Sunday, April 26, 2009

♣ ရာဇ၀င်ကောင်းအောင် ♣


“နက်မှောင်သောမိုးသားကောင်းကင်မှာ
ငွေကြယ်ပွင့်များတောက်ပလျှက်ရှိသည်
ကျွန်ုပ်တို့သည်လည်း ဆည်းဆာရောင်မှာ
အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်လျှက်ရှိသည်” ( ဒဂုန်တာရာ )
ဆရာတယောက်ဆီက့ 
တဆင့်ပြန်ကြားခဲ့ရတဲ့
ရှေ့မှီနောက်မှီ ကဗျာဆရာစာဆိုကြီးရဲ့စကား
အကြိမ်ကြိမ်အခါခါ ပြန်စဉ်းစား
ကိုယ့်အတွေးနဲ့ကို
ကိုယ့်လုပ်ရပ်နဲ့ကိုပေမို့
စဉ်းစားမရပါလား ခက်သာ့း့  ။
အကိုတယောက်လိုခင်တဲ့ 
သူငယ်ချင်းတယောက်ကလည်းပြောတယ်
“ ကိုယ့်ရာဇ၀င်ကိုယ်ရေးတာမဟုတ်ဘူး
ကိုယ့်ရာဇ၀င်ကိုယ်ကောင်းအောင်
ကိုယ့်လုပ်ရပ်နဲ့ကိုယ်လုပ်နေတာ ” တဲ့
ဘ၀ဖြတ်သန်းမှုက ရထားခဲ့တဲ့
မပြည့်စုံသေးတဲ့ ငါ့အတွေးအခေါ်နဲ့
သူ့ရဲ့စကားကတော့
တကယ့်တထပ်တည်း တူနေပါလာ့း့  ။
ခြောက်ပြစ်ကင်း တယောက်တော့မဟုတ်ပါဘူ့း့ 
ဦးတည်ချက်ထားပြီးတော့ ကြိုးစားနေတာကတော့
မျိုးကြီးရဲ့ သီချင်းလေးထဲကလို
“ နေရောင်ခြည်မဟုတ်လည်းပဲ
ငါတတ်စွမ်းသလောက် ကြယ်လောက်တော့
ငါ့ရဲ့လက်တကမ်းတော့ အလင်းဓါတ်တွေပေးခဲ့တယ် ” ဆိုတဲ့အတိုင်းပဲ
ငါ့ရာဇ၀င်တခုကောင်းပြီးကျန်နေခဲ့ရအောင်
လက်တွေ့လုပ်ရပ်တွေနဲ့ လုပ်ဆောင်လျှက်ပါပဲ့  ။
ဘ၀မှာစံထားရမယ့်သူ မျာစွာထားလို့ 
သူတို့ရဲ့ လုပ်ထုံးတွေကိုနှလုံးမူကာ
ကြိုးစားနေဆဲပါ ငါ့မှာ
နောင်တချိန်မှာကျန်ခဲ့မယ့်
ငါ့မျိုးဆက်တွေဟာလည်း
လူပုံအလည်မျက်နှာပန်းပွင့်စေဖို့
ကြိုးစားနေဆဲပါ ငါ့မှာ့  ။
ကမ္ဘာ့ရာဇ၀င်ထဲက ငါတို့တွေမှာ့ 
ဆိုးသူတွေလည်းရှိ
ကောင်းသူတွေလည်းရှိ
သိရက်နဲ့ဆက်မိုက်နေသူတွေလည်းရှိ
အမှားကိုသိရင်အမှန်ပြင်တတ်သူတွေလည်းရှိ
့  ရှိ
့  ရှိ
့  ရှိ
အဲ့ဒီလို “ ရှိ ” တွေထဲမှာပေါ့
ငါ့မှာလည်းတခုခုတော့ ရှိကောင်းရှိလိမ့်မယ်
ဒါပေမယ့် ငါ့ရာဇ၀င်ကောင်းအောင်
ကြိုးစားသွားဖို့ဆုံးဖြတ်ထားတာဖြစ်လို့
တော်လှန်ရေး လမ်းခရီးတလျှောက်လုံးအတွက်
ငါ့မှာ့  “ လုပ်စား ” လုပ်ဖို့ဆိုတာကတော့
စိတ်ကူးယဉ်တွေးမိတာတောင် မုန်းမိရဲ့
အဲ့ဒီစိတ်မျိုးတော့ လုံးဝငါ့မှာမရှိ့  ။
လယ်ပြင်မှာဆင်သွားရင်တော့ 
ခြေရာတွေကတော့ ထင်းထင်းပေါ်ခဲ့မှာပဲ
ငါလျှောက်နေတဲ့ လမ်းတလျှောက်မှာလည်း
ကိုယ်ပိုင်အသိနဲ့ယှဉ်လို့
အမှားတွေရှိခဲ့ရင်လည်း
ရဲရဲပဲ ငါပြင်သွားမယ်
ငါ့ရဲ့လုပ်ရပ်အပြုအမူတွေနဲ့
နောင်အနာဂတ်မှာကျန်ခဲ့မယ့်
ငါ့ရဲ့ဆွေစဉ်မျိုးဆက်တွေပါ
ရာဇ၀င်ကောင်းအောင်လုပ်တတ်ဖို့
လမ်းညွှန်သွန်သင်ပေးခဲ့ပြီး
ငါ့ရာဇ၀င်လည့်း့ 
သမိုင်းမှာသန့်သန့်ကလေးကျန်ခဲ့အောင်
လက်တွေ့လုပ်ရပ်တွေနဲ့ လုပ်ပြသွားမယ့့်  ။
ဇာနည်မောင်

Saturday, March 21, 2009

အောင်ပွဲဆင်ဖို့ထောင်ထဲဝင်စို့ သင်္ကြန်သံချပ်များ (၂၀၀၉)

ဒီနေ့ မြန်မာလူထုဘ၀ကို အမှန်အတိုင်းရင်ဖွင့်ထားတဲ့ တိုက်ပွဲဝင်သံချပ်များ။ ဒီသံချပ်ကိုနားထောင်ကြ။
ဒါဟာ တိုက်ပွဲလမ်းညွန် ဖြစ်တယ်။- မိုးသီးဇွန်-



သံချပ်အခွေ (Side A) အား download လုပ်ရန် - http://sharebee.com/fff15dc4
သံချပ်အခွေ (Side B) အား download လုပ်ရန် - http://sharebee.com/01ba3bca
သံချပ်စာအုပ်အား download လုပ်ရန် - http://sharebee.com/f71b0390

Arzarni နှင့် Niknayman Blog တို့မှ ကိုမိုးသီးဇွန်၏ သတင်းကိုပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်။

Thursday, March 19, 2009

ခေါင်းဆောင်မှုစိန်ခေါ်သံနှင့် ဒဏ္ဍာရီအပြင်က ခေါင်းဆောင်များ

မောင်သာမည

နဂါးနှင့် သန်းမွှား

"ကမ္ဘာသမိုင်းမှာ ဒီနေ့လောက် ခေါင်းဆောင်ရှားပါးတဲ့ကာလမျိုး ရှိခဲ့ဖူးမယ်လို့ ကျွန်တော်မထင်ဘူး"
မျက်မှောက်ခေတ် ပြင်သစ်သမိုင်းပညာရှင်များအနက် ထိပ်တန်းကပါဝင်သူ 'ယန်းလာကိုတူး' ၏ စကားဖြစ်ပါသည်။ သူသည် ကမ္ဘာ့ခေါင်းဆောင်စာရင်းဝင်ဖြစ်သော ပြင်သစ်သမ္မတ ချားလ်စ်ဒီဂေါ၏ အတ္ထုပ္ပတ္တိကို ရေးသားသူ လည်းဖြစ်သည်။

"ခေါင်းဆောင်တွေ တကယ်ရှိရက်သားနဲ့ ကျွန်တော်ကိုယ်တိုင် နမော်နမဲ့ဖြစ်ပြီး မတွေ့မိတာလားလို့ ပြန်ဆန်းစစ်ပါတယ်။ ဒီလိုလည်း မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီကနေ့ ကျွန်တော်တို့ ရင်ဆိုင်တိုးနေရတဲ့ အခြေအနေဆိုးတွေကို ဘယ်သူကမှ ဦးဆောင်ဖြေရှင်းပေးတာ မတွေ့ရလို့ပါပဲ။ ကမ္ဘာ့ခေါင်းဆောင်ဆိုသူတွေလည်း ဘယ်သူမှ ရှေ့ ထွက်ပြီး ဦးမဆောင်ပါဘူး"

ယန်းလာကိုတူးနှင့် အမြင်တူသူ မနည်းပါလှပေ။ ယင်းတို့အနက် ဂျာမနီနိုင်ငံ ကိုလုန်းတက္ကသိုလ်က လူမှုဗေဒ ပါမောက္ခ အက်ဒွင်ရူးက ဤသို့ပြောသည်။

"ကမ္ဘာ့နိုင်ငံရေးလောကမှာ ရွက်ကြမ်းရေကြိုတွေပဲ ဦးဆောင်နေပုံပေါက်ပါတယ်။ စီးပွားရေးလုပ်ငန်းနယ်ပယ် မှာရှိတဲ့ ပီတာနိယာမ (Peter Principle) ဟာ ကမ္ဘာ့နိုင်ငံရေးနယ်ပယ်မှာပါ မှန်ကန်နေပုံပဲ။ ပီတာနိယာမက ဘာပြောသလဲဆိုတော့ လူရည်ထက်တွေကို ရွေးချယ်စရာမရှိရင် ရွက်ကြမ်းရေကြိုတွေပဲ တက်လာမှာပဲတဲ့"

၁၉၉၃ ခုနှစ် သမ္မတကလင်တန် အစိုးရဖွဲ့ပြီး လပိုင်းအကြာတွင် American Enterprise မဂ္ဂဇင်းကြီးက စစ်တမ်းတစ်ခု တင်ပြခဲ့သည်။ ထိုအချိန်မှာ ကမ္ဘာ့ထိပ်သီး စက်မှုနိုင်ငံ ခုနစ်နိုင်ငံ (G7) တို့က တိုကျိုတွင် အစည်းအဝေးလုပ်ရန် စိုင်းပြင်းနေချိန်ဖြစ်၏။ မိမိတို့ နိုင်ငံရေးခေါင်းဆောင်၏ ပဲ့ကိုင်ခေါ်ဆောင်ရာနောက်သို့ လိုက်ပါနေရသည့် မိမိတို့နိုင်ငံ၏ လားရာနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်သူပြည်သားတို့ထံ ဆန္ဒခံယူရာ အမေရိကန် ၇၁ ရာခိုင်နှုန်း၊ ကနေဒါ ၇၀ ရာခိုင်နှုန်း၊ ဗြိတိန် ၆၃ ရာခိုင်နှုန်း၊ ပြင်သစ် ၆၁ ရာခိုင်နှုန်းက 'သဘောမကျ၊ မလိုလားကြောင်း' တွေ့ရှိခဲ့ရပါသည်။ ထို့ကြောင့်ပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ်းလှမ်းလာသည့် ထိပ်တန်းရာထူးတစ်ခုကို လက်သင့်မခံ ငြင်းဆန်ခဲ့သူ မိုက်ကယ်မန်ဒယ်ဘောင်းက 'တိုကျိုမှာလုပ်မယ့် အစည်း အဝေးဟာ ကမ္ဘာပေါ်မှာ အားအကြီးဆုံးနိုင်ငံတွေရဲ့ အစည်းအဝေးဖြစ်ပြီး ကမ္ဘာပေါ်မှာ အားအပျော့ဆုံး ခေါင်းဆောင်တွေရဲ့ အစည်းအဝေးလည်း ဖြစ်တယ်' ဟု ရက်ရက်စက်စက် ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်တမ်းယူခဲ့သည့် အဆိုပါနိုင်ငံကြီးများတွင် ခေါင်းဆောင်ဖြစ်ဖို့ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ပါ။ နိုင်ငံသားအများစု၏ ရွေးချယ်တင်မြှောက်မှုဖြင့်သာ ခေါင်းဆောင်ဖြစ်ရသော စနစ်အောက်တွင် နိုင်ငံသားအများစု သဘောကျနှစ်သက်နှိုင်သည့် အရည်အသွေးများ မြင်သာထင်သာအောင် ပြသနှိုင်ဖို့ လိုသည်။ အထူးသဖြင့် G7 ၀င်နိုင်ငံမျိုးက နိုင်ငံသားတို့အနေနှင့် ကမ္ဘာကို ၀င်ဆန့်နှိုင်သည့် ပုဂ္ဂိုလ်မျိုးကိုသာ သူတို့ ခေါင်းဆောင်အဖြစ် လိုလားမည် အမှန်ပင်။ ထိုသို့ စိစိစစ်စစ် ရွေးချယ်ခဲ့ပါလျက် ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိပြီး ဖင်မနွေးခင်မှာပင် နိုင်ငံသားအများစုတို့က မနှစ်လို့တော့ကြောင်း ပြသပြန်သည်ကား မှန်းချက်နှင့် နှမ်းထွက် မကိုက်မှုကြောင့်ဟုပင် ဆိုရပါလိမ့်မည်။ လန်ဒန်တိုင်းသတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် နောမန်စတုန်းက ယင်းအခြေအနေကို ဂျာမန် ဒဿနဆရာကြီးနီရှေး၏ စကားဖြင့် ဤသို့သရုပ်ဖော်သည်။ 'စိုက်ပျိုးတုန်းက နဂါးများ၊ ရိတ်သိမ်းရတော့ သန်းမွှား' ဟူ၍တည်း။

ခေါင်းဆောင်မှုစိန်ခေါ်သံ

ပြောင်းလဲမှုအရှိန်အဟုန် မြန်လွန်းထန်လွန်းသော မျက်မှောက်ကမ္ဘာကြီးအတွင်း၌ ခေါင်းဆောင်ရှားပါးမှုသည် ဖြစ်နှိုင်ကောင်းသော ခြင်းရာတစ်ရပ်ဟု ဆိုရမည်။ ပြောင်းလဲမှုနှင့်အတူ စိန်ခေါ်မှုအသစ်များ ပြဿနာ အသစ်များလည်း ဘွားကနဲ ဘွားကနဲ ဒွန်တွဲပေါ်ထွန်းလာသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ခေါင်းဆောင် တစ်ယောက်၏အဖြစ်မှာ 'မဗေဒါက တစ်ပင်တည်း' ဆိုသည့်အဖြစ်ထက် ပိုမိုဆိုးဝါးဖွယ်ရှိသည်။ ပန်းပန်ဖို့ဝေးစွ၊ အထောင်အသောင်းသော ပြဿနာဘဲအုပ်တို့၏ အယက်အကန်ကြားဝယ် အပိုင်းပိုင်းပြတ်တောက်ကြေမွပြီး လွင့်ပျောက်မသွားဖို့ပင် အတော်ကြီး ဘုရားတနေရမည့်ကိန်း။

သို့သော် စိန်ခေါ်နေသောပြဿနာတို့ကို အကောင်းဖက်မှ ရှုမြင်နှိုင်ပါသေးသည်။ စိန်ခေါ်မှုကို အခွင့် အလမ်းကောင်းအဖြစ် ခံယူပြီး အောင်မြင်မှုကို ရယူနှိုင်ပါသည်။ အကြပ်အတည်းက ခေါင်းဆောင်ကို မွေးဖွား ပေးသည်ဆိုသော စကားသည် ဤသို့သော အလှည့်အပြောင်းကို ရည်ညွှန်းခြင်းမဟုတ်လော။ စိန်ခေါ်မှုတို့ကို ဦးဆောင်ရင်ဆိုင်၍ အောင်မြင်မှုကို ဦးဆောင်ရယူသူကိုပင် ခေါင်းဆောင်ဟု ခေါ်ဝေါ်သမုတ်ခြင်း မဟုတ်ပါလော။ စိန်ခေါ်မှုတို့ကြောင့် ခေါင်းဆောင်များရှိနှိုင်သကဲ့သို့ သစ်ထွန်းလာသော ခေါင်းဆောင်များလည်း ရှိမည်အမှန်ပင်။

စိန်ခေါ်မှုတို့ကား ကမ္ဘာ့နိုင်ငံရေးနယ်ပယ်၌သာ ရှိသည်မဟုတ်ပေ။ နယ်ပယ်အသီးသီးတွင် ရှိနေသည်။ နယ်ပယ်အသီးသီးတွင် ပြဿနာမျိုးစုံနှင့် ရှုပ်ထွေးပွေလီနေသောကြောင့် လက်ရှိကမ္ဘာ့အနေအထားကို ကမ္ဘာ့ပုံစံပျက်အသစ် (The New World Disorder) ဟုပင် ခေါ်ဝေါ်သူများ ရှိနေသည်။ သို့သော် နယ်ပယ်ပေါင်းစုံမှ စိန်ခေါ်သံပေါင်းစုံ ထွက်ပေါ်နေခြင်းကို လူသားတိုင်းအတွက် ခေါင်းဆောင်ဖြစ်ဖို့ အခွင့်အလမ်းများဟု မျှော်လင့်နှိုင်သည်။ လူမှုရေး စီးပွားရေး အိမ်ထောင်ရေးမှသည် ပညာရေး၊ နိုင်ငံရေး၊ ဘာသာရေးအဆုံး နယ်ပယ်အသီးသီးမှ သောသောညံညံ ထွက်ပေါ်နေသော စိန်ခေါ်သံတို့သည် ခေါင်းဆောင်သစ်တို့ကို လက်ယပ်ဖိတ်ခေါ်နေခြင်းပင်တည်း။

ဒဏ္ဍာရီနှင့် အမှန်တရား

ခေါင်းဆောင်မှုအတွက် စိန်ခေါ်သံတို့မည်မျှညံနေသော်လည်း လူများစုသည်ကား ကိုယ်နှင့်မဆိုင်သယောင် ဖာသိဖာသာနေကြသည်။ ဤသည်ပင် 'ခေါင်းဆောင်ရှားကမ္ဘာကြီး' အတွက် အနာဂတ်မဲ့ဖို့ အလားအလာဖြစ်နေသည်။ လူများစုအနေနှင့် ခေါင်းဆောင်မှုကို ရှောင်ရှားခြင်းသည် ဒဏ္ဍာရီတို့ လွှမ်းမိုးမှုကြောင့်ဟု ခေါင်းဆောင်မှုပညာရှင်တို့က ထောက်ပြကြသည်။ သူရသတ္တိကင်းမဲ့ခြင်းကြောင့်မဟုတ်။ စွမ်းဆောင်ရည်ချို့တဲ့သောကြောင့်မဟုတ်။ ခေါင်းဆောင်မှုနှင့် ပတ်သက်၍ လွဲလွဲမှားမှား ဒဏ္ဍာရီစကားတို့ကို ယုံမှတ်လက်ခံထားသောကြောင့်သာဟု ဆိုသည်။ ယုံတမ်းဒဏ္ဍာရီတို့ကား အမှန်တရားကို ဖုံးကွယ်ဖျောက်ဖျက်သည့် ကိရိယာတစ်မျိုး ဖြစ်၏။

ဒဏ္ဍာရီက ခေါင်းဆောင်ဟူသည် တန်ခိုးသိဒ္ဓိနှင့် ပြည့်စုံသော မဟာပါရမီရှင်များဖြစ်သည်ဟု ဆိုသည်။ အမှန်မူကား ခေါင်းဆောင်တို့၏စွမ်းအားသည် တန်ခိုးသိဒ္ဓိမှ လာသည်မဟုတ်။ ရည်မှန်းချက်တစ်ခုအပေါ် ပြင်းထန်စွာ သက်ဝင်ယုံကြည်မှုမှ လည်းကောင်း၊ မိမိ၏ ယုံကြည်ချက်ကို လက်တွေ့အကောင်အထည်ဖော်လိုသည့် ဆန္ဒမှလည်းကောင်း ပေါ်ထွက်လာခြင်းသာ ဖြစ်သည်။

ဒဏ္ဍာရီက ခေါင်းဆောင်ဟူသည် တမန်တော်ပရောဖက်များကဲ့သို့ လာမည့်အနာဂတ်ကို အတိအကျ ဟောဖော်ညွှန်ပြနှိုင်သူဟု ဆိုသည်။ အမှန်မူကား ခေါင်းဆောင်ထံတွင် အနာဂတ်ရုပ်ပုံတစ်ခုရှိသည်ဆိုရာ၌ ယင်းအနာဂတ်ရုပ်ပုံသည် ထူးခြားဆန်းကြယ်သည့် စိတ်တန်ခိုးမှ ထွက်ပေါ်လာခြင်းမဟုတ်။ နောက်လိုက်တို့၏ ရည်မှန်းချက်နှင့် မိမိ၏ကိုယ်ပိုင်အတွေးအခေါ်တို့မှ ထွက်ပေါ်လာခြင်းသာဖြစ်သည်။

ဒဏ္ဍာရီက ခေါင်းဆောင်ဟူသည် အံ့မခန်းစွန့်စားမှုတို့ဖြင့် နောက်လိုက်တို့ကို ဆွဲဆောင်ကာ သူအလိုရှိရာသို့ ခေါ်သွားတတ်သူဟု ဆိုသည်။ အမှန်မူကား စွန့်စားခန်းတို့ဖြင့် ဆွဲဆောင်ခြင်းမဟုတ်။ နောက်လိုက်တို့၏ ရည်မှန်းချက်များကို လေးလေးစားစား တန်ဖိုးထားသောကြောင့် သူထံပါးသို့ နောက်လိုက်များ ၀န်းရံချဉ်းကပ်လာခြင်းသာ ဖြစ်သည်။

ဒဏ္ဍာရီက ခေါင်းဆောင်ဟူသည် ထိပ်ဆုံးတွင် တစ်ကိုယ်တည်း တည်ရှိသူဟု ဆိုသည်။ အမှန်မူကား ခေါင်းဆောင်တို့သည် နောက်လိုက်များနှင့် ဆွေမျိုးရင်းချာကဲ့သို့ ချစ်ခင်ရင်းနှီးစွာ နေထိုင်သူဖြစ်သည်။

ဒဏ္ဍာရီက ခေါင်းဆောင်ဟူသည် သူတပါးကို ထိမ်းချုပ်သူဖြစ်သည်ဟု ဆိုသည်။ အမှန်မူကား ခေါင်းဆောင်တို့သည် သူတစ်ပါးကို မထိမ်းချုပ်။ သူတစ်ပါးကို အစွမ်းထက်ထက် အလုပ်လုပ်လာနှိုင်အောင် အားပေးကူညီသူသာ ဖြစ်သည်။

ဒဏ္ဍာရီတို့သည် ခေါင်းဆောင်ကို လူ့လောက၏အထက်သို့ ပို့ဆောင်ထားကြသည်။ ကောင်းကင်ဆန်သော အထွတ်အမြတ်နေရာ၌ တစ်သီးတစ်သန့် ထားကြသည်။ သို့သော် ခေါင်းဆောင်မှုသည် နေရာဌာနတစ်ခုမဟုတ်။ သက်ဝင်လှုပ်ရှားမှုဖြစ်စဉ်တစ်ခုသာ ဖြစ်၏။ ခေါင်းဆောင်၏ အနှစ်သာရကို နေရာဌာနဖြင့် ဖော်ကျူး၍မရ၊ လက်တွေ့အလုပ်တို့ဖြင့်သာ ဖော်ကျူးရပါမည်။

ခေါင်းဆောင်တို့၏ မဂ္ဂင်ငါးပါး

ဒဏ္ဍာရီမာယာတို့၏ လွှမ်းမိုးဖမ်းစားမှုကို သုတ်သင်ဖယ်ရှားလိုက်မည်ဆိုလျှင် ခေါင်းဆောင်ဟူသည် လူထဲကလူသာဖြစ်ကြောင်း ထင်းထင်းကြီး မြင်သိပါမည်။ ခေါင်းဆောင်ဟူသည် မွေးရာပါ တန်ခိုးရှင်မဟုတ်။ ဗီဇပါသိဒ္ဓိရှင် မဟုတ်။ သို့သော် သူတို့၌ထူးခြားသော စွမ်းဆောင်အောင်မြင်ချက်များ ရှိသည်။ 'ခေါင်းဆောင်မှုစိန်ခေါ်သံ' ဟူသော စာအုပ်ကို ရေးသားသူ ဂျိမ်းကိုဇက်နှင့် ဘာရီပေါ့ဆနာတို့က ခေါင်းဆောင်တို့၏ ထူးကဲသော စွမ်းဆောင်အောင်မြင်ချက်များကို မြစ်ဖျားခံရာတွင် ခေါင်းဆောင်ဟူသမျှ၌ မချွတ်မယွင်းရှိနေသော ကျင့်စဉ်ငါးပါးကို တွေ့ရှိခဲ့ပါသည်။

၁။ တည်ဆဲဖြစ်စဉ်ကို စိန်ခေါ်ခြင်း

ခေါင်းဆောင်မှုသည် အသေရပ်နေသော ဖြစ်စဉ်မဟုတ်။ လှုပ်ရှားရှင်သန်နေသော ဖြစ်စဉ်ဖြစ်၏။ ခေါင်းဆောင်အများစုက သူတို့၏ အောင်မြင်မှုသည် 'အချိန်ကိုက်နေရာကိုက်ဖြစ်ခြင်း' 'အခွင့်ကောင်းနှင့် ကြုံကြိုက်ခြင်း' ဟု အကြောင်းပြတတ်သည်။ သို့သော် မည်သည့်ခေါင်းဆောင်မျှ 'ကံကြမ္မာ၏မျက်နှာသာပေးမှု' ကို ငုတ်တုတ်ထိုင်စောင့်ပြီး မျှော်တလင့်လင့် လုပ်မနေကြ။ ဒဏ္ဍာရီထဲကခေါင်းဆောင်သည် အေးဆေးတည်ငြိမ်မှုရှိသော အစုအဖွဲ့ကိုကြည့်ပြီး သာယာကြည်နူးတတ်သူဖြစ်သော်လည်း လက်တွေ့ခေါင်းဆောင်တို့သည်ကား တည်ဆဲအနေအထားကို ပြောင်းလဲပစ်ရေးအတွက် အစုအဖွဲ့ကို လှုပ်ရမ်းသူများ ဖြစ်နေကြသည်။

ခေါင်းဆောင်တို့သည် လက်ရှိအနေအထားကို တင်းတိမ်ရောင့်ရဲခြင်း မရှိတတ်။ ပိုမိုကောင်းမွန်သော အဆင့်သို့တက်ရန် နည်းလမ်းသစ်များ ရှာဖွေတွေ့ရှိဖို့အတွက် မသိကျွမ်းသော နယ်မြေစိမ်းများဆီသို့ ခြေချလိုသူများ ဖြစ်သည်။ ထို့ကြောင့် စိန်ခေါ်သံကို နားစိုက်သည်။ စိန်ခေါ်ချက်ကို ရှာဖွေသည်။ သို့မဟုတ် သူကိုယ်တိုင်က စိန်ခေါ်သံပေးလေသည်။

၂။ အများကြိုက်အနာဂတ်ရုပ်ပုံကို ဖန်တီးတင်ပြခြင်း


အနာဂတ်သည် မသေချာ မရေရာမှုတို့ပြည့်နေသော နယ်မြေစိမ်းတစ်ခုဖြစ်သည်။ ယင်းနယ်မြေစိမ်းသို့ သက်သာ ချောမောစွာ သွားနှိုင်သော လမ်းမရှိ။ ကန္တာရခရီးကြမ်းနှင့် ခရောင်းတောသာရှိသည်။ ထို့ကြောင့် ခေါင်းဆောင်သည် သူ၏ အမျှော်အမြင်ဖြင့် အနာဂတ်ကို အိပ်မက်မက်ကြည့်သည်။ စိတ်ကူးပုံဖော်ကြည့်သည်။ သို့ဖြင့် ဖြစ်သင့်ဖြစ်ထိုက်သော ဖြစ်နှိုင်ဖွယ်ရှိသော ဖြစ်စေချင်သော အနာဂတ်ရုပ်ပုံလွှာတစ်ခု ပေါ်ထွန်းလာသည်။ ခေါင်းဆောင်မှန်လျှင် ယင်းကဲ့သို့ အနာဂတ်ရုပ်ပုံလွှာတစ်ခုကို ကြည်လင်ပြတ်သားစွာ ပုံဖော်စိတ်ကူးနှိုင်ရမည်။

သို့သော် ကိုယ်တစ်ယောက်တည်း သိမြင်နေရုံနှင့် မလုံလောက်။ သူတစ်ပါးကို တင်ပြနှိုင်ရမည်။ အနာဂတ်ရုပ်ပုံကို ဖန်တီးပြီး အသက်သွင်းရမည်။ သူ၏ စိတ်ကူးအိပ်မက်သည် သူ့အစုအဖွဲ့၏ စိတ်ကူးအိပ်မက်အဖြစ်သို့ ရောက်ရှိရေးအတွက် ကြည်လင်ပြတ်သားသော ဖော်ကျူးတင်ပြမှုကို အားထုတ်ရမည်။ အနာဂတ်နှင့် ပတ်သက်၍ မရေမရာဖြစ်နေသူများ ၀ိုးတ၀ါးဖြစ်နေသူများ သို့မဟုတ် အနာဂတ်ပျောက်နေသူများအတွက် ခေါင်းဆောင်က တင်ပြသော အနာဂတ်ဒီဇိုင်းသည် တကယ့်အားဆေး။ 'အနာဂတ်ရုပ်ပုံမရှိလျှင် ပျက်စီးကြအံ့' ဟူသော ဘိုင်ဘယ်ကျမ်းလာစကားသည် ခေါင်းဆောင်တို့အတွက် လက်စွဲစကားဖြစ်၏။

၃။ အခြားသူတို့ ပါဝင်လုပ်ကိုင်အောင် အားပေးခြင်း

အနာဂတ်ကို အကောင်အထည်ဖော်ရာတွင် ကိုယ်တစ်ဦးတည်းနှင့် မဖြစ်နှိုင်သည်ကို ခေါင်းဆောင်တို့ သိကြသည်။ အစုအဖွဲ့အတွင်း ထူးကဲသော စွမ်းဆောင်အောင်မြင်မှုတို့ကို ရရှိနှိုင်ရေးအတွက် လုပ်ဖော်ကိုင်ဖက်များလိုအပ်သည်ကို သူတို့ မမေ့ကြ။ ထို့ကြောင့်ပင် ခေါင်းဆောင်တို့သည် မိသားစုကဲ့သို့ ရင်းနှီးခိုင်မာသော အစုအဖွဲ့များကို ဖန်တီးကြသည်။ ခေါင်းဆောင်တစ်ယောက်အဖို့ အောင်မြင်မှုဟူသည်မှာ 'မိမိ၏အောင်မြင်မှု' မဟုတ်ပေ။ 'မိမိတို့၏ အောင်မြင်မှု' သာဖြစ်သည်။ ထို့ကြောင့် စွမ်းဆောင်ချက်မှာလည်း 'မိမိ၏စွမ်းဆောင်ချက်' မဟုတ်။ 'မိမိတို့၏ စွမ်းဆောင်ချက်သာ' ဖြစ်၏။ ထို့ကြောင့် ခေါင်းဆောင်သည် မိမိ၏ နောက်လိုက်များ စွမ်းဆောင်ရည်ထက်မြက်ရေးကို အားပေးကူညီသည်။ ခေါင်းဆောင်၏ အားပေးမှုကြောင့်ပင် နောက်လိုက်များ၏ စွမ်းရည်များ တိုးပွားလာခြင်းနှင့်အတူ ထက်မြက်သော လုပ်ကိုင်မှုတို့လည်း ပေါ်ထွန်းလာခဲ့သည်။ နောက်ဆုံးတွင် ယင်းနောက်လိုက်တို့သည် ခေါင်းဆောင်များ ဖြစ်လာကြသတည်း။

၎။ စံနမူနာပြဖြစ်ခြင်း

'အလုပ်အကိုင်က လုပ်ပိုင်ခွင့်ကို ပေးပြီး၊ အပြုအမူက လေးစားမှုကို ပေးသည်' ဟူသောစကားရှိ၏။ ခေါင်းဆောင်တို့က နောက်လိုက်တို့ကို အကဲဖြတ်သကဲ့သို့ နောက်လိုက်တို့ကလည်း ခေါင်းဆောင်ကို အကဲဖြတ်နေပါသည်။ နောက်လိုက်တို့အနေနှင့် ခေါင်းဆောင်၏ အပြုအမူသည် ခေါင်းဆောင်၏တန်ဖိုးကို ဖော်ပြချက်ဖြစ်သကဲ့သို့ မိမိတို့ဆောင်ရန်ရှောင်ရန် စံနမူနာများလည်း ဖြစ်နေသည်။ 'ငါတို့ခေါင်းဆောင်ဟာ သူပြောတဲ့အတိုင်း လက်တွေ့လုပ်ရဲ့လား' ဟူသောမေးခွန်းသည် နောက်လိုက်တို့သုံးသည့် မှတ်ကျောက်ပင်ဖြစ်၏။

အစုအဖွဲ့တစ်ခု၏ အောင်မြင်မှုရရှိရေးအတွက် စကားလုံးများ စီမံချက်များနှင့် လုံလောက်ခြင်းမရှိပါ။ ခေါင်းဆောင်တို့သည် မိမိ၏ယုံကြည်ချက်တို့ကို ကိုယ်တိုင် သရုပ်ဖော်ပြကြသည်။ အပြောကို လက်တွေ့လုပ်ပြကြသည်။ အပြောနှင့်အလုပ် တစ်ထပ်တည်းကျခြင်းသည်ပင် ခေါင်းဆောင်၏ ယုံကြည်စိတ်ချရမှု ဖြစ်လေသတည်း။

၅။ စိတ်ဓာတ်ခွန်အား တိုးမြှင့်ပေးခြင်း

အောင်မြင်မှုသို့သွားရာလမ်းသည် ခက်ထန်ကြမ်းတမ်းသော တောင်ထွတ်တောင်ထိပ်သို့ တက်ရသည်နှင့် အလားတူသည်။ ပင်ပန်းဆင်းရဲမှုကို ဇွဲရှိရှိနှင့် ဖြတ်ကျော်နှိုင်ဖို့ လိုအပ်သည်။ ခေါင်းဆောင်နောက်လိုက်ပါသူတို့မှာ လမ်းခုလပ်တွင်ပင် အားအင်ကုန်ခမ်းသွားတတ်သည်။ လက်လျှော့သွားတတ်သည်။ ထို့ကြောင့် နောက်လိုက်များ ရှေ့သို့ ဆက်လက်လိုက်ပါလာအောင် ခေါင်းဆောင်တို့သည် စိတ်ဓာတ်ခွန်အား သွင်းပေးကြသည်။

ကုမ္ပဏီကြီးတစ်ခု၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဇဖီရိုပိုလိုက သူ၏၀န်ထမ်း ၂၀၀၀ ကျော်ကို နှစ်ပတ်လည် ဆုကြေးပေးအပ်ရာတွင် တကယ့်အခန်းအနားကြီးလုပ်ပြီး ပေးသည်။ 'ဆုကြေးပေးလျှင် စာတိုက်ကပို့ပြီး ပေးတာမျိုး မလုပ်ပါနှင့်။ အခန်းအနားနှင့် ပေးပါ' ဟူသော စကားကို သူလက်ကိုင်ထားသည့် စိတ်ဓာတ်ခွန်အားသွင်းနည်း တစ်မျိုးဖြစ်ပါ၏။

နောက်လိုက်တို့အနေနှင့် မိမိတို့လုပ်ခဲ့ပြီးသမျှအပေါ် ခေါင်းဆောင်တို့က အသိအမှတ်ပြု တန်ဖိုးထားခြင်းလောက် စိတ်အားတတ်စရာ မရှိ။ ဤအချက်ကို ခေါင်းဆောင်တို့ သိကြသည်။ ကိုယ့်ကိုကိုယ် အောင်ပွဲနှင့် ထိုက်တန်သူများအဖြစ် သဘောပေါက်လာကြသည်။ ယင်းသို့ သဘောပေါက်သွားသူတို့အဖို့ ခေါင်းဆောင်၏နောက်သို့ ဆက်မလိုက်ဘဲ လက်လျှော့ကျန်ရစ်ခြင်းလောက် ရှက်စရာအလုပ်မျိုးမရှိပြီ။ စိတ်ဓာတ်ခွန်အားသွင်းပေးနှိုင်သော ခေါင်းဆောင်နောက်က လိုက်ပါရခြင်းသည် စိတ်ပျက်စရာမကောင်းဘဲ ပျော်ရွှင်ဖွယ် ကောင်းနေသည်။ ထပ်ရောက်မှ ပျော်ရွှင်မှုကို ရရှိသည်မဟုတ်။ တောင်တက်ရင်းနှင့်ပင် ပျော်ရွှင်မှု ရနေသည်။ စင်စစ် ယင်းသည်ပင် အောင်မြင်မှုပေတည်း။

နောက်လိုက်တို့၏ မျှော်လင့်ချက်

အစုအဖွဲ့တို့အတွင်း၌ ထူးကဲသော အောင်မြင်မှုကို ရရှိစေနှိုင်ခဲ့သော ခေါင်းဆောင်မှသမျှ၏ အကျင့်အကြံ ငါးမျိုးကား 'ခေါင်းဆောင်မှု' ဟူသော ဇတ်ထုပ်၏ တစ်ဝက်မျှသာဖြစ်ပါ၏။ စင်စစ် 'ခေါင်းဆောင်မှု' သည် ခေါင်းဆောင်တို့၏ အကြောင်းအရာသက်သက် မဟုတ်ပါ။ ခေါင်းဆောင်မှုတွင် နောက်လိုက်တို့၏ အကြောင်းအရာလည်း ပါဝင်ပါသည်။ တစ်စုံတစ်ယောက်ထံတွင် ခေါင်းဆောင်မှုဂုဏ်ရည်များ ရှိမရှိကို ဆုံးဖြတ်သူကား နောက်လိုက်တို့ပင် ဖြစ်ပေ၏။ မည်သူခေါင်းဆောင်ဖြစ်သင့်သည် မည်သူခေါင်းဆောင်ဖြစ်ထိုက်သည်ကို နောက်ဆုံး ဆုံးဖြတ်ပြဌာန်းပေးမည့်သူကား နောက်လိုက်တို့သာဖြစ်၏။ ခေါင်းဆောင်မှုဟူသည် နောက်လိုက်တို့၏ မြင်ကွင်းထဲ၌သာ ရှိသောအရာဖြစ်ပါသည်။

အမေရိကန် စီမံခန့်ခွဲမှုအသင်းကြီးက ကြီးမှူး၍ မန်နေဂျာ ၁၅၀၀ ကို စစ်တမ်းထုတ်ခဲ့သည်။ 'မိမိ၏ အထက်ခေါင်းဆောင်ထံတွင် မည်သည့်ဂုဏ်ရည်တို့ကို အနှစ်သက်ဆုံးဖြစ်သနည်း' ဟူသောမေးခွန်းဖြင့် စစ်တမ်းကောက်ယူခဲ့သည်။ ယင်းမေးခွန်းနှင့်အတူ ဂုဏ်ရည်ပေါင်း ၂၂၅ မျိုးကိုလည်း ဖော်ပြခဲ့သည်။ ရိုးသားမှု၊ ကျွမ်းကျင်မှု၊ ဦးဆောင်နှိုင်မှု၊ သဘောထားကြီးမှု စသည်ဖြင့်။

တစ်ဖန် ပြည်ထောင်စု စီမံခန့်ခွဲရေးတက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့ကလည်း အလားတူမေးခွန်းမျိုးနှင့်ပင် ပြည်ထောင်စု အစိုးရအတွင်းရှိ အကြီးတန်းအမှုဆောင်အရာရှိပေါင်း ၈၀၀ ကို စစ်တမ်းကောက်ခဲ့သည်။ စင်တာကလာရာတက္ကသိုလ်နှင့် တခြားနေရာများတွင် ပြုလုပ်သော စီမံခန့်ခွဲရေး နှီးနှောဖလှယ်ပွဲများတွင် တက်ရောက်လာသည့် ထပ်တန်းမန်နေဂျာပေါင်း ၂၆၁၅ ယောက်ကိုလည်း အလားတူ စစ်တမ်းကောက်ယူကြည့်သည်။ နောက်ဆုံးစစ်တမ်း၌ ရရှိသောအဖြေကား အောက်ပါအတိုင်းဖြစ်၏။
၁။ ရိုးသားမှု ၈၃%
၂။ ကျွမ်းကျင်မှု ၆၇%
၃။ ရှေ့ရေးမျှော်တွေးပြင်ဆင်မှု ၆၂%
၎။ အားပေးလှုံ့ဆော်တတ်မှု ၅၈%
၅။ အသိပညာရှိမှု ၄၃%
၆။ မျှတမှု ၄၀%
၇။ သဘောထားကြီးမှု ၃၇%
၈။ ပွင့်လင်းမှု ၃၄%
၉။ စိတ်ကူးစိတ်သန်းကောင်းမှု ၃၄%
၁၀။ မှီခိုအားထားနှိုင်မှု ၃၃%

ယုံကြည်မှု ပဓာန

စစ်တမ်းမှန်သမျှတို့တွင် နောက်လိုက်တို့ အလိုလားအနှစ်သက်ဆုံး ခေါင်းဆောင်ဂုဏ်ရည်သည် 'ရိုးသားမှု' ဖြစ်ပါသည်။ ထိုနောက်မှာ 'ကျွမ်းကျင်မှု' လိုက်သည်။ ထိုက်နောက်မှာမှ 'အမျှော်အမြင်' လိုက်သည်။ ထို့နောက်မှာမှ 'အားပေးလှုံ့ဆော်မှု' လိုက်သည်။ ထိပ်ဆုံးဂုဏ်ရည်လေးချက်ကို ပူးပေါင်းလိုက်သော် 'ယုံကြည်စိတ်ချရမှု' ဟူ၍ အဖြေထွက်လာပါတော့သည်။

နောက်လိုက်မှန်သမျှသည် ခေါင်းဆောင်တစ်ယောက်၏နောက်သို့ ယုံကြည်စိတ်ချရမှုဖြင့် လိုက်ပါနေခြင်းဖြစ်သည်။ ငွေကြေးသက်သက်ကြောင့် လိုက်နေခြင်းမဟုတ်။ မန်နေဂျာနှင့် ခေါင်းဆောင်တို့၏ ခြားနားချက်သည် ဤနေရာတွင် ထင်ရှားသည်။ မန်နေဂျာတစ်ယောက်သည် သူလက်အောက်ဝန်ထမ်းကို ဆုပေးဒဏ်ပေးစနစ်ဖြင့် ခိုင်းစေပေလိမ့်မည်။ သူခိုင်းသည့်အတိုင်း လုပ်အောင် လစာတိုးပေးခြင်း၊ ရာထူးတိုးခြင်း၊ ဆုကြေးပေးခြင်း စသည့်ဆုလာဘ်တို့ဖြင့် ဖျားယောင်းပါမည်။ လစာဖြတ်ခြင်း၊ ရာထူးလျှော့ခြင်း၊ အလုပ်ဖြုတ်ခြင်း စသည့် ပြစ်ဒဏ်တို့ဖြင့် ခြိမ်းခြောက်ပါမည်။

ခေါင်းဆောင်ကား ထိုသို့လုပ်မည်မဟုတ်။ ခေါင်းဆောင်မှု၏ အနှစ်သာရသည် လုပ်သင့် သည်ဟု သဘောပေါက်ထားသော အလုပ်တစ်ခုကို နောက်လိုက်တို့ လိုက်ပါလုပ်ဆောင်ချင်စိတ် ပေါ်လာအောင် လုပ်သည့် အတတ်ပညာဖြစ်၏။ ထို့ကြောင့် နောက်လိုက်တို့ကို သူနှင့်အတူ လိုက်ပါချင်စိတ်ပေါ်လာအောင် လုပ်သည့်အတတ်ပညာဖြစ်၏။ ထို့ကြောင့် နောက်လိုက်တို့ကို သူနှင့်အတူ လိုက်ပါချင်စိတ်ပေါ်လာအောင် ခေါင်းဆောင်တို့ ဦးဆုံးလုပ်သည့်အလုပ်မှာ 'နောက်လိုက်တို့၏ ယုံကြည်စိတ်ချမှု' ခံယူရရှိရေး ဖြစ်ပေသည်။ ခေါင်းဆောင်သည် 'ယုံကြည်စိတ်ချရသူ' ဖြစ်ကြောင်း အလုပ်ဖြင့် သက်သေပြသည်။ ယင်းအလုပ်တို့ကား တည်ဆဲဖြစ်စဉ်ကို စိန်ခေါ်ခြင်း၊ အများလက်ခံနှိုင်မည့် အနာဂတ်ရုပ်ပုံကို ဖန်တီးတင်ပြခြင်း၊ အခြားသူတို့ကို ပါဝင်လုပ်ကိုင်အောင် အားပေးခြင်း၊ စံနမူနာပြဖြစ်ခြင်း၊ စိတ်ဓာတ်ခွန်အား တိုးမြှင့်ပေးခြင်း စသည့် မဂ္ဂင်ငါးပါးပင် ဖြစ်ပေသတည်း။

အဇ္ဈတ္တမှသည် အနာဂတ်ကမ္ဘာသို့

ခေါင်းဆောင်လိုစိတ်ရှိခြင်းနှင့် ခေါင်းဆောင်နှိုင်မည်ဟု ယုံကြည်ချင်းတို့သည် ခေါင်းဆောင်မှုသို့ သွားရာလမ်း၏ တာထွက်အစ ဖြစ်ပါ၏။ ခေါင်းဆောင်မှုသည် အနုပညာတစ်ရပ်ဖြစ်သည်။ ယင်းအနုပညာကား ကိုယ်တိုင်သရုပ်ဆောင်ရသော အနုပညာ။ အနုပညာရှင်တို့၌ သူ၏အနုပညာကို ဖော်ကျူးရန် ကိရိယာကိုယ်စီ ရှိကြသည်။ ဂီတပညာရှင်၌ တူရိယာများရှိသည်။ ပန်းချီပညာရှင်၌ စုတ်တံနှင့် ဆေးများရှိသည်။ ခေါင်းဆောင်မှုအနုပညာရှင်၌ကား သူကိုယ်တိုင်သည် သူ၏ကိရိယာ ဖြစ်ပေတော့၏။ ခေါင်းဆောင်မှုအနုပညာကို ကျွမ်းကျင်ပိုင်နိုင်ခြင်းဟူသည် မိမိကိုယ်ကို ကျွမ်းကျင်ပိုင်နိုင်ခြင်းပင် ဖြစ်သည်။ အဆုံးစွန်အားဖြင့် ခေါင်းဆောင်မှု ဖွံ့ဖြိုးခြင်းသည် မိမိအတ္တ တိုးတက်ဖွံ့ဖြိုးမှုပင် ဖြစ်ပေ၏။

လေ့လာချက်တို့အရ ခေါင်းဆောင်တို့တွင် ထူးခြားသော အကျင့်အကြံနှင့် ထူးခြားသော ဂုဏ်ရည်တို့ရှိကြောင်း ထင်ရှားသည်။ ထူးခြားသောအကျင့်အကြံနှင့် ထူးခြားသောဂုဏ်ရည်ဟုဆိုရသော်လည်း သာမန်လူတိုင်းစွမ်းဆောင်နှိုင်သော အကျင့်အကြံများချည်းသာ ဖြစ်၏။ သာမန်လူတိုင်း ပိုင်ဆိုင်ရရှိနှိုင်သော ဂုဏ်ရည်များသာ ဖြစ်၏။ လူထက်လွန်သော အကျင့်အကြံနှင့် ဂုဏ်ရည်များ မဟုတ်ကြ။

သို့သော် ယင်းအကျင့်အကြံနှင့် ဂုဏ်ရည်များမရှိဘဲလျက်နှင့် ခေါင်းဆောင်ဖြစ်ချင်၍ကား မရ။ မိမိကိုယ်ကိုသာ အားကိုးရမည်ဖြစ်၏။ ဤသည်ပင် ဗုဒ္ဓဘာသာဝင်များအတွက်ကား အခွင့်ကောင်းဟုဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံခံယူချက်သည် 'မိမိမှတစ်ပါး အားထားကိုးကွယ်ရာမရှိ' ဟူ၍ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးပန်းတိုင်သည် 'မိမိကိုယ်ကို ပိုင်နိုင်ရေး' ပင်ဖြစ်သောကြောင့်တည်း။

မျက်မှောက်ကမ္ဘာကြီးကား အရှိန်အဟုန်ကြီးစွာပြောင်းလဲနေသည်။ ယင်းပြောင်းလဲမှုသည် နယ်ပယ်အသီးသီးကို ရိုက်ခတ်နေသည်။ ပုဂ္ဂလိက တစ်ဦးချင်းမှအစ အိမ်ထောင်ရေး၊ နိုင်ငံရေး၊ ကမ္ဘာရေးအစုအဖွဲ့တို့အဆုံး ပြောင်းလဲမှုဒဏ်ကြောင့် သိမ့်သိမ့်တုန်နေသည်။ ယင်းကို 'အနာဂတ်သွေးလန့်မှု' ရောဂါအမည်တပ်သူက တပ်သည်။ သို့သော် ခေါင်းဆောင်တို့သည် အနာဂတ်ကို မထိတ်လန့်။ အဘယ်ကြောင့် ထိတ်လန့်မည်နည်း။ အနာဂတ်သည် ခေါင်းဆောင်တို့၏ ကြီးစိုးရာနယ်ပယ်ဖြစ်သည် မဟုတ်ပါလော။

'ကျွန်ုပ်သည် တောင်တန်းကြီးကို အောင်နိုင်သည်မဟုတ်။ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်ခြင်းသာဖြစ်သည်။ ကိုယ့်ကြောက်ရွံ့စိတ်၊ ကိုယ့်သံသယစိတ်များကို အောင်နိုင်ခြင်းသာဖြစ်သည်' ဟု ဧ၀ရက်တောင်ကို ဦးဆုံးတက်ခဲ့သူ ဂျင်ဝှစ်တိတ်ကားက ပြောသည်။

ကျွန်တော်တို့လူသားများသည်လည်း မိမိကိုယ်ကို အောင်နိုင်ခြင်းဖြင့် အနာဂတ်ကမ္ဘာကြီးကို ဦးဆောင်နှိုင်ရမည် ဖြစ်ပါသတည်း။

Where Have All The Leaders Gone?
By James Walsh
The Leadership Challenge By J.M.
Kouzed And B.Z. Posner
(စံပယ်ဖြူမဂ္ဂဇင်း အမှတ် (၃)၊ မတ်လ၊ ၂၀၀၂ တွင် ပါဝင်ခဲ့ပြီး၊ အထက်ပါစာတမ်းကို ABSDF ကျောင်းသားတပ်မတော် လေ့လာရေးစာစဉ် အမှတ် (၄) တွင် ဖော်ပြခဲ့ဖူးပါသည်။ တိုက်ဆိုင်၍ ထပ်မံဖော်ပြပေးခြင်းဖြစ်ပါသည်။)

Wednesday, March 11, 2009

ရွေးကောက်ပွဲအယုံအကြည်မရှိလက်မှတ်ထိုးလှုပ်ရှားမှု

မြန်မာပြည်သူ လူထုတို့၏ စစ်မှန်သော ဆန္ဒပြုလွှာ

ကျွန်ုပ်တို့ မြန်မာပြည်သည် စတင် စစ်အာဏာ သိမ်းခံခဲ့ရသော ၁၉၆၂ခုနှစ် မတ်လ ၂ရက်နေ့ မှစ၍ ပြည်သူများ၏ လွတ်လပ်ခွင့်နှင့် လူသားချင်းတန်းတူညီခွင့်များ လုံခြုံမှုများ ပျောက်ဆုံး၍ ဂုဏ်သိက္ခာ ကင်းမဲ့သော အဖြစ်နှင့်နေထိုင်ခဲ့ရသည်မှာ ၄၇နှစ်တိုင် ခဲ့ပြီဖြစ်ပါသည်။

၁၉၆၂ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်း သည် ၁၉၇၄ခုနှစ် မေလတွင် စစ်တပ် အလိုကျ ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ရေးကောက်ပွဲ ကျင်းပကာ နိုင်ငံတော် သမ္မတ အဖြစ်ကို ခံယူခဲ့ပေသည်။

ထိုအချိန်မှ အစပြု၍ သယံဇာတ ပေါကြွယ်ဝသော၊ အာရှ၏ စပါးကျီ အဖြစ် ကျော်ကြား ခဲ့သော၊ အဆင့်အတန်းရှိသော ပညာရေး၊ ခိုင်မာ၍ အာမခံချက်ရှိသော ငွေကြေး စသည့် လူရိုသေ ရှင်ရိုသေ အနေအထားများမှ မြန်မာပြည်သည် ယခုအခါ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံ စာရင်းဝင် ဖြစ်ခဲ့ရပြီး ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံ အဆင့်သို့ နိမ့်ကျခဲ့ ရသည်ကို တွေ့ရ ပေမည်။

ဖိနှိပ်မှု အမျိုးမျိုး အပြင် စစ်အာဏာရှင် ဗိုလ်နေဝင်း၏ လွဲမှားသော စီမံခန့်ခွဲမှုများတွင် အဆိုးဆုံး အချက်မှာ လည်ပတ်နေသော ငွေစက္ကူများကို နှစ်ကြိမ်တိုင်တိုင် ဖျက်သိမ်း ပစ်ခဲ့ရာ ပြည်သူလူထုအားလုံး များစွာ ဆုံးရှုံး နစ်နာခဲ့ကြရပြီး ထိုအခြေအနေကြောင့်ပင် ကမ္ဘာကျော် ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ရကာ တပါတီ အာဏာရှင် စနစ်ကို အပြီးတိုင် ရိုက်ချိုး ဖျက်ဆီး နိုင်ခဲ့ပါသည်။

သို့ရာတွင် စစ်အာဏာရှင် နေဝင်း၏ လက်သပ်မွေးထားသော စစ်ခေါင်းဆောင်များက ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် လူထုဆန္ဒပြပွဲများကို ရက်စက်စွာ ပစ်ခတ် နှိမ်နင်းခဲ့ပြီး နိုင်ငံတော် အာဏာကို အတင်းအဓမ္မလုယူ ခဲ့ကြ ပြန်ပါတော့သည်။

အစတွင် ပါတီစုံ ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်မည်။ ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေငြာပေးခဲ့ပြီး ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ပါတီစုံ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါသည်။ စစ်အာဏာရှင်စနစ်ကို ရွံမုန်းနေ ကြသော ပြည်သူလူထုများ၏ တခဲနက် ထောက်ခံမှုကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီမှ မဲဆန္ဒနယ်မြေ ၃၈၂ နေရာ၊ ရာခိုင်နှုန်း ၈၂ ကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိ ခဲ့ပါသည်။ ထိုအချိန်က နအဖ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမောင်က “လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ကြောင်းနှင့် စစ်တပ်သည် စစ်တန်းလျှားသို့ပြန်မှာ ဖြစ်ကြောင်း အတိအလင်း ထုတ်ဖေါ် ကြေငြာ ခဲ့ပါသေးသည်။

တကယ်တမ်းတွင်မူ ပြည်သူလွှတ်တော်ကို ခေါ်ယူပေးရမည့် အစား ၁/၉၀ ဥပဒေကို ပြဌာန်း၍ ဖွဲစည်းပုံ အခြေခံ ဥပအဒေကိုသာ ရေးဆွဲရန် တာဝန်ရှိသည်ဟု ပြောင်ပြောင်တင်းတင်း လိမ်ညာခဲ့ပြီး အာဏာကို ဆက်လက် ဆုတ်ကိုင်ထားခဲ့ပါသည်။

အနာဂါတ်မြန်မာ့နိုင်ငံ နိုင်ငံရေး ဦးဆောင်မှုကို စစ်တပ်က ဦးဆောင်ရမည်ဆိုသော အချက်ကို ထည့်သွင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခုတုံးလုပ်ကာ တရားမဝင် အာဏာသိမ်းနိုင်ရန် ကြိုးစားခဲ့ပြန် ပါသည်။ ထို့ကြောင့် တရားဝင် ကိုယ်စားလှယ် အများစုဖြစ်သော အနိုင်ရ ပါတီ NLD မှလွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များက အတုအယောင် အမျိုးသား ညီလာခံကို သပိတ်မှောက် နှုတ်ထွက်ခဲ့ ကြပါသည်။

၂၀၀၃ခုနှစ် မေလတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိပ်တန်းခေါင်းဆောင်များကို ဒီပဲယင်းတွင် နအဖ ခေါင်းဆောင်ပိုင်းများကိုယ်တိုင် တိုက်ရိုက်ကွပ်ကဲ၍ လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ကြပါသည်။

အောင်မြင်မှု မရရှိသောအခါမှ ကျူးလွန်ခဲ့သော ရာဇဝတ်မှုကြီးကို ဖုံးကွယ် အာရုံပြောင်း ရန်အတွက် လမ်းပြမြေပုံ ၇ချက်ကို ထုတ်ပြန် ကြေငြာခဲ့သည်။ ထိုလမ်းပြ မြေပုံ၇ချက်ပါ အချက်များသည် နိုင်ငံတော်အာဏာကို မည်သည့်နည်းနဲ့မဆို စစ်တပ်မှ ချုပ်ကိုင်သွားမည်ဟု မီးမောင်း ထိုးပြခြင်းသာ ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အတိုက်အခံ အင်အားစုများဘက်မှ တောင်းဆိုထားသော ပြသနာအားလုံးကို ဖြေရှင်းနိုင်မည့် လမ်းစဖြစ်သော စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးကိုမူ ခါးခါးသီးသီးငြင်းဆန်ခဲ့ပါသည်။

၂၀၀၇ခုနှစ် အတွင်း၌ နအဖ မှ လောင်စာဆီဈေးနှုန်းများကို ရုတ်တရက်တိုးမြှင့်ကြောင်း ကြေငြာခဲ့ပါသည်။ ၈၈မျိုးဆက်ခေါင်းဆောင်များမှ လောင်စာဆီဈေးနှုန်း လျှော့ချပေးရန် ပြည်သူများကိုယ်စား ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခြင်းကို မတရား ဖမ်းဆီး ဖြိုခွဲခဲ့ပါသည်။

နောက်ဆက်တွဲဖြစ်ရပ်အဖြစ် ပြည်သူလူထု၏ စားဝတ်နေရေး ကျပ်တည်းမှုအတွက် ၂၀၀၇ စက်တင်ဘာလက သံဃာတော်များ ဦးဆောင်ပြီး ငြိမ်းချမ်းစွာ ချီတက် မေတ္တာပို့ လမ်းလျှောက်ခြင်း ကိုလည်း ရက်စက်စွာ ပစ်ခတ် ဖမ်းဆီး နှိပ်စက် ထောင်ချခြင်းများ ပြုလုပ်ခဲ့ ပြန်ပါသည်။

နောက်ပိုင်းတွင် နအဖတို့မှ ၂၀၀၈ ခုနှစ် မေလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုမဲပေးပွဲနှင့် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။

၂၀၀၈ ခုနှစ် မေလ၂ရက်နေ့၌ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနှင့် အခြားဒေများသို့ တိုက်ခတ်ဖျက်ဆီး သွားခဲ့ပါသည်။ အိန္ဒိယနိုင်ငံ မိုးလေဝသ ဌာနနှင့် အခြားသော နိုင်ငံများမှ မိုးလေဝသ ဌာနများက ကြိုတင်အသိပေးချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြသော်လည်း ကံအကြောင်းမလှသော မြန်မာနိုင်ငံသားများ အနေနှင့် ထိုကဲ့သို့ ကြိုတင်အသိပေးမှုများ မရရှိခဲ့ပဲ သာမန် မုန်တိုင်းတခုဟုသာ ထင်မှတ်ခဲ့ကြရာ လူသိန်းနှင့်ချီ၍ သေဆုံးခဲ့ပြီး လူသန်းနှင့်ချီ၍ အိုးအိမ်နှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံး ဒုက္ခရောက်ခဲ့ ရပါသည်။

သို့ရာတွင် အာဏာကိုသာ အရှုးအမူးဖြစ်နေသည့် နအဖတို့က ထိုလ ၁၀ရက်နေ့တွင်ပင် ပျက်စီးမြို့နယ် အချို့ကို ချန်လျှပ်၍ ၄င်းတို့ အလိုကျ ဖွဲ့စည်း ပုံဥပဒေကို အတင်းအဓမ္မ အတည်ပြုပြဌာန်း လိုက်ပါသည်။ရိုးသားမှုမရှိဟု ခိုင်မာသော သက်သေ အထောက်အထား များစွာ ရှိသော်လည်း ရာနှုန်းပြည့်နီးပါး ထောက်ခံမှုရခဲ့သည်ဟု ကြေငြာခဲ့ပါတော့သည်။

၂၀၁၀ တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ကြေပင်ကြေငြာထား သော်လည်း။ နိုင်ငံရေး အတိုက်အခံများကို မတရားအမှုဆင်ကာ နှစ်ရှည်ထောင်ဒဏ်များချမှတ် ဖိနှိပ်မှုများ ကို ဆက်လက် လုပ်ဆောင်နေသေးသည်ကို ထင်ရှားစွာ တွေ့မြင်နေကြရပါသည်။

ပြန်လည်ခြုံငုံ သုံးသပ်ရလျှင် -

၁။ယခုလက်ရှိ စစ်အုပ်ချုပ်သူများသည် ယခင်၁၉၆၂ ခုနှစ် စစ်အာဏာရှင်များ၏ ငယ်မွေး ခြံပေါက်များ သာဖြစ်နေခြင်း။

၂။အမှန်တကယ် အာဏာလွဲပြောင်းရမည်ဆိုလျှင် အမျိုးမျိုး ကလိန်ကျ၍ ဂတိကဝတ်များကို ချိုးဖေါက်ခြင်း။

၃။ROAD MAP ခုနှစ်ချက်တွင် ပြည်သူတို့၏ အကျိုးစီးပွါးကို ဖေါ်ဆောင်သည့် အချက် တစုံတရာ မပါရှိပဲ သူတို့အာဏာတည်မြဲရေးကိုသာ အာမခံချက် ရစေရန် ဆောင်ရွက် နေခြင်းသာ ဖြစ်ခြင်း။

၎။ထို ROAD MAP ခုနှစ်ချက် အတိုင်းသွားနေခြင်းသည် အသစ်ဖေါ်ဆောင်ရန် သို့ ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်နေခြင်း မဟုတ်ပဲ ယခင်ကဲ့သို့ အာဏာကို စစ်အာဏာရှင် များကပင် ပုံစံအသစ်ဖြင့် ဆက်လက် အုပ်ချုပ်သွားရန် ၁၉၇၄ခုနှစ်က လမ်းကြောင်းအတိုင်း ဆောင်ရွက် နေခြင်းသာ ဖြစ်ခြင်း။

စသည့် အချက်များကြောင့် ထို၂၀၁၀ ရွေးကောက်ပွဲသည် ယခု မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခက်အခဲ များကို ပြေလည်စေမည့် ထွက်ပေါက်မဟုတ်ပဲ မြန်မာပြည် အတွက် ဆိုးရွားသည့် စစ်ကျွန် သံသရာကို တပတ်ပြန်လည်စေမည့် အတုအယောင် ရွေးကောက်ပွဲ သာဖြစ်သည်ဟု ကျွန်ုပ်တို့ မြန်မာ နိုင်ငံသား များက ရှုမြင်ကြပါသည်။

ထိုအတုအယောင် ရွေးကောက်ပွဲကို တားဆီးပေးရန်နှင့် မြန်မာပြည်၏ ပြသနာ အရပ်ရပ်ကို ပြေလည်အောင် ဖြေရှင်းနိုင်မည့် တခုတည်းသော နည်းလမ်းဖြစ်သည့် စစ်မှန်သော တွေ့ဆုံ ညှိနှိုင်း အဖြေရှာကြရေး ဖြစ်ပေါ်လာစေရန်သည် မြန်မာပြည်အတွက် အဓိက လိုအပ်ချက် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဒုက္ခဆင်းရဲများကို နှစ်ရှည်ကြာ ခံစားနေရသော မြန်မာနိုင်ငံသားများ အပေါ် လူသားချင်း စာနာထောက်ထားမှု တရပ်ကို ပြသသော အနေဖြင့် ပြည်သူလူထုများအား စစ်ကျွန်ဘဝသို့ အပြီးတိုင် သွတ်သွင်းမည့် အတုအယောင် ရွေးကောက်ပွဲကို အပြီးတိုင် ရပ်တန့်ပစ်ရန် နှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဖြစ်ပေါ်လာစေရန် အတွက် နအဖ စစ်အာဏာရှင်များကို ဝိုင်းဝန်း ပိတ်ဆို့ဖိအားပေးခြင်း၊ ပြစ်တင်ဝေဖန် ရှုံချခြင်း စသည်တို့ကို ဒိမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစား တန်ဘိုးထားကြသော နိုင်ငံ တကာ အသိုင်းအဝိုင်းများ အားလုံးက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် ပေးကြပါရန် ယခု လက်မှတ်ရေးထိုးသူ မြန်မာနိုင်ငံသားများက မြန်မာပြည်သူ လူထု တရပ်လုံး ကိုယ်စား လေးစားစွာ မေတ္တာရပ်ခံ တောင်းဆို အပ်ပါသည်။

မှတ်ချက်။ ။ ၂၀၀၉ စုစည်းလှုပ်ရှားမှုကော်မတီမှ ကမကထပြုလုပ်၍ နိုင်ငံသားအားလုံးပါဝင်နှိုင်သည့် လှုပ်ရှားမှုဖြစ်ပါသည်။ သင့်အနေနှင့်လည်း နိုင်ငံသားတဦးအနေနှင့် အမှန်တရားအတွက် အောက်ပါလင့်ခ် အတိုင်း လက်မှတ်ထိုးနှိုင်ပါသည်။
http://www.petitiononline.com/cac2009/petition.html


ကိုယ်တိုင်စာရွက်ပေါ်တွင် လက်မှတ်ထိုးရန်...

Sunday, February 22, 2009

သန်းရွှေ၊ မောင်အေး ဖြုတ်ချရေး စီမံချက်

အောင်လင်းထွဋ် (ထောက်လှမ်းရေးအရာရှိဟောင်း)
(www.saffrontoward.blogspot.com ဘလော့ဂ်အီးမေးလ်သို့ ရောက်ရှိလာသည့် ပို့စ် အား ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။)

သတင်း

၁။ မြန်မာ့တပ်မတော်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော အရာရှိကြီးများ၊ အရာရှိငယ်များ၊ အခြားအ ဆင့် များသည် လက်ရှိ မြန်မာနိုင်ငံကို အုပ်ချုပ်နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့၏ ခေါင်းဆောင်မှုကို စိတ်ပျက်လျက်ရှိပါသည်။

၂။ အထက်ပါ သန်းရွှေနှင့်မောင်အေးတို့ကို ဖြုတ်ချပြီး အခြားစစ်ခေါင်းဆောင်တဦးကို ခေါင်းဆောင်တင်ပြီး နောက် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ အဖြစ် ဖြစ်စေလိုကြောင်း သိရပါသည်။

ရည်ရွယ်ချက်

၃။ သန်းရွှေနှင့် မောင်အေးကို ဖယ်ရှားပြီး တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ပူးပေါင်းကာ မြန်မာနိုင်ငံ အား ဒီမိုကရေစီကျင့်သုံးသော နိုင်ငံဖြစ်စေရန်။

လုပ်နည်း

၎။ အကြမ်းဖျင်း စီမံချက်။

(က) တပ်မတော်သားများ အတွေးအခေါ်ပြောင်းလဲရေး
(ခ) တပ်မတော်သားများနှင့် ၄င်းတို့မိသားစုများအား အနာဂတ်မျှော်လင့်ချက်များ ပေးရေး
(ဂ) စစ်ခေါင်းဆောင်များ၏ မသမာမှုများကို တပ်မတော်သားများအား အသိပေးရေး
(ဃ) တိုင်းပြည်၏ ဘဏ္ဍာများကို အလွဲသုံးစား ပြုလုပ်နေသော စစ်ခေါင်းဆောင်ကြီးများ၏ လုပ်ရပ်ကို ဖော် ထုတ် ရေး
(င) စစ်ခေါင်းဆောင်ကြီးများ၏ မိသားစုနှင့် တပ်မတော်သား မိသားစုများ၏ ဘ၀ကို နှိုင်းယှဉ်ပြသရေး
(စ) ပြည်တွင်းပြည်ပ အစိုးရ၊ အတိုက်အခံအဖွဲ့အစည်းများအပေါ် ယုံကြည်နားလည်မှုရရှိရေး
(ဆ) မြန်မာနိုင်ငံသား ပြည်သူလူထုအား စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေး၊ တပ်မတော်သားတို့တွင်လည်း တာ ၀န်ရှိကြောင်း အသိပေးရေး
(ဇ) စစ်ခေါင်းဆောင်များ၏ မတရားသောအမိန့်များကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်သို့ ပူးပေါင်းလာရေး

၅။ အသေးစိတ် စီမံချက်။

(က) တပ်မတော်သားများ အတွေးအခေါ် ပြောင်းလဲရေး။

တပ်မတော်သားများသည် သင်တန်းများ၊ တပ်တွင်း ဆွေးနွေးပွဲများတွင်လည်းကောင်း၊ လစဉ်ဆန္ဒဖော်ထုတ်ပွဲ များတွင်လည်းကောင်း၊ တပ်မှူးကြီးများ တပ်စစ်ဆေးစဉ်အခါများတွင်လည်းကောင်း ညွှန်ကြားချက်တခုအနေ ဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် တပ်မတော်ရန်သူအဖြစ် စိတ်ဓာတ်သွင်း ပေးထားခြင်း၊ Brain Wash လုပ်ထားခြင်းကို မဟုတ်မှန်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် တပ်မတော်အပေါ် မည်သို့အကောင်းမြင်ကြောင်းနှင့် တပ်မတော်သားမိသားစုတို့အပေါ်ထားရှိသော စိတ်ကောင်းစေတနာများကို ၄င်းတို့ နားလည်သဘောပေါက်လာအောင် ပထမပြောရပါမည်။ လက်ရှိမြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေ များကို ၄င်းတို့၏ ဦးခေါင်းအတွင်း စဉ်ဆက်မပြတ် နားထောင်နေစေရပါမည်။ စစ်ခေါင်းဆောင်များ၏ လက်ရှိ ကျင့်သုံးနေသော မူဝါဒများသည် မှားယွင်းနေကြောင်းကို စဉ်ဆက်မပြတ် ဦးနှောက်ထဲထည့်ပြီး စဉ်းစားနေစေ ရန် တန်ပြန်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

(ခ) တပ်မတော်သားများနှင့် ၄င်းတို့မိသားစုများအား အနာဂါတ်မျှော်လင့်ချက်ပေးရေး

တပ်မတော်သားမိသားစုများ၏ သားသမီးများ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နေရေးထိုင်ရေး၊ စားဝတ်နေ ရေးချို့တဲ့နေမှုများနှင့် စစ်ခေါင်းဆောင်ကြီးများ၏ သားသမီး၊ မြေးများ၏ဘ၀ကို နှိုင်းယှဉ်ပြီး ဒီစစ်ခေါင်း ဆောင်ကြီးတွေသာ ပြုတ်ကျသွားလျှင် ၄င်းတို့၏ မိသားစုအနာဂါတ်ဘ၀များ မည်သို့မည်ပုံ တိုးတက်လာမည် ဆိုသည့် မျှော်လင့်ချက်များကို အသိပေးရပါမည်။

(ဂ) စစ်ခေါင်းဆောင်ကြီးများ၏ မသမာမှုများကို တပ်မတော်သားများအား အသိပေးရေး

စစ်ခေါင်းဆောင်ကြီးများ၏ မတရားမှုများ၊ ငွေကြေးအရှုပ်များ၊ မိန်းမရှုပ်ထွေးမှုများ၊ စီးပွားရေးမသမာမှုများ၊ မိ သားစုစီးပွားရေးလုပ်ငန်းများ၊ တိုင်းပြည်မှ မတရားရယူထားသော ပစ္စည်းများကို စုံစမ်းဖော်ထုတ်ပြီး တပ်မ တော် သားများအားလုံး သိစေရန်အတွက် ဆောင်ရွက်ပေးရပါမည်။

(ဃ) တိုင်းပြည်ဘဏ္ဍာများကို အလွဲသုံးစားပြုလုပ်နေသော စစ်ခေါင်းဆောင်ကြီးများ၏ လုပ်ရပ်ကို ဖေါ်ထုတ် ရေး

ဓာတ်ငွေ့၊ လယ်ယာ၊ သစ်တော၊ သတ္တု၊ သားငါးတို့မှရရှိသော ဘဏ္ဍာငွေများကို ပြည်သူလူထု၏ လိုအပ်ချက် ပညာရေး၊ ကျန်းမာရေးတို့တွင်အသုံးမပြုဘဲ အခြားနေရာများတွင် သုံးစွဲနေမှုများသည် တပ်မတော်သား မိသားစု များပါ နစ်နာနေရသည်ကို နားလည်အောင်အသိပေးရမည်။

(င) စစ်ခေါင်းဆောင်ကြီးများ၏ မိသားစုနှင့် တပ်မတော်သားမိသားစုဘ၀ကို နှိုင်းယှဉ်ပြသရေး

စစ်ခေါင်းဆောင်ကြီးများ၏ သားသမီး၊ မြေး ဆွေမျိုးများ၏ ပညာရေး၊ နေထိုင်စားသောက်ရေး၊ မတရားကြီး ပွားချမ်းသာနေမှုများ၊ မတရားမှုများ အစရှိသည့်သတင်းများကို ဖော်ထုတ်ပြသပြီး တပ်မတော်သားမိသားစု များ၏ ဆင်းရဲကြပ်တည်းမှုများ၊ နေရေးအခက်အခဲများ၊ စားသောက်ရေးအခက်အခဲများ၊ အနာဂတ်ပျောက်နေ မှုများကို မီးမောင်းထိုးပြပြီး ကွာဟနေမှုများကို အသိပေးရမည်။

(စ) ပြည်တွင်းပြည်ပ အတိုက်အခံအဖွဲ့အစည်းများအပေါ် ယုံကြည်နားလည်မှုရရေး

စစ်အစိုးရမှ သွေးခွဲထားမှုအပေါ် တပ်မတော်နှင့် အတိုက်အခံများအကြား တစုံတရာ နားလည်မှုရရှိရန် ညိနှိုင်း ပေးရပါမည်။

(ဆ) မြန်မာနိုင်ငံ ပြည်သူလူထုအားလုံးအား စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေး တပ်မတော်သားတို့တွင်လည်း တာဝန်ရှိကြောင်း အသိပေးရေး

ပြည်သူလူထုဆိုသည်မှာ တပ်မတော်သားများလည်း ပါဝင်ကြောင်း၊ တိုင်းပြည်ဒုက္ခရောက်နေသည်မှာ စစ်ခေါင်း ဆောင် များကြောင့်ဖြစ်ကြောင်း၊ စစ်ကျွန်ပြုခံနေရသူထဲတွင် တပ်မတော်သားများလည်းပါကြောင်း၊ တိုင်း ပြည်ကိုကယ်တင်ရန် တပ်မတော်သားများသည်လည်း အရေးပါကြောင်း တာဝန်ရှိကြောင်းကို စဉ်ဆက်မပြတ် အသိပေး နှိုးဆော်နေရပါမည်။

(ဇ) စစ်ခေါင်းဆောင်များ၏ မတရားသော အမိန့်များကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်သို့ ပူးပေါင်းလာရေး

အထက်ဖော်ပြပါ မကျေနပ်ချက်များကို တပ်မတော်သားတို့၏ ဦးနှောက်အတွင်း စွဲမြဲလာပြီဆိုပါက ပထမဦးစွာ မတရားသောအမိန့်များကို တပ်မတော်သားများ ဆန့်ကျင့်လာစေရန် လမ်းညွှန်မှုများ ပြုလုပ်ရပါမည်။ အမိန့်မ နာခံမှုကို စစ်သည်တစ်ဦးချင်းမှသည် တရာ၊ တထောင်၊ တသောင်း ဖြစ်လာစေရန် နည်းလမ်းပေါင်းစုံသုံးပြီး နှိုး ဆွပေးရပါမည်။ ၄င်းတို့၏ မနာခံမှုကို ပြည်သူလူထုကလည်း ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်လာလိမ့်မည် ဆိုသည့် ယုံကြည်မှုများရှိအောင် ဆောင်ရွက်ပေးရပါမည်။

အသေးစိတ်စီမံချက်များ အောင်မြင်ခဲ့ပြီဆိုပါက တပ်မတော်မှပေါ်ထွက်လာမည့် ခေါင်းဆောင်နှင့် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကြား ၀င်ရောက်ညှိနှိုင်းပြီး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး ဆောင် ရွက်ရပါမည်။

လိုအပ်ချက်များ

၆။ ခေတ်မီဆက်သွယ်ရေး အထောက်အကူပစ္စည်းများ လိုအပ်ပါသည်။ (ဥပမာ - ကွန်ပြူတာ၊ ဂြိုလ်တုဖုန်း၊ USB)
၇။ အသံလွှင့်ဌာနများမှ ထုတ်လွှင့်ချက်များကို နားထောင်နိုင်ရန် Radio များ။
၈။ စစ်ခေါင်းဆောင်ကြီးများ၏ သတင်းများ၊ လျှို့ ဝှက်ချက်များကို သိရှိနိုင်ရန် ခေတ်မီထောက်လှမ်းရေးပစ္စည်း များ။
၉။ သတင်းများရယူရေး အပါအ၀င် အထွေထွေကိစ္စများတွင် သုံးစွဲရန်အတွက် ငွေကြေးလိုအပ်ပါသည်။

နေ့စွဲ - ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ (၂၃) ရက်
နေရာ - ၀ါရှင်တန်မြို့ 

Friday, February 20, 2009

လူငယ်တို့အတွက် ဆရာအောင်သင်းအကြံပေး


နိုင်ငံရပ်ခြား မြန်မာလူငယ်များအတွက် ဆရာအောင်သင်း၏ အကြံပေးချက်
NEJ / ၂၀ ဖေဖော်ဝါရီ ၂၀၀၉

၁။ ငါမုချကြီးပွားအောင်မြင်ရမယ်ဆိုတဲ့ အဓိဋ္ဌာန်ထားပါ

လူငယ်တယောက်ဟာ အရေးကြီးဆုံးအချက်က ငါဟာမုချကြီးပွားအောင်မြင်နေရမယ် ဆိုတဲ့ အဓိဋ္ဌာန် ခိုင်ခိုင်မာမာချဖို့ အရေးကြီးတယ်။ များသောအားဖြင့် လူငယ်တွေဟာ အမှတ်မထင် အမှတ်မထင်လေးတွေ နေကြတယ်။ အဲဒီလို ခိုင်ခိုင်မာမာ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ ဆုံးဖြတ်ချက် အဓိဋ္ဌာန်ပြုခဲ့သလား။ ဝေေ၀၀ါးဝါးလေးပေါ့ အမှတ်မထင် ပဲရှိတတ်တယ်။ ခိုင်မာရမယ်ဆိုတာ။ ဘုရားရှေ့မှာ အာရုဏ်ပြုသလို အဓိဋ္ဌာန်ပြုလိုက်သလို၊ သစ္စာဆိုလိုက် သလို အဲလိုကို အဓိဋ္ဌာန်ပြုရတယ်။ အဲဒါဟာ အလွန်ကို အရေးကြီးပါတယ်။ အဲဒီအဓိဋ္ဌာန်ချက် ခိုင်မာသွားလို့ရှိရင် ကျန်တဲ့ဥစ္စာတွေဟာ သူ့ကိုယ်သူထိန်းသွားလို့ရှိတယ်။ ဘယ်သူမဆို အဲဒီလို ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါကြောင့် အဲဒီဟာက အရေးကြီးတယ်လို့ ကျနော် ပြောဆို ခြင်းဖြစ်ပါတယ်။ အဲဒါ နံပါတ် (၁) အချက်ပေါ့ နော်။

၂။ ကျန်းမာရေးကို ကိုးကွယ်ပါ

နံပါတ် (၂) အချက်ကတော့ အဲအောင်မြင်ချင်လို့ရှိရင် ကျန်းမာရေးကို ကိုးကွယ်ရတယ်။
ကိုးကွယ်ရတယ်ဆိုတဲ့စကားလုံးကို ကျနော်တကယ်ပြောတာပါ။ ကိုယ့်ကျန်းမာရေးကို
ဘယ်လောက် အရေးကြီးတယ်ဆိုတာက လူငယ်တွေဟာ အမှတ်မထင် နေတတ်ကြတယ်။ မကျန်းမာရင် ဘာမှမဖြစ်နိုင်တော့ဘူး၊ သူများကို မှီခိုနေရတဲ့ဘ၀ကို ရောက်သွားတတ် တယ်ဆိုတာကို မေ့နေကြတယ်။

ကိုယ်ကကျန်းမာနေတဲ့အခါမှာ ကျန်းမာရေးရဲ့တန်ဖိုးကို မေ့နေတတ်တယ်။ အဲဒီတော့ ဘုရားရှင်က မေတ္တာပို့တာတောင်မှ မိမိကိုယ်ကို မိမိပထမဆုံးမေတ္တာပို့ပါ လို့ပြောခဲ့တာ။ ဘာကြောင့်လဲလို့ဆိုတော့ ကိုယ့်ကိုယ်ကို ကျန်းမာမှ တခြားသူကို ဒုက္ခမပေးမိမှာပေါ့။ အဲဒီတော့ ကျန်းမာရေးကို ဂရုစိုက်တယ် ဆိုတဲ့ကိစ္စမှာ အဲဒါဟာ မေ့မေ့လျော့လျော့ ဖြစ်တဲ့အခါကျတော့ ကျန်းမာရေးနဲ့ ဆန့်ကျင်ဘက် ဥပမာ မူးယစ်ဆေးဝါး သုံးတာတွေ၊ အရက်သေစာအများကြီး သောက်တာတွေ၊ သို့မဟုတ်လို့ရှိရင် အ၀လွန်လွန်းတဲ့ အဆီအအိမ့် တမက်တမောစားတာတွေ အဲဒီဥစ္စာတွေ အကုန်လုံးကို ထိန်းချုပ်သွားရတာ။

အဲဒီဘာကိုပဲ စားသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ၊ အိပ်သည်ဖြစ်စေ၊ နေသည်ဖြစ်စေ ကျန်းမာရေးကို မထိခိုက်ရအောင် လူတွေသိပ်ကိုအရေးကြီးတယ်။ မကျန်းမာတာနဲ့ တပြိုင်နက်တည်း ကိုယ်သည် မှီခိုသော လူဘ၀ကို ရောက်သွားတတ်တယ် ဆိုတာကို မေ့နေတတ်တယ်။ အင်မတန်အရေးကြီးပါတယ် ကိုစိန်ကျော်လှိုင် အဲဒါလေးကို သေသေချာချာ အလေးနက် ကလေး ထည့်ပေးစေချင်ပါတယ် နော်။

၃။ စိတ်ဝင်စားတဲ့လုပ်ငန်း ရွေးချယ်ပါ

နောက်တခါ နံပါတ် (၃) အချက်က ကိုယ်စိတ်ဝင်စားတဲ့လုပ်ငန်းကို ရွေးချယ်ရတယ်။
ဥပမာ လျှပ်စစ်ဘက်မှာ စိတ်ထက်သန်လား၊ ဆောက်လုပ်ရေးဘက်မှာ စိတ်ထက်သန်လား သို့မဟုတ် ကွန်ပျူတာမှာလား၊ စာရေးတာမှာ စိတ်ထက်သန်တာလား အစရှိတာတို့ပေါ့နော်။ တကယ့်ကို အသက်မွေးဝမ်းကျောင်းကို ပေးနိုင်မယ့် လုပ်ငန်းတခုကို ကိုယ်ချင့်ချင့်ချိန်ချိန် ရွေးချယ်ရပါမယ်။ ကိုယ့်ဝါသနာပါတဲ့ဥစ္စာ ဟော်ဘီသဘောမျိုးပေါ့။ အပိုဝါသနာပါတဲ့ ကိစ္စမျိုးကတော့ ပန်းချီရေးသည် ဘာရေးသည်ဖြစ်စေ အသက်မွေးဝမ်းကျောင်းမျိုး မဟုတ်ဘဲ နဲ့ လုပ်ချင်တာလုပ်ပေါ့။

ဒါပေမယ့် လက်ငင်းအရေးကြီးတဲ့ ဥစ္စာကတော့ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လုပ်ငန်းကို စိတ်ဝင်စားလဲ ဆိုတာ ပထမဆုံး ရွေးချယ်ဖို့ လိုပါတယ်။ အဲဒီရွေးချယ်တဲ့ ဥစ္စာဟာ ကိုယ့်စိတ်နဲ့ ပတ်ဝန်းကျင်နဲ့ ရှိတဲ့အထဲမှာမှ ကိုယ်ရွေးလို့ ရနိုင်တဲ့ လုပ်ငန်းတွေထဲမှာ ဘယ်ဟာကို ရွေးနိုင်မလဲဆိုတာ၊ အဲဒါကို ချင့်ချိန်ရွေးချယ်ပြီးတော့ အဲဒီဥစ္စာကို နေ့နေ့ညည လေ့လာရတယ်။

၎။ ရွေးချယ်တဲ့ပညာကို နေ့နေ့ညည ကြံဆပါ

ဆက်ပြီးတော့ ပြောချင်တာက နံပါတ် (၄) အချက်က အဲဒီရွေးချယ်လိုက်တဲ့ ပညာရပ်ကို သို့မဟုတ် အဲလုပ်ငန်းကို လေ့လာတာ အဲဒါကို နေ့နေ့ညည စိတ်ထဲမှာတွေးပြီးတော့ ကြံဆနေရပါတယ်။ အဲကြံဆမနေလို့ရှိရင် အဲဒီဥစ္စာ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။ အဲဒီလို ကြံဆရင်းကနေ ဘာဖြစ်လာသလဲဆိုတော့ တခါတရံမှာ ဖြစ်သွားတတ်တာက ပထမ ရွေးချယ်ထားတဲ့ လုပ်ငန်းထက် ပိုပြီးကောင်းတဲ့လုပ်ငန်း၊ ကိုယ်နဲ့ပိုသင့်တော်တဲ့ လုပ်ငန်း တွေ့သွားတတ်တယ်။ ဒါမှမဟုတ်လို့်ရင် ကိုယ်ရွေးချယ်ထားတဲ့ လုပ်ငန်းမှာ တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်လာတတ်ပါတယ်။ အဲဒါကျနော်ပြောတာ နေ့နေ့ညည ကြံဆပါလို့ ကျနော် ပြောချင်ပါတယ်။

၅။ မိတ်ဆွေအပေါင်းအသင်းထံ တပည့်ခံဖို့ ၀န်မလေးနဲ့

နောက်နံပါတ် (၅) အချက်က အဲဒီဟာနဲ့ ပတ်သက်ပြီး လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ သိကျွမ်းတဲ့သူ၊ မိတ်ဆွေအပေါင်းအသင်း အဲဒီကနေ ဆရာတင်ဖို့ ကိုယ်က တပည့်ခံဖို့ ၀န်မလေးပါနဲ့။ နောက်ပြီးတော့ ဆိုလိုတာက မေးဖို့ဝန်မလေးနဲ့၊ ငါ့အဲဒါလေးသင်ပေးစမ်းပါကွာ ဆိုတာမျိုး ပြောတာလိုမျိုး။ ကျနော့်ကို အဲဒါလေးသင်ပေးပါခင်ဗျာလို့ အဲဒီလိုပြောတာမျိုး။ အဲဒီလို လုပ်ဖော်ကိုင်ဖက် အချင်းချင်းကဖြစ်စေ တပည့်ခံဖို့ ၀န်မလေးရဘူး။ တချို့က ဆရာတင်ဖို့ တပည့်ခံဖို့ အင်မတန် ၀န်လေးတတ်ကြတယ်။

ကျနော်ကိုယ်တိုင် ပြောရမယ်ဆိုလို့ရှိရင် ကျနော်တချို့ အပိုင်းတွေမှာကို ကျနော်တပည့်တွေ ဆီကနေ ပြန်ပြီးသင်ယူနေတာပဲ။ တပည့်တွေက ကိုယ့်ဆရာဖြစ်တဲ့အခါကျတော့ လိုလိုချင်ချင် သင်ပေးကြတယ်။ ကျနော် အဲဒီနည်းအားဖြင့် ကျနော် ပညာတွေ အများကြီးရခဲ့တယ်။ ကိုယ့်တပည့်ဆီမှာပြန်ပြီး ကျနော်တပည့်ခံခဲ့တာပါ။

အဲဒီတော့ ကိုယ့်တပည့်ဆီတောင်မှ တပည့်ခံရတယ်ဆိုလို့ရှိရင် ကိုယ့်မိတ်ဆွေ၊ အပေါင်း အသင်းဆီ ဘာဖြစ်လို့ တပည့်မခံနိုင်ရမှာလည်း။ ဒါပေမယ့် အဲတခုရှိတယ် တပည့်ခံပြီး သင်လို့ရတဲ့အခါမှာ ကိုယ်ကနှုတ်ဆိတ်ပြီးတော့ မနေပါနဲ့။ သူ့ကို ကျေးဇူးတင်ကြောင်းကို လှိုက်လှိုက်လှဲလှဲ ပြောဖို့လိုတယ်။ နောက်ပြီး ကျေးဇူးတင်ကြောင်းကိုလည်း ပြဖို့လိုပါတယ်။ ဥပမာဆိုပါတော့ သူ့ကိုကျေးဇူးတင်ကြောင်းလေး တကယ်လို့ ရပ်ဝေးမှာနေတယ်ဆိုလို့ရှိရင် ကျေးဇူးတင်ကြောင်းလေး စာနဲ့တကြောင်းလေးဖြစ်စေ၊ မင်းပေးလိုက်တဲ့ ကျေးဇူးလေးရတယ် ကွာ ငါအခုထက်ထိ ကျေးဇူးမမေ့နိုင်သေးဘူး ဆိုတာမျိုးလေး စာလေးတကြောင်းလောက်နဲ့ ဖြစ်စေ၊ ဒါမှမဟုတ် ကဒ်လေးတခုလောက် ပို့ပြီးဖြစ်စေ ၀န်မလေးပါနဲ့။ တကယ်လို့ကြုံလို့ ဖြစ်စေ သူ့ကို လက်ဖက်ရည်တခွက်တိုက်တာဖြစ်စေ၊ ထမင်းတနပ်ကျွေးတာဖြစ်စေ ၀န်မလေး ပါနဲ့။ အဲဒီဥစ္စာ တသက်တာလုံး ကိုယ့်အတွက်ကို သင်ပြမယ့်သူတွေပေါ်လိမ့်မယ်၊ လမ်းညွှန် မယ့်သူတွေ ပေါ်လိမ့်မယ်၊ အဲဒီလိုဟာမျိုး အဲဒါမျိုးဝန်မလေးပါနဲ့။

နောက်တခုက အဲလိုနည်းအားဖြင့် အပေါင်းအသင်း သိပ်ဖွံ့ဖြိုးလာလိမ့်မယ်၊ အဲဒီ အပေါင်း အသင်းက ကိုယ့်ဘ၀ တိုးတက်မှုအတွက် အမြဲစောင့်ရှောက်မယ့်သူတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော် အကြံဥာဏ်ပေးချင်ပါတယ်။ အဲဒါရပ်ဝေးမှာနေတဲ့ ကလေးတွေအတွက် ကျနော် တတ်နိုင်တဲ့ အကြံပေးချက်ပါ။ အဲဒါလေးပါပဲ ကိုစိန်ကျော်လှိုင်။

Tuesday, February 17, 2009

ဗမာ့ထွက်ပေါက် ....

ကိုဘိုးရန်

ယခုအခါတွင် ဗမာနိုင်ငံအတွင်း လက်တစ်ဆုတ်စာ အာဏာရူးတို့၏လက်ချက်ဖြင့် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးမှစ၍ လူထု၏ ကိုယ်ကျင့်တရားအပါအ၀င် ဘက်ပေါင်းစုံ ပျက်စီးယိုယွင်းကာ ထိုးဆင်းသွားသည်ကို လူထုလူတန်းစားအားလုံးရင်ဆိုင်နေရပြီဖြစ်သည်။ အမှန်တရားတွင် ရပ်တည်သည့် မည်သူကိုမဆို ဒုက္ခပေးရန် စစ်ဘီလူးတို့ဘက်မှ စနစ်တကျ ပြင်ဆင်ထားကြသည်ကို တွေ့ကြရသည်။ ထင်ရှားသည့် ၂၀၀၃ ခုနှစ် ဒီပဲရင်းလုပ်ကြံမှုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တို့ကို လူစုပြီး ဒုတ်ဒါးလက်နက်နှင့် ၀ိုင်းဝန်း တိုက်ခိုက်ကြသည့်ကိစ္စ၊ ၂၀၀၇ ခုနှစ် ရဟန်းသံဃာတို့၏ သပိတ်မှောက်ကံဆောင်မှုကို ပက်စက်စွာရိုက်နှက် ပစ်ခတ် သတ်ဖြတ်နှိမ်နင်းမှုတို့မှစ၍ နောက်ပိုင်းတွင် ဆက်တိုက် လူထုအတွက် အနစ်နာခံ၍ လူထုအကျိုးစီးပွားဆောင်ရွက်ပေးနေကြသည့် မည်သည့်ပုဂ္ဂိုလ်မဆိုတို့အား အလစ်ဝိုင်းရိုက်ခြင်း၊ ထိုသူတို့၏ အပြစ်ကင်းမဲ့သည့် မိသားစုဝင်တို့အား အနှောက်အယှက်မျိုးစုံပေးခြင်းတို့အပြင် နောင်တွင် ပြည်သူလူထုအား ထိုဒုက္ခပေးမည့်လမ်းပေါ်နေ ကလေကချေတို့က နေ့စားရသည့် မဖြစ်စလောက်ငွေနှင့် လမ်းလျှောက်စကားပြော စက်များ တကိုင်ကိုင်နှင့် ဟိုတိုင်ဒီတိုင်လုပ်နေကြပေသည်။ မိမိတို့၏ လူထုခေါင်းဆောင်များဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင်တို့အပါအ၀င် ငြိမ်းချမ်းစွာ အကြမ်းမဖက်လူထုလှုပ်ရှားမှုဆင်နွှဲမှုကို လိုလားသူတို့မှာ တနေ့တခြား တဘက်က ပြင်ဆင်ထားသည့် ယုတ်မာပက်စက်မှုတို့ကို ရန်တုန့်ပြန်မည့် အနေအထားမရှိပေ။ ထိုပုဂ္ဂိုလ်များထဲမှ အချို့အနေနှင့် ၀ိုင်းရိုက်ခံရခြင်းအပါအ၀င် နည်းမျိုးစုံနှောက်ယှက်မှုတို့အား တွေ့ကြုံခဲ့ကြရပြီးဖြစ်သကဲ့သို့ နောင်တွင်လည်း ထိုမိုက်မဲသည့် တကိုယ်ကောင်းသမား လက်မရွံ့တို့အနေနှင့် ဆထက်ထမ်းပိုး ဆက်လက်ဒုက္ခပေးနေဦးမည်မှာ သေချာသည်။

ဗမာပြည်၏ တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေးအပြောင်းအလည်းမှာ တရားမျှတမှုမရှိသည့် ထိုလက်တစ်ဆုတ်စာ နအဖတို့အလိုကျအဓမ္မရေးဆွဲအတည်ပြုထားသည့် (ဖွဲ့စည်းပုံအခြေခံဥပဒေဟု ၎င်းတို့ပြောနေသည့်) ကိုယ်လိုရာ ကျူးရှင်း နောက်ဆက်တွဲ မျိုးစေ့မမှန်သည့် ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမည်မဟုတ်ပါ။ စစ်မှန်သည့် လူထုခေါင်းဆောင်များအနေနှင့် 'ဖာ' ပါးစပ်ကဲ့သို့ အခုတမျိုးနောက်တမျိုးလျှောက်ပြောသည်မဟုတ်သည့်အတွက် ထိုမတရားအနိုင်ကျင့်အုပ်ချုပ်မည့် စစ်ခေါင်းဆောင်များနှင့် လုံးဝကင်းဝေးစေရေးအတွက် စစ်သားများအပါအ၀င် ဗမာ့တိုင်းရင်းသားပေါင်းစုံအနေနှင့် ၁၉၉၀ ပါတီစုံရွေးကောက်ပွဲတွင် ရင်ကော့မဲထည့်ပြခဲ့ပြီးဖြစ်သည်မဟုတ် ပါလော။ နီးရာဓားကို ကြောက်ရသည့်အတွက် ခေါင်းငုံခံခဲ့မှုက ယနေ့အခါ ထိုအရူးတစုလက်ထဲတွင် မိမိတို့အားလုံး၏ ကံကြမ္မာကို ပုံအပ်ထားသလိုဖြစ်နေပြီး ဗမာပြည်၏ သက်ရှိသက်မဲ့အားလုံးသည်လည်း မျောက်လက်ထဲရောက်နေသည့် အုန်းသီးကဲ့သို့ဖြစ်နေပေပြီ။ အာဏာ၏ အရသာကို သိနေသည့် ၎င်းအာဏာ ရူးတို့အနေနှင့် နောက်ပြန်လှည့်တော့မည့် ပုံစံလုံးဝမရှိသည်ကိုလည်း မိမိတို့ မြင်နေရသည်။ ထိုအခါ မိမိတို့အားလုံး တယောက်နှင့် တယောက်ဆုံတိုင်း မေးလေ့ရှိသည့် မေးခွန်းက "ဘာလုပ်ကြမလဲ" ဆိုသည့်မေးခွန်းပင်။

ဘာတခုမျှ အပေးအယူမရှိသည့် နအဖ မိစ္ဆာတို့အား အဖွဲ့ပေါင်းစုံမှ မေတ္တာရပ်ခံစာ၊ တောင်းဆိုစာများထုတ်၍ အကြိမ်ကြိမ်တောင်းဆိုလာကြသည့်အထဲတွင် ကမ္ဘာ့ကုလသမဂ္ဂနှင့်အတူ နိုင်ငံတကာအဖွဲ့ပေါင်းစုံတို့ ပါလာသည့် တိုင် ဘာတစ်ခုမျှလုပ်ပေးခဲ့ဘူးသည်မရှိသည့်အတွက် နောက်နောင်တွင်လည်း ထိုတောင်းဆိုရေးလုပ်ငန်းစဉ်က လုံးဝအလုပ်ဖြစ်တော့မည်မဟုတ်ဟု ထင်သည်။ လက်ရှိအနေအထားတွင် ပြည်သူတို့အမျှော်ကြီးမျှော်ခဲ့ကြသည့် အမေရိကန်အပါအ၀င် အနောက်နိုင်ငံအတော်များများ စီးပွားရေးပြဿနာအပါအ၀င် ပြဿနာပေါင်းစုံနှင့် နပန်း လုံးနေရသည့်အတွက် ဒီနှစ်များအတွင်း ပြည်ပမှ ပြည်တွင်းအပြောင်းအလည်းတစုံတရာမရှိဘဲ ထိထိရောက်ရောက် ၀င်ရောက်ဖြေရှင်းပေးနှိုင်မည့် အနေအထားမရှိပါ။ လူထုအနေနှင့် ကိုယ့်အားကိုယ်ကိုးခြင်းသည်သာ အကောင်းဆုံး ဖြေရှင်းမှုတရပ် ပေါ်ထွက်လာနှိုင်မည်ဟု ယူဆပါသည်။

တခုခုလုပ်မည်ဟုစဉ်းစားတိုင်း ခေါင်းထဲရောက်လာသည့်မေးခွန်းမှာ ကိုယ့်လူထုထဲက တက်ကြွသည့် လူငယ် ကျောင်းသားပြည်သူတို့အား ထပ်မံဆုံးရှုံးမှုတွေ ဖြစ်ရဦးမလားဟူ၍ပင်။ သို့သော် ဒီအတိုင်းထိုင်နေခြင်းဖြင့်လည်း ဗမာလူမျိုးတို့အား နောင်အနှစ် ၂၀ လောက်တွင် (နောက်ပြန်သွားနေသည့် တလွဲစံနစ်၏ ရလာဒ်အနေနှင့်) ကျောက်ခေတ်ကကဲ့သို့ သစ်ရွက်များပတ်၍ ပြန်တွေ့မြင်ရမည့်အရေးလည်း မမြင်လိုပေ။ ဗမာပြည်၏ အကောင်း အဆိုးအဆုံးအဖြတ်အတွက် အချိန်ကလည်း ကိုယ်လုပ်ချင်တာကိုယ် ဖြစ်ချင်ရာဖြစ် လုပ်နေကြသည့် စစ်မိစ္ဆာ အာဏာရူးတို့၏ ၂၀၁၀ ရွေးကောက်ပွဲကြေညာချက်ကြောင့် တနှစ်သာ ကျန်ရှိတော့သည်။ ထိုအခါ ကိုယ်ထိခိုက် ဆုံးရှုံးမှု လုံးဝမရှိမည့် သို့မဟုတ် ဆုံးရှုံးမှုအနည်းအကျဉ်းသာရှိမည့် လှုပ်ရှားမှုတို့ကို ဖော်ဆောင်ကြရတော့မည်ကို အမျိုးချစ်သည့် နိုင်ငံသားတိုင်း နားလည်သင့်သည်။

သေနတ်ပြောင်းများအောက်တွင် လူထုလှုပ်ရှားမှုကို ဖော်ဆောင်နေကြသူတို့အား လှိုက်လှိုက်လှဲလှဲ လေးစား ကျေးဇူးတင်ပါသည်။ လူထုတိုက်ပွဲ အင်အားကောင်းသည်နှင့် ကော်မီတီတရပ်အမြန်ဖွဲ့ရန် လိုအပ်ပါသည်။ သို့မှသာ ပြင်ပရောက် အဖွဲ့အစည်းများအပါအ၀င် တသီးပုဂ္ဂလတို့အနေနှင့် အင်အားကောင်းကောင်း ထောက်ပံ့မှု ပေးနှိုင်မည်ဟု မျှော်လင့်သည်။ ထိုလူထုလှုပ်ရှားမှုနှင့် တပြိုင်တည်း လိုက်ပါလုပ်ဆောင်မည့် နအဖ အုပ်ချုပ်ရေး ယန္တရားတို့အား ရပ်တန့်သွားအောင် လုပ်ဆောင်ကြမည့် အလုပ်သမား၊ လယ်သမားများအပါအ၀င် လူထု လူတန်းစားတို့လိုအပ်သည်။ အမျိုး၊ ဘာသာ၊ သာသနာအတွက် ပုံမှန်လမ်းကြောင်းမှ ခွဲထွက်၍ မထင်မှတ်သည့် လှုပ်ရှား မှုတချို့ကို စတင်ရေးက အာဏာရူးတို့၏ အိပ်မက်အား စတင်ပျက်ပြယ်စေမည်ဖြစ်သည်။

လုပ်သမျှဖြစ်နေသူတို့အနေနှင့် ဘ၀င်မြင့်၍ ဘာမဆိုလုပ်၍ဖြစ်သည်ဟုယူကာ ရမ်းကားနေပေဦးမည်။ လူထု လှုပ်ရှားမှုမပေါ်ပေါက်မီ ဘယ်သူသေသေငတေမာလုပ်၍ ပြည်သူတို့၏ လုံခြုံမှုကို ရမ်းကားခြိမ်းချောက် နေကြသည့် ကြံ့ဖွတ်နှင့် စွမ်းအားရှင်ဆိုးတို့အား လစ်လျှင်လစ်သလို ပြည်သူ့တရားစီရင်မှု လုပ်သင့်သည်။ ပြည်တွင်းရှိ လူငယ်ထုအနေနှင့် စနစ်ကျကျစ်လစ်သည့် အဖွဲ့ငယ်များဖွဲ့စည်းကာ အဆက်အစပ်ရှိရှိ ဖြစ်နှိုင်ပါက တပြိုင်နက် လုပ်ကြံသတ်ဖြတ်ဒုက္ခပေးခြင်းက လောလောဆယ် အလွယ်ကူဆုံးဖြစ်သည့် တဘက် စစ်အုပ်စုက အရေးလုပ်၍ လက်နက်ကိုင်အစောင့်အရှောက်များနှင့်ထားသည့် ပစ်မှတ်များမဖြစ်သဖြင့် လွတ်လပ်သည့်ပစ်မှတ်ဖြစ်သည် ဟု ယူဆသည့်အပြင် လက်ရှိအနေအထားတွင် အကောင်းဆုံး လုပ်ငန်းဖြစ်နေပေသည်။ အချိန်တိုအတွင်း များများ လှုပ်ရှားနှိုင်ပါက နယ်ဒေသများသို့ပါ ထိုစဉ်းစားချက်ပြန့်နှံ့သွားမည်ဖြစ်ပြီး နအဖ မကောင်းဆိုးဝါးတို့အတွက် ဘယ်လက်ရုံးပြုတ်သွားမည့် လုပ်ငန်းဖြစ်ကာ ထိုပစ်မှတ်ဖြစ်သည့် သားကောင်တို့အနေနှင့် မိမိအိမ်မိမိ မပြန်ရဲ လောက်အောင် ထိရောက်မည်ဖြစ်ပြီး မိမိတို့လျှို့ဝှက်နှိုင်သည့်အနေအထားအပေါ် ရဲဘော်များ၏ လုံခြုံရေး အနေအထားပိုမိုရှိပြီး လူထုရန်သူဖြစ်သည့် နအဖအနေနှင့် အဆုံးအရှုံးအလွန်ကြီးမားမည့် တိုက်ကွက်ပင်ဖြစ်သည်။ နိုင်ငံတကာမှ အူဇီလိုသေနတ်မျိုးရှာရန်မလို အနီးကပ်လုပ်ရဲသူရှိက သို့မဟုတ် လုပ်၍ဖြစ်နှိုင်သည့်အနေအထားရှိက အချွန်အတက်တခုခု (ဥပမာ- ဆန်အိတ်ထိုးသည့် ကလောင်) ဖြင့်အဆုံးစီရင်ရန်ပင်။ ထိုအခြေအနေမဖြစ်နှိုင်ပါက ဂျင်ဂလိ (သို့) လောက်လေးခွအတွင်း စက်ဘီးကုန်းသီးထည့်ပစ်ခြင်း စသည့်အဝေးမှ တိုက်ခိုက်နည်းသုံးရန် ဖြစ်သည်။ အကုန်အကျ သိပ်မရှိ မထင်မှတ်ထားသည့်အချိန်တွင် ပစ်မှတ်ကို ထိရောက်သည့်တိုက်ခိုက်မှု လုပ်နှိုင်သည့်အနေအထားဖြစ်သည်။ ထိုလူရမ်းကားများအား နောက်ပိုင်းတွင် ရဲအဖွဲ့နှင့် စစ်တပ်မှ ရဲဝင်း၊ တပ်ဝင်းများအတွင်း ခေါ်မထားချင်ကြသည့်အတွက် နောင်တွင်ထိုကဲ့သို့သော လမ်းပေါ်တွင် နအဖအတွက် လုပ်ချင်ရာလုပ်ရန် အလွယ်တကူခေါ်ယူနှိုင်သည့် ခွေးလေခွေးလွင့်များကင်းစင် သွားမည့်အတွက် လာမည့် လူထု လှုပ်ရှားမှုအတွက် အန္တရာယ်တခုကင်းသွားမည်သာဖြစ်သည်။ ယခုတိုက်ပွဲတွင် သင့်ကိုအလိုရှိသည်။ သိပ်မစဉ်း စားပါနှင့် မြန်မြန်လေးလုပ်ကြဘို့လိုပါသည်။ စနစ်တကျစီစဉ်ပါ။ လူအင်အားများစွာပါလာမှ စနှိုင်မည့်ကိစ္စမဟုတ်ပါ။ အားလျော့နေသည့် လူထုကို အားတက်မှုပေးပါ။ မိမိလုံခြုံရေးကိုဂရုစိုက်၍ အန္တရာယ်အများဆုံးအဆိပ်ပင်ကို သင်ရှင်းပါ။ လက်တွေ့ဖြစ်နှိုင်တာကို စဉ်းစားလုပ်ပါ။ ဗမာ့လွတ်မြောက်ရေးအတွက် လူတိုင်းမှာတာဝန်ရှိပါသည်။ သင့်ကို အားလုံး ၀မ်းမြောက်စွာကြိုဆိုကြပါလိမ့်မည်။ လက်နက်ကိုင်တို့အနေနှင့် ၎င်းတို့၏ အတင်းတွယ် ကုတ်နေရသည့် ရပ်တည်မှုကို ခြိမ်းချောက်နှိုင်သည့် လက်နက်တို့ကိုကြောက်ပါသည်။ မြို့ပြပျောက်ကျားတိုက်ပွဲက မည်သည့်အနေအထားဖြင့် စတင်လာသည်ဖြစ်ပစေ ထိုလက်တဆုတ်စာ စစ်ဘီလူးတို့ကြောက်ပါသည်။ သင့် လက်သည်မပေါ်သည့်အလုပ်ကလည်း လုပ်ချင်ရာလုပ်နေသည့် နအဖအတွက် တိုက်ပွဲခေါ်သံတရပ်ဖြစ်ပေ တော့မည်။ ယင်းတိုက်ပွဲခေါ်သံက လက်ရှိအနေအထားတွင် အပြောင်းအလည်းတခုကိုစတင်နှိုင်မည့် မရှိမဖြစ် လိုအပ်နေသည့်အရာသာ ဖြစ်ပါကြောင်း။

မိမိလုံခြုံရေးသည် ပထမ၊ မိမိလုံခြုံရေးသည် ဒုတိယ၊ မိမိလုံခြုံရေးသည် တတိယ။

၁၇၊ ၂၊ ၂၀၀၉

Monday, February 16, 2009

ဖိုးတုတ်ကို မျိုးဖြုတ်ကြ


Type your summary here

Type rest of the post here

Saturday, February 14, 2009

မြန်မာပြည်အခြေအနေတိုးတက်ရေး အမေရိကန် အာရှနဲ့ ညှိနှိုင်းလုပ်ဆောင်လို

ဗွီအိုအေ၊ ဖေဖော်ဝါရီလ ၁၄ ရက် ၂၀၀၉

သမ္မတ ဘားရက် အိုဘားမား အစိုးရသစ်က အာရှနိုင်ငံများနဲ့ ဆက်ဆက်ဆံဆံလုပ်ကာ မြန်မာပြည်က စီးပွားရေးနဲ့ လူ့အခွင့်အရေး အခြေအနေများ တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က သောကြာနေ့မှာ ဗွီအိုအေကို ပြောပြပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ဖို့ နိုင်ငံ တကာက တိုက်တွန်းတောင်းဆိုနေတာကို လျစ်လျူရှုပြီး စစ်အစိုးရက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ဒုတိယ ဥက္ကဌ ဦးတင်ဦး မနေ့က နေအိမ်အကျယ်ချုပ်ချ သက်တမ်း နောက်ထပ်တစ်နှစ် တိုးလိုက်ပါတယ်။ အသက် ၈၂ နှစ်အရွယ် ဦးတင်ဦးဟာ အဲန်အယ်လ်ဒီ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လိုပဲ ၂၀၀၃ ခုနှစ်ကတည်းက နေအိမ်အကျယ်ချုပ် ကျခံနေရတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့ အစိုးရထံ တိုက်တွန်းတောင်းဆိုတဲ့ လက်မှတ်များ စတင်စုဆောင်းပြီး နောက်တနေ့ မှာပဲ မြန်မာစစ်အစိုးရက အဲန်အယ်လ်ဒီ ဒုတိယ ဥက္ကဌ ဦးတင်ဦး ရဲ့ နေအိမ်အကျယ်ချုပ်ချ သက်တမ်း တစ်နှစ်ထပ်တိုးလိုက်တာပါ။ အဲန်အယ်လ်ဒီ က သူတို့ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အသိအမှတ်ပြုတဲ့အချိန်၊ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေပါပြီ။

ကုလသမဂ္ဂ နဲ့ ဂျပန်နိုင်ငံတို့က အဲဒီရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံနိုင်တဲ့ အနေအထားနဲ့ ပြုလုပ်သင့်ကြောင်း ပြောဆိုကြပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိပြီး ၁၉ ရက်နေ့အထိ နေထိုင်ပြီး သူ အရင်က သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်မှု ရှိသလားဆိုတာ လေ့လာဖို့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်လုပ်ဖို့ ထောက်ခံတင်ပြထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေခံအချက် ၄ ချက်ကို ဘယ်လောက်အထိ လုပ်ဆောင်ပြီးပြီလဲ ဆိုတာကို စစ်အစိုးရ တာဝန်ခံများနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ ဆိုပါတယ်။