Tuesday, October 19, 2010

ရှစ်လေးလုံးအရေခြုံ

၈လေးလုံးအရေခြူံ စာစောင်နဲ့ ပတ်သက်ပြီး ကိုသန်းဝင်းရဲ့ စာဖြစ်ပါတယ်။
၈၈ မှာပါဝင်ခဲ့တဲ့ကျောင်းသားအားလုံး ကန့်ကွက်သင့်ပါတယ်။ ရှစ်လေးလုံးနဲ့ ဒေါင်းအလံကို သေးသိမ်အောင် လုပ်နေသူတွေ ဖြစ်တယ်။ လူထုအတွက် ရှေ့ကမားမားမတ်မတ်ရပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သေးသိမ်အောင် အပုပ်ချနေသူတွေ လဲဖြစ်တယ်
-------------------------------------------
၈၈ ပြည်သူ့နေ့စဉ်သတင်းစာကိုမည်သည့်ပုဂ္ဂိုလ်များ ထုတ်ဝေသည်ကို ကျွန်တော် အတိအကျ မသိပါ။ သို့သော် လည်း 8888peoplepower,email-groups နှင့် တစုံတရာ ပတ်သက်လိမ့်မည်ဟုကျွန်တော် ထင်တယ်။ သူတို့သတင်းစာထွက်တိုင်း ကျွန်တော်ဖတ်ကြည့်ပါတယ်။ တခြားကဏ္ဍကိုတော့ပြောစရာမရှိပါ။ လေထန်ကုန်း အခန်းကဏ္ဍကိုတော့ ကျွန်တော်ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ လေထန်ကုန်းမှာ မည်သူတွေ ရေးနေသည်ကိုကျွန်တော်မသိပါ၊ ၈၈ ပြည်သူ့နေ့စဉ်သတင်းစာမှာထည့်ထားတဲ့အတွက် ဒီသတင်းစာကိုလဲ ကန့်ကွက် ရှုတ်ချတယ်။ လေထန်ကုန်း အခန်းကဏ္ဍကိုဒီသတင်းစာမှာ မည်သည့်အကြောင်းကြောင့် ထည့်ရသလဲ။ မည်သည့်အကျိုးကိုမျှော်ပြီးထည့်ရသလဲ ဆိုတာကျွန်တော်လုံးဝနားမလည်ပါ။ ကျွန်တော့်အမြင်အရ လေထန်ကုန်းကိုထည့်ထားခြင်းသည် ဒီသတင်းစာရဲ့ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ကျဆုံးစေတဲ့အပြင် လေထန်ကုန်းမှာ ရေသားထားတဲ့အကြောင်းအရာများဟာ တိုင်းပြည်အတွက်ဘာအကျိုးမှမရှိပါ၊ ဘယ်သူကိုမှလည်း ပြုပြင်နိုင်မည်မဟုတ်ပါ။ သွားပုပ်လေလွင့်ရေးသားထားခြင်းကပိုများပါတယ်။ ဒါကတော့သူတို့ကိစ္စပါ ကျွန်တော်နဲ့ မဆိုင်ပါ။ ကျွန်တော်ပါဝင်ပတ်သက်ခဲ့တဲ့ ၈၈၈၈ ဂုဏ်သိက္ခာနှင့် ဆိုင်လာတဲ့အတွက် အခုလို ကန့်ကွက်ရခြင်း ဖြစ်တယ်။

၈၈၈၈ပြည်သူ့နေ့စဉ် ဟုခေါင်းစဉ်တပ်ထားပြီးလေထန်ကုန်းဆိုပြီးရေးသူအမည်လဲမထည့်ဘဲ ရေးချင်သလိုရေး။ ဘောင်မရှိ၊ အကွပ်မရှိ၊မဝေဖန်သင့်တဲ့သူကိုဝေဖန် မလုပ်သင့်တဲ့အလုပ်ကိုလုပ်။နောက်ဆုံး ကျောင်းသားထု တရပ်လုံး အမြတ်တနိုးထားပြီး ၁၉၂၀ ကစ၍သမိုင်းစဉ်အဆက်ဆက်ဆွဲကိုင်တိုက်ပွဲဝင်ခဲ့သော အစဉ်အလာ ကြီးမားတဲ့ ခွပ်ဒေါင်းအလံတော် ကိုပါစော်ကား၊ စုတ်ပြတ်သပ်အောင်ရေးသား ဝေဖန်မှုဟာ ကျွန်တော့အနေနဲ့  လုံးဝသည်းမခံနိုင်ပါ။ ခင်ဗျားတို့သတင်းစာရဲ့လုပ်ရပ်တချို့ကိုကြည့်ပါ။

၁။ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့မှာ မြို့ခံဒီမိုကရေစီအင်အားစုများရဲ့ကြိုးစားမှုကြောင့် သူများနိုင်ငံ အမေရိကန်မြေပေါ်မှာ ခွပ်ဒေါင်းအလံကြီးဂုဏ် ရောင်တောက်ပြောင်စွာတလူလူလွင့်နေတာကို ဂုဏ်ယူရ မဲ့အစား မနာလိုဝန်တိုပြီး သွားပုတ်လေလွင့်ပြော။ ခွပ်ဒေါင်းပုံကိုစုတ်ပြတ်အောင်ဆွဲပြီး ရိသလိုလိုရေး၊ခနဲ့သလိုလိုရေး ခွပ်ဒေါင်းကိုဂုဏ်သိက္ခာညှိုးအောင် ရေးသားထားတာကိုဒီ၈၈ ဆိုတဲ့
သတင်းစာက ပေါ်ပေါ်ထင်ထင်ထည့်ခဲ့ကြတယ်။

၈၈ပြည်သူ့သတင်းစာသည် ဘာကိုရည်ရွယ်ပြီး ၊ဘာသဘောနဲ့လုပ်တာလဲဆိုတာဖြေရှင်းပါ။?

၂။ ၈၈မျိုးဆက်ခေါင်းဆောင်ကိုမြအေးရဲ့သမီးလေး ဝေနှင်းပွင့်သုံက သူ့အဖေအမွေပေးလိုက်တဲ့အတိုင်း အရွယ်နှင့်မလိုက်အောင် တိုင်းပြည်အတွက်ရဲရင့်ပြတ်သားစွာ တိုက်ပွဲဝင်နေတာကို ဂုဏ်ယူရမည့်အစား
သူမရဲ့ ရိုးသားမှု ၊ ခံစားချက်များကို AAPP ရဲ့ အသုံးချခံ လက်ကိုင်တုတ်သဖွယ် အတင်းဆွဲသွင်းပြီး သူမရဲ့ဂုဏ်သိက္ခာကိုညှိုးနွမ်းအောင် ရေးသားထားတာကို ဒီသတင်းစာကခွင့်ပြုထည့်ထားတာဟာ
ဘာရည်ရွယ်ချက် ၊ဘာသဘောထားနဲ့ ဒီလိုလုပ်ရတာလဲ။ ဝေနှင်းပွင့်သုံရဲ့လုပ်ရပ်ဟာ တိုင်းပြည်အတွက် ဘာများအကျိုးယုတ်သွားလို့လဲ။ သူမအဖေကအကျဉ်းကျနေတာကို ခံစားနေရပြီး ကောင်းကောင်းမကောင်းကောင်း အကျဉ်းသားများကို တစုံတရာကူညီနေတဲ့AAPP ကိုသူကူညီ ထောက်ပံ့တာဟာသူမမှာဘာမှားတာရှိလဲ၊ ခင်ဗျားတို့လဲသူ့လိုဘ၀မျိုးဆိုယင်ဘယ်လိုခံစားကြမလဲ ကိုယ်ချင်းစာကြည့်ကြပါလား။

၃။ သူ့ယုံကြည်ချက်နဲ့တိုင်းပြည်အတွက်လမ်းလျှေက်ပြီးတိုက်ပွဲဝင်နေတဲ့ဘုန်ကြီးကိုလည်းနှစ်ပြားမတန်အောင်
ရေးတာကိုလဲ ဒီသတင်းစာကခွင့်ပြုထားတယ်။ ဘာအကြောင်းကြောင့်ဒီလိုလုပ်ရတာလဲကျုပ်သိချင်တယ်။

အထက်ပါအချက်တချို့ကိုကြည့်ပါ။ ၈၈၈၈ ကို ကိုယ်စားပြုသယောင်ယောင်ခေါင်းစဉ်တပ်ထားတဲ့ ဒီသတင်းစာကလုပ်ရပ်တွေဟာ ၈၈၈၈ ရဲ့အစဉ်လာကြီးတဲ့ဂုဏ်သိက္ခာကိုထိခိုက်စေပါတယ်။ ဒါကြောင့်ကျွန်တော် ၈၈ ကျောင်းသား
တယောက်အနေဖြင့် ဒီသတင်းစာကို အသိအမှတ်မပြုတဲ့အပြင်၊ ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ တခြားခေါင်းစဉ်ဖြင့်ထုတ်တဲ့ သတင်းစာမှာကြိုက်သလိုရေး၊ ကြိုက်သလိုဝေဖန် ကျွန်တော်စိတ်မ၀င်စားပါ။ သူတို့
ကိစ္စသာဖြစ်ပါတယ်။ အခု ၈၈ ခေါင်းစဉ်ကိုတပ်ပြီး ဒီလိုလုပ်တာကိုတော့လုံးဝလက်မခံနိုင်တဲ့အပြင် လက်ပိုက်ကြည့်နေမှာလဲမဟုတ်ပါ။ ဒီအလုပ်တွေကိုရပ်ကြပါလို့ တောင်းဆိုချင်ပါတယ်။ ဝေဖန်ချင်တယ် ဆိုယင်လဲ အများအတွက်လုပ်နေကြတာဘဲ ဘယ်သူကိုကြောက်စရာလိုသလဲ သတ္တိရှိရှိ ကိုယ့်နာမည်ရင်းကိုတပ်ပြီး ဝေဖန်ပေါ့။ အခုခင်ဗျားတို့လုပ်ရပ်ကသွေးကြောင်တဲ့လုပ်ရပ်၊ သိပ်အောက်တန်းကျတဲ့လုပ်ရပ်ပါ ရှက်ဖို့ကောင်းပါတယ်။ ကျွန်တော်အက်ဆစ်ကိုဝေဖန်တာဟာ
ခင်ဗျားတို့လိုသွေကြောင်ပြီး လျှောက်ရေးလို့ဝေဖန်ထောက်ပြတာပါ။ ကိုလွမ်းဆွေဆောင်းပါးကိုဖတ်ရပါတယ်၊ ကျွန်တော်အယူအဆနဲ့ လုံးဝကိုက်ညီခြင်းမရှိသော်လဲဝေဖန်စရာမရှိပါ။ သူ့အမည်ရင်းနဲ့သူ့ရဲ့ အတွေးအခေါ် အယူအဆ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းဝေဖန်ထောက်ပြတာကို မှားမှားမှန်မှန် ကျွန်တော်ကြိုဆိုပါတယ်၊ ဒါသူ့ရဲ့အခွင့်အရေးပါ ။ လူတိုင်းမှာလွပ်လပ်စွာတွေးခေါ်ယူဆပိုင်ခွင့်ရှိပါတယ် ဘယ်သူမှတားဆီးလို့မရပါ ဒါဒီမိုကရေစီရဲ့အနှစ်သာရပါ။

နောင်လဲဒီလိုဘဲသတ္တိရှိရှိဝေဖန်ထောက်ပြနိုင်ပါစေလို့မျှော်လင့်ပါတယ်။

နိဂုံး

၈၈ပြည်သူ့နေ့စဉ်သတင်းစာအား ၈၈၈၈ တခုလုံးကိုကိုယ်စားပြုသည့်ခေါင်းစဉ်ဖြစ်နေတဲ့အတွက် ၈၈၈၈ ရဲ့ဂုဏ်သိက္ခာကိုငဲ့ပြီးဒီခေါင်းစဉ်အားအမြန်ဆုံးပြင်ဆင်ပေးပါရန်လေးနက်စွာတောင်းဆိုအပ်ပါသည်။
အကယ်၍ တစုံတရာပြောင်းလဲမှုမရှိဘဲဒီပုံစံအတိုင်းဆက်လက်လုပ်နေကြအုံးမယ်ဆိုယင် ၈၈၈၈ ရဲ့ဂုဏ်သိက္ခာအတွက်ကျွန်တော်စွမ်းအားရှိသလောက်တိုက်ပွဲဝင်ကာကွယ်သွားမည်ဖြစ်ကြောင်းအသိပေးလိုက်
်ပါတယ်။

တိုင်းပြည်ရဲ့ဂုဏ်သိက္ခာ ၊ ၈၈၈၈ ရဲ့ဂုဏ်သိက္ခာ ကိုအစဉ်ဦးထိပ်ထားလျှက်


** သန်းဝင်း**

( ၈၈ မျိုးဆက်ကျောင်းသား )




Monday, September 20, 2010

မှိုင်းဋီကာ မှိုင်းဗေဒ သို့မဟုတ် သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိ အကျှုဉ်းလေး



၁၉၆၀ နှင့် ၁၉၇၀ လွန် နှစ်ကာလများက မြန်မာစာပေ နယ်ပယ်တွင် အတ္ထုပ္ပတ္တိ ဆိုင်ရာ စာအုပ်များ လှိုင်လှိုင် ထွက်ရှိခဲ့ဖူးသည်။ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု ခေါင်းဆောင်များ အကြောင်း ရေးသားထားသည့် အတ္ထုပ္ပတ္တိ စာအုပ်များမှာ စာဖတ်သူများကို ဆွဲဆောင်ဖမ်းစားထားနိုင်ခဲ့ကြ၏။ ဥပမာ တရုတ်ပြည်မှ ချူအင်လိုင်း၊ ကျူးဘားမှ ကပ်စ်ထရို၊ ချီလီမှ အာယန်ဒေး အစရှိသော စာအုပ်များဖြစ်၏။
မြန်မာစာပေတွင် အတ္ထုပ္ပတ္တိ စာပေအမျိုးအစား စတင်ပေါ်ပေါက် လာသည်မှာပင် ဘာမျှမကြာသေး။ လွတ်လပ်ရေး ရပြီး နောက်ပိုင်းမှသာ စတင်၏။ အထူးသဖြင့် ၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်ဝန်းကျင်မှသာ မြန်မာစာပေ နယ်ပယ်တွင် အတ္ထုပ္ပတ္တိ ဆိုင်ရာ စာအုပ်များ အင်တိုက်အားတိုက် ထွက်ရှိလာခြင်း ဖြစ်သည်။ သို့သော် ဝမ်နည်းဖွယ် ကောင်းသည်မှာ ၁၉၈၀ လွန် နှစ်များမှစပြီး အတ္ထုပ္ပတ္တိဆိုင်ရာ စာအုပ်များမှာ ပြန်လည်ငုတ်လျှိုးသွားရပြန်သည်။

၂၀၀၉ ခုနှစ် အောက်တိုဘာ လထဲတွင်မူ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိ စာအုပ် တအုပ် ထွက်လာ၏။

“နယ်ချဲ့ဆန့်ကျင်ရေး ငြိမ်းချမ်းရေးဖခင်ကြီး မျိုးချစ်စာဆို ဆရာကြီးသခင်ကိုယ်တော်မှိုင်း” အမည်ဖြင့် ထွက်လာခြင်းဖြစ်သည်။ ရေးသားပြုစုသူမှာ“သန်းဝင်းလှိုင်” ဟူ၍ ဖြစ်သည်။ အတ္ထုပ္ပတ္တိ ဆိုင်ရာ စာအုပ်ထုတ်ဝေမှုများ နည်းပါးလွန်းနေစဉ် ဤစာအုပ် ထွက်လာခြင်းက မြန်မာစာပေနယ်ပယ်ထဲက အိပ်မောကျလုနီးပါးဖြစ်နေသည့် အတ္ထုပ္ပတ္တိ ဆိုင်ရာ စာပေနယ်ကို လှုပ်နှိုးလိုက် သကဲ့သို့ ဖြစ်လေသည်။

ဆရာကြီး သခင် ကိုယ်တော်မှိုင်း စာအုပ်တွင် မင်းယုဝေနှင့် ဒေါက်တာ ခင်အေး(မောင်ခင်မင်-ဓနုဖြူ)တို့၏ အမှာစာများ နှင့် အတူ အခန်းပေါင်း(၂၅)ခန်းဖြင့် ဖွဲ့ စည်းထားသည်ကို တွေ့ ရသည်။ အခန်း(၄)မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၏ ဘဝ ဖြစ်စဉ် ရက်စွဲသမိုင်း ဖေါ်ပြထားသည်ကိုတွေ့ ရသည်။ အခန်း(၅)နှင့်(၆)တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရေးသား ခဲ့သောစာအုပ်စာရင်းနှင့် ဆရာကြီး တည်းဖြတ်ထုတ်ဝေခဲ့သော စာအုပ်စာရင်းကို ဖေါ်ပြထား၏။ အခန်း(၇)မှာ စာအုပ် ရေး သားပြုစုသူ ဆရာသန်းဝင်းလှိုင်က ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ နိုင်ငံရေးနှင့် စာပေကြိုးပမ်းမှုများအပေါ် လေ့လာချက် အခန်းဖြစ်သည်။ အခန်း(၈)မှ အခန်း(၂၄)အထိမူ ဆရာကြီး၏ အတ္ထုပ္ပတ္တိကို ခေါင်းစဉ်များခွဲလျက် ရေးသား ပြုစုထားသည့် အခန်းများဖြစ်သည်။ နောက်ဆုံးအခန်း(၂၅)မှာ ကိုးကား စာရင်းဖြစ်သည်။

၁၈၈၅ ခု နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သီပေါမင်းနှင့် မိဖုရား စုဖုရားလတ် တို့သည် နယ်ချဲ့အင်္ဂလိပ် တို့၏ ဖမ်းဆီးခေါ်ဆောင် ရာနောက် လိုက်ပါသွားခဲ့ကြရ၏။ ထိုစဉ်က နောင်အခါ သခင်ကိုယ်တော်မှိုင်း ဖြစ်လာမည့် အသက် ဆယ်နှစ်သား အရွယ် မောင်လွန်းမှာ စာတော်ဝန် ဦးခဲကျောင်း လက်ရန်းပေါ်မှနေ၍ လှမ်းမြင်ခဲ့ရ၏။ ဤမြင်ကွင်း ဤအဖြစ်အပျက်သည် နောင်အခါ နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ခေါင်းဆောင်၊ မျိုးချစ်စာပေပညာရှင် တဦးဖြစ်လာမည့် မောင်လွန်း ကလေးကို ဘဝအလှည့်အပြောင်း အတွေးအခေါ် အလှည့်အပြောင်းဖြစ်စေသည့် မြင်ကွင်းနှင့် အဖြစ် အပျက်ဖြစ်စေခဲ့။

ထို့နောက် အသက်(၁၈)နှစ်အထိ အညာတခွင် နယ်တကာလှည့်ကာ ပညာရှာခဲ့သည်။ အင်္ဂလိပ်-မြန်မာ အစိုးရကျောင်း သတ္တမတန်း စာမေးပွဲအောင်သည်။ထို့နောက် မော်လမြိုင်မြို့သို့ပြောင်းသည်။ ပုံနှိပ်တိုက်တွင် အလုပ်လုပ်သည်။ စာစီဘဝမှ အစပြုကာ အယ်ဒီတာ အထိ အဆင့်ဆင့်တက်လှမ်းသည်။ ရန်ကုန်မြို့သို့ ပြောင်းသည်။ဆရာကြီး သခင်ကိုယ်တော်မှိုင်း အင်တိုက်အားတိုက် စတင်ရေးသားသောစာပေမှာ ပြဇာတ်များဖြစ်သည်။ ရွှေတောင် မောင်လွမ်း၊ ရွှေတောင် မောင်လွန်း ဟူ၍ မသတ်နှင့်နသတ် နှစ်မျိုးစလုံး ကလောင်အမည် အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင်မူ ဦးလွန်း၊ ဆရာ လွန်း ဟူ၍ သုံးစွဲရေးသားခဲ့သည်။ ဆရာကြီး ရေသားခဲ့သည့် ပြဇာတ်များမှာ ၈၀ ဝန်းကျင်ရှိသည်ဟု ဆို သည်။ အတိအကျမူ မည်သူမျှမသိ။ ထို့နောက်တဖန် မော်လမြိုင်မြို့သို့ပြောင်းသည်။ မြန်မာတိုင်း သတင်းစာတွင် ဝင်ရောက် လုပ် ကိုင်သည်။ ဆောင်းပါးများ ကဗျာများရေးသည်။ သတင်းစာဆရာ ဘဝသို့ စတင် အခြေချသည်။

ထိုစဉ်ကမူ သမားရိုးကျ ကဗျာများ ဆောင်းပါးများသာ ရေးသည်။ ၁၉၁၁ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့ သူရိယ သတင်းစာ တိုက် တွင် စာပြင်အယ်ဒီတာ အဖြစ် လုပ်သည်။ သူရိယ သတင်းစာတိုက်မှာ ထိုစဉ်က ဝိုင်အမ်ဘီအေ ဟု ခေါ်သော ဗုဒ္ဓဘာသာ ကလျာဏ ယုဝ အသင်းကြီး၏ လက်ကိုင် သတင်းစာဖြစ်သည်။

ထိုအချိန်မှစတင်ကာ နာမည်ကျော် မစ္စတာမောင်မှိုင်း ကလောင်အမည်ဖြင့် စာပေပေါင်းစုံရေးသည်။ ဤကလောင် အမည် သည်ပင် ဆရာကြီး၏ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်ကို ဖေါ်ပြသည့် အမည်ဖြစ်စေခဲ့သည်။

“ဝန်စာရေး ဦးကြီး”၏ “ချဉ်ပေါင်ရွက်သည် မောင်မှိုင်း”ဝတ္ထုထဲမှ ဇာတ်ကောင်“မောင်မှိုင်း”၏ အမည်ကို ယူထားသည့် ကလောင် အမည်ဖြစ်သည်။ ဤဝတ္ထုတွင် ချဉ်ပေါင်ရွက်သည် မောင်မှိုင်းမှာ ကိုယ်ကျင့်တရားမကောင်းသည့် ကြာကူလီ မောင်မှိုင်း အဖြစ်ပါဝင်၏။

ထိုစဉ်က မြန်မာပညာတတ်တချို့နှင့် နယ်ချဲ့ကိုအထင်ကြီးသည့် မြန်မာတချို့ က မိမိတို့၏ အမည်ရှေ့တွင် မစ္စတာ အမည် တပ်ပြီး ဂုဏ်ယူဝံ့ကြွား နေတတ်သဖြင့် ဆရာကြီးက ကြာကူလီမောင်မှိုင်း ၏ ရှေ့တွင် မစ္စတာတပ်ပြီး မစ္စတာမောင်မှိုင်းဟု ကလောင်အမည်တပ် စာတွေရေးသည့်အခါ နယ်ချဲ့ ကိုအထင်ကြီးသည့် မြန်မာများ အရှက်ရစေခဲ့၏။ မစ္စတာ အမည်များ လည်း ပပျောက်သွားခဲ့ရ၏။ နောင်အခါ ဆရာကြီး၏ စာပေလက်ရာများမှာ ဘဝနိဂုံးချုပ်သည့် အချိန်အထိ မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် ကင်းကွာသည်ဟူ၍ မရှိတော့ချေ။

သခင်ကိုယ်တော်မှိုင်း ၏ ကြီးမြတ်မြင့်မားသည့် ဂုဏ်ပုဒ်များမှာ များပြားလှပါသည်။ အထူးသဖြင့် နယ်ချဲ့ အင်္ဂလိပ် အစိုးရ ၏ လျှို့ဝှက် ပုလိပ်မှတ်တမ်း ရန်သူတော်စာရင်း၌ နံပါတ်(၁) စာရင်းဝင်ဖြစ်သူ၊ (နံပါတ်၂ မှာ သခင်ဗဟိန်း၊ နံပါတ် ၅ မှာ သခင် အောင်ဆန်းဖြစ်ကြောင်း သိရသည်။)

အင်္ဂလန်နိုင်ငံ၏ အိမ်ရှေ့ စံမင်းသား မြန်မာပြည်လာရောက်စဉ် ဘုန်းတော်ဘွဲ့ ရေးသားရန် ငွေပေးကမ်းလှမ်းခဲ့သည်ကို ငြင်း ပယ် သူ၊ နယ်ချဲ့ဆန့် ကျင်ရေးခေတ်ဦး ကာလများအတွင်း ပေါ်ပေါက်ခဲ့သမျှ အရေးတော်ပုံတိုင်းတွင် ကဗျာလင်္ကာနှင့် ဆောင်းပါး များရေးလျက် အတိအလင်း ထောက်ခံအားပေးခဲ့သူ။ ထိုစဉ်က စာပေနယ် သတင်းစာနယ်ပယ်တွင် နယ်ချဲ့
တော်လှန်ရေး အရေးတော်ပုံများအပေါ် ဆရာကြီးကဲ့သို့ အတိအလင်းထောက်ခံရေးသားသည့် သတင်းစာနှင့် စာပေသမား များ ရှားပါးလွန်းခဲ့သည်။

ပြည်သူအများ ဆုံးဖြတ်ရခက်ခဲသော သမိုင်းဆိုင်ရာ နိုင်ငံရေး ဘေးကျပ် နံကျပ်ကာလများ၌ ဆရာကြီးသည် မှန်ကန် ထက်မြက်စွာ ရပ်တည်ဆုံးဖြတ်နိုင်သူ၊ အမျိုးသား သစ္စာဖောက်များ အပေါ် မထောက်မညှာ ဝေဖန်ရှုတ်ချရန် ဝန်မလေးသူ၊ ပြည်တွင်းငြိမ်းချမ်းရေး ကမ္ဘာ့ငြိမ်းချမ်းရေး ကိစ္စများကို စွမ်းစွမ်းတမန် ဦးဆောင်သူ အစရှိသည့် ဂုဏ်ပုဒ်များမှာ ထင်းပြက် ဝင်းလက် လွန်းသည့် ဂုဏ်ပုဒ်များပင်ဖြစ်သည်။

ဆရာကြီး ကိုယ်တိုင်ရေးသား ထုတ်ဝေခဲ့သော စာအုပ်များမှာ(၄၄)အုပ်၊ တည်းဖြတ်ထုတ်ဝေခဲ့သည့် စာအုပ်မှာ(၁၅) အုပ်ဖြစ် သည်။ စာပေအမျိုးအစားအားဖြင့် ဋီကာ၊ ပြဇာတ်၊ သရော်စာ၊ ငိုချင်း၊ ဝတ္ထုနှင့် လေးချိုးကြီးများ စသည်တို့ ဖြစ်သည်။ လူကြိုက်အများဆုံးနှင့် အောင်မြင်မှု အရဆုံးမှာ မဟာကဗျာလေးချိုးကြီးများဖြစ်သည်။

မြန်မာစာပေသမိုင်း၌ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကဲ့သို့ ပြည်သူက တခဲနက် လေးစားကြည်ညိုသည့် စာရေး ဆရာ၊သတင်းစာ ဆရာ၊ ကဗျာ ဆရာ ဟူ၍ တဦး တယောက်မျှ မရှိသေး မပေါ်ပေါက်သေးပါ။

ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုး၏ အတ္ထုပ္ပတ္တိ စာအုပ် ရေးသားပြုစုသူ ဆရာ သန်းဝင်းလှိုင် ကို စာဖတ်သူများက ကျေးဇူးတင်ရမည် မှာ ငြင်း၍ မရနိုင်ပါ။ အထူးသဖြင့် ဆရာကြီး၏ စာအုပ်များ စာရင်း၊ ဆရာကြီး၏ ဘဝဖြစ်စဉ် အဆင့်ဆင့်ကို ဖေါ်ပြရာ၌ တခြား အတ္ထုပ္ပတ္တိ စာအုပ်များထက် ပိုမိုစနစ်ကျပြည့်စုံသည်ကိုတွေ့ ရ၏။ ဤ အချက်မှာ အရင်ကထုတ်ဝေခဲ့ဖူးသော ဆရာကြီး အတ္ထုပ္ပတ္တိ စာအုပ်များ၏ လစ်ဟာချက်ကို ဖြည့်ပေးလိုက်သကဲ့သို့ ပင်ဖြစ်သည်။

ဆရာကြီး၏ အတ္ထုပ္ပတ္တိ ကို တိုင်းပြည်က သိရန်လိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ အထူးသဖြင့် လူငယ်များ ပိုပြီး သိရန်
လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ ဘဝဖြစ်စဉ်မှာ မိမိတိုင်းပြည်၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှု သမိုင်းနှင့် ထိစပ်နေသောကြောင့်ဖြစ်သည်။ ဤနှစ်ခုမှာ ခွဲ၍မရပါ။

ထို့ကြောင့် သခင် ကိုယ်တော် မှိုင်း၏ သမိုင်းကိုလေ့လာခြင်းဖြင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း နှင့် ပြည်တွင်းငြိမ်းချမ်းရေး သမိုင်းကိုပါ အလိုအလျောက်လေ့လာမိမည်ဖြစ်သည်။

ဆရာ သန်းဝင်းလှိုင် ၏ “နယ်ချဲ့ ဆန့်ကျင်ရေး ငြိမ်းချမ်းရေး ဖခင်ကြီး မျိုးချစ်စာဆို ဆရာကြီးသခင်ကိုယ်တော်မှိုင်း” စာအုပ် တွင် ဖြည့်စွက်အကြံပြုစရာ ရှိပါသည်။ ဆရာကြီးသည် တိုင်းပြည်က လေးစားရသည့် စာဆိုကြီးဖြစ်ရန် နိုင်ငံရေးကြိုးပမ်းမှု အပါအဝင် မြန်မာစာပေဖွံ့ ဖြိုး တိုးတက်စေရေး ကြိုးပမ်းမှုသည်လည်း အရေးပါသည့် ကြိုးပမ်းမှု ဖြစ်ပါသည်။

ဆရာကြီး၏ မဟာကဗျာ လေးချိုးကြီးများ တီထွင်စပ်ဆိုမှု၊ ပြဇာတ်များတွင် စကားပြေတဝက်၊ လင်္ကာတဝက် နည်းကို အသုံး ပြုခြင်း၊ အထူးသဖြင့် လူထုသုံး စကားလုံး ဝေါဟာရများကို အဓိကထား အသုံးပြုခြင်း အစရှိသည့် စာပေကြိုးပမ်းမှုများ ကို လည်း တခမ်းတနား အသေးစိပ်ဖေါ်ပြစုစည်းပေးနိုင်လျှင် ဤစာအုပ်မှာ ပိုမိုပြည့်စုံမည်ဟု ယူဆမိပါသည်။

အရေးမပါဘူးဟု ယူဆလျှင်ရသော်လည်း ပြောစရာတချက်တော့ ရှိပါသေးသည်။ ဆရာသန်းဝင်းလှိုင်က ဤစာအုပ်၏ အဖွင့် စာမျက်နှာများတွင် အမှာစာများနှင့်နည်းတူ သူ၏ ထုတ်ဝေပြီး စာအုပ် စာရင်း၊ ဆက်လက်ထုတ်ဝေမည့် စာအုပ်စာရင်း နှင့် အတ္ထုပ္ပတ္တိ ကို အခန်း(၁)၊ အခန်း(၂)နှင့် အခန်း(၃)တို့တွင် ဦးစွာ ပထမ ဖေါ်ပြပြီးမှသာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အတ္ထုပ္ပတ္တိ ဆိုင်ရာ ကဏ္ဍများကို အခန်း(၄)အဖြစ် စတင်ဖေါ်ပြသည်ကို တွေ့ ရပါသည်။

အမှန်အားဖြင့်ဆိုလျှင် ဤအကြောင်း အရာများမှာ ဆရာကြီး သခင် ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိ နှင့် သက်ဆိုင်ခြင်းမရှိသည့် အကြောင်း အရာ များသာဖြစ်သည်ဟု ယူဆပါသည်။ အများအားဖြင့် ဤအကြောင်းအရာ ဤအချက်အလက်များမှာ စာအုပ် ၏ နောက်ပိုင်းတွင်သာ ထည့်သွင်း ဖေါ်ပြရိုးထုံးစံလည်း ရှိပါသည်။

ဆရာ သန်းဝင်းလှိုင် ၏ အတ္ထုပ္ပတ္တိ ၊ ထုတ်ဝေပြီးစာအုပ် နှင့် ဆက်လက်ထုတ်ဝေမည့် စာအုပ်များ ကို ဤစာအုပ်၏ ရှေ့ ပိုင်း တွင် ထည့်သွင်းဖေါ်ပြခြင်းထက် နောက်ပိုင်းတွင်သာ ဖေါ်ပြသင့်သည်ဟု ယူဆမိပါသည်။

“သခင်ကိုယ်တော်မှိုင်းဋီကာ”စာအုပ်ကို ရေးသားပြုစုခဲ့သူ ဆရာဇော်ဂျီက ယင်းစာအုပ်တွင် ယခုကဲ့သို့ ရေးခဲ့ဖူးပါသည်။

“အိန္ဒိယ လွတ်လပ်ရေးကို နေရူးသည် လောလောဆယ် အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒ အင်အားကို တဂိုးက စည်းရုံးပေးနိုင် ခဲ့သောကြောင့်ဖြစ်သည်။ တရုတ် ပြည်သစ် ထူထောင်ရေးကို မော်စီတုန်းသည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို လူရွှန်းက စည်းရုံးပေးခဲ့သော ကြောင့်ဖြစ်၏။ ထိုနည်းတူစွာ မြန်မာနိုင်ငံ လွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်းသည် လောလောဆယ်ယူပေးခဲ့သည် မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို သခင် ကိုယ်တော်မှိုင်းက စည်းရုံးပေးခဲ့သောကြောင့်ဖြစ်သည်ဟု ယူဆ ပါသတည်း” ဟု ရေးခဲ့ဖူးသည်။

တချို့သော စာပေ ပညာရှင် များကလည်း ယခုကဲ့သို့ ပြောခဲ့ဖူးပါသည်။

“ရုရှား ပြည် အကြောင်းပြောလျှင် ဗေါ်လ်ဂါမြစ်ကြီးနှင့် စာရေးဆရာကြီး ဂေါ်ဂီ အကြောင်း ချန်လှပ်ထားလို့မဖြစ်။ တရုတ်ပြည် ကြီး အကြောင်းပြောလျှင် ယန်စီမြစ်ကြီးနှင့် ကဗျာ ဆရာကြီး လူရွှန်း အကြောင်း ချန်လှပ်ထားလို့မဖြစ်။ မြန်မာပြည် အကြောင်း ပြောလျှင် ဧရာဝတီမြစ်ကြီးနှင့် ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကို ချန်လှပ်ထားလို့မဖြစ်” ဟူသည့် စကားဖြစ်ပါ သည်။

ကျနော်တို့တိုင်းပြည်၊ ကျနော်တို့ လူမျိုး၏ ဤမျှ အရေးပါသော ပုဂ္ဂိုလ် တဦးဖြစ်သည့် ဆရာကြီး သခင် ကိုယ်တော် မှိုင်း ၏ အတ္ထုပ္ပတ္တိ ကို ကျနော်တို့ ဖတ်ခွင့်ကြုံရ၏။ မိမိလူမျိုး မိမိတိုင်းပြည်၏ ဇာတိပုည ဂုဏ်မာနကိုလည်း ထိတွေ့ ခွင့် ရလိုက်၏။

ထို့ကြောင့် အတ္ထုပ္ပတ္တိ ဆိုင်ရာ စာအုပ်များ ယခုထက်ထုတ်ဝေ နိုင်မည့် ခေတ်ကို ကျနော် မျှော်လင့်နေမိ၏။ ။
မှိုင်းဋီကာ မှိုင်းဗေဒ သို့မဟုတ် သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိ အကျှုဉ်းလေး
ဆရာကြီးနှင့်အာဇာနည်တွေကောင်းရာသုကတိလားပါစေ။
နောက်နောင်လည်းဒီလိုဘ၀ဆိုးမျိုးတွေနှင့်ဘ၀ဆက်တိုင်းမှာလွဲပါစေလို့လည်း
တောင်းဆုပြုလိုက်ပါတယ်........
ဆရာကြီးကောင်းရာသုကတိလားပါစေ။.........

Sunday, July 18, 2010

***၁၉ ဇူလိုင် မမေ့နိုင်အောင်*** .ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု..........?ီ i ?ီ...........း(








၁၉ ဇူလိုင် မမေ့နိုင်အောင်

ဗိုလ်ချုပ်နှင့်တကွကျဆုံးလေပြီးသော

အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြု..........?ီ i ?ီ...........း(





ယခင်ကာလ ဥသြသံ လေး

ကြားမိတာနဲ့  မြန်မာပြည်သား

ဇာနည်ဖွားကို လေးစားဂုဏ်ပြု

မမေ့နိုင်ဘူး သနစ်ဟောင်းကို

ပြန်ပြောင်းပြောလို့  မျက်ရည်စို့ စွာ...

သူလိုလူရှာမှရှားတဲ့ 

ဗိုလ်အောင်ဆန်းလို..သားမျိုးမို့ 

ဗိုလ်ချုပ်ပေးတဲ့ လွတ်လပ်ရေး

ငါတို့ မမေ့သေး


့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
ကျဆုံးလေပြီးသော
မျိုးချစ်ရဲဘော်အာဇာနည်များ
အားးးးးးးးးးးးးးးး
အလေးပြု......................................
ဂုဏ်ပြု ကဗျာ

Monday, July 12, 2010

**ပေးဆပ်သူ**

Type your summary hereType rest of the post here
စစ်အဋ္ဌိဋ္ဌာရုံ........

မသေမရှင်အပုံစု........


ကယ်ပါ ယူပါ တစာစာ....

သေနတ်သံ ဗုံးသံ ကြည်ဆံတွေထဲ.....

အသက်ကို အရင်းတည်........

နာကြည်းစိတ်ဓာတ်........

မခံနိုင်မှု ရင်ဘတ်လောင်ကျွမ်း.......

သွေးများ ဆူဝေ အံကိုကြိတ်ပြီး....

တောက်ခေါက်သံတွေ လျှံနေတယ်.....

အသက်ပေါင်း များစွာ စတေးလိုက်ရတာမြင်နေတယ်......

ဘ၀ပေါင်း များစွာ ပေးဆပ်ပြီး........

ဝေးသွားတာတွေ မြင်နေတယ်...

ဝေးလွင့်ခြင်းရဲ့ ရလဒ်တွေကို သိနေတယ်
.
**ပေးဆပ်သူ**တွေရှိနေတယ်..........။
ကဗျာ

Sunday, July 11, 2010

ဧရာဝတီ မဂ္ဂဇင်း ရုပ်/သံ ကဏ္ဍက တင်ဆက်တဲ့ အောင်ဇော်ရဲ့ အယ်ဒီတာ့စကား



Type your summary hereType rest of the post here

မလေးရှားလွှတ်တော်တွင် မြန်မာ့အရေး ကြားနာ

Type your summary hereType rest of the post hereမလေးရှား အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တွင် ပြုလုပ်ခဲ့သော မြန်မာ့အရေး ကြားနာမှု အတွေ့အကြုံ ရှင်း လင်းပွဲတရပ်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိ တရုတ်တန်းခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

ယင်းမြန်မာ့အရေး ကြားနာမှုကို မြန်မာ့ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားများ အခွင့်အရေး လှုပ်ရှားနေသော တပ်ပေါင်းစု ၁၀ ဖွဲ့ ၏ ကိုယ်စားလှယ်များက ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သူတဦးဖြစ်သည့် ဒေါ်ခင်ဥမ္မာက မလေးရှားလွှတ်တော် ကိုယ်စားလှယ်များကို နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ တိုင်းရင်းသားအရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စရပ်များကို ပြောဆိုခဲ့ကြောင်း ရှင်း လင်းပွဲသို့ တက်ရောက်ခဲ့သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ်(မလေးရှား) နိုင်ငံရေးဌာန တာဝန်ခံ ကိုမျိုးခိုင် က ဧရာဝတီသို့ ပြောပြသည်။

“မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေဆဲ ဖြစ်တယ်။ သူတို့ကို လွှတ်ပေးဖို့ နအဖဟာ အရိပ်အယောင်တောင် ပြတာကိုမတွေ့ ရသေးဘူး။ တခါ တိုင်းရင်းသားတွေကို စစ်ရေးအရ တိုက်ခိုက်နေတာကိုလည်း ရပ်တန့်ဖို့စိတ်မကူးဘူး။ ပြီးတော့ အားလုံးပါဝင်တဲ့ တွေ့ ဆုံဆွေးနွေးပွဲ လုပ်ဖို့ကိုလည်း ငြင်းဆန်နေမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဒါကြောင့် မလေး လွှတ်တော်အမတ်များအနေနဲ့ ရှုတ်ချကြဖို့ ပြောခဲ့တယ်လို့ ဒီနေ့ရှင်းလင်းပွဲမှာ ပြောသွားတယ်”ဟု ၎င်း က ပြောသည်။

မလေးရှားနိုင်ငံ သို့ သွားရောက်ခဲ့ကြသော မြန်မာ ကိုယ်စားလှယ်များတွင် ပအို့ဝ် ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ NCGUB မှ ၀န်ကြီး ဦးဝင်းလှိုင်၊ NLD(LA)မှ ဦးမိုးဇော်ဦးနှင့် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်(NDD)မှ ဒေါ်ခင်ဥမ္မာတို့ ပါဝင်ကြသည်ဟု သိရသည်။

မြန်မာ ကိုယ်စားလှယ်များသည် မလေးရှား ၀န်ကြီးချုပ်ရုံးဝန်ကြီး Dato Seri Nazri Abdul Aziz ၊ အတိုက်အခံ ခေါင်း ဆောင် Dato Seri Anwar Ibrahim နှင့် မြန်မာ့အရေးကို ဆောင်ရွက်နေသော အာဆီယံ ပါလီမန် အမတ်များအဖွဲ့ (မလေးရှား) AIPMC –Malaysia ဥက္ကဌ YB lim Kit Siang တို့ နှင့်လည်း တွေ့ ဆုံခဲ့ကြသည်ဟု ဆိုသည်။

AIPMC အဖွဲ့ ဝင်များသည် NLD အပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်ထား သော ပါတီများ၏ ရပ်တည်ချက်ကိုလည်းကောင်း၊ အားလုံးပါဝင်သော တွေ့ ဆုံဆွေးနွေးရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကိုလည်းကောင်း ထောက်ခံသည်ဟု သိရသည်။

ထို့အပြင် နအဖ အနေဖြင့် ဒီမိုကရေစီ စည်းမျဉ်း စည်းကမ်းများနှင့် အာဆီယံ ပဋိညဉ်စာတမ်းအတိုင်း လုပ်ဆောင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း တို့ကို မပြုလုပ် ပါက မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ ဝင် အဖြစ်မှ ရပ်ဆိုင်းထားရန်လည်း AIPMC က တောင်းဆိုထားသည်။

မြန်မာကိုယ်စားလှယ် အဖွဲ့ ဝင်တဦးဖြစ်သော ဗိုလ်မှူးကြီး ခွန်ဥက္ကာက“စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာ နိုင်ငံ နဲ့ အာဆီယံဒေသမှာ တိုးတက်တဲ့ ခြေလှမ်းတခု ဖြစ်လာမှာမဟုတ်ဘူး။ တက်လာမယ့် အစိုးရသစ် ဟာလည်း စစ်အုပ်စုက စိတ်ကြိုက်ရေးဆွဲထားတဲ့ မှားယွင်းနေတဲ့ အခြေခံ ဥပဒေရဲ့ ပျက်စီးနေတဲ့ အခြေခံ အုတ်မြစ်ကို အခြေခံပြီး ဖွဲ့ စည်းမှာဖြစ်ပါတယ်။ ဒီလို မှန်မှန်ကန်ကန် ဖွဲ့ စည်းထားတာမဟုတ်တဲ့အတွက် တိုင်းပြည်ကို ပိုပြီး ပြိုပျက် သွားစေဖို့က သိပ်ကြာမှာမဟုတ်သလို အဲဒီ နောက်တက်လာမယ့် အာဏာရှင် အစိုးရရဲ့ဆိုးကျိုးတွေကိုလည်း ဒေသ တွင်း မှာ ထပ်ပြီး ခံစားလာကြရမှာပဲ ဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ ရှင်းလင်းပွဲသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) (မလေးရှား)၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ်(မလေးရှားဌာနခွဲ)၊ ဇိုမီး အမျိုးသား ကွန်ဂရက်နှင့် မလေးရှားရှိ မြန်မာနိုင်ငံမှ တိုင်းရင်းသား အဖွဲ့ အစည်းများ တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။

မြန်မာ ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားအရေးလှုပ်ရှားမှု တပ်ပေါင်းစု ၁၀ ဖွဲ့ တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ(NCUB)၊ အဝေးရောက် ညွန့်ပေါင်း အစိုးရအဖွဲ့(NCGUB)၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု(FDB)၊ မြန်မာနိုင်ငံ ကျောင်းသား လူငယ်များ ကွန်ဂရက်(SYCB)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD - LA) အစရှိသော အဖွဲ့ အစည်းများ ပါဝင်ကြကြောင်း သိရသည်။



ဦးတေဇသား လျှောက်ထားချက် ဥရောပ သမဂ္ဂ ပယ်ချ

Type your summary hereType rest of the post here
ဦးတေဇ၏ သားအကြီး ပြည့်ဖြိုးတေဇက သူ့အပေါ် ဥရောပသမဂ္ဂ၏ ဒဏ်ခတ် ပိတ်ဆို့ထားမှုကို ဖယ်ရှားပေးရန် တရားရုံးသို့ ဦးတိုက် လျှောက်ထား ခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး၏ သားက လျှောက်ထားလာမှုကို တရားရုံးက မေလ ၁၉ ရက်နေ့တွင် ပယ်ချခဲ့ပြီး တရာရုံး ကုန်ကျစရိတ်ကို ဥရောပသမဂ္ဂ ကောင်စီသို့ ပေးချေရန် အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ဦးတေဇ (ညာစွန်)နှင့် သားနှစ်ယောက် ဖြစ်သော ပြည့်ဖြိုးတေဇ (ဝဲအစွန်)၊ ထက်တေဇ (ဦးတေဇမှ ဒုတိယမြောက်နှင့် ဦးတေဇ၏ အငယ်ဆုံးသမီး (အလယ်) တို့ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ပြည့်ဖြိုးတေဇက သူသည် စစ်အစိုးရအဖွဲ့ဝင် မဟုတ်သကဲ့သို့ စစ်အစိုးရနှင့်လည်း ဆက်စပ်မှု မရှိကြောင်း၊ အစိုးရ စီမံအုပ်ချုပ်ရေး ယန္တရားမှလည်း မည်သည့် အကျိုးကျေးဇူးမျှ မရရှိကြောင်း ခုခံချေပ လျှောက်ထားခဲ့သည်။

လန်ဒန် အခြေစိုက် ဥပဒေအကျိုးဆောင် ကာတာ ရပ်က် (Carter-Ruck) အဖွဲ့မှ ရှေ့နေများက “ဦးတိုက်လျှောက်ထားသူ ပြည့်ဖြိုးတေဇ သို့မဟုတ် သူ၏ဖခင်သည် စစ်အစိုးရထံမှ မည်သည့် အကျိုးကျေးဇူးကိုမျှ မရရှိပါ” ဟု အခိုင်အမာ တင်ပြခဲ့ကြသည်။
သို့သာ် ဦးတေဇသည် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် စစ်အစိုးရနှင့် နီးစပ်မှုကို အခြေခံ၍ ဒေါ်လာသန်း ထောင်ပေါင်းများစွာရှိသည့် စီးပွားရေးအင်ပါယာကြီးကို တည်ထောင်ထားသော စွယ်စုံ စီးပွားရေး လုပ်ငန်းရှင်ကြီးအဖြစ် လူသိများနေသူဖြစ်သည်။

အမှု၌ အားမပါလှသော ခုခံ ပြောဆိုချက်တခုတွင် ပြည့်ဖြိုးတေဇ၏ ရှေ့နေများက “စစ်အစိုးရနှင့် ကျေးဇူးခံကျေးဇူးစားရှိနေသည်ဟု ဥရောပသမဂ္ဂ ကောင်စီက သတ်မှတ်ထားသော ပုဂ္ဂိုလ်တယောက်၏ သားဖြစ်နေခြင်းသည် စစ်အစိုးရနှင့် ချိတ်ဆက်နေသည်ဟု မဆိုလို” ဟု ခုခံလျှောက်ထားခဲ့သည်။

ထို့အတူ ပြည့်ဖြိုးတေဇသည် စင်ကာပူရှိ ဖခင်၏ ကုမ္ပဏီ ၂ ခုတွင် အစုရှယ်ယာများကို ၂ နှစ်ကြာ ပိုင်ဆိုင်ခဲ့ဖူးသည်။ သို့သော် မြန်မာစစ်အစိုးရနှင့် ဆက်စပ်မှု ရှိကောင်းရှိနိုင်သည့် သူ့ဖခင်၏ ကုမ္ပဏီမှ အခွင့်ထူးများ ရခဲ့ကြောင်း ပြသနိုင်ခြင်း မရှိဟု ပြည့်ဖြိုးတေဇက အခိုင်အမာဆိုသည်။

ထိုသို့ ဦးတေဇ သို့မဟုတ် သားဖြစ်သူ ပြည့်ဖြိုးတေဇတို့က စစ်အစိုးရထံမှ အကျိုးအမြတ် မရဟူသောအချက်ကို တရားလို ရှေ့နေများက ခုခံချေပခဲ့သည်။

“ထိပ်တန်း စီးပွားရေးသမားများ၏ မိသားစုဝင်များ အနေဖြင့် စီးပွားရေးလုပ်ငန်းများမှ ရရှိသော အကျိုးကျေးဇူးများကို ခံစားနေသည်ဟု မှတ်ယူနိုင်သည်။ ထို့ကြောင့် အစိုးရ၏ စီးပွားရေးမူဝါဒမှ စီးပွားရေးလုပ်ငန်းရှင်များ၏ မိသားစုဝင်များလည်း အကျိုးကျေးဇူးခံစားနေရသည်ဟူသော အချက်ကို ခုခံကာကွယ်ရန် အကြောင်းမရှိ” ဟု တရားလို ရှေ့နေများက ပြန်လည် ချေပခဲ့သည်။

ပြည့်ဖြိုးတေဇက ဥရောပသမဂ္ဂ၏ ပြစ်ဒဏ်ချမှတ်မှုကို ဖယ်ရှားပစ်ရန် အားထုတ်မှုသည် ဦးတေဇအတွက် ဒဏ်ခတ်အရေးယူမှုကို ရှောင်းကွင်းစရာ နည်းလမ်းတခု ဖြစ်လာနိုင်၍ ဥရောပသမဂ္ဂ ကောင်စီက စိုးရိမ်မှုရှိကြောင်း သိရသည်။

“လျှောက်ထားလာသူသည် အဘယ်ကြောင့် သူ့အပေါ် ကန့်သတ်ချက်များ အထူးထားရှိသည်ကို သိပြီးဖြစ်သည်။ လျှောက်လွှာ အပိုဒ် ၃၇ တွင် ဖော်ပြချက်အရ ဖခင်ဖြစ်သူ ပိုင်ဆိုင်သော ငွေများကို တခြားမိသားစုများထံ လွှဲပြောင်းပေးခြင်းဖြင့် နောက်ကွယ်မှ ထိန်းချုပ်နိုင်သည့် အန္တရာယ်ကို တွေ့ရသည်” ဟု ဥရောပသမဂ္ဂ ကောင်စီက ဆိုသည်။

ပြည့်ဖြိုးတေဇက “သူသည် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အပေါ်တွင် စိတ်ပျက်မှု မရှိသကဲ့သို့ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး သို့မဟုတ် ဒီမိုကရေစီ ဖော်ဆောင်ရေးကိုလည်း လေးစားပါကြောင်း” နှင့် စစ်အစိုးရနှင့် နိုင်ငံရေးတွင်လည်း ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ကောင်စီသို့ ထပ်လောင်း လျှောက်ထားခဲ့သည်။

ပြည့်ဖြိုးတေဇ၏ ညီဖြစ်သူ ထက်တေဇသည် စစ်အစိုးရအပေါ် အမေရိကန်အစိုးရ၏ ပြစ်ဒဏ်ခတ် အရေးယူမှု နှင့် ပတ်သက်၍ ၂၀၀၇ ခုနှစ်တွင် ရိုင်းပျသော အီးမေးလ်တစောင်ဖြင့် မထီမဲ့မြင်ပြုခဲ့သည်ဟု သိရသည်။

အီးမေးလ်ထဲတွင် “အမေရိကန်က ငါတို့ကို တားမြစ်ပိတ်ပင် ထားပါစေ။ ငါတို့က စင်ကာပူမှာ အေးအေးဆေးဆေးပဲ။ ငါတို့က မြန်မာတပြည်လုံးရဲ့ GDP (စုစုပေါင်း ပြည်တွင်း ထုတ်ကုန်) ပေါ်မှာ ထိုင်နေတာ။ ငါတို့မှာ စင်ကာပူတို့၊ တရုတ်တို့၊ ရုရှတို့လို နိုင်ငံမျိုးတွေကို ရောင်းဖို့ သစ်တွေ၊ ကျောက်တွေ၊ ဓာတ်ငွေ့တွေ ရှိတယ်” ဟု ရေးထားသည်။

ပြည့်ဖြိုးတေဇက မြန်မာနေရှင်လိဂ်တွင် ဝင်ရောက် ယှဉ်ပြိုင်နေသော ဦးတေဇပိုင် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

ဦးတေဇသည် သား ၂ ယောက်ဖြစ်သူ ပြည့်ဖြိုးတေဇနှင့် ထက်တေဇတို့ ၂ ဦး ကျောင်းတက်ခဲ့သော စင်ကာပူနိုင်ငံသို့ စီးပွားရေးကိစ္စများဖြင့် မကြာခဏ ခရီးသွားလေ့ရှိသည်။

စင်ကာပူနိုင်ငံ၏ ဘဏ်ကြီးနှစ်ခုဖြစ်သော OCBC နှင့် DBS တို့က ရတနာဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ ရရှိသော ဒေါ်လာ သန်းထောင်ပေါင်းများစွာကို သိမ်းဆည်း ပေးထားသည် ဟူသော အချက်ကို ငြင်းဆန်ထားကြသည်။

“ဒီအမှုနဲ့ ရုံးတော်ရဲ့ ဆုံးဖြတ်ချက်က ဘာကိုပြနေသလဲဆိုတော့ ပိုပြီးအားကောင်းတဲ့၊ အတိအကျ ပစ်မှတ်ထားတဲ့ ပြစ်ဒဏ်ခတ် အရေးယူမှုတွေက သက်ရောက်မှု ရှိနိုင်တယ်ဆိုတာကို ပြနေတာပဲ” ဟု Burma Campaign UK မှ မာ့က် ဖာမန်နာက ဆိုခဲ့သည်။

သို့သော် တဆက်တည်းတွင် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ဦးတည်စေသော မက်လုံးနှင့် စည်းရုံးသည့် နည်းကိုလည်း သုံးသင့်သည်ဟု ဖာမန်နာက ဆက်လက်ပြောသည်။

မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားခြင်းကို သက်တမ်းတနှစ် ထပ်မံတိုးလိုက်ကြောင်း ပြီးခဲ့သည့် ဧပြီလတွင် ဥရောပသမဂ္ဂက ကြေညာခဲ့သည်။ သက်တမ်းတိုးကြောင်း ကြေညာရာတွင် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရန် ရေးဆွဲထားခြင်းမဟုတ်ဟု ဖော်ပြခဲ့သည်။

ထိုသို့ အရေးယူ ဆောင်ရွက်မှုများသည် တချို့နေရာများတွင် အသေအချာ ပစ်မှတ်ထား ဆောင်ရွက်နိုင်သော်လည်း အားပျော့နေသေးကြောင်း၊ မလုံလောက်သေးကြောင်း ဝေဖန်မှုများ ရှိနေသည်ဟု သိရသည်။

တချို့ကမူ ပြစ်ဒဏ်ခတ်မှုသည် စစ်အစိုးရကို ပြုပြင်ပြောင်းလဲမှုများဆီသို့ မတွန်းပို့နိုင်သဖြင့် “ဆွေးနွေးညှိနှိုင်းမှု” နည်းလမ်းအသစ်ဖြင့် ဆောင်ရွက်ရန် လိုအပ်သည်ဟု ပြောဆိုနေကြကြောင်းလည်း သိရသည်။

ဒဏ်ခတ်အရေးယူမှုမှာ ပြဿနာမဟုတ်ကြောင်း၊ သို့ရာတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ နှင့် မလေးရှား ကဲ့သို့သော စစ်အစိုးရအား နိုင်ငံရေးနှင့် စီးပွားရေးအရ ကူညီထောက်ပံ့ပေးနေသည့် အစိုးရများ၊ စီးပွားရေးလုပ်ငန်းများ ကြောင့်သာလျှင် ဒဏ်ခတ်အရေးယူမှုမှာ အားနည်းနေရခြင်းဖြစ်ကြောင်း သုံးသပ်သူများလည်း ရှိသည်။

ဥရောပသမဂ္ဂသည် ပိတ်ဆို့ ဒဏ်ခတ်မှုကို ၁၉၉၆ ခုနှစ်က အစပြုခဲ့ခြင်း ဖြစ်ပြီး နှစ်စဉ် သက်တမ်းတိုးလေ့ ရှိသည်။

ဥရောပသမဂ္ဂ၏ ပိတ်ဆို့ အရေးယူမှုသည် စစ်ဗိုလ်ချုပ်များ၏ ခရီးသွားလာမှု ပိတ်ပင်ခြင်း၊ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း၊ သံတမန် ဆက်သွယ်ရေး ကန့်သတ်ခြင်း၊ နိုင်ငံခြားဘဏ် စာရင်း ပိတ်ဆို့ခြင်း၊ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီများ မဟုတ်သည့် အထောက် အပံ့များကို ဆိုင်းငံ့ခြင်း စသည်တို့ ပါဝင်သည်။

ဝါဒဖြန့် ရုပ်ရှင် ဝေဖန်မှုများပြား

Type your summary hereType rest of the post here
နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အများအပြားပါဝင်ထားသည့် စစ်အစိုးရ၏ ဝါဒဖြန့် ရုပ်ရှင် ဇာတ်ကားသည် ကြည့်ရှုသူ များ၏ ဝေဖန်မှုကို ခံနေရကြောင်း သိရှိရသည်။

“အရုဏ်ဦးမှာ ဖူးသည့်ကြာ”ဟု အမည်ရသည့် ထိုဇာတ်ကားကို ဒုတိယ ဗိုလ်မှူးကြီးဟောင်း တဦးဖြစ်သော ဒါရိုက်တာ တင်သန်းဦး က ရေးသားရိုက်ကူးပြီး ကာကွယ်ရေးဝန်ကြီးဌာန အပြင် နေပြည်တော်တိုင်း၊ ရန်ကုန်တိုင်း၊ အလယ်ပိုင်းတိုင်း၊ အနောက်တောင်တိုင်း စသည့် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာများကပါ ဇာတ်ကားဖြစ်မြောက်ရေး အတွက် အဓိက ပံ့ပိုး ကူညီကြောင်း သိရသည်။















“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ရုပ်ရှင်ကား ဇာတ်ဝင်ခန်းမှ ပြေတီဦး၏ သရုပ်ဆောင်ဟန်
အဆိုပါ ဇာတ်ကားကို နဝရတ်ရွှေစင် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလမှ စတင်ရိုက်ကူး ခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် ဂုဏ်ပြုဇာတ်လမ်းအဖြစ် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ခေတ်(၃)ခေတ်ကို အဆင့်ဆင့် ဦးတည်ပုံဖော် ရိုက်ကူးထားပြီး ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ငွေဆောင်၊ ချောင်းသာ၊ နေပြည်တော်မြို့များတွင် ရိုက်ကူးချိန် (၁)လခန့် ကြာမြင့်စွာ ရိုက်ကူးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ နာမည်ကြီး သရုပ်ဆောင်များ ဖြစ်ကြသော ကျော်ရဲအောင်၊ လွင်မိုး၊ လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ အောင်ခိုင်၊ အရိုင်း၊ ငှက်ပျောကြော်၊ ကင်းကောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ မြတ် ကေသီအောင်၊ သက်မွန်မြင့်၊ မျိုးသန္တာထွန်း၊ မယ်လိုဒီ၊ ဆုကဗျာ၊ စိုးပြည့်သဇင်၊ မိုးဟေကို၊ မေသက်ခိုင်၊ ပုလဲဝင်း၊ ပွင့်နဒီ မောင်၊ ရတနာမိုင်၊ အေးမြတ်သူ အစရှိသည့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားသည်။

ယခု ဇာတ်ကားသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုများနှင့် နိုင်ငံရေးလုပ်ရှားမှုများကို တင်ပြထား သော်လည်း အတိတ်သမိုင်းအမှန်ကို ပြင်ဆင်ကာ ရိုက်ကူးထားခြင်းကြောင့် ဝေဖန်မှု ခံနေရခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ကျနော့်အမေ ဆိုရင် လုံးဝကိုမကြည့်တာ၊ လူငယ်တွေကတော့ စာမဖတ်တဲ့သူတွေ၊ လူကြီးတွေ လက်ဆင့် ကမ်းမပြော ဘူး တဲ့ သူတွေဆိုရင် တကယ်ဝါဒမှိုင်းပဲ”ဟု ဇာတ်ကားကြည့်ရှုပြီးသူ တဦးကပြောသည်။

ယင်းဇာတ်ကား၌ ဦးသန့်အရေးခင်းကို ဆူပူချင်သူများက အကြောင်းပြကာ ဆူပူကြသည် ဟူ၍လည်းကောင်း၊ ပြည်ပ အခြေစိုက် မီဒီယာများမှ ထုတ်ဝေသော စာအုပ်၊ စာတမ်းများကို တရားမဝင် စာအုပ်များဟုဆိုပြီး မီးရှို့ရန်သာ ထိုက်တန် ကြောင်း ပြောဆိုတင်ပြထားသည်။

ပြည်တွင်း အခြေစိုက် သတင်းထောက်တဦးက“ပြည်သူ့ဘ၀ မှန်ကိုထင်ဟပ်စေတဲ့စာအုပ်တွေ ထွက်မလာအောင် သူတို့က ကြောက်ကန်ကန်ထားတယ်လေ၊ ဒါတွေကိုလူသိမှာသိပ်ကြောက်တာ၊ တရားဝင်တယ် မဝင်ဘူးဆိုတာကိုတော့ လူထု လက်ခံမှု နှုန်းနဲ့ တွက်ကြည့်ရင် သိသာပါတယ်”ဟု ဆိုသည်။

သရုပ်ဆောင် ခိုင်သင်းကြည်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တစ်ပါတီစနစ် ပြန်လည်ပေါ်ပေါက်လာမည်ကို စိုးရိမ် သောကြောင့် အများနည်းတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုသာ မဲပေးခဲ့ရကြောင်း၊ ကိုယ်ပိုင်ဆန္ဒဖြင့် မဲထည့် ခြင်းမျိုးမဟုတ်ဘဲ အများကိုမလွန်ဆန်နိုင်သဖြင့်သာ မဲပေးရသည့်ပုံစံဖြစ်စေရန် ယခုဇာတ်ကား၌ သရုပ်ဆောင်ထားသည်။

ခုံဖိနပ်စီး၍ ပင်နီအင်္ကျီဝတ်သူများကိုလည်း ပစ္စည်းမဲ့လူတန်းစား ဟူ၍လည်းကောင်း၊ ပြည်တွင်းမှ နိုင်ငံရေးသမားများသည် အာဏာရချင်လွန်းသဖြင့် မိမိတို့၏ နှမကိုပင် လာဘ်ထိုးကြောင်း စသည်တို့လည်း ယင်းဇာတ်ကားတွင် ပါရှိသည်။

ပြည်တွင်းမှ ဒါရိုက်တာ တဦးက“နိုင်ငံရေးကားတွေ ရိုက်တယ်ဆိုတာကတော့ ဝါဒအမျိုးမျိုး ရှိနိုင်တယ်၊ တခြားနိုင်ငံတွေမှာ လည်း ရိုက်နေကြတာပဲ၊ သမိုင်း ဆိုတာကတော့ သမိုင်းအမှန်ကိုပဲ ရိုက်ပြရမယ်၊ ဝါဒကြောင့် သမိုင်းကို ပြောင်းလိုက်တာ မျိုး ဖြစ်သွားရင်တော့ မကောင်းဘူးပေါ့ဗျာ”ဟု ပြောသည်။

၎င်းဇာတ်ကားတွင် သရုပ်ဆောင်များကို အာဏာပိုင်များက ညွှန်ကြားချက်ဖြင့် သရုပ်ဆောင်ခိုင်းသော အသက်ဝင်မှု မရှိ ကြောင်း၊ မြန်မာငွေ ကျပ် သိန်း ၈၀၀၀ ခန့် အကုန်ကျခံ ရိုက်ကူးထားသော်လည်း နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ စွာ ရှိနေသေးသည်ဟု ထင်မြင်ကြောင်း ဇာတ်ကားကြည့်ရှုပြီးသူကလည်း ဝေဖန် သည်။

“မင်းသား၊ မင်းသမီးတွေကို ကြည့်ရတာလည်း အသက်မပါတဲ့ပုံတွေနဲ့၊ သူတို့ စကားပြောတာတွေကလည်း ဘယ်သူက ဝင်ပြောပေးနေမှန်းမသိဘူး၊ ဇာတ်လမ်းကလည်း ရှည်တာပဲရှိတယ်၊ ဘာမှ အဓိပ္ပာယ်မရှိဘူး၊ ကျောင်းသားတွေ နိုင်ငံရေး သမားတွေကို နှိပ်ကွပ်ချင်တာလောက်ပဲ သိတယ်”ဟု ၎င်းက ပြောသည်။

တခြားသောပရိသတ်တဦးကလည်း“ဒီဇာတ်လမ်းကို နိုင်ငံရေး ဖြစ်ရပ်မှန် ဇာတ်လမ်းလို့ မပြောနိုင်ဘူးဗျ၊ အခုခေတ် လူငယ် တွေအနေနဲ့လည်း ဒီလိုဇာတ်လမ်းမျိုး မကြည့်သင့်ဘူး၊ ဒါတွေက ဝါဒဖြန့်ပြီး လူငယ်တွေရဲ့အသိကို ရောထွေးသွားအောင် လုပ်တာမျိုးပဲဗျ”ဟု ဆိုသည်။

ပါဝင်သရုပ်ဆောင်ရသူ တဦးကမူ“ကျနော်တို့ တလောကလုံးက ပါဝင်ပြီးရိုက်ကြတော့ ကျနော်လဲ ရိုက်ဖြစ်သွားတာပါ၊ ကျနော် သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်ကို ဒါရိုက်တာကျေနပ်အောင် သရုပ်ဆောင်ပေးလိုက်တယ်၊ တခြား ဝါဒဖြန့် တာတို့ ဘာတို့တော့ ကျနော်လည်း မသိပါဘူး”ဟု ပြောသည်။

အဆိုပါ ဇာတ်ကားတွင် ပါဝင်ကြသည့် သရုပ်ဆောင်များနှင့် ဒါရိုက်တာ သည် မော်တော်ကား တင်သွင်းခွင့် ပါမစ်များ နှင့် အခြားအကျိုးခံစားခွင့်များပါ ရရှိကြသည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။ ထို့အပြင် ၎င်းဇာတ်လမ်းကို ပရိ သတ် များက စိတ်ဝင်စားမှုနည်းပါးကာ မကြည့်ရှုကြသဖြင့် ဗီဒီယို ခွေအငှားဆိုင်များကို မတင်မနေရစနစ်ဖြင့် တင်ခိုင်းထား ကြောင်း သိရှိရသည်။

ယင်းဇာတ်ကားကို ရေးသားရိုက်ကူးသူ ဒါရိုက်တာ တင်သန်းဦးသည် လုံးချင်း ဝတ္ထု စာအုပ်များရေးသား ထုတ်ဝေပြီး စစ်ကား များကို ရိုက်ကူးခဲ့ကာ ၁၉၈၈ မတိုင်မီ နှစ်များတွင် သူ၏စာအုပ်များသည် အရောင်းရဆုံး စာရင်း ဝင်ခဲ့သည်။

သို့သော် ၁၉၈၈ အရေးခင်းတွင် စစ်တပ်မှ အကြမ်းဖက် ဖြိုခွဲခဲ့ပြီးနောက် စစ်တပ်နှင့် သက်ဆိုင်သည့် ဇာတ်လမ်းများကို ပရိသတ်များ စိတ်ဝင်စားမှုလျော့ပါးလာပြီး တင်သန်းဦး၏ စာအုပ်များ အရောင်းထိုင်းစာရင်းဝင်ခဲ့ကြောင်း စာနယ်ဇင်း အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုကြသည်။
ပြည်တွင်းအသိုင်းအ၀ိုင်းမှပြော...........



Sunday, July 4, 2010

Aung San Suu Kyi 65th Birthday (19 June 2010) Meaningful Birthday Wish



Type your summary hereType rest of the post here

DAW AUNG SAN SUU KYI 65th BIRTHDAY ( Tokyo,Japan )19-6-2010.wmv



Type your summary hereType rest of the post here