Friday, May 28, 2010

Myanmar Hip-hop Rap song, "Killer Than Shwe & his dogs"



Type your summary hereType rest of the post here

Wednesday, May 26, 2010

နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ

ရွှေပြည်စိုး

မေ ၂၆၊ ၂၀၁၀

၂၀၁၀၊ ၄ ၊ ၁၅ ရက် သင်္ကြန်အကြတ်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့ ပေါက်ကွဲတဲ့ ဗုံးသုံးလုံးဟာ နအဖလက်ချက်မှတပါး အခြားမရှိကြောင်းကို မေလထုတ် ဒီစာစောင်မှာ သာဓကတွေနဲ့ ဖော်ပြပြီးပါပြီ။ အခုထပ်မံတွေ့ရှိချက် အချို့ဟာ အရင်ဖော်ပြချက်တွေကို ပိုမိုခိုင်လုံအောင် ထပ်လောင်း သက်သေထူပေးမှာ ဖြစ်ပါတယ်။ ထပ်မံတွေ့ရှိချက် အချို့မှာ-

၁။ သံသယရှိတဲ့ ကြိုတင်စီမံမှု

(က) သင်္ကြန်အကျနေ့ကတည်းက ကန်တော်ကြီးပန်းခြံထဲမှာ လုံခြုံရေးယာဉ်တွေ ဆေးရုံ အရေးပေါ်လူနာတင်ကားတွေ အသင့်ထားရှိတယ်။ (ဧရာဝတီ ၂၀၁၀၊ ၄၊ ၁၉)။ ဒါဟာ ဗုံးခွဲမှန်း ကြိုသိလို့ ကြိုတင် ထားရှိတာ ဖြစ်ရမယ်။ ဘာကြောင့်လဲဆိုတော့ အခြားနေ့နဲ့ အခြားမဏ္ဍပ်တွေမှာ ဒီလိုမထားဘဲ X2O မဏ္ဍပ်တစ်ခုတည်းမှာ လာထားတာကြောင့် ဖြစ်တယ်။

(ခ) ဆေးရုံကြီး အတွင်းလူနာဆောင်ရှိ လူနာတွေကို ကြိုတင် ဖယ်ရှားထားတယ်။ (ခေတ်ပြိုင် ၂၀၁၀ ၊ ၄၊ ၂၂) ဒါလည်း ဗုံးခွဲမယ်မှန်း သိလို့ ကြိုတင် ပြင်ဆင်ထားတာ ဖြစ်ရမယ်။

(ဂ) X2O မဏ္ဍပ်ကို ဗိုလ်ချုပ်သန်းရွှေရဲ့ မြေး ဖိုးလပြည့်လာမယ်ဆိုလို့ ဗိုလ်ချုပ်ရွှေမန်းအမိန့်နဲ့ လုံခြုံရေး အပြည့်ချထားတာ ဖြစ်တယ်။ ဒီမဏ္ဍပ်ဟာ ဗိုလ်သန်းရွှေရဲ့ မြေး ဖိုးလပြည့်ရဲ့ သူငယ်ချင်း ဖိုးအေးရဲ့မဏ္ဍပ် ဖြစ်တယ်။ ဖိုးလပြည့်ဟာ သင်္ကြန်အကျနေ့က ရေလာကစားသွားတယ်။ နောက်နေ့ ထပ်လာမည်လို့ သတင်းထွက်နေတယ်။

(ဃ) မင်္ဂလာတောင်ညွန့်မြို့နယ်ဟာ အရှေ့ပိုင်းခရိုင် စစ်ဒေသမှုးရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိပေမယ့် ဗိုလ်ရွှေမန်းရဲ့ အမိန့်နဲ့ တောင်ပိုင်းခရိုင် အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို လာရောက် တွဲဖက် တာဝန်ပေးထားတယ်။ အရှေ့ပိုင်းခရိုင် စစ်ဒေသမှူးရှိလျက်နဲ့ ဘာကြောင့် ဗိုလ်ရွှေမန်းက ဗိုလ်အုန်းချိုကို တွဲဖက် တာဝန်ပေးတာလဲ။

(င) X2O မဏ္ဍပ်ဟာ ရေကစားမဏ္ဍပ်သာ ဖြစ်တယ်။ လက်နက်ချင်း ယဉ်ပြိုင်တိုက်ရမယ့် စစ်မြေပြင်မဟုတ်လို့ နောက်ထပ်စစ်ဒေသမှူး တစ်ဦးကို တွဲဖက် တာဝန်ပေးတယ်ဆိုတာ ဘာသဘောလဲ။ သဘောရိုး မဖြစ်နိုင်။

(စ) ဒီလောက် လုံခြုံရေး အင်အားတွေ တိုးချဲ့ ချထားတဲ့နေရာကို ဗုံးခွဲမယ့် အဖျက်သမားတွေ ကပ်နိုင်ဖို့ လုံးဝ မဖြစ်နိုင်။

(ဆ) ဗိုလ်အုန်းချိုနဲ့ အဖွဲ့ မဏ္ဍပ်ရောက်ပြီး မိနစ်သုံးဆယ်ခန့်မှာ ဗုံးကွဲတယ်။ ဗိုလ်အုန်းချိုသားနဲ့ ဖိုးလပြည့်တို့က အညိအစွန်း ရှိခဲ့ဖူးတယ်လို့လည်း သိရတယ်။ (ခေတ်ပြိုင်င် ၂၀၁၀ ၊ ၄ ၊ ၁၉) ဗိုလ်ရွှေမန်းကလည်း ဗိုလ်ချုပ်ကြီး သန်းရွှေရဲ့ ညာလက်ရုံး ဖြစ်နေတဲ့အတွက်ကြောင့် ဒီပေါက်ကွဲတဲ့ ဗုံးတွေကို ဆက်စပ်လိုက်ရင် ဘယ်သူ့လက်ချက်ဖြစ်မလဲ ဆိုတာ တွေးကြည့်ရင် ပြေးကြည့်တာထက် ပိုထင်ရှားနေပါပြီ။

တဖန် ဒီပေါက်ကွဲတဲ့ ဗုံးသုံးလုံးဟာ ရဲချုပ်ခင်ရီ စွပ်စွဲသလို နယ်စပ်ကလူတွေရဲ့ လက်ချက်လို့ ဆိုရအောင် ၂၀၁၀ မေ ၆ ရက်နေ့က ကြေးမုံ သတင်းစာမှာ ဖော်ပြထားတဲ့ ဗုံးခွဲကိရိယာ တန်ဆာပလာ အမျိုးအမည်ပေါင်း ၂၀ လောက်ကို သယ်လာဖို့ မလွယ်သလို စစ်ဆေးရေးဂိတ် အဆင့်ဆင့် လွတ်အောင် ကျော်ဖြတ်ဖို့က ခက်တယ်။ ရတယ်ပဲထားဦး ရန်ကုန်နယ်နိမိတ်အတွင်းရောက်ဖို့ ပိုခက်ပါတယ်။ မြို့နယ်တိုင်း ရပ်ကွက်တိုင်းမှာ ရဲ၊ ထောက်လှမ်းရေး၊ ကြံ့ဖွတ်၊ စွမ်းအားရှင် စတဲ့ နအဖ အလိုတော်ရိတွေက ၀င်လာတဲ့ လူစိမ်းမှန်သမျှကို နေ့ည မလွတ်တမ်း စောင့်ဖမ်းနေတာကြောင့် ဟိုလူတွေ ရပ်ကွက်ထဲ ဘယ်လို ရောက်လာနိုင်မှာလဲ။ အဲဒီတော့ ရဲချုပ်စွပ်စွဲတဲ့သူတွေကို အဖျက်သမား ဖြစ် သယောင်ပြောတာဟာ နအဖအတွင်း ပြဿနာကို ဖုံးကွယ်ဖို့ လုပ်ဇာတ်ခင်းတယ်ဆိုတာ ထင်ရှားနေပြန်ပြီ။၂။ ဗုံးကွဲတဲ့နေ့ အခြေအနေ

(က) အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုဟာ သူ့သားသမီး သုံးယောက်ကို သင်္ကြန်ရက်အတွင်း ဘယ်မှ ထွက်မလည်ဖို့ သူ့ဇနီးကို ကြိုတင်မှာထားကြောင်း သူနေထိုင်ရာ ဝေဠုဝန် အိမ်ရာမှာ ပြန့်နှံ့နေပါတယ်။ (ခေတ်ပြိုင် ၂၀၁၀ ၊ ၄၊ ၂၂)

(ခ) ဗိုလ်အုန်းချိုဟာ သင်္ကြန် အကြိုနေ့ကတည်းက X2O မဏ္ဍပ်လုံခြုံရေးကို အနီးကပ် ကြီးကြပ်ရသူ ဖြစ်တယ်။

(ဂ) ဗိုလ်အုန်းချိုဟာ ဗုံးကွဲတဲ့နေ့ နံနက် ၁၀ နာရီမှာ မဏ္ဍပ်ကိုရောက်တယ်။ နေ့လယ် ၁၂ နာရီ မှာ ထမင်းပြန်စားတယ်။ ညနေ ၃ နာရီမှာ အခြားအဏာပိုင်တွေနဲ့ အတူ ပြန်ရောက်လာပြီး နာရီဝက်ခန့်အကြာမှာ ဗုံးပေါက်ကွဲလို့ လူအတော်များများ သေဆုံးကြတယ်လို့ တာဝန်ကျ တပ်ကြပ်တစ်ဦးက ပြောတယ်။

(ဃ) ဗုံးပေါက်ကွဲ ပြီးပြီးချင်း လူနာတင်ကား ချက်ချင်းရောက်လာတယ်။ ဗုံးကွဲတဲ့နေရာကို ဗုံးကျွမ်းကျင်သူ Bomb experts တွေကို စေလွှတ်ရမည့်အစား ယာဉ်ထိန်းရဲတွေကိုသာ စေလွှတ်ပြီး ပေကြိုးဆွဲ မြေပြင်ရှင်းလင်းရေးတွေကို လုပ်ခိုင်းတယ်။ (ခေတ်ပြိုင် ၂၀၁၀ ၊ ၄၊ ၁၉) အကယ်၍ ဗုံးကျွမ်းကျင်သူတွေကို စေလွှတ် စစ်ဆေးပါက နအဖလူကြီးတွေရဲ့ လှို့ဝှက် လုပ်ကြံမှုတွေကို ပေါ်ကုန်မှာစိုးလို့ ယာဉ်ထိန်းရဲတွေကိုသာ စေလွှတ်တယ်ဆိုတာ ထင်ရှားတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် ဒီဗုံးခွဲတဲ့ လက်သည်တရားခံဟာ ဘယ်သူဖြစ်မလဲဆိုတာ တွက်လို့ရပါတယ်။

၃။ ဟောကိန်းတွေထုတ်ပြီ နအဖကို

“ဒီလောက် လက်နက်ကိုင် လုံခြုံရေးတွေ အများကြီး ယူထားတဲ့ကြားက ပေါက်ကွဲမှုဖြစ်တယ်ဆိုတော့ လူထုဆန့်ကျင်တဲ့ အလုပ်ကို နအဖပဲလုပ်တာ၊ သူတို့ပဲခွဲတာဖြစ်မယ်၊ စစ်အစိုးရလက်ချက် ဖြစ်နိုင်ခြေရှိတယ်” လို့ မြန်မာ့စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက ဗုံးကွဲတဲ့နေ့မှာပင် ဟောကိန်းထုတ်လိုက်ပါတယ်။ (DVB ၂၀၁၀၊ ၄၊ ၁၅)

မင်္ဂလာတောင်ညွန့်မြို့နယ် နေထိုင်သူများနဲ့ ရန်ကုန်မြို့နေ လူထုကလည်း ဦးအောင်ကျော်ဇောနည်းတူ နအဖလက်ချက်ဖြစ်နိုင်ကြောင်း ဟောကိန်းထုတ်ကြပါတယ်။

၎။ နအဖက ၀ါးလုံးရှည်နဲ့ ရမ်းပြီ

နအဖအောက်ခြေ အာဏာပိုင်တွေက X2O မဏ္ဍပ်ရှေ့ ပေါက်ကွဲမှုကို အသေအခြာစုံစမ်းစစ်ဆေးခြင်း မပြုဘဲ ထုံးစံအတိုင်း နယ်စပ်အခြေစိုက် ABSDF, NLD-LA, NCUB, NCGUB တို့က ငွေကြေးစိုက်ထုတ် ကြိုးကိုင်ပြုလုပ်တယ်။ ပြည်တွင်းအဖွဲ့ချုပ်နဲ့ ဗုံးခွဲသူတွေကို ပတ်သက် ချိတ်ဆက်ထားသယောင် စွပ်စွဲထားတယ်။ ဒါပေမယ့် အတိုက်အခံ အင်အားစုတွေက “ဗုံးခွဲမှုတိုင်းမှာ နအဖက ဒီမိုကရေစီ အင်အားစုတွေကို စွပ်စွဲလေ့ရှိတယ်။ ဒီလို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို ပြည်သူတွေက လက်မခံသလို နိုင်ငံတကာကလည်း လက်ခံမှာ မဟုတ်ဘူး” လို့ ငြင်းဆိုတယ်။ ဒါ့အပြင် နအဖထဲမှာ တင်းမာမှု၊ အားပြိုင်မှုတွေ ရှိနေတယ်။ နအဖ အနေနဲ့ သူ့ရဲ့ အနီးဆုံးက လက်နက်တွေကို ရန်ကုန်မြို့ထဲ ဘယ်လို သယ်ယူနိုင်တယ်၊ ဘယ်လိုပုံသဏ္ဍန်နဲ့ ဖောက်ခွဲနိုင်တယ်ဆိုတာ နအဖနဲ့ ဒီလူတွေ အသိဆုံး ဖြစ်ပါလိမ့်မယ်။”လို့ ဆိုပါတယ်။ (DVB ၂၀၁၀ ၊ ၄၊ ၁၈)

အဲဒီလို အတိုက်အခံဘက်က ပြန်နှက်လိုက်ပေမယ့် အရှက်ကင်းမဲ့တဲ့ နအဖကတော့ ရှက်ရမှန်းသိမှာမဟုတ်။

ကြေးမုံသတင်းစာက စွပ်စွဲတဲ့ အထဲမှာ စစ်သည်လက်နက်အင်အားကောင်းပြီး ငွေကိုရေလိုသုံး၊ ဖြုန်း၊ဗုန်းနေတဲ့အဖွဲ့ကို စွပ်စွဲဖို့ ကျန်နေပါတယ်။ အဲဒီအဖွဲ့က မကောင်းမှုဒုစရိုက်နဲ့ ကြော်ကြားပြီး မြန်မာရောကမ္ဘာကပါ အော့ကြောလန်နေတဲ့ နအဖအဖွဲ့ ဖြစ်တယ်။ နောက်တစ်ကြိမ်ပေါက်ကွဲမှုဖြစ်ရင် နအဖကိုပါ ထည့်သွင်းစွပ်စွဲဖို့ မမေ့ပါနဲ့လို့ ပြည်တွင်းရှိ စာနယ်ဇင်းတွေကို သတိပေးလိုက်ပါတယ်။

၅။ ကြေညာပြီ ဆုငွေဆယ်သိန်း

၁၅ရက် အကြတ်နေ့က ပေါက်ကွဲတဲ့ ဗုံးသုံးလုံးကြောင့် လူဆယ်ဦးသေပြီး ၁၇၀ ကျော်ဒဏ်ရာရတဲ့ လူသတ်မှုတရားခံ လက်သည်မပေါ်သေးလို့ ထိရောက်စွာ သတင်းပေးနိုင်သူကို ဆုငွေဆယ်သိန်းချီးမြှင့်မယ်လို့ တယက (ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ)က ညွှန်ကြားချက်ထုတ်ပြန်ခဲ့တယ်။ (ခေတ်ပြိုင် ၂၀၁၀၊ ၄၊ ၁၉)

ညွှန်ကြားချက်ထုတ်ပြီးတာ ခုဆို တစ်လကျော်လာပြီ။ လက်သည်အစစ်မပေါ်သေးဘူး။ တစ်လမပြောနဲ့ တစ်နှစ်၊ ဆယ်နှစ်တောင် တရားခံ အစစ်ပေါ်မှာမဟုတ်။ စစ်အာဏာရှင်ကြီးတွေ ၀ိညာဉ်ချုပ်ပြီးမှ သို့မဟုတ် သူတို့အချင်းချင်းဖော်တော့မှ ပေါ်မယ့်အမှုတွေဖြစ်တယ်။ တရားခံအတုတော့ မကြာမီပေါ်လာပါလိမ့်မယ်။ ဟုတ်မဟုတ် စောင့်ကြည့်ကြပါ။

၆။ လွဲနေပြီ တယက ညွှန်ကြားချက်နဲ့ ရဲချုပ်စွပ်စွဲချက်

၂၀၁၀ ၊ ၄ ၊ ၁၉ ရက်နေ့က တယကရဲ့ ညွှန်ကြားချက်ထဲမှာ “၁၅ ရက်နေ့က ဖြစ်ပွားတဲ့ ဗုံးပေါက်ကွဲမှုတွင် မသင်္ကာဖွယ် အဖျက်သမားနှစ်ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်၍….. လို့ နှစ်ယောက်ကို ဖော်ပြထားပုံနဲ့ ရဲချုပ်ရဲ့ ၂၀၁၀ မေ၊ ၆ ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ “လက်ပစ်ဗုံး သုံးလုံးကို VBSW အဖွဲ့ဝင်သုံးဦးက ဖောက်ခွဲသည်။ ဖြိုးဝေအောင်က ပတ်ဝန်းကျင်ကို စောင့်ကြည့်သူဖြစ်ကြောင်း စွပ်စွဲပုံတို့ဟာ ကွဲလွဲကွာဟနေတာ တွေ့ရပါတယ်။ ဘယ်သူကလိမ်လို့ ဘယ်သူက ညာနေလဲဆိုတာ သူတို့သာ သိမှာပါ။

တဖန် ရဲချုပ်ပြောသလို လူသုံးယောက်က ဗုံးသုံးလုံးဖောက်ခွဲတယ်လို့ တပ်အပ်သိနေမှ ဘာကြောင့်ချက်ချင်း မဖမ်းသလဲ။ ဖြိုးဝေအောင်ကိုကော ဘာကြောင့်ချက်ချင်း မဖမ်းတာလဲ။ ဗုံးခွဲသူတွေက နအဖလူကြီးတွေရဲ့ လူတွေဖြစ်နေလို့ မဖမ်းတာလား။ ဖြိုးဝေအောင်ဟာ မဲဆောက်မြို့ VBSW ထံနှစ်ကြိမ် ဖောက်ခွဲရေးသင်တန်းတက်ခဲ့တာ သိလျက်နဲ့ ဘာကြောင့် အရင်ကတည်းက မဖမ်းတာလဲ။ ဘာကြောင့် ခုမှ ဖမ်းတာလဲ၊ မေးပါရစေ။

အဲဒီလို များစွာသော ရဲချုပ်ရဲ့ ရှေ့နောက်မညီတဲ့ မှားယွင်းချက် အပြည့်အစုံကို ၂၀၁၀ ၊ မေ၊ ၁၁ ရက်နေ့ထုတ် ဧရာဝတီနဲ့ ၂၀၁၀ မေ၊ ၁၂ ရက်နေ့ထုတ် ယနေ့မြန်မာ သတင်းဌာနတွေမှာ ဖတ်နိုင်ပါတယ်။

၇။ ယုတ္တိရှိအောင် စွပ်စွဲဖမ်းပြီ

မေလ ၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ကပြောတော့ VBSW နဲ့ နယ်စပ်က ဒီမိုကရေစီအင်အားစု ၊ ဖမ်းတော့ ရန်ကုန်က ဖြိုးဝေအောင်၊ ကျော်သူလင်း။ နောက် ဖမ်းထားဆဲက ဓာတ်ပုံရိုက်တဲ့ စည်သူဇေယျနဲ့ သူ့အဖေ သားကြီးမောင်ဇေယျတို့ ဖြစ်နေပြီ၊ ယုတ္တိရှိအောင် ဖမ်းတဲ့ သဘောပါ။

၈။ မဌေးဌေးက ငြင်းပြီ

၂၀၁၀၊ ၄၊ ၂၃ ရက်မှာ အဖမ်းခံရတဲ့ ဖြိုးဝေအောင်ရဲ့ ဇနီး မဌေးဌေးက သူ့ခင်ပွန်းကို မှားဖမ်းတာပါ။ သင်္ကြန်အတက်နေ့က သူ့ခင်ပွန်းဟာ X2O မဏ္ဍပ်မှာ မရှိကြောင်း မဏ္ဍပ်နဲ့ အလွန်အလှမ်းဝေးပြီး သင်္ကြန်ရက်အတွင်းမှာ အပြီးလုပ်ပေးရမယ့် ရန်ကင်းစင်တာက လုပ်ငန်းမှာ တစ်ချိန်လုံး အလုပ်လုပ်နေကြောင်း သူ့ခင်ပွန်းဟာ အာဏာပိုင်တွေရဲ့ လုပ်ကြံစွပ်စွဲ ဖမ်းဆီးခံရကြောင်း RFA ကိုပြောကြောင်းသိရပါတယ်။ (RFA ၂၀၁၀ ၊ မေ၊ ၈ ရက်)

ကျန်အဖမ်းခံထားရတဲ့ သူများကလည်း ၎င်းဗုံးအမှုနှင့် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုကြတယ်။

၉။ နှုတ်ပိတ် ခြိမ်းခြောက်ခံနေရပြီ

လူဆိုး၊ သူခိုး၊ ဓားပြဆိုတာ လူတိတ်ချိန်၊ လူအိပ်ချိန်၊ လူလစ်ချိန်ကို ရွေးပြီး ခိုးတတ်၊ တိုက်တတ်ပါတယ်။ အလားတူ သူခိုးဓားပြနဲ့တူတဲ့ နအဖဟာလည်း လူသူမသိအောင် လူအိပ်ချိန်၊ လူတိတ်ချိန်မှာ ခိုးကြောင်ခိုးဝှက် လုပ်လေ့ရှိပါတယ်။ ၂၀၁၀၊ ၄၊ ၂၃ ရက်နေ့ ဖြိုးဝေအောင်ကို အမှုဆင်ပြီးလာဖမ်းချိန်မှာ ညသန်းကောင်ကျော် အိပ်မောကျချိန် လာနှိုးကာ သန်းကောင်စာရင်းစစ်ဖို့ဆိုပြီးမှ ဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းတယ်၊ ဘယ်ကိုခေါ်သွားမယ်မပြော ဘယ်မှာဖမ်းထားတယ် မေးလို့မရ။ ပြန်ပေးဆွဲတာထက်ပိုဆိုးတယ်။ ပြန်ပေးဆွဲတာကမှ ဘယ်မှာလာရွေးဖို့ ပြောသေးတယ်။ ခုသူတို့ဟာ သူခိုးဓားပြတွေ လုပ်တဲ့ လုပ်ရပ်တွေနဲ့ အတူတူပါပဲ။

ဖြိုးဝေအောင်ကို လာဖမ်းတဲ့ညက “ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့၊ ဘယ်ကိုမှ အကြောင်းကြားတာ ပြောတာ မလုပ်နဲ့။ လုပ်ရင် ကျမတို့ကိုပါ ထောင်ထဲထည့်မယ်။ ဘာညာပြောပြီး ခေါ်သွားတာပဲ။” ဒါ့အပြင် ရပ်ကွက်အာဏာပိုင်တွေကို မေးတဲ့အခါ “တရားခံကို မိတော့မယ်။ သံသယရှိ၍ ခေတ္တထိန်းသိမ်းထားခြင်းဖြစ်ကြောင်း၊ မကြာမီ ပြန်လွတ်လာမည်ဖြစ်ကြောင်း၊” တို့ကိုသာပြောပြီး မည်သည့်နေရာသို့ ပို့ထားကြောင်းကိုမူ ဖြေဆိုခြင်းမရှိဟု မဌေးဌေးက ဧရာဝတီကို ပြောသည်။ (ဧရာဝတီ ၂၀၁၀ ၊ မေ၊ ၁၀)

ဒီလောက်ဆို နအဖအာဏာပိုင်တွေဟာ သူခိုးဓားပြ ပြန်ပေးဆွဲတွေရဲ့ လုပ်နည်းလုပ်ဟန်အတိုင်း လုပ်နေတယ်ဆိုတာ ထင်ရှားနေပါပြီ။

အဲဒီတော့ ၂၀၁၀ ၊ ၄ ၊ ၁၅ ရက်နေ့က X2O မဏ္ဍပ်ရှေ့ ပေါက်ကွဲတဲ့ ဗုံး သုံးလုံးဟာ ဘယ်သူ့လက်ချက် ဖြစ်မယ်ဆိုတာ ပြောစရာပင် လိုမယ်မထင်တော့ပါ။

၁၀။ စစ်အာဏာရှင်စနစ်၏ သွေးစွန်းတဲ့ ခြေရာများ

လက်ရှိနအဖ အာဏာရှင်ကြီးတွေဟာ အာဏာရယူဖို့ အာဏာတည်မြဲဖို့ဆိုရင် ဘယ်ကျေးဇူးရှင် ဘယ်မျက်နှာကိုမှ မထောက်၊ အပြတ်ရှင်းလေ့ရှိသလို တစ်နေ့နေ့ တစ်ချိန်ချိန် သူတို့အာဏာထိပါးလာစရာ ရှိတယ်လို့ ထင်မြင်ယူဆသူများကိုလည်း ရေရှည်မထားပါ။ ဥပမာ ဗိုလ်ချုပ်နေ၀င်းဆိုရင် သူတို့ရဲ့ ကျေးဇူးရှင်ပါ။ ဒါပေမယ့် “ဘုရားပြီး ငြမ်းဖျက်”ဆိုတဲ့အတိုင်း ဗိုလ်နေ၀င်းကို အကျယ်ချုပ် ချထားလိုက်တယ်။ သူ့ရဲ့သမီး၊ သားမတ်၊ မိသားစုကိုလည်း အာဏာလုဖို့ ကြံစည်တယ်ဆိုပြီး မိသားတစုလုံးကို ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်။

တဖန် ဗိုလ်ချုပ်စောမောင်ကိုလည်း ဖယ်ရှားချင်လို့ စိတ်ဖောက်ပြန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာထူးကဖယ်ရှားခဲ့တယ်။

ဒါ့အပြင်သူတို့အာဏာကို ထိပါးနိုင်တယ်၊ သူတို့ထိုင်ခုံကို ကိုင်လှုပ်နိုင်တယ်လို့ အထင်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကြိမ်ကြိမ် အကျယ်ချုပ်ချခဲ့တယ်။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ အသေသတ်ဖို့ လှို့ဝှက်ကြံစည်ခဲ့သေးတယ်။ ကံကောင်းထောက်မလို့ အသက်မသေပေမဲ့ ဒီနေ့ထိ အိမ်အကျယ်ချုပ်က မလွတ်မြောက်သေးပါ။

နအဖ အတွင်းရေးမှုး ၂ ဗိုလ်ချုပ်တင်ဦးကို တမျိုးအမြင်လွဲပြီး ကမ္ဘာအေးစေတီအနီးမှာ နှစ်ကြိမ်၊ သူ့နေအိမ်မှာ တစ်ကြိမ် လုပ်ကြံတာ မသေလို့ နောက်ဆုံး မော်လမြိုင်မှ ဖားအံအသွား စစ်ရဟတ်ယာဉ်ပေါ်မှာ လုပ်ကြံ သတ်ဖြတ်ခဲ့တယ်။

နောက်ဆုံး ဗိုလ်ချုပ်ခင်ညွန့်ကိုလည်း မလိုအပ်တော့လို့ အကွက်ဆင်ပြီး မခိုင်လုံတဲ့ အကြောင်းပြချက်တခုနဲ့ သေဒဏ်ပေးရာက ဆိုင်းငံ့အမိန့်နဲ့ အကျယ်ချုပ်ချခံခဲ့ရတာ ဒီနေ့အထိပါ။

အထက်ဖော်ပြပါ လုပ်ကြံစွပ်စွဲချက်များအပြင် အခြားမထင်ရှားတဲ့ လုပ်ကြံစွပ်စွဲပြီး သတ်ဖြတ်ခဲ့တဲ့ အကြိမ်ပေါင်းလည်း မနည်းတော့ပါ။

ဒါကြောင့် အထက်ဖော်ပြပါ လုပ်ကြံစွပ်စွဲချက်များကို ပြန်လည်ဆန်းစစ်ခြင်းအားဖြင့် ၂၀၁၀ ၊ ၄ ၊ ၁၅ ရက်နေ့က X2O မဏ္ဍပ်ရှေ့ ပေါက်ကွဲမှုကြောင့် နအဖ၀န်ထမ်းအပါအ၀င် ၁၀ ဦးသေပြီး ဗိုလ်မှူးကြီး အုန်းချိုနဲ့ အရာရှိအချို့အပါအ၀င် ၁၇၀ ကျော်ဒဏ်ရာရတဲ့ လုပ်ကြံမှုဟာ နအဖလက်ချက်မှတပါး အခြားမရှိကြောင်း အများသိစေရန် ထပ်လောင်း၍ တင်ပြအပ်ပါတယ်။

လေးစားစွာဖြင့် - ရွှေပြည်စိုး

Tuesday, May 25, 2010

မင်းခွေးချေးသန်းရွှေရဲ့အိမ်တွင်းရေးအရှုပ်တော် ပုံများ

နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မြန်မာပြည်သူလူထုတွေက၊ မြန်မာနိုင်ငံကိုဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်း ဆောင်တဲ့၊ စစ်ကောင်စီကအုပ်ချုပ်နေတာလို့ သိရှိထားကြပါတယ်။ အဲဒီ စစ်ကောင်စီဥက္ကဌဖြစ်တဲ့
ဗိုလ်ချုပ် မှူးကြီးသန်းရွှေကို နောက်ကွယ်က ကြိုးကိုင်အုပ်ချုပ်နေသူတဦး ရှိနေတာ သိရှိသူ မရှိသလောက်ပါ။

သူ့နာမည်က “မောင်မောင် (ခ) သန့်ဇော်ရွှေ” ပါ။ ဦးသန်းရွှေဒေါ်မကြိုင်တို့ရဲ့ အငယ်ဆုံးသား ဖြစ်ပြီး၊ စိတ်ဝေဒနာ အနည်းငယ်ခံစားနေရသူပါ။ ဒါပေမဲ့ သူ့ကို တအိမ်သားလုံးက စိတ်ရောဂါရှင်လို့
မသတ်မှတ်ကြဘဲ ဘိုးတော်ဝင်စားသူတဦးအဖြစ် သတ်မှတ်ကိုးကွယ်ကြပါတယ်။ဘိုးတော်မောင်မောင် (ခ) သန့်ဇော်ရွှေဟာ အသက်(၄၀)ခန့်ရှိပြီး ဝတ်ဖြူစင်ကြယ်နဲ့ နုတ်ခမ်းမွှေး မုတ်ဆိတ် မွှေးများထားရှိပြီး၊
ဘိုးတော်လိုလို အောက်လမ်းဆရာလိုလို ရှေ့ဖြစ်နောက်ဖြစ်တွေကို ဟောကြားပြီး ဆောင်ရန်ရှောင်ရန်တွေကို ညွှန်ကြားလေ့ရှိပါတယ်။ မိသားစုကိစ္စတွေသာ မကတော့ဘဲ၊ တဖြေးဖြေးနဲ့ တိုင်းပြည်ရဲ့အရေးကြီးတဲ့ မူဝါဒရေးရာတွေပါမကျန် ဘိုးတော်မောင်မောင်ရဲ့

အခါပေးညွှန်ကြားချက်တွေအတိုင်း အဖေဖြစ်သူ ဦးသန်းရွှေက လိုက်လံဆောင်ရွက်လေ့ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအိမ်ကို အလုပ်ရှိလို့လာကြရတဲ့ ဗိုလ်ချုပ်ကြီးတွေအပါအဝင် ဧည့်သည်အားလုံးဟာ ကြမ်းပြင်ပေါ်မှာဘဲ ထိုင်ကြရတာ ဓလေ့တခုလို ဖြစ်နေပါပြီ။ ဧည့်ခန်းအတွင်း အမြင့် တနေရာမှာ
ရှေးဘုရင်များခေတ်က သလွန်လို ပြင်ဆင်ထားတဲ့နေရာမှာ ဦးသန်းရွှေနဲ့ ဒေါ်မကြိုင်တို့က ထိုင်ပြီး ဧည့် သည်တွေကို လက္ခံတွေ့ဆုံပါတယ်။ အဲဒီအခြေအနေကို ဘိုးတော်မောင်မောင်က လျှို့ဝှက်ဗီဒီယိုမှတ်တမ်း တွေ ရိုက်ကူးပြီး၊ ဧည့်သည်တွေ ပြန်သွားတဲ့အခါ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ပြန်ဖွင့်ကြည့်ကြပြီး၊ ဘိုးတော်မောင်မောင်က ဝေဖန်သုံးသပ်ပြခါ အဖေဖြစ်သူဦးသန်းရွှေကို လိုအပ်သလို ညွှန်ကြားမှုတွေ ပေးနေကြပါ။ အလားတူ ယတြာလုပ်ရမဲ့ကိစ္စတွေကိုတော့ မိခင်ဖြစ်သူ ဒေါ်မကြိုင်ကို ညွှန်ကြား လုပ်ဆောင်စေပါတယ်။ ဘိုးတော်မောင်မောင်အနေနဲ့ အာရုံမှာ သဘောမတွေ့သူတွေမှန်သမျှ၊ နေရာပြောင်းရွှေ့ခံရတာ၊ ရာထူးချခံရတာ၊ အလုပ်ထုတ်ခံရတာတွေ ရှိသလို၊ သူသဘောတွေ့သူမှန်သမျှကတော့ ကောင်းစား လေ့ရှိပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်တွေအများစုကတော့ ဘိုးတော်မောင်မောင်ကို အလွန်ရွံရှာ ကြောက်လန့်ကြပါတယ်။ အကြောင်းက ဘိုးတော်မောင်မောင်ဟာ လူသတ်ရန် ဝန်မလေးတဲ့သူတယောက် ဖြစ်လို့ပါ။ လူမသိအောင် ဖုန်းဖိထားတဲ့ ဖြစ်စဉ်တခုကို
တင်ပြရရင် ကမ္ဘာအေးဘုရားလမ်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အိမ် (၎င်းတို့အဆို အိမ်တော်) မှာ တပ်ချုပ်ကြီးဝတ်ရန် နေ့စဉ် ယူနီဖောင်းပြင်ဆင်ဝတ်ပေးရတဲ့ တာဝန်ကို ယူရသူ “ဗိုလ်ကြီးခင်မောင်လွင်”ကို
လွန်ခဲ့တဲ့တနှစ်ခွဲလောက်က ဘိုးတော်မောင်မောင်က သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ သူ့အာရုံမှာ သူ့အဖေကို လုပ်ကြံတယ်လို့ ပေါ်လာတာကြောင့် ပစ်သတ်လိုက်တာဆိုပြီး တိုးတိုးတိတ်တိတ် သတင်းထွက်ပေါ်ခဲ့ပေမဲ့ တကယ် သတ်လိုက်ရတဲ့ အကြောင်းရင်းကို ဒီကနေ့အထိ ဘယ်သူမှ မပြောရဲသေးပါဘူး။ အဲဒီအချိန်တုံးက ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဋ္ဌေးဝင်းနဲ့ မင်္ဂလာဒုံစစ်ဆေးရုံမှ တပ်မှူးတို့ ချက်ချင်း ရောက်ရှိလာပြီး တခြားကိစ္စတခုကြောင့် သေသွားသလို ဖန်တီးပေးခဲ့ရပါတယ်။ အသတ်ခံလိုက်ရတဲ့ ဗိုလ်ကြီးခင်မောင်လွင်ရဲ့ မိသားစုတွေကိုတော့ ဒီကိစ္စနဲ့ပါတ်သက်ပြီး ပါးစပ်ပိတ်ထားကြဘို့၊ ပေါက်ကြားခဲ့ ရင် မင်းတို့မိသားစုဝင်အားလုံး ထောင်ထဲ ပို့ထားလိုက်မယ်လို့ အိမ်တော်မိသားစုဝင်များက ခြိမ်းခြောက် ထားခဲ့ကြပါတယ်။

အလားတူ ရဟတ်ယာဉ်ပျက်ကြပြီး သေဆုံးသွားတဲ့ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးရဲ့သား ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုဇော်ထွန်းဦးကို ဘိုးတော်မောင်မောင်နဲ့အဖွဲ့က ကမ္ဘာအေးဘုရား လမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းဆုံအနီး ဓါတ်ဆီဆိုင်ရှေ့မှာ ကားနှစ်စီးနဲ့ ပိတ်ရပ်ပြီး၊ ဘိုးတော်မောင်မောင် ကိုယ်တိုင်မောင်းတဲ့ ကားအကြီးကြီးနဲ့ တိုက်သတ်ပါတယ်။ သေပြီလို့ ယူဆပြီးထားခဲ့ကြပေမဲ့ ကံကောင်းလို့ မသေဘဲ၊ ဆေးရုံပေါ်မှာ (၆) လခန့် ဆေးကုသခံခဲ့ရပါတယ်။ အဲဒီ့လို တိုက်သတ်ရတဲ့ အကြောင်ရင်းက ဘိုးတော်မောင်မောင်ရဲ့ အစ်မဖြစ်သူ မပြုံး (ခ) ပြုံးပြုံးရွှေနဲ့ ဇော်ထွန်းဦးတို့ဟာ အိမ်ထောင်အသီးသီး ရှိရက် နဲ့ ဖောက်ပြန်နေကြတာကြောင့်လို့ ပြောဆိုနေကြပေမဲ့၊ ထုံးစံအတိုင်း အကြောင်းရင်းအမှန်ကို ဘယ်သူမှ ခုချိန်ထိ မပြောရဲကြသေးပါဘူး။ သေချာတာတခုကတော့ အဲဒီဖြစ်စဉ်နောက်ပိုင်း ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး
ရဲ့ဇနီး ဒေါ်ခင်သန်းနွဲ့တယောက် စစ်ဗိုလ်ချုပ်တွေရဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေကနေ ပျောက်ကွယ် သွားခဲ့တာပါဘဲ။

တပ်ချုပ်ကြီးမိသားစုတွေထဲမှာ ကိုယ်ကျင့်တရားဖောက်ပြန်မှုတွေကြောင့်နာမည်ဆိုးနဲ့ ထင်ရှားကျော် ကြားလှတဲ့ မပြုံး (ခ) ပြုံးပြုံးရွှေဟာ ယခုလက်ရှိ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်
ရဲ့တရားဝင်ဇနီးပါ။ ကိုဇော်ထွန်းဦးအပြင် ဟစ်ဟော့အဆိုတော်လူငယ်လေးတဦးကိုလည်း တိတ်တိတ်ပုန်း ချစ်သူအဖြစ် မွေးစားထားသေးတယ်လို့ သိရှိနေကြပါတယ်။ အခြား သူအလိုရှိတဲ့အခါ
လူငယ်လေးတွေကို ငွေကြေးအာဏာတွေနဲ့ ဖိအားပေး ခေါ်ခိုင်းကာ ညကလပ်တွေမှာရုပ်ဖျက်သွားရောက် ပျော်ပါးလေ့ရှိပါတယ်။ သူဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒုတိယအတွင်းဝန်ရာထူး ရယူထားပြီး၊
ရုံးတက်ခြင်းမရှိဘဲ လစာကိုတော့ နိုင်ငံခြားငွေ (ဒေါ်လာ) နဲ့ လစဉ် ထုတ်ပေးရပါတယ်။အဲဒီ့လို အကျင့်ပျက်၊ ဦးနှောက်ပျက်၊ ခြစားသူတွေ စုပေါင်းပြီး တိုင်းပြည်ဖျက်နေကြတဲ့ စစ်အာဏာရှင်ကြီး ရဲ့ မိသားစုဟာ မြန်မာ့သမိုင်းမှာ နာမည်ဆိုးတွေနဲ့ ကျော်ကြားခဲ့ကြတဲ့ တရုပ်ပြေးမင်း၊ သိုဟန်ဘွားမင်း၊ သီပေါမင်းတို့ထက်တောင် ပိုမိုဆိုးဝါးပါကြောင်း၊ အနီးကပ်လေ့လာနေသူတဦးကမှတ်ချက်ချ ပြောဆိုခဲ့ ပါတယ်။


ဂမ္ဘီရအတွေးအခေါ်တွေအပြင် အောက်လမ်းနည်းများ အသုံးပြုပြီးထင်ရာစိုင်းနေကြတဲ့ တပ်ချုပ်ကြီးမိ သားစုတွေရဲ့အန္တရာယ်ကို နေ့စဉ်နဲ့အမျှကြောက်ရွံနေကြရတဲ့ ဗိုလ်ချုပ်ကြီးများ အပါအဝင် သူတို့နဲ့ နီးစပ် တွေဟာဗိုလ်ကြီးခင်မောင်လွင်လို အဖြစ်ဆိုးမျိုးနဲ့ ကွေကွင်းရအောင်၊ဘိုးတော်အမည်ခံ ဦးနှောက်ကြပ်မ ပြည့်တဲ့ ဦးသန်းရွှေဒေါ်မကြိုင်တို့ရဲ့သား၊ မောင်မောင် (ခ) သန့်ဇော်ရွှေကို နေ့စဉ်မပျက် ရှိခိုးဦးချနေကြ ကြောင်း အိမ်တော်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရပါတယ်။ အဂ္ဂ မြန်မာ (အတွင်းသတင်း)

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ပိုင်ဆိုင်မှုစာရင်းများ တင်ပြရန် တောင်းဆိုမည့်သတင်းကြောင့် စစ်ဗိုလ်ချုပ်ကြီးများ တုန်လှုပ်ခြောက်ခြားနေ

Wealthy Generals afraid to declare their asset and property in coming election.

News on the grapevine cause big shock for rich Generals, Ministers and Deputy Ministers in junta as rumor said everyone plan to participate in coming election are to declare their personal and family’s assets and properties. Corrupted junta’s members suspect some of not very wealthy jealous fellow member instigate that issue to provoke the riches.

We all understand that every democratically elected government in good intention for People and State must dare to practice in declaring their assets and properties with clear conscience. Such was even introduced and practice in People Republic of China and neighboring countries were matured in that system for more than two decades. Actually that system is not a peculiar but a routine practice in many countries of the world.

Now in Burma, only for the candidates intended to participate in election are eligible for declaring their assets and properties so according to illegitimate constitution drawn by junta that President, Vice President and Commander in Chief of Army are not necessary to be the elected members of People’s Assembly and they are excluded or exempted to declare their assets and properties.

We roughly learnt the assets and properties of junta’s members which are obviously can see by general public (but excluding of jewelries and foreign currencies in other countries banks) and following are some excerpts;

(1) Senior General Than Shwe and family.

General Than Shwe has eight sons and daughters. Each one of them is rich in the amount of not less than US$ 10 millions. So for their family of ten members are roughly rich in amount of US$ 100 millions. Some example for our calculation is that one of the General Than Shwe’s daughters Ma Pyone took free of charge for 2 acres plot of Kamayut Township administration office own by Ministry of Home Affairs in Pyay Road in front of old Rangoon University. That compound worth more than US$ 10 millions. They also took the State own former Kan-Thar-Yar hospital on the bank of Inya lake next to IBC building and many others State and army own plots and compounds around in the area of Inya lake without paying any single cent but all in free of charge. Office of Myanmar InfoTech in Pyay road is also own by Tun Naing Shwe, son of U Than Shwe.

(2) General Maung Aye and family.

He has only one daughter but an army of nephews and nieces are sharing the advantages of opportunities thus all his own assets could reach to US$ 100 millions easily. His daughter Nandar Aye own Queen Star company, which is importing computers, accessories and IT related goods without permit and import duty so benefit is definite that they can make US$ 20 millions profit annually. Nandar Aye also married to Lieutenant Commander Pye Aung, son of Myanmar’s notorious Ali Barber U Aung Thaung so their wealth is uncountable.

(3) General Thura Shwe Mann and family.

He has two sons. Elder son Toe Aung Mann married to daughter of Zay Kabar Khin Shwe. State own properties of Karaweik Palace and Mya-Yeik-Nyo hotel are already change the ownership to them with payment for free of charge. Younger son Aung Thet Mann is associated with notorious Tayza, the most hated creature in the country by people, and running Htoo Company, which is grabbing all State own forest and all resources thus their family assets exceeding the amount of over the US$ 1000 millions.

There are altogether of Generals, Ministers, Deputy Ministers and Regional Commanders, which can reach to at least 300 persons and if calculation make base on the minimum amount of US$ 10 millions per person, total sum will be in US$ 3000 millions. If that entire amount is used for the development of the country, we can get electricity running for 24 hours in every corner of the country, all the roads in best condition and hospitals can be competitive with famous ones in neighboring countries.

All that money in the hands of junta’s family are never been earned by their legal income but all are stealing from the State coffer.

၂၀၁၀မှာစစ်အစိုးရရဲ့ တဖက်သက် စိတ်တိုင်းကျ ရေးဆွဲအတည်ပြုထားတဲ့ နာဂစ် အခြေခံဥပဒေအရ ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံကြမဲ့ အမတ်လောင်းတွေဟာ မိမိတို့ရဲ့ ချမ်းသာကြွယ်ဝတဲ့ ပိုင်ဆိုင်မှုစာရင်းကို တင်ပြကြရမယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာတာကြောင့် စစ်ဗိုလ်ချုပ်ကြီးများအပါအဝင် ဝန်ကြီး၊ ဒုဝန်ကြီးများ ဌာနဆိုင်ရာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြတဲ့ မသမာတဲ့ နည်းလမ်းပေါင်းစုံကြောင့် ချမ်းသာလာကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်ရမှန်း မသိလောက်အောင် တုန်လှုပ်ခြောက်ခြားနေကြပါတယ်။

လက်ရှိ စစ်အဏာသိမ်း အစိုးရထဲက လါဘ်ငွေအနည်းဆုံးရတဲ့ သိပ်မချမ်းသာသေးတဲ့ တယောက်ယောက်ကများ ဒီကိစ္စကို အစဆွဲထုတ်တာလား။ ဒါမှမဟုတ် တပ်ချုပ်ကြီးသန်းရွှေက စာရင်း ကင်းလွတ်ခွင့်မှာ သူ့ကိုယ့် သူထည့်သွင်းထားပြီး ကိုယ်လွတ်ရုန်းဘို့ စီစဉ်ထားတာကြောင့်လား။ (သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲကို သူက ကျင်းပပေးမယ်လို့ ကမ္ဘာသိ ပြောဆိုထားတာကြောင့် တပ်ချုပ်ကြီးက ဒီလိုကင်းလွတ်ခွင့်ကို လက်မခံဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး သူ့မိသားစုရဲ့ ခိုးဝှက်၊ လုယက်၊ အနုကြမ်းစီး၊ ဓါးပြတိုက်ရာက ရလာတဲ့ကြွယ် ဝချမ်းသာမှုစာရင်းကို မချွင်းမချန်ဘဲ ရွေးကောက်ပွဲ ကော်မရှင်က တဆင့် မြန်မာပြည်သူလူထုကြီးကို အသိ ပေးလိမ့်မယ်လို့ ကောလဟာလ သတင်းများ ထွက်ပေါ်နေပါတယ်။)

စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖေါ် ကျင့်သုံးနေကြတဲ့ ပြည်သူလူထုက လွတ်လပ်စွာရွေး ကောက်တင်မြောက်ထားတဲ့ အစိုးရတိုင်းဟာ မိမိတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လိပ်ပြာသန့်သန့်နဲ့ ပြည်သူလူထုကို ကြေငြာတင်ပြရဲပါတယ်။ ဒီလိုအလေ့အထတွေကို မြန်မာ စစ်အာဏာရှင်ကြီးများ ဂါဝရတရားအပြည့်ရိုသေ ကိုင်းရှိုင်းအလေးထားတဲ့ တရုတ်နိုင်ငံမှာတောင် စတင်ကြင့်သုံးနေပါပြီ။ အိမ်နီးချင်းနိုင်ငံအချို့မှာလည်း ဒီလို ပိုင်ဆိုင်မှုတွေကို သတ္တိရှိရှိ ပြည်သူလူထုကို ကြေငြာတင်ပြနေကြတာ ဆယ်စုနှစ် (၂) နှစ်ရှိနေပါပြီ။ ဒီမို ကရေစီစနစ် ခိုင်မာနေပြီဖြစ်တဲ့ နိုင်ငံ အတော်များများမှာတော့ ဒီအလေ့အကျင့်က အဆန်း မဟုတ်တော့ပါဘူး။

၂၀၁၀ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ တိုက်ရိုက်ခန့်ထားခံကြရမဲ့ သမတ၊ ဒုသမတတွေ၊ ကာကွယ်ရေးဦစီး ချုပ်တွေရော၊ ပိုင်ဆိုင်မှု စာရင်း တင်ပြခြင်းမှ ကင်းလွတ်ခွင့်ရှိနေတယ်လို့ ပြောဆိုနေကြပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် လက်ရှိ စစ်အာဏာရှင်တွေနဲ့ မိသားစုတွေရဲ့ ပိုင်ဆိုင်မှု (ခန့်မှန်း) စာရင်းကို ပြည်သူတွေ သိထားသင့်ပါတယ်။ (ဒီစာရင်းကို ၎င်းတို့နဲ့ နီးစပ်တဲ့ စစ်အရာရှိကြီး တဦးမှ ခန့်မှန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။)

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ။ ။ သားသမီး(၈)ယောက်ရှိပါတယ်။ တယောက်ကိုအနည်းဆုံး အမေရိကန်ဒေါ် လာ(၁၀)သန်းခန့် ချမ်းသာနေကြပါတယ်။ မိသားစု(၁၀)ယောက်ဆိုတော့ အမေရိကန်ဒေါ်လာသန်း (၁၀၀)ခန့်ရှိနေပါတယ်။ ဥပမာ…..ရန်ကုန်ပြည်လမ်းမကြီးပေါ် မာလာဆောင်ရှေ့ရှိ ကမာရွတ်မယကရုံးဝင်း ကြီးကို သမီးအလတ်ဖြစ်တဲ့ မပြုံး(ခ)ပြုံးပြုံးရွှေကို နာမည်လွှဲပေးခဲ့ပါတယ်။ ကာလပေါက်ဈေးမြန်မာကျပ်ငွေ သိန်းပေါင်းတစ်သိန်းခန့် ( အမေရိကန်ဒေါ်လာ ၁၀သန်းခန့် ) တန်ကြေးရှိပါတယ်။ ဒါ့အပြင် IBC အဆောက် အဦးဘေးရှိ အစိုးရပိုင် ကန်သာယာဆေးရုံဝင်းနဲ့ အခြားအင်းယားကန်ဘေးရှိ တပ်မတော်ပိုင်မြေကွက်များ ကိုလည်းသမီး မသြ(ခ)ကြည်ကြည်ရွှေ နာမည်ပေါက်များအဖြစ် လုပ်ဆောင်ပြောင်းလဲပေးခဲ့ရပါတယ်။ Myanmar Infotech ရုံးဖွင့်ထားတဲ့ပြည်လမ်းကခြံကို သားလတ်ဖြစ်တဲ့ ထွန်းနိုင်ရွှေ ( စွန့်လွှတ်ဟန်ဆောင် ထားသူ ) ကပိုင်ဆိုင်ပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး။ ။သမီးတစ်ဦး မွေးစားထားပေမဲ့ တူ၊ တူမတွေ အလွန်များလှပါတယ်။ ဒီမိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေကလည်း အမေရိကန်ဒေါ်လာ သန်းပေါင်း(၁၀၀)ထက် မလျော့ပါဘူး။ သမီး ဖြစ်သူ နန္ဒာအေး ဟာ၊ Queen Star ကုမ္ပဏီကိုပိုင်ဆိုင်ထားပြီး Computer နဲ့ IT ပစ္စည်းများကို လိုင်စင်မဲ့ အခွန်မဲ့ တင်သွင်းခွင့် ရရှိထားတာကြောင့် တနှစ်ကို ဒေါ်လာသန်း(၂၀)ခန့် အမြတ်အစွန်း ရရှိနေသူတဦးပါ။ ဒါအပြင် နန္ဒာအေးဟာ ဦးအောင်သောင်းရဲ့ သားဖြစ်သူ ဗိုလ်မှူး ပြည်အောင်နဲ့ အိမ်ထောင်ပြုလိုက်တဲ့အတွက် ချမ်းသာကြွယ်ဝမှုကိုတော့ တွက်ချက်လို့ မရနိုင်အောင်ပါဘဲ။

ဗိုလ်ချုပ်ကြီးသူရရွှေမန်း။ ။ သား(၂)ယောက်ရှိပါတယ်။ အကြီးဖြစ်တဲ့ တိုးအောင်မန်းဟာ ဇေကမ္ဘာခင်ရွှေ ရဲ့သမီးနဲ့ လက်ထပ်ယူထားပြီး စီးပွားရေး သောင်းကျန်းမှုမှာတော့ ထိပ်ခေါင်စာရင်းဝင်ပါဘဲ။ နိုင်ငံတော်ပိုင် ကရဝိတ်ဟိုတယ်နဲ့ မြရိပ်ညို ဟိုတယ်တွေကို နိုင်ငံတော် အမည်ကနေ ကိုယ်ပိုင်အမည် ပြောင်းလဲပိုင်ဆိုင်ထား ပါတယ်။ အငယ်ဖြစ်သူ အောင်သက်မန်းကတော့ ပြည်သူ့ချဉ်ဖတ် တေဇနဲ့ ထူးကုမ္ပဏီမှာ အတူတကွ ပူး ပေါင်းပြီး သံယံဇာတ အားလုံးကို သိမ်းကျုံး ရယူ ရောင်းစားနေသူတဦးပါ။ ကြွယ်ဝမှုတွေကတော့ အဲ့ဒီ့မိသားစု တွေမှာ ခန့်မှန်း အမေရိကန်ဒေါ်လာသန်း (၁၀၀၀) ခန့်ရှိပါတယ်။

ဒါ့ကြောင့် စစ်အာဏာသိမ်းအဖွဲ့ဝင် ဝန်ကြီး ဒုဝန်ကြီး တိုင်းမှူးနဲ့ ဗိုလ်ချုပ်ကြီးတွေ အရေအတွက်ဟာ (၃၀၀) ခန့်ရှိပါတယ်။ ပျမ်းမျှတစ်ဦးလျှင် ဒေါ်လာ(၁၀)သန်းနဲ့တွက်ပါက စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၀၀၀)ခန့်ရှိပါတယ်။ အဲဒီငွေပမာဏနဲ့ မြန်မာတစ်နိုင်ငံလုံးကို (၂၄)နာရီ မီးလင်းအောင် လုပ်လို့ရပါတယ်။ လမ်းတွေပြင်လို့ရပါတယ်။ ဆေးရုံတွေပြင်လို့ရပါတယ်။ စာသင်ကျောင်းတွေ ပြင်ဆင် တိုးချဲ့ဆောက်လုပ် နိုင်ပါတယ်။

ရိုးရိုးသားသားနဲ့ ရှာဖွေထားတာမဟုတ်ဘဲ နိုင်ငံပိုင်ငွေကြေးတွေကို မတရားတဲ့နည်းလမ်းပေါင်းစုံသုံးပြီး လိမ်လည်ရယူထားတာကြောင့် ၂၀၁၀ရွေးကောက်ပွဲမတိုင်ခင် ပိုင်ဆိုင်မှုစာရင်းကို တိုင်းပြည်နဲ့ပြည်သူလူ ထုထံကြေငြာတင်ပြရန် အထူး ကြောက်ရွံ့နေကြခြင်းသာ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။
သတင်းအဂ္ဂ (မြန်မာ)

Saturday, May 22, 2010

ဒေါ်အောင်ဆန်းစုကြည်သာ ပင်လုံကတိ ပြန်ဖေါ် နိုင်မည်ဟု သျှမ်းတော်လှန်ရေးနေ့၌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ပြော


Friday, 21 May 2010 21:07 သျှမ်းသံတော်ဆင့်

မေ ၂၁ ရက်၌ ကျရောက်သော ၅၂ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစု ကြည်သာ ပင်လုံကတိပြန်ဖေါ်နိုင်သူ ဟု SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်ကပြောကြားခဲ့ပါသည်။

“ပင်လုံစာချုပ်ကို ကျောခိုင်းလို့တိုင်းပြည်အခြေအနေ အခုလိုမျိုးဖြစ်ရတာ။ ရှေ့ဆက် ဥပက္ခာပြု မေ့ချင်သယောင် လုပ်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ပြဿနာ ဘယ်တော့မှ အဆုံးသတ်နိုင်မှာမဟုတ်ဘူး။ တန်းတူ အခွင့်အရေး အတွက် ပင်လုံကတိကို ပြန်ဖေါ်ရမယ်၊ ပင်လုံကို ပြန်ဖေါ်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဟာ အဓိက အခန်း ကဏ္ဍ ဖြစ်တယ်၊ သူမကို ဆက်လက်ထောက်ခံအားပေးရမယ်”- ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ကပြော၏။

မေ ၂၁ ရက် သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားကို လွယ်တိုင်းလျဲန်းဌာနချုပ်၌ ကျင်းပရာ စစ်သည် အင်အား ၁၅၀၀ ကျော် တက်ရောက် စစ်ရေးပြပြီး လူထုပရိသတ် အပါဝင် စုစုပေါင်း အင်အား ၂၀၀၀ ကျော် တက်ရောက်ခဲ့၏။

မနက်ပိုင်း တော်လှန်ရေးအခမ်းအနားကျင်းပပြီး မွန်းလွဲပိုင်း ၁၃း၃၀ နာရီတွင် တော်လှန်ရေးနေ့နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတရပ်ြုပလုပ်ခဲ့ရာ သတင်းထောက်များ၏ မေးမြန်းချက်အပေါ် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ပင်လုံနှင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဒွန်တွဲပြောဆိုခြင်းဖြစ်ပါသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးလဲဖြစ်တယ်။ အာဆီယံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီး သီးကလဲ သူမကိုလက်ခံတယ်။ ပင်လုံအကြောင်းသူမ ပြန်ပြောင်းပြောလာမယ်ဆိုရင် ပိုထိရောက်မယ်၊ စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်လာနိုင်အောင် အဲဒီအခွင့်အလှမ်း ကနေ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို သူမဖေါ်ဆောင်နိုင်မယ်။ UN ပြောသလိုပါဘဲ တိုင်းရင်းသားမပါရင်မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ လွယ်ကူမှာ မဟုတ်ဘူး” - ဟု သတင်းထောက်များအား ဆက်လက်ပြောပြ၏။

လွယ်တိုင်းလျဲန်းဌာနချုပ် သတင်းစာရှင်းလင်းပွဲတွင် ပချားထိုင်းကဲ့သို့ ထိုင်းသတင်းဌာနများအပြင်၊ ဒီဗွီဘီ သတင်းဌာန နှင့် အတူ သျှမ်းသံတော်ဆင့်သတင်းဌာနတို့လည်း ပါဝင်တက်ရောက် သတင်းယူမေးမြန်းခဲ့ပါသည်။

၁၉၅၂ ခုနှစ် တွင် တရုပ်ဖြူကျူးကျော်မှုကိုအကြောင်းပြု၍ ဗမာ့တပ်မတော်က သျှမ်းပြည်၏ ကိုယ်ပိုင်ပြဌာန်းခွင့် ကို သိမ်းပိုက်ထိပါးလာမှုကြောင့် လွတ်လပ်ရေး၊ တန်းတူရေးမြတ်နိုးတန်ဖိုးထားသည့် စောနွဲ့ဆောယန္တ ဦးဆောင် သျှမ်းလူငယ် ၃၁ ယောက်က ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် တောခိုပြီး လက်နက်ကိုင်တော်လှန်ရေးစတင်ကာ သျှမ်းပြည်တော်လှန်ရေးသမိုင်းစာမျက်နှာ စဖွင့်ခဲ့ခြင်းဖြစ်ပါသည်။

Monday, May 3, 2010

ဆယ်နဲ့လုပ်ပြီး ဆယ်ဦးမယ့် ရွေးကောက်ပွဲတဲ့ဗျား

မြန်မာပြည်တွင်းရှိ နအဖအတွင်း လုံခြုံစိတ်ချရသည့် မိမိတို့ဧ။် သတင်းရပ်ကွက်တခုမှ သတင်းအရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနှင့် ယခင်သတင်းထွက်ထားသည့် ဒီဇင်ဘာလလောက်အတွင်းပြုလုပ်မည့် ၄င်းတို့ပြောသည့်ရွေးကောက်ပွဲအား ယခုအခါ အစီအစဉ်ရှိရှိ ပြောင်းရွှေ့မည်ဖြစ်ကြောင်းသတင်းရရှိထားသည်။

မူလက အစီအစဉ်ရှိရှိဖြင့် နိုင်ငံခြားသံတမန်များ၊ သံရုံးဝန်ထမ်းများ၊ ကုလသမဂ္ဂ၀န်ထမ်းများနှင့် အခြား အန်ဂျီအိုအဖွဲ့အစည်းများရှိ ၀န်ထမ်းများ အိမ်ပြန်ချိန်ဖြစ်သည့် ခရစ္စမတ်နှင့် နှစ်သစ်ကူးအချိန် နှစ်ကုန်ပိုင်း ဒီဇင်ဘာလ၀န်းကျင်တွင် နအဖအနေနှင့် ရွေးကောက် ပွဲအား ကျင်းပရန်ဆန္ဒရှိသော်လည်း ယခုအခါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဧ။် အပါးတွင်ခစားသည့် အခါပေးတို့ဧ။် အလိုအရ လာမည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုဆယ်ဂဏန်းများအား ရွေးချယ်ပြုလုပ်သည့် ရည်ရွယ်ချက်တခုမှာ တိုင်းပြည်အား ဆယ်ယူမည်ဟူသည့် အတိတ်ဖြင့် ဆယ်ဂဏန်းများဖြစ်သည့် ၁၀၊၁၀၊၂၀၁၀ ကိုရွေးချယ်ထားခြင်းဖြစ်ကြောင်း ထိုသတင်းကိုပေးပို့လာသူမှ ပြောပြခဲ့သည်။ သို့သော် အခြားတဘက်မှကြည့်မည်ဆိုပါကလည်း နအဖတို့အနေနှင့် ၄င်းတို့တိုင်းပြည်ပေါ် နေရာမဖယ်ရရေး အလွန့်အကျွံ လုပ်ဆောင်ထား၍ ပျက်စီးနေသည့် နာမည်အား သူ့တို့ကိုယ်သူတို့ဆယ်မည်ဆိုသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။

နောက်တခုမှာလည်း ဖဲအသုံးအနှုန်းဖြစ်သည့် ဘူနှင့်လိမ်မှရမည်ဟုလည်းဖြစ်ကြောင်း အကြောင်းတချက်လည်းပါရှိနေသည်ဟုဆိုသည်။ သို့သော် ဂဏန်းများအားလုံးပေါင်းလျှင် ၅ ဖြစ်နေသဖြင့် ၄င်းဂဏန်းမှာ မြန်မာနိုင်ငံတွင် လူထုတိုက်ပွဲဖြစ်ပေါ်ခဲ့သည့် ၈၈၈၈ ရှစ်လေးလုံးပေါင်းလဒ်နှင့် တထပ်တည်းတူနေသဖြင့် ၅ ကိုတန်ပြန်သည့်သဘောလားဟု မေးစရာရှိသည်။ အကယ်၍ဤသတင်းမှန်ပါက လက်ရှိ နအဖပံ့ပိုးမှုဖြင့် ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွတ်ပါတီကို ယှဉ်ပြိုင်မည့် အခြားပါတီတို့အနေနှင့် ရွေးကောက်ပွဲအနိုင်ရရေး ပြင်ဆင်ချိန်မှာ ၆ လမျှသာရှိတော့သဖြင့် နအဖအလိုကျအတိုင်း တသွေမတိမ်းဖြစ်လာမည့်အနေအထားဖြစ်စေရေး အနေအထားဖြစ်နေပေသည်။

နအဖအနေနှင့် အာဏာတည်မြဲရေးအတွက် တိုင်းပြည်အား ဗေဒင်ယဒယာအခါပေးတို့၏ အကြံဥာဏ်အတိုင်း နှစ်ပေါင်းများစွာ အရှက်မရှိလိုက်လုပ်နေကြသဖြင့် ၄င်းတို့၏ နောက်ဆက်တွဲ အကျိုးဆက်မှာ မည်သည့်အခါမျှ အများပြည်သူအတွက် အကျိုးမရှိစေသည့် လုပ်ရပ်များသာဖြစ်နေသဖြင် မိမိတို့အားလုံး သတိရှိရှိပြင်ဆင် တိုက်ပွဲဝင်မှသာ အများလွတ်မြောက်ရေးအကျိုး သယ်ပိုးနှိုင်မည်ဖြစ်ပါကြောင်း။