Wednesday, March 2, 2011

သတင်းအတိုအထွာများ

ဗိုလ်ချုပ်ကိုကိုအား ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေသည်မှာ ယခုဆိုလျှင် ၄ ရက်ခန့်ရှိနေပြီဖြစ်သည်ဟု နီးစပ်သည့် အသိုင်းအ၀ိုင်းမှပြောပြ၍ သိရှိရသည်။

လွန်ခဲ့သည့် ၆ ရက်လောက်က ဓါတုစက်ရုံရှိ ကကကိန်း အရာရှိ (၇) ဦးနှင့် ရဲဘော် (၂၀) ကျော်အားဖမ်းဆီးထားသည်ဟု အခြားအဆင့်ရဲဘော်တဦးမှဆိုသည်။

ရဲထောက်လှမ်းရေး SB မှ ဒုဗိုလ်မှူးကြီးမျိုးသူရစိုးအား ဖမ်းဆီးထားကြောင်းကြားသိရသည်။

လက်ရှိထိုင်းစစ်သံမှူး ဗိုလ်မှူးကြီး ၀င်းမောင်ကို ရာထူးမှဖယ်ရှား၍ ထိုတာဝန်အား ဗိုလ်မှူးကြီးတင်အောင်မိုးအား ထည့်သွင်းမည်ဟု သံတမန်အသိုင်းအ၀ိုင်းက ဆို။

မကြာမီကဗုန်းပေါက်ကွဲမှုမသင်္ကာမှုဖြင့် မဆိုင်သူလူငယ် ၃ ဦးကိုဖမ်းဆီးထားသည်။ ၎င်းတို့မှာ လှိုင်သာယာ ၁၁ ရပ်ကွက်နေ ကိုစည်သူ၊ ကိုသက်နိုင်နှင့် ကိုနေ၀င်းတို့ဖြစ်ကြကြောင်း တရပ်ကွက်တည်းနေထိုင်သူတို့မှ သတင်းပေးပို့ထားသည်။

No comments:

Post a Comment