသတင်းစာကခွင့်ပြုထားတယ်။ ဘာအကြောင်းကြောင့်ဒီလိုလုပ်ရတာလဲကျုပ်သိချင်တယ်။

အထက်ပါအချက်တချို့ကိုကြည့်ပါ။ ၈၈၈၈ ကို ကိုယ်စားပြုသယောင်ယောင်ခေါင်းစဉ်တပ်ထားတဲ့ ဒီသတင်းစာကလုပ်ရပ်တွေဟာ ၈၈၈၈ ရဲ့အစဉ်လာကြီးတဲ့ဂုဏ်သိက္ခာကိုထိခိုက်စေပါတယ်။ ဒါကြောင့်ကျွန်တော် ၈၈ ကျောင်းသား
တယောက်အနေဖြင့် ဒီသတင်းစာကို အသိအမှတ်မပြုတဲ့အပြင်၊ ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ တခြားခေါင်းစဉ်ဖြင့်ထုတ်တဲ့ သတင်းစာမှာကြိုက်သလိုရေး၊ ကြိုက်သလိုဝေဖန် ကျွန်တော်စိတ်မ၀င်စားပါ။ သူတို့
ကိစ္စသာဖြစ်ပါတယ်။ အခု ၈၈ ခေါင်းစဉ်ကိုတပ်ပြီး ဒီလိုလုပ်တာကိုတော့လုံးဝလက်မခံနိုင်တဲ့အပြင် လက်ပိုက်ကြည့်နေမှာလဲမဟုတ်ပါ။ ဒီအလုပ်တွေကိုရပ်ကြပါလို့ တောင်းဆိုချင်ပါတယ်။ ဝေဖန်ချင်တယ် ဆိုယင်လဲ အများအတွက်လုပ်နေကြတာဘဲ ဘယ်သူကိုကြောက်စရာလိုသလဲ သတ္တိရှိရှိ ကိုယ့်နာမည်ရင်းကိုတပ်ပြီး ဝေဖန်ပေါ့။ အခုခင်ဗျားတို့လုပ်ရပ်ကသွေးကြောင်တဲ့လုပ်ရပ်၊ သိပ်အောက်တန်းကျတဲ့လုပ်ရပ်ပါ ရှက်ဖို့ကောင်းပါတယ်။ ကျွန်တော်အက်ဆစ်ကိုဝေဖန်တာဟာ
ခင်ဗျားတို့လိုသွေကြောင်ပြီး လျှောက်ရေးလို့ဝေဖန်ထောက်ပြတာပါ။ ကိုလွမ်းဆွေဆောင်းပါးကိုဖတ်ရပါတယ်၊ ကျွန်တော်အယူအဆနဲ့ လုံးဝကိုက်ညီခြင်းမရှိသော်လဲဝေဖန်စရာမရှိပါ။ သူ့အမည်ရင်းနဲ့သူ့ရဲ့ အတွေးအခေါ် အယူအဆ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းဝေဖန်ထောက်ပြတာကို မှားမှားမှန်မှန် ကျွန်တော်ကြိုဆိုပါတယ်၊ ဒါသူ့ရဲ့အခွင့်အရေးပါ ။ လူတိုင်းမှာလွပ်လပ်စွာတွေးခေါ်ယူဆပိုင်ခွင့်ရှိပါတယ် ဘယ်သူမှတားဆီးလို့မရပါ ဒါဒီမိုကရေစီရဲ့အနှစ်သာရပါ။

နောင်လဲဒီလိုဘဲသတ္တိရှိရှိဝေဖန်ထောက်ပြနိုင်ပါစေလို့မျှော်လင့်ပါတယ်။

နိဂုံး

၈၈ပြည်သူ့နေ့စဉ်သတင်းစာအား ၈၈၈၈ တခုလုံးကိုကိုယ်စားပြုသည့်ခေါင်းစဉ်ဖြစ်နေတဲ့အတွက် ၈၈၈၈ ရဲ့ဂုဏ်သိက္ခာကိုငဲ့ပြီးဒီခေါင်းစဉ်အားအမြန်ဆုံးပြင်ဆင်ပေးပါရန်လေးနက်စွာတောင်းဆိုအပ်ပါသည်။
အကယ်၍ တစုံတရာပြောင်းလဲမှုမရှိဘဲဒီပုံစံအတိုင်းဆက်လက်လုပ်နေကြအုံးမယ်ဆိုယင် ၈၈၈၈ ရဲ့ဂုဏ်သိက္ခာအတွက်ကျွန်တော်စွမ်းအားရှိသလောက်တိုက်ပွဲဝင်ကာကွယ်သွားမည်ဖြစ်ကြောင်းအသိပေးလိုက်
်ပါတယ်။

တိုင်းပြည်ရဲ့ဂုဏ်သိက္ခာ ၊ ၈၈၈၈ ရဲ့ဂုဏ်သိက္ခာ ကိုအစဉ်ဦးထိပ်ထားလျှက်


** သန်းဝင်း**

( ၈၈ မျိုးဆက်ကျောင်းသား )