Tuesday, October 19, 2010

ရှစ်လေးလုံးအရေခြုံ

၈လေးလုံးအရေခြူံ စာစောင်နဲ့ ပတ်သက်ပြီး ကိုသန်းဝင်းရဲ့ စာဖြစ်ပါတယ်။
၈၈ မှာပါဝင်ခဲ့တဲ့ကျောင်းသားအားလုံး ကန့်ကွက်သင့်ပါတယ်။ ရှစ်လေးလုံးနဲ့ ဒေါင်းအလံကို သေးသိမ်အောင် လုပ်နေသူတွေ ဖြစ်တယ်။ လူထုအတွက် ရှေ့ကမားမားမတ်မတ်ရပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သေးသိမ်အောင် အပုပ်ချနေသူတွေ လဲဖြစ်တယ်
-------------------------------------------
၈၈ ပြည်သူ့နေ့စဉ်သတင်းစာကိုမည်သည့်ပုဂ္ဂိုလ်များ ထုတ်ဝေသည်ကို ကျွန်တော် အတိအကျ မသိပါ။ သို့သော် လည်း 8888peoplepower,email-groups နှင့် တစုံတရာ ပတ်သက်လိမ့်မည်ဟုကျွန်တော် ထင်တယ်။ သူတို့သတင်းစာထွက်တိုင်း ကျွန်တော်ဖတ်ကြည့်ပါတယ်။ တခြားကဏ္ဍကိုတော့ပြောစရာမရှိပါ။ လေထန်ကုန်း အခန်းကဏ္ဍကိုတော့ ကျွန်တော်ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ လေထန်ကုန်းမှာ မည်သူတွေ ရေးနေသည်ကိုကျွန်တော်မသိပါ၊ ၈၈ ပြည်သူ့နေ့စဉ်သတင်းစာမှာထည့်ထားတဲ့အတွက် ဒီသတင်းစာကိုလဲ ကန့်ကွက် ရှုတ်ချတယ်။ လေထန်ကုန်း အခန်းကဏ္ဍကိုဒီသတင်းစာမှာ မည်သည့်အကြောင်းကြောင့် ထည့်ရသလဲ။ မည်သည့်အကျိုးကိုမျှော်ပြီးထည့်ရသလဲ ဆိုတာကျွန်တော်လုံးဝနားမလည်ပါ။ ကျွန်တော့်အမြင်အရ လေထန်ကုန်းကိုထည့်ထားခြင်းသည် ဒီသတင်းစာရဲ့ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ကျဆုံးစေတဲ့အပြင် လေထန်ကုန်းမှာ ရေသားထားတဲ့အကြောင်းအရာများဟာ တိုင်းပြည်အတွက်ဘာအကျိုးမှမရှိပါ၊ ဘယ်သူကိုမှလည်း ပြုပြင်နိုင်မည်မဟုတ်ပါ။ သွားပုပ်လေလွင့်ရေးသားထားခြင်းကပိုများပါတယ်။ ဒါကတော့သူတို့ကိစ္စပါ ကျွန်တော်နဲ့ မဆိုင်ပါ။ ကျွန်တော်ပါဝင်ပတ်သက်ခဲ့တဲ့ ၈၈၈၈ ဂုဏ်သိက္ခာနှင့် ဆိုင်လာတဲ့အတွက် အခုလို ကန့်ကွက်ရခြင်း ဖြစ်တယ်။

၈၈၈၈ပြည်သူ့နေ့စဉ် ဟုခေါင်းစဉ်တပ်ထားပြီးလေထန်ကုန်းဆိုပြီးရေးသူအမည်လဲမထည့်ဘဲ ရေးချင်သလိုရေး။ ဘောင်မရှိ၊ အကွပ်မရှိ၊မဝေဖန်သင့်တဲ့သူကိုဝေဖန် မလုပ်သင့်တဲ့အလုပ်ကိုလုပ်။နောက်ဆုံး ကျောင်းသားထု တရပ်လုံး အမြတ်တနိုးထားပြီး ၁၉၂၀ ကစ၍သမိုင်းစဉ်အဆက်ဆက်ဆွဲကိုင်တိုက်ပွဲဝင်ခဲ့သော အစဉ်အလာ ကြီးမားတဲ့ ခွပ်ဒေါင်းအလံတော် ကိုပါစော်ကား၊ စုတ်ပြတ်သပ်အောင်ရေးသား ဝေဖန်မှုဟာ ကျွန်တော့အနေနဲ့  လုံးဝသည်းမခံနိုင်ပါ။ ခင်ဗျားတို့သတင်းစာရဲ့လုပ်ရပ်တချို့ကိုကြည့်ပါ။

၁။ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့မှာ မြို့ခံဒီမိုကရေစီအင်အားစုများရဲ့ကြိုးစားမှုကြောင့် သူများနိုင်ငံ အမေရိကန်မြေပေါ်မှာ ခွပ်ဒေါင်းအလံကြီးဂုဏ် ရောင်တောက်ပြောင်စွာတလူလူလွင့်နေတာကို ဂုဏ်ယူရ မဲ့အစား မနာလိုဝန်တိုပြီး သွားပုတ်လေလွင့်ပြော။ ခွပ်ဒေါင်းပုံကိုစုတ်ပြတ်အောင်ဆွဲပြီး ရိသလိုလိုရေး၊ခနဲ့သလိုလိုရေး ခွပ်ဒေါင်းကိုဂုဏ်သိက္ခာညှိုးအောင် ရေးသားထားတာကိုဒီ၈၈ ဆိုတဲ့
သတင်းစာက ပေါ်ပေါ်ထင်ထင်ထည့်ခဲ့ကြတယ်။

၈၈ပြည်သူ့သတင်းစာသည် ဘာကိုရည်ရွယ်ပြီး ၊ဘာသဘောနဲ့လုပ်တာလဲဆိုတာဖြေရှင်းပါ။?

၂။ ၈၈မျိုးဆက်ခေါင်းဆောင်ကိုမြအေးရဲ့သမီးလေး ဝေနှင်းပွင့်သုံက သူ့အဖေအမွေပေးလိုက်တဲ့အတိုင်း အရွယ်နှင့်မလိုက်အောင် တိုင်းပြည်အတွက်ရဲရင့်ပြတ်သားစွာ တိုက်ပွဲဝင်နေတာကို ဂုဏ်ယူရမည့်အစား
သူမရဲ့ ရိုးသားမှု ၊ ခံစားချက်များကို AAPP ရဲ့ အသုံးချခံ လက်ကိုင်တုတ်သဖွယ် အတင်းဆွဲသွင်းပြီး သူမရဲ့ဂုဏ်သိက္ခာကိုညှိုးနွမ်းအောင် ရေးသားထားတာကို ဒီသတင်းစာကခွင့်ပြုထည့်ထားတာဟာ
ဘာရည်ရွယ်ချက် ၊ဘာသဘောထားနဲ့ ဒီလိုလုပ်ရတာလဲ။ ဝေနှင်းပွင့်သုံရဲ့လုပ်ရပ်ဟာ တိုင်းပြည်အတွက် ဘာများအကျိုးယုတ်သွားလို့လဲ။ သူမအဖေကအကျဉ်းကျနေတာကို ခံစားနေရပြီး ကောင်းကောင်းမကောင်းကောင်း အကျဉ်းသားများကို တစုံတရာကူညီနေတဲ့AAPP ကိုသူကူညီ ထောက်ပံ့တာဟာသူမမှာဘာမှားတာရှိလဲ၊ ခင်ဗျားတို့လဲသူ့လိုဘ၀မျိုးဆိုယင်ဘယ်လိုခံစားကြမလဲ ကိုယ်ချင်းစာကြည့်ကြပါလား။

၃။ သူ့ယုံကြည်ချက်နဲ့တိုင်းပြည်အတွက်လမ်းလျှေက်ပြီးတိုက်ပွဲဝင်နေတဲ့ဘုန်ကြီးကိုလည်းနှစ်ပြားမတန်အောင်
ရေးတာကိုလဲ ဒီသတင်းစာကခွင့်ပြုထားတယ်။ ဘာအကြောင်းကြောင့်ဒီလိုလုပ်ရတာလဲကျုပ်သိချင်တယ်။

အထက်ပါအချက်တချို့ကိုကြည့်ပါ။ ၈၈၈၈ ကို ကိုယ်စားပြုသယောင်ယောင်ခေါင်းစဉ်တပ်ထားတဲ့ ဒီသတင်းစာကလုပ်ရပ်တွေဟာ ၈၈၈၈ ရဲ့အစဉ်လာကြီးတဲ့ဂုဏ်သိက္ခာကိုထိခိုက်စေပါတယ်။ ဒါကြောင့်ကျွန်တော် ၈၈ ကျောင်းသား
တယောက်အနေဖြင့် ဒီသတင်းစာကို အသိအမှတ်မပြုတဲ့အပြင်၊ ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ တခြားခေါင်းစဉ်ဖြင့်ထုတ်တဲ့ သတင်းစာမှာကြိုက်သလိုရေး၊ ကြိုက်သလိုဝေဖန် ကျွန်တော်စိတ်မ၀င်စားပါ။ သူတို့
ကိစ္စသာဖြစ်ပါတယ်။ အခု ၈၈ ခေါင်းစဉ်ကိုတပ်ပြီး ဒီလိုလုပ်တာကိုတော့လုံးဝလက်မခံနိုင်တဲ့အပြင် လက်ပိုက်ကြည့်နေမှာလဲမဟုတ်ပါ။ ဒီအလုပ်တွေကိုရပ်ကြပါလို့ တောင်းဆိုချင်ပါတယ်။ ဝေဖန်ချင်တယ် ဆိုယင်လဲ အများအတွက်လုပ်နေကြတာဘဲ ဘယ်သူကိုကြောက်စရာလိုသလဲ သတ္တိရှိရှိ ကိုယ့်နာမည်ရင်းကိုတပ်ပြီး ဝေဖန်ပေါ့။ အခုခင်ဗျားတို့လုပ်ရပ်ကသွေးကြောင်တဲ့လုပ်ရပ်၊ သိပ်အောက်တန်းကျတဲ့လုပ်ရပ်ပါ ရှက်ဖို့ကောင်းပါတယ်။ ကျွန်တော်အက်ဆစ်ကိုဝေဖန်တာဟာ
ခင်ဗျားတို့လိုသွေကြောင်ပြီး လျှောက်ရေးလို့ဝေဖန်ထောက်ပြတာပါ။ ကိုလွမ်းဆွေဆောင်းပါးကိုဖတ်ရပါတယ်၊ ကျွန်တော်အယူအဆနဲ့ လုံးဝကိုက်ညီခြင်းမရှိသော်လဲဝေဖန်စရာမရှိပါ။ သူ့အမည်ရင်းနဲ့သူ့ရဲ့ အတွေးအခေါ် အယူအဆ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းဝေဖန်ထောက်ပြတာကို မှားမှားမှန်မှန် ကျွန်တော်ကြိုဆိုပါတယ်၊ ဒါသူ့ရဲ့အခွင့်အရေးပါ ။ လူတိုင်းမှာလွပ်လပ်စွာတွေးခေါ်ယူဆပိုင်ခွင့်ရှိပါတယ် ဘယ်သူမှတားဆီးလို့မရပါ ဒါဒီမိုကရေစီရဲ့အနှစ်သာရပါ။

နောင်လဲဒီလိုဘဲသတ္တိရှိရှိဝေဖန်ထောက်ပြနိုင်ပါစေလို့မျှော်လင့်ပါတယ်။

နိဂုံး

၈၈ပြည်သူ့နေ့စဉ်သတင်းစာအား ၈၈၈၈ တခုလုံးကိုကိုယ်စားပြုသည့်ခေါင်းစဉ်ဖြစ်နေတဲ့အတွက် ၈၈၈၈ ရဲ့ဂုဏ်သိက္ခာကိုငဲ့ပြီးဒီခေါင်းစဉ်အားအမြန်ဆုံးပြင်ဆင်ပေးပါရန်လေးနက်စွာတောင်းဆိုအပ်ပါသည်။
အကယ်၍ တစုံတရာပြောင်းလဲမှုမရှိဘဲဒီပုံစံအတိုင်းဆက်လက်လုပ်နေကြအုံးမယ်ဆိုယင် ၈၈၈၈ ရဲ့ဂုဏ်သိက္ခာအတွက်ကျွန်တော်စွမ်းအားရှိသလောက်တိုက်ပွဲဝင်ကာကွယ်သွားမည်ဖြစ်ကြောင်းအသိပေးလိုက်
်ပါတယ်။

တိုင်းပြည်ရဲ့ဂုဏ်သိက္ခာ ၊ ၈၈၈၈ ရဲ့ဂုဏ်သိက္ခာ ကိုအစဉ်ဦးထိပ်ထားလျှက်


** သန်းဝင်း**

( ၈၈ မျိုးဆက်ကျောင်းသား )