Saturday, January 29, 2011

သတင်းအတိုအထွာ

ရွေးကောက်ပွဲနေ့ကစပြီး ဆန့်ကျင်ပုန်ကန်နေတဲ့ ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA အား အပြီးသတ်နှိမ်နင်းရန် နအဖ စစ်အစိုးရအနေနှင့် စစ်ကူတပ်အင်အားများစွာကို ပို့ပေးခဲ့သော်လည်း ဒေသ တွင်းရှိ ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦး ABSDF တို့၏ ထိရောက်သည့် ပူးပေါင်းစစ်ဆင်မှုကြောင့် အကျအဆုံးအထိအခိုက်များကာ မျှော်လင့် ထားသည့်အချိန်အတွင်း အောင်မြင်မှုမရရှိသဖြင့် ယခုအခါ ထိုဒေသများအတွင်းသို့ အောက်လမ်းနည်းများ ဖြင့် တိုက်ခိုက်ရန် စီစဉ် ဆွေးနွေးလျှက်ရှိကြောင်းသိရှိရသည်။ နအဖတွင်ရှိသည့် ယာဉ်တင်လက်နက်ကြီး များမှာလည်း သွားလာမှုအခက် အခဲကြောင့် ဆုံးရှုံးမှုဖြစ်နှိုင်သဖြင့် ကရင်ပြည်နယ်ရှိ ပူးပေါင်းခံစစ်ဆင်နွှဲ နေသည့် တော်လှန်ရေးဒေသအတွင်း နေရာချထားရန်အခက်အခဲဖြစ်နေသည်။ ထို့ကြောင့် နအဖအနေနှင့် အထူးဖျက်ဆီးရေးတပ် အနေနှင့်ဖွဲ့စည်းကာ တော်လှန်ရေးဒေသအတွင်းရှိ ပြည်သူလူထုများအပါအ၀င် တော်လှန်ရေးအဖွဲ့သားများ ခြေမချနှိုင်စေရန် ဇိဝလက်နက်ကဲ့သို့သော လက်နက်များအသုံးပြုဖြိုခွင်းရေး ပြင်ဆင်ဆွေးနွေးလျှက်ရှိကြောင်း သိရှိရသည်။ ထိုအစီအစဉ်တွင် တော်လှန်ရေးတပ်ဖွဲ့များ နေထိုင်သည့် ဒေသအတွင်းရှိ အသုံးပြုလျှက်ရှိသည့် ချောင်းမြောင်းများအတွင်း အဆိပ်ခတ်ရန်အထိပါဝင်ကြောင်း သိ ရှိရသည်။ ဗမာနိုင်ငံတွင် န၀တ နအဖ စစ်အုပ်ချုပ်ရေး စတင်သည့် ၁၉၈၈ မှစ၍ ကျန်းမာရေးအကြောင်းပြ ချက်ဖြင့် နိုင်ငံတကာမှ တရားဝင် ဇိဝပစ္စည်းများအား သွင်းယူစမ်းသပ်နေသည်မှာ ကြာမြင့်နေပြီဖြစ်သကဲ့သို့ မာနယ်ပလောစစ်ဆင်ရေးနောက်ဆက်တွဲ ၀မ်ခစစ်ဒေသများကို ထိုးစစ်ဆင်ရာတွင် နအဖ အနေနှင့် အဆိုပါ ဇီဝလက်နက်များကို အသုံးပြုသွားကြောင်း အထောက်အထားရှိခဲ့သည်။

ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးအား အရပ်ဘက်သို့တိုက်တွန်းပို့ဆောင်ရေးကြိုးပမ်းနေစဉ် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးအနေနှင့် လက်မခံနှိုင်ဘဲ တပ်မတော်ရာထူးမှနှုတ်ထွက်သွားသည်ဟု မိမိတို့သတင်းအဆက် အသွယ်များထံမှ သိရှိရသည်။

Tuesday, January 18, 2011

သတင်းအတိုအထွာများ

ကာကွယ်ရေးဝန်ကြီးဌာနစီမံကိန်း (ကကကိန်း) မှ ဗိုလ်ကြီးအဆင့်မှ ရဲဘော်အထိ စုစုပေါင်းလူဦးရေ (၇၀) ခန့်အား အင်ဂျင်နီယာတပ်များသို့ခေါ်ယူ၍ ပဲခူးတိုင်းအနောက် ပေါက်ခေါင်းမြို့နယ်မှ အရှေ့ဘက် ၇ မိုင် အကွာရှိ စက်ရုံသို့ ပြောင်းရွှေ့တာဝန်ပေးလိုက်သည်ဟု သိရှိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ သတင်းတပ်ဖွဲ့နှင့် ထလရ (နိုင်) ရဲတပ်ဖွဲ့များအား အထူးလေ့ကျင့်သတိပေးလျှက် ရန်ကုန်တိုင်းအတွင်းရှိ နအဖဆန့်ကျင်လှုပ်ရှားလျှက်ရှိသည့် UG အဖွဲ့ပေါင်း ၁၁ ဖွဲ့အား အမြန်ဆုံးရှာဖွေဖော် ထုတ်ဖမ်းဆီးနှိုင်ရန် ရန်ကုန်တိုင်းရဲမှူးကြိး အောင်နိုင်သူမှ အမိန့်ပေးထားရှိကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းမင်္ဂလာဒုံမြို့နယ်တွင် အခြေစိုက်ထားသည့် ပင်မယာဉ်သိုလှောင်ရေးတပ်နှင့် ထောက်ပံ့ပို့ဆောင် ရေး (ကကပံ့)မှ တစ်နေ့လျှင် ရိက္ခာတင်ယာဉ်တန်း (၁၅) စီးခန့် အနည်းဆုံးထွက်နေသည်မှာ ၄ ရက်ခန့်ရှိပြီ ဖြစ်ကြောင်း တပ်မတော်သားတဦး၏ အဆိုရ သိရှိရသည်။

၂၀၁၁ ခုနှစ် ဇန္န၀ါရီလ ၁၆ ရက် နံနက် ၃ နာရီအချိန်တွင် ရန်ကုန်မှ နေပြည်တော်အမြန်လမ်းမကြီးအတိုင်း လုံခြုံရေးပွိုင့်ကား ၂ စီးနှင့် စစ်သား ၃၀ ခန့်စီပါသည့်ကားနှစ်စီးတို့ ဓါတ်ငွေ့ဖိုဟုယူဆရသည့်ပစ္စည်းများတင်ဆောင်ထားသည့် ၁၆ ဘီးကားကြီး ၃ စီးတို့ မောင်းနှင်သယ်ဆောင်သွားကြကြောင်း မြင်တွေ့ခဲ့ကြ သည့် ခရီးသွားကားသမားနှင့် ခရီးသည်တို့ထံမှကြားသိရသည်။

Sunday, January 16, 2011

ယနေ့သတင်း

၁။ န.အ.ဖ စစ်အစိုးရမှ ကရင်ပြည်နယ် မာနယ်ပလောဒေသအား မိုးကြိုးစစ်ဆင်ရေးအမည်ဖြင့်၎င်း၊ ဝေါလေဒေသအား သန်လျှက်စစ်ဆင်ရေးအမည်ဖြင့်၎င်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု နေပြည်တော် စ.ရ.န ရုံးတွင်းသတင်းအရ သိရှိထားသည်။

၂။ ၂၀၁၀ ဧပြီလက X2O သင်္ကြန်မဏ္ဍပ်ဗုံးခွဲမှုဖြင့် မတရားထောင်ချခံထားရသော စာရေးဆရာလင်းယုန် မောင်မောင်၏မြေး ကိုဇေယျအား စစ်ခွေးတိုက်တွင် ညှဉ်းပမ်းနှိပ်စက်မှုအား ထောင်အာဏာပိုင်တို့က ရပ်တန့်ပေးခြင်းမရှိသည့်အတွက် အင်းစိန်ထောင် ၄တိုက်မှ နေလင်းအောင် BAJF၊ သန့်ဇင်ထွန်း BAJF၊ ၅တိုက်မှ ဇော်မင်းထွန်း NLDနှင့် ၆တိုက်မှ အောင်ကို GW၊ အောင်မိုးလွင် NLD တို့ဦးဆောင်၍ ယနေ့မနက် ပိုင်းမှစတင်ကာ အစာငတ်ခံဆန္ဒပြနေကြကြောင်း သိရှိရသည်။

၃။ မြ၀တီမြို့ DKBA ကလို့ထူးဗြူဟာမှူး ဗိုလ်နှုတ်ခမ်းမွှေး၏ ညာလက်ရုံးဖြစ်သည့် ၂၀၀၉ ခုနှစ်တွင် ၅(ည) ၁၉(က)(ဂ) တို့ဖြင့် ၁၃နှစ် ထောင်ချခံရသည့် ကျော်နိုင် (ခ) ကျော်ကျော်နိုင်အား ဘူးသီးတောင်ထောင်တွင် ထောင်အာဏာပိုင်တို့က မတရားနှိပ်စက်နေသည့်အပြင် အစာအိမ်ရောဂါနှင့် အဟာရချို့တဲ့သည့်ရောဂါများ အပြင်းအထန်ခံစားနေရသည်ဟု သိရှိရသည်။

၎။ အင်းစိန်သီးသန့်ထောင် အဆောင် (၁) တွင် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့ပြီး ထောင်ဒဏ် ၁၄ နှစ် ကျခံရသည့် ဦးခေမာစာရ (ခ) ချမ်းသာ၏ ကျန်းမာရေးအခြေ အနေမှာ အမှန်တကယ်ဆိုးရွားလျှက်ရှိကြောင်း သိရှိထားသည်။

၅။ ယနေ့နံနက်တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးအတွင်းရှိ ရွာငယ်တစ်ခုအား န.အ.ဖ နှင့် နယ်ခြား စောင့် တပ်ဖွဲ့ BGF မှ စတင်မီးရှို့မည်ဟု ကြားသိထားသည်။

Friday, January 14, 2011

တိုက်ပွဲသတင်းများ

ယနေ့မနက် ၁၁ နာရီကျော်လောက်တွင် မြ၀တီတံတားကျိုးဂိတ်အနီးရှိ ခလရ ၃၅၅ စခန်းကို နအဖဆန့်ကျင်သည့် တပ်ပေါင်းစုတစ်ခုမှ ၀င်ရောက်စီးနင်းရာ နအဖ တပ်သား ၆ ဦးကျဆုံး၍ အယောက်နှစ်ဆယ်ခန့် ဒဏ်ရာရရှိသည် ဟု မြန်မာ့တပ်မတော်မှ အရာရှိတဦးထံမှ သိရသည်။

ယနေ့ နေ့လည် ၁၂ နာရီနှင့် ၁ နာရီကြားတွင် မြ၀တီ- သင်္ကန်းညီနောင်ကားလမ်း ဒေါနတောင် အလယ်ဗဟိုရှိ ဆင်ဆွဲလမ်းထိပ်အနီးတွင် နအဖ စစ်သားများတင်ဆောင်လာသည့် Tiger တိုယိုတာဟိုင်းလက်စ်ကားအား ချုံခိုတိုက်ခိုက်ခြင်းခံရ၍ နယ်ခြားစောင့် တပ် Border Guard Force တပ်ရင်း ၁၀၁၈ မှ ရဲဘော် ၄ ဦးပွဲချင်းပြီး သေဆုံးကြောင်းကြားသိရသည်။

Tuesday, January 11, 2011

မြန်မာပြည်ကနေ အလွယ်တကူ proxy ကျော်ကြည့်နည်းများ

ကိုယ့်ဘာသာကိုယ် ကျော်ခွဆိုဒ် ရှာနည်း

ပြည်တွင်းက မိတ်ဆွေတွေအတွက် ကျနော်တို့ ဒီကနေ တင်ပေးလိုက်တဲ့ proxy ဆိုဒ်တွေကို ခဏခဏအပိတ်ခံနေရတဲ့အတွက် အခက်အခဲတွေ့နေသူတွေအတွက် ကိုယ်တိုင်ရှာလို့ရတဲ့နည်းလေးပါ။ google တို့ yahoo တို့မှာ appspot proxy ဆိုပြီးရိုက်ထည့်ရှာလိုက်ပါ။ Update ဖြစ်တာ အမြဲထိပ်ဆုံးမှာ တင်ပေးထားပါတယ်။ ဒါဆိုကိုယ့်စိတ်ကြိုက်ရွေးပြီး ကျော်ခွနိုင်ပါပြီ။ ဒီ appspot proxy ဆိုတဲ့ စာသားလေးပဲမှတ်ထားရမှာပါ။

Site တွေ တဆင့်ခံပြီး သုံးနည်း

ကိုယ့်ဘာသာရှာလို့ရလာတဲ့ proxy ဆိုဒ်တွေကို တဆင့်ခံသုံးပြီး ကျော်ကြည့်ရဖြစ်ပါတယ်။ proxy ဆိုဒ်တိုင်းမှာ Link လိပ်စာရိုက်ထည့်ပြီး ကျော်ဖို့ အကွက်လေးတွေ ပေးထားပါတယ် ။ အဲ့ဒီမှာ ကိုယ်ဖွင့်ချင်တဲ့ ဆိုဒ် စာကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ တော်တော်များများက သိပြီး ဖြစ်မှာပါ။

Proxy Server တွေက Proxy Number တွေကို အမြဲလိုပြောင်းလဲနေတဲ့အတွက် Proxy ကိုသုံးရမှာ ပြဿနာနည်းနည်းရှိပါတယ် ဒါကြောင့် Site တွေ တဆင့်ခံပြီး သုံးလာပါတယ်။

ဒါကတော့ Solakoko ရဲ့  IT Sharing site တစ်ခုကနေ ကူးပေးလိုက်တာပါ http://www.quigonjinn02.appspot.com/

http://quigonjinn03.appspot.com/

http://quigonjinn03.appspot.com/

http://www.october22.host22.com/

http://bumblebee.net16.net/prx/index.php

http://moomoo.net16.net/prx/index.php

http://turkeysoup.webatu.com/prx/index.php

http://www.funkysoup.webatu.com/prx/

http://www.cornpops.netai.net/index.php

http://gamerskangaroo.hostoi.com/prx/index.php

http://www.cornpops.netai.net/index.php

https://ctunnel.com/

http://polysolve.com/

ထိပ်ဆုံက လင့်ခ်တွေကနေ စမ်းသုံးကြပါ

Youtube,Blogger,Ning,Gmail ,etc.. စတာတွေအကုန်ကျော်လို့ ရပါတယ်

ကွန်နက်ရှင်တော့ နဲနဲ ကောင်းဖို့ လိုတာပေါ့

ဒါကတော့ Facebook က ကိုကြည်ဝင်းဆိုတဲ့ အကို တင်ပေးထားတဲ့ဆိုဒ်ကလေးတွေပါ

http://www.iloveim.com/

http://www.instan-t.com/

https://imo.im/

http://www.ebuddy.com/

http://www.meebo.com/

နောက်တစ်နည်းက

koKaungkhant Mintun ဆီကနည်းပါ။

ပထမဆုံးကတော့ Proxy သုံးပြီင်္း ကျော်တဲ့နည်းလေးပါ

Firefox ရဲ့  Tools>>Options>>Advanced>>Network>>Setting ကနေ Manual Proxy Setting ထဲကို Proxy နဲ့ Port ရိုက်ပြီး reload လုပ်ပြီး သုံးတဲ့နည်းပါ မသိသေးတဲ့လူတွေအတွက်ပါ။

ခုဟာက အဆင်ပြေ...တဲ့ Proxy list ကလေးပါ

IP 203.81.81.38 Port 80

IP 203.81.81.49 Port 80

IP 212.93.193.88 Port 443

IP 212.116.220.100 Port 443

IP 212.93.193.89 Port 443

IP 212.93.193.90 Port 443

IP 134.153.184.17 Port 443

IP 212.116.220.149 Port 443

IP 192.18.102.59 Port 443

IP 212.93.193.82 Port 443

IP 212.93.193.83 Port 443

IP 212.93.193.72 Port 443

အဆင်ပြေမှာပါ မပြေရင်လည်း ပြောပေါ့ဗျာ ကျော်နိုင် ခွနိုင်ကြပါစေ။
Information & Technology Network (Facebook Group)

Sunday, January 9, 2011

ယနေ့သတင်း

ဆုံဆည်းရာ၊ ၉ ရက် ဇန်န၀ါရီလ ၂၀၁၁

သတင်း
နေ့လည် (၁၂ နာရီ ၁၀ မိနစ်) ယခုတိုက်ခိုက်နေသည့် ကရင်ပြည်နယ်အတွင်းရှိ နအဖ ရဲ့ စစ်ဆင်ရေးများတွင် လက်နက်ကြီးကျရောက်သည့် ကိုက်တရာအတွင်းရှိ လူများ နားစည်များမှ သွေးယိုသည့် ဓါတုလက်နက်ပစ္စည်းများ စမ်းသပ်အသုံးပြုမည်ဟု ကောလဟာလ သတင်းများထွက်ပေါ်နေကြောင်း သိရှိရသည်။

နံနက် (၁၁ နာရီ ၅၀ မိနစ်) နအဖ ဘက်မှ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားသော ယခု စစ်ဆင်ရေးများတွင် အင်းစိန်ထောင်၊ မော်လမြိုင်ထောင်၊ ဘားအံ(တောင်ကလေး)ထောင်တို့မှ အကျဉ်းသားများအပြင် လက်နက်ရိက္ခာသယ်ယူရန်နှင့် လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုရန် အကျဉ်းသားများမလုံလောက်သဖြင့် တောင်ငူထောင်မှ အကျဉ်းသားများကိုလည်း ထပ်မံခေါ်ယူထားကြောင်းသိရှိရသည်။

နံနက် (၁၁ နာရီ ၄၀ မိနစ်) နအဖ စစ်ဆင်ရေးနဲ့ ကွပ်ကဲရေးဌာန လက်အောက်ခံတပ်ရင်းများ ကေအန်ယူ တပ်မဟာ (၁)၊ တပ်မဟာ (၆)နဲ့ တပ်မဟာ (၇) နယ်မြေတွေကို ယမန်နေ့ကနေ့စတင်ပြီး အင်အားအလုံးအရင်းနဲ့ တပြိုင်နက် ထိုးစစ်ဆင်လာတာတွေ့ရပါတယ်။
- နအဖ တပ်များမှာ စကခ(၁၂) နည်းဗျူဟာ(၁)နှင့် (၂)လက်အောက်ခံ ခလရ(၂၃၁)၊ ခမရ(၅၄၆)၊ ခမရ (၅၄၈)၊ ခမရ(၅၄၉)၊ ခမရ(၃၅၆)၊ ခမရ(၃၅၇)နှင့် ခမရ(၅၄၅) တပ်ရင်းများဖြစ်ပြီး ကေအဲန်ယူ၊ ဒီကေဘီအေတပ်များနှင့် ထိပ် တိုက်ရင်ဆိုင်နေရသည့် နအဖတပ်များမှာ
- စကခ(၁၉) နည်းဗျူဟာ(၂)မှ ခလရ(၂၉၉)မှ ချူကလီးဒေသတွင် ထိုးစစ်ဆင်၊
- ခမရ(၅၈၆)မှ အူးကလေးထာ့ရွာတွင် အခြေစိုက်လှုပ်ရှားနေပြီး ဖားအံမြို့အခြေစိုက် လှုပ်ရှား၊
- နအဖ တပ်မ(၂၂) လက်အောက်ခံ နည်းဗျူဟာ(၂၂၂) လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခမရ (၂၀၉)၊ (၂၀၁)၊ (၂၀၂)နဲ့ (၂၀၅)တပ်ရင်းမှာ ကမမောင်းကျေးရွာဘက်သို့ ထိုးစစ်ဆင်လှုပ်ရှား၊
- မာနယ်ပလော နယ်မြေတွင် စစ်ဆင်ရေး လှုပ်ရှားဖို့အတွက် နည်းဗျူဟာ(၂၂၃)သည် ရှမ်းရွာသစ်ဘက်တွင် ထိုးစစ်ဆင်ပြီး၊
- နည်း ဗျူဟာ(၂၂၃) လက်အောက်ခံတပ်များဖြစ်သည့် ခလရ(၈၁)၊ ခမရ(၂၀၄)၊ (၂၀၈) တပ်များမှာ ဆင်ဖြူတောင်(ကဆောဝါးလေး)ဒေသ ဘက်သို့ ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။

နံနက် (၁၁ နာရီ ၃၅ မိနစ်) ယမန့်နေ့က ဝေါလေဒေသ ဖလူးကျေးရွာနားမှာ နအဖ တပ်တွေနဲ့ ဒီကေဘီအေ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ယမန့်နေ့ မနက်ပိုင်းမှ စပြီး နအဖ စစ်တပ်တွေ ဒီကေဘီအေတပ်တွေကို အရှိန်အဟုန်မြင့်ပြီး တိုက်ခိုက်လာတာတွေ့ရပါတယ်။

Wednesday, January 5, 2011

သတင်းအတိုအထွာများ

မန္တလေး-မိုးကုတ်ကားလမ်း သပိတ်ကျင်းအကျော် ဇရပ်ကွင်းရွာအနီး ယူရေနီယံထွက်တဲ့တောင်ကြောမှာ နအဖက စက်ရုံတခုကို ဇန္န၀ါရီလထဲမှာ အပြီးသတ်မယ်လို့ ဒေသခံတဦးကပြော။ အဲဒီနေရာကထွက်တဲ့ ယူရေနီယံက ၇၀ ရာခိုင်နှုန်း သန့်စင်တယ်လို့လည်း ပြောပြခဲ့။

ဒီဇင်ဘာလကုန်မှာ အင်းစိန်၊ ပေါင်းတည်၊ ပြည်၊ သရက်၊ သာယာဝတီထောင်တွေက အကျဉ်းသားပေါ်တာတွေကို ရှေ့တန်းကိုလွှတ်မယ်ကြားထား။ အခု ဝေါ်လေဒေသဘက်ကို ရောက်လာတဲ့ ပေါ်တာအများစုဟာ သူတို့တွေဘဲဖြစ်ရမယ်။

ခမရ(၂၀၈)အပါအ၀င် တပ်မ (၂၂) လက်အောက်ခံ တပ်ရင်း (၄) ရင်းကို လာမည့် ဇန္န၀ါရီလ (၆) ရက်နေ့နောက်ဆုံးထားပြိး ဝေါ်လေဒေသ စစ်မြေပြင်ကို အင်အားဖြည့်လာဘို့ရှိတယ်လို့ တပ်မှူးတဦးထံက ကြားသိထားပါကြောင်း။

ကိုကျော်သူရဲ့စာသားများ

၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့ နှစ်သစ်ရက်မြတ်နေ့ရက်က အမေဒေါ်အောင်ဆန်းစုကြည် ရေးဆွဲပေး သွားသည့် ဆီဆေးပန်းချီကားကို ယနေ့ တိုင်ခံစားကြည့်ရှုရင်းနှင့် ပေါ်ပေါက်လာသော ကျွန်တော်ရဲ့ နှလုံးသားထဲမှ စကားလုံးများပါ။

ကျော်သူ။

Tuesday, January 4, 2011

လွတ်လပ်ရေး ကျေညာစာတမ်းမူရင်း

အောင်စေသတည်း

၁။ မြန်မာသက္ကရ်ာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ် သက္ကရာ် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော အခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝ လွတ်လပ်သော အချုပ်အချာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေမြတ် လည်းဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး တရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်း မြေပြင် အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တ၀ါအပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော် လည်း မသုဉ်းမကုန် နိုင်သော ပဒေသာစစ် အနှစ်သာရ ကြွယ်ဝပြည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှ ထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့် တသွေးတသား တမိဘ ဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇ၀င် ရှည်ဝေး ရှေးပဝေဏီမှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့နောက် မန္တလေးအထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လ၀ါ ပမာကဲ့သို့ တဖြာဖြာတ၀င်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာ့တန်ဆာ ကာလအင်္သချေ တည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ် ဖုံးအုပ်၍ ခေတ္တခဏ အရှိန်အ၀ါ ညှိုးလျော်နွမ်းလျ မထွန်းမပ ဖြစ်ဘိသကဲ့သို့ ငါတို့၏လွတ်လပ်သော မြန်မာ နိုင်ငံတော် သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပတိုင်မှ ထွက်ပေါ်လာ၍ တကမ္ဘာလုံးကို ရစ်ပတ်အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒကြီးနှင့် မရှောင်မကွင်းသာ ကြုံကြိုက်ဆုံတွေ့မိ၍ ပဌမ အင်္ဂလိပ်-မြန်မာစစ်၌ ရခိုင်-တနင်္သာရီ၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်၌ ဟံသာဝတီ-ပဲခူး၊ တတိယ အင်္ဂလိပ်-မြန်မာစစ်၌ မန္တလေးရတနာပုံ သုံးကြိမ်သုံးတန် ချအပ်ရခြင်းဖြင့် ဤမြေထူမြေမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍လာခဲ့ကြသော ငါတို့၏ လွတ်လပ်ရေးသည် ငါတို့လက်မှလွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝရောက်ခဲ့ကြရသည်။ သို့သော် နေမင်း သူရိယာ လစန္ဒာတို့ကို ဆီးနှင်း မြူတိမ်တို့သည် မည်သို့ပင် ဖုံးလွှမ်းစေကာမူ နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရကား ခေတ္တမျှနှင့်ပင် လွင့်စင်ကွယ်ပျောက်၍ နေ၀ါလရောင်သည် ပကတိအရေကို ပြန်၍ဆောင်လေ ဘိသကဲ့သို့ ငါတို့အပေါ်၌ လွှမ်းဖုံးအုပ်သော နယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့် ရင့်မာလှသော လွတ်လပ်ရေး စိတ်ဓါတ်၏ အရှိန်အတောက်ကို မခံနိုင်ရာကား ခြောက်ဆယ့်တနှစ် တလနှင့် တရက်သော အခိုက်အတန့် ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသဖြင့် ဤနေ့ဤအခါမှစ၍ ငါတို့သည် အသူရိန် ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့သာယာစွာဖြင့် လုံးဝ လွတ်လပ် သော ဘ၀ထူး ဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။
၃။ ယခု ငါတို့ရရှိအပ်သော လွတ်လပ်ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်းကင် တိမ်ရိပ်ထင်သကဲ့ သို့သော လွတ်လပ်ရေး မဟုတ်။ ငါတို့အား လွတ်လပ်ရေးလမ်းစဉ်သို့ ညွှန်လည်းညွှန်ပြ လမ်းစရှာကြံ အမြန် ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ကူးတို့မှူး ခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ်သောလုံ့လ၊ မလျော့သောဝိရိယ၊ ဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပအပ်သော ဥာဏ်မျက်စိ၊ ၀ဇီရစိန်သွား ကဲ့သို့ စူးရှသောသတ္တိတို့ကြောင့် အဟံမမ သံပကြုံးဝါး အခြားအခြားလွတ်လပ်သော နိုင်ငံကြီးတို့နှင့်တန်းတူ မြူ တခြမ်းမျှ မလျော့မလို ထိုထိုသော တန်ခိုးရှိန်ဝါ တေဇာအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အချာတည်း ဟူသော အာဏာထူးအမြတ်ကို ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ။

၎။ ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား။ ကျောသားရင်သား သူကားငါကား ခွဲခြားခြင်းကို အလိုမရှိ။ မြစ်ချောင်းသီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝ အပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသား ဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေ နေထိုင်ရာ မြန်မာနိုင်ငံတော် တ၀ှမ်းကို တသွေး တသားတည်းဟူသော ကြိုးထူး၊ တစိတ်တ၀မ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝ အထောက် အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာ တည်းဟူသော ကြိုးထူး၊ ဤကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင် တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆိုက်လက်ကိုင် ငါတို့ အပိုင်ရလေပြီ။

၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ် မဟုတ်။ မည်သူ တဦး တယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်း မဟုတ်။ မည်သူ တဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံ မဟုတ်။ အတိတ်ကာလက၎င်း၊ ယခုမျက်မှောက်တွင်၎င်း၊ နောင်လာ လတ္တံ့သော အနာဂတ်ကာလ၌၎င်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျား-မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ ဒို့၏အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာ ဖြစ်သည်ဟူသော လူ့ ဘာသာ၊ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအ၀ှမ်း၏ အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက် မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြား သတ်မှတ် တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့် သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော၊ သမ္မတမြန်မာနိုင်ငံတော် တည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။

၆။ သိကြကုန်လော့။ ယနေ့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏မူလအပိုင်ဖြစ်သော လုံးဝ လွတ်လပ်ရေးကို ငါတို့ပြန်၍ ယူပြီ။ တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး၊ အဆင့်အတန်း တူညီသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ်သည် နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက် ကျင့်ဆောင်မည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစား စောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။

ဤ ငါတို့ ကျေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေသတည်း။

ထုတ်ပြန်ကြေညာချက်