Friday, January 30, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေငြာချက်များ




ဆုံဆည်းရာ www.soneseayar.blogspot.com မှ ကူးယူဖော်ပြပေးပါသည်။

ညီလေးနဲ့တခဏတာ


ညီလေးရေ့ 
ငါတို့တတွေဟာ
သာသူကိုအားကိုးကြတဲ့
ပုတုစဉ်လူသားတွေဖြစ်တယ့့်  ။

တကယ်ဆိုငါတို့တတွေဟာလောကီသားတွေပေမို့ 
လောကသဘာဝအတိုင်းလိုက်ကာ
တခါတလေမှာ
တကိုယ်ကောင်းအတ္တတွေကို
ကိုယ်ပိုင်အသိနဲ့ဖျောက်လို့
အစွန်းရောက်လွန်းတဲ့
လူ့တိရစ္ဆာန်မဖြစ်အောင်
အများတကာနဲ့သဟဇာတဖြစ်ဖို့
ကိုယ်ပိုင်အသိနဲ့အမြဲရှင်နေရတယ်နော့့်  ။

ညီလေးရေ့ 
ကိုယ့်မျက်စေ့မွှေးတဆုံးမကပဲ
ဝေးဝေးကိုမြင်နှိုင်အောင်လို့
မြင့်မြင့်ပျံပြီးတော့
ဝေးဝေးကြည့်ရမယ့့်  ။

နားစွင့်ထားညီလေ့း့ 
ဟိုးရှေ့က၀ံပုလွေတွေ
သားရဲကိုလိုက်ရင်း
စူးစူးရဲရဲအော်သံတွေကြားနေတယ်
ဒါပေမယ့် ခေါင်းဆောင်
ဝံပုလွေအိုကြီးအသံကို သိပ်မကြားရဘူး
တဘို့တည်းကြည့်တတ်တဲ့ဝံပုလွေအိုကြီးက
တချီတည်းနဲ့သားရဲကိုအပြီလှဲဖို့ပဲ
အဓိကကြိုးစားနေလေရဲ့  ။

ညီလေးရေ့ 
ခေါင်းဆောင်လုပ်တဲ့သူဆိုတာ
စွန့်လွှတ်စွန့်စားမှု
သီးခံအနစ်နာခံမှုနဲ့
ရဲရင့်ဆုံးဖြတ်ဥာဏ်မှန်ကန်မှု
တခုကောင်းတခုတော့ရှိရမယ့့်  ။

ညီလေး ငါတို့တတွေက့ 
ယုံကြည်ကိုးကွယ်ကြတာ
ဘာသာအသီးသီးဖြစ်ကြပေမယ့်
ဘာသာတရားတိုင်းမှာ
မကောင်းတာတွေလုပ်ဖို့
ဟောကြားဆုံးမထားတာတွေမရှိဘူ့း့  ။

တကယ်ဆိုရင်ညီလေးရာ့ 
ငါဟာ ပညာရှိတယောက်မဟုတ်တော့
စကားကြွယ်သူပညာတတ်တွေနဲ့
နေ့တဓူဝလောကအကြောင်းတွေပြောကြရင်း
သူတို့တတွေလောက်
ငါကဥာဏ်မသုံးတတ်တော့
ပညာရှိတွေအကြား
ငါ့မှာ့  မျက်နှာငယ်နဲ့ရှက်စရာပ့  ။

ဒါပေမယ့်လည်း ညီလေးရေ့ 
အချိန်ရရင်ငါဟာ
ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ဝေဖန်တတ်လို့
ငါဟာ့  ပညာနည်းပေမယ့်
အစွန်းရောက်တာတွေမလုပ်ခဲ့ဘူး
ကွဲကွာ ညီလေးရာ
ငါတို့နှစ်ယောက်တွေ့ရတဲ့တခဏ
မင်းရဲ့အမြင်လေးတွေနဲ့
ခံစားချက်လေးတချို့ကိုပြောပြပါဦ့း့  ။

ဇာနည်မောင်

Thursday, January 29, 2009

ငါသာလျှင် ငါ့ကံ၏အရှင်သခင် ….

၁၉၈၈ တွင် ကျောင်းသားလူငယ်များဦးဆောင်၍ ဗမာ့လူထုအသိုင်း အ၀ိုင်းထဲက မှားယွင်းပျက်စီးမှုများကို ထုတ်ဖေါ် စည်းရုံးတိုက်ပွဲဝင်ခဲ့သည့် "ရှစ်လေးလုံးအရေးတော်ပုံ" ပေါ်ပေါက်လာခဲ့သည်။ ၎င်းအရေးတော်ပုံက ဗိုလ်နေ၀င်း ဦးဆောင်ခဲ့သည့် တိုင်းပြည်တွင်ရှိနေသော အာဏာရှင်စနစ်ကို တိုက်ထုတ်ပစ်ရန်နှင့် လူထုနှင့်တိုင်းပြည်အတွက် ကိုက်ညီသော လူထုအားအကာအကွယ်ပြုမည့် အနာဂတ်ကောင်းတခုပေါ်ထွန်းရေးအတွက်ဖြစ်သည်။ တရား မျှတမှုသည် အခြေခံတောင်းဆိုမှုဖြစ်ပြီး လူတဦးစီ၏ကိုယ်ပိုင်အခွင့်အရေးဖြစ်သော လွတ်လပ်ခွင့်ကို စတင်တိုက်ပွဲ ၀င်ခဲ့ကြခြင်းလည်း ဖြစ်ပေသည်။

လူထု၏ဆန္ဒနှင့် မျှော်လင့်ချက်များအား တဆင့်ပြီးတဆင့်နှောက်ယှက် ဖျက်ဆီးရေးအတွက် တပ်မတော်မှာ အသုံးချခံသက်သက်ဖြစ်နေခဲ့ပြီး ၁၉၈၈ ကစပြီး တပ်မတော်ပါဝင်ပတ်သက်လာခဲ့သည့် ကဏ္ဍများအရ တပ်မတော် သည်လည်း ပြည်သူလူထုယုံကြည်မှုနှင့် အကြည်ညိုကင်းမဲ့မှုကို ထိပ်တိုက်ရင်ဆိုင်လာရသည်ကိုတွေ့ရသည်။ ထိုကာလများထဲတွင် လူထုထဲမှပေါက်ဖွားလာသည့် စစ်သည်တို့နှင့် စုဖွဲ့ထားသော တပ်မတော်၏ မှားယွင်းမှုများကို ထောက်ပြရန် လိုအပ်မည်ဟုယူဆသည်။ သို့မှသာလျှင် လက်ရှိတပ်မတော်တွင် ရှိနေကြသည့် တပ်မတော်သား များ(အရာရှိ စစ်သည်များ) အနေနှင့် ရှင်းလင်းစွာ သိမြင်နှိုင်မည်ဖြစ်သည်။

၁။ ၁၉၈၈ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် တပါတီစနစ်အာဏာရှင် ဗိုလ်နေ၀င်းဦးဆောင်ခဲ့သည့် ကိုယ့်နည်းကိုယ့်ဟန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဖြုတ်ချရေးတိုက်ပွဲဝင်လူထုအား တပ်မတော်က ပစ်ခတ်သတ် ဖြတ်ပြီး လူထုလက်ထဲမှ အာဏာဝင်လုသွားသည့်ကိစ္စ။
(မျိုးဆက်သစ်လူငယ်တွေအပါအ၀င် လူထုအားလုံးက လူထုကိုအကာအကွယ်ပေးလိမ့်မည်ဟု ယုံကြည် မျှော်လင့်ထားခဲ့သည့် တပ်မတော်အနေနှင့် နိုင်ငံတ၀ှမ်း ပြည်သူလူထုကို ထောင်နှင့်ချီ၍ သတ်ဖြတ်နှိပ်ကွပ်မှုအပြီး လူထု၏ ရွံရှာမှုကိုခံရပေသည်။ မိတ်ဆွေသူငယ်ချင်းမှအစ၊ မိသားစုဝင်များအပါအ၀င် လူထုအား အကြမ်းဖက် အနိုင်ကျင့်ခဲ့သည့်လုပ်ရပ်အပေါ်တွင် ပဋိပက္ခများစွာ ဖြစ်လာသည်။ ထို့ကြောင့် န.၀.တ က ဘယ်သူခွဲခွဲ တို့မကွဲ၊ အမြဲစည်းလုံးမည် အစရှိသည့် ဆောင်ပုဒ်များနှင့် စစ်တပ်ကို ပြည်သူလူထုထဲက ဆွဲထုတ်ပြီး အခွင့်ထူးခံ အတန်းအစားယောင်ယောင် ဘာယောင်ယောင် လုပ်ကြပြန်သည်။ အမှန်တကယ်မှာမူ တပ်မတော်ကို လူထုနှင့် သွေးခွဲလိုက်ခြင်းသာဖြစ်သည်။)
၂။ ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီ လူထုကြည်ညိုချစ်ခင်သည့် လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သည့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် ၀င်ရောက်ယှဉ်ပြိုင်မှုမပြုနှိုင်စေရေးအတွက် အကျယ်ချုပ်ချထားခဲ့သည့်ကိစ္စ။
(မတရားမှုတွေလုပ်နေသည့် အတင်းလုယူထားသောဗိုလ်ချုပ်ဆိုသူတို့က တပ်မတော်၏ဖခင်ရင်း ဗိုလ်ချုပ် အောင်ဆန်း၏ သမီးငယ် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသမီးတဦးဖြစ်သော်လည်း အလွန်ကြောက်ကြ၏။ မတရားတဲ့အမိန့်အာဏာမှန်သမျှ ဖီဆန်ကြဟူသော သူမ၏ မှန်ကန်သည့်ရပ်တည်မှုနှင့် လူထုအားပေးမှုစကား များကို သူမပြောသလို တညီတည်း အစိုးရရုံးများ၊ စက်ရုံများအပါအ၀င် ယန္တရားအားလုံးရပ်သွားစေမည့် ၀ိုင်းဝန်း ဆန့်ကျင်မှုမျိုးဖြစ်မည်ကိုစိုးရိမ်ပြီး လူအုပ်နှင့်ဝိုင်းရိုက်သည့်နည်းအပါအ၀င် အမျိုးမျိုးနှောက်ယှက်ခဲ့ကြသည်။ ထိုဒီပဲရင်းအကြမ်းဖက်မှုနောက်ပိုင်း ယင်းကဲ့သို့ အဆင့်အတန်းမရှိသောသူများအား စုစည်းပေး၍ လူအုပ်နှင့် ၀ိုင်းရိုက်သည့်နည်းအား ကျင့်သုံးနေခြင်းမှာ ယခုတိုင်ပင်ဖြစ်သည်။ လူထုယုံကြည်သောခေါင်းဆောင်အား စစ်တပ်ကဒီလောက်ထိ အာဃာတထားနေရလားဟူ၍ လူထုက တပ်မတော်အပေါ် အော်ဂလီဆန်လာတော့သည်။)
၃။ ၁၉၉၀ ခုနှစ် မေလရွေးကောက်ပွဲတွင် လူထုဆန္ဒပြုတင်မြှောက်ထားကြသည့် လူထုခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ်တို့အား အနှောက်အယှက်အမျိုးမျိုးပေး၊ လိုက်လံဖမ်းဆီးထောင်ချသတ်ဖြတ်သည်အထိ အတင့်ရဲ လာကာ အထက်မှ တပ်မတော်ခေါင်းဆောင်များပေးထားခဲ့သည့် ကတိက၀တ်များအားချိုးဖောက်ပြီး တခါပြန်၍ အာဏာသိမ်းသည့်ကိစ္စ။
(၎င်းအဖြစ်အပျက်ကို ဗမာ့သမိုင်းတွင် အာဏာသိမ်းမှုတကြိမ်အဖြစ် ထည့်သွင်းသတ်မှတ်ရမည်ဖြစ်သည်။ ပုံမှန် အနေနှင့် ရွေးကောက်ပွဲပြီးသည်နှင့် အပြတ်အသတ်အနိုင်ရထားသည့်ပါတီအနေနှင့် ပြည်သူ့လွှတ်တော်ခေါ်ရမည် သာဖြစ်သည်။ လူထုကရွေးချယ်ပေး လိုက်သော်လည်း လူထုဆီက နောက်တဖန်ပြန်၍ အာဏာသိမ်းမှုပင် မဟုတ် ပါလော။)
၎။ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ငြိမ်းချမ်းစွာစီတမ်းလမ်းလျှောက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသော သံဃာတော် အရှင်သူမြတ်တို့အား စစ်တပ်နှင့် တွင်သာမက ရဲအပါအ၀င် ကြံ့ဖွတ်နှင့် ၎င်းတို့နှင့်ပါတ်သက်သည့် အပေါင်းအပါ စွမ်းအားရှင်တသိုက်တို့ ပစ်ခတ်ရိုက်နှက်၍ ဥပဒေမဲ့ အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်ကျူးလွန်ခဲ့သည့်ကိစ္စ။
(လမ်းဘေးက ခိုးဆိုးရိုက် လူတို့ကို နေ့စားပေးပြီး ခေါ်ရိုက်ခိုင်းသည့်အပြင် နောက်ပိုင်း အချို့ကို လူနေရပ်ကွက် များထဲတွင်ပါ နေရာချထားပေးသည့်အတွက် ယင်းခွေးဝဲစားများ၏ရမ်းကားမှုကြောင့် ပြည်သူတို့၏ နိစ္စဓူဝ စိတ်ထဲ တွင် စုစည်းအောင့်အဉ်းထားရသော မကြေလည်မှုများဖြစ်လာရသည်။ တိုင်းပြည်၏သမိုင်းတွင် ပထမဆုံးသော လူအများကိုယ်းကွယ်အားထားရာ သံဃာတော်တို့အား မိုက်ရိုင်းယုတ်မာစွာ သွေးမြေကျစေမှုပင်။)
၅။ အဆိုးဝါးဆုံးသဘာဝအန္တရာယ်ဖြစ်သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် သိန်းနှင့်ချီ၍သေကြေပျက်စီးကြကာ သန်း နှင့်ချီ ဒုက္ခရောက်ကြရသော ပြည်သူလူထုအပေါ် လူသားချင်းစာနာမှုကင်းမဲ့စွာ ပြည်တွင်းပြည်ပအကူအညီတို့ကို ပိတ်ဆို့တားဆီးခြင်းအပြင် ထိုလေဘေးဒုက္ခသည်တို့အတွက်ရရှိထားသည့် အလှူငွေနှင့်ပစ္စည်းများအား မတရား သဖြင့် ကိုယ်ကျိုးအတွက် သိမ်းယူသုံးစွဲူသည့်ကိစ္စ။
(အိမ်နီးချင်းနိုင်ငံများတွင် အဆက်အစပ်ရှိရှိစုစည်းပေးခဲ့သည့် နာဂစ်ကယ်ဆယ်ရေးပစ္စည်းများထဲမှ စစ်တပ်အရာရှိ များအား တိုက်ရိုက်မအပ်သည့်ပစ္စည်းများကို လနှင့်ချီ၍ အချိန်ဆွဲထားခြင်း။ ဥပမာ- ထိုင်းနိုင်ငံဘက်မှ ပို့ပေးလာ သည့် ပစ္စည်းတချို့မှာ တဘက်ကိုရောက်မှ ခွင့်ပြုချက်မကျသေးသည့်အတွက် ဂိုထောင်များငှားကာ လနှင့်ချီ၍ ထိမ်းသိမ်းထားခဲ့ရသည်။ အချို့ရိက္ခာများ ပျက်စီးဆုံးရှုံးမှုဖြစ်ကုန်ခြင်း၊ လက်တွေ့ ဖြစ်နှိုင်သည့်နည်းဖြင့် ၀ိုင်းဝန်း ကူညီကြသည့် ပုဂ္ဂိုလ်တချို့အား ထောင်ချခြင်း၊ နှောက်ယှက်ဟန့်တားခြင်း၊ ချိန်းခြောက်ခြင်းတို့ ပြုခဲ့ကြသဖြင့် တနိုင်ငံလုံးသာမက တကမ္ဘာလုံးကပါ ၀ိုင်းဝန်းရွံရှာခြင်းကို တပ်မတော်ခံနေရခြင်း။)
၆။ နာဂစ်မုန်တိုင်းဒဏ်မှနလံမထူခင် လူထုထောက်ခံမှုမပါဘဲ အတင်းအကြပ် လူထုဆန္ဒကောက်ခံမှုလုပ်ပြီး စစ်အာဏာရှင်တစု၏စိတ်ကြိုက် ရေးဆွဲထားသော စစ်အာဏာရှင်လက်ဝါးကြီးအုပ်အခြေခံဥပဒေကို အသက်သွင်း ရန် ကြိုးစားရုံသာမက ၁၉၉၀ မေလက လူထုပေးထားခဲ့ပြီးသားမဲဆန္ဒကို မျက်ကွယ်ပြုပြီး ၂၀၁၀ ရွေးကောက်ပွဲ အသစ် ထပ်လုပ်ရန်ကြိုးစားနေသည့်ကိစ္စ။ (လှို့ဝှက်မဲပေးမယ့်သူတို့အား အတင်းအဓမ္မဘေးမှ ကူညီပါရစေဟု ဆိုကာ မဲပုံးရှေ့ရောက်သည်အထိ လိုက်ကပ်နေကြသည့် ကြံ့ဖွတ်များ ထိုးထည့်ထားပေးသည့် လူထုဆန္ဒခံယူပွဲက မည်သို့မျှ တရားသဖြင့်မဖြစ်ကြောင်း မဲထည့်သည့်လူထုသာမက တကမ္ဘာလုံးအသိ ဖြစ်ခဲ့သည်သာ။)

မိမိတို့မြန်မာ့အသိုင်းအ၀ိုင်းတခုလုံးကို စစ်အာဏာရူးလူတစုအနေနှင့် အနိုင်ကျင့်အုပ်ချုပ်မှုများ လုပ်ဆောင်လာ ခြင်းမှာ တိုင်းပြည်၏ ဂုဏ်သိက္ခာ ကျဆင်းသည်သာမက တာဝန်ယူတာဝန်ခံမှုမရှိသည့် စနစ်ဖြစ်သဖြင့် ကမ္ဘာ့ အလည်တွင် ဗမာနိုင်ငံသားတို့ မျက်နှာငယ်ကြရတော့သည်။ ယင်းစနစ်အနေနှင့် စစ်ဗိုလ်ချုပ်ဆိုသူများအပါအ၀င် မည်သူတဦးတယောက်၏ လုံခြုံမှုကိုမျှ ပေးအပ်နှိုင်ခြင်းမရှိသည်ကို သက်သေပြနေပေသည်။ နအဖ၀န်ကြီးချုပ် ဟောင်း ဗိုလ်ခင်ညွန့်၏အဖြစ်က သက်သေဖြစ်သည်။ ထိုစနစ်ကို မျက်စေ့မှိတ်ဆုတ်ကိုင်သွားနေသော အတွေး အခေါ်ကင်းမဲ့သည့် ဗိုလ်ချုပ်ဆိုသူများအပါအ၀င် အပေါင်းအပါများ၊ အုပ်ချုပ်ခံ ဗမာနိုင်ငံသားအားလုံးတို့အနေနှင့် အချိန်နှင့်အမျှ အန္တရာယ်ရှိနေသည့် လုံခြုံမှုကင်းမဲ့သည့် အနေအထားတွင်သာ ရုန်းကန်ရှင်သန်ရတော့မည် ဖြစ်သည်။

လက်ရှိအနေအထားက ဗမာပြည်သားတို့အား တသက်လုံး ခေတ်နောက်ပြန်ဆွဲ သက်ဦးဆံပိုင်စနစ်အောက်တွင် ကျွန်ခံမလား၊ ခံချမလားဆိုသည့် စိန်ခေါ်မှုတရပ်ကို သမိုင်းတွင် မည်သည့်အခါကမျှ ကတိမတည်ခဲ့ကြဘူးသေး သော နအဖမိစ္ဆာခေါင်းဆောင်တို့လုပ်မည့် (နောက်တခါလာပြန်ချည်သေးဟူသည့်) ၂၀၁၀ ရွေးကောက်ပွဲကြေငြာမှု က ပေးထားပေသည်။ ဤအချက်မှာ ပြည်သူလူထုအား စစ်အုပ်စုက တိုက်ပွဲခေါ်သံပေးထားခြင်းဖြစ်သည်ကို နားလည်သင့်သည်။ မိမိတို့အားလုံး၏ အဆိုးအကောင်းကံကြမ္မာမှာ တနှစ်သာရှိတော့သည်ကို ပြဆိုထားသည်။ ထိုစစ်ခေါင်းဆောင်တို့အနေနှင့် ယခင်အတိုင်း အမျှော်အမြင်မရှိ၊ အပေးအယူမရှိ၊ အာဃာတတရားကို ဆုတ်ကိုင်၍ ဆက်လက်ချီတက်ကြပေဦးမည်။ ထိုအခါ ဖိနှိပ်မှုများကို မခံနှိုင်တော့သော သေမထူးနေမထူးအခြေအနေရှိ အခြေခံလူထုလူတန်းစားတို့က ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သော ရရင်ရမရရင်ချ ဆိုသည့်အတိုင်း စိမ်ခေါ်ကြ ပေဦးမည်။ တိုင်းပြည်တွင် သွေးမြေကျရပေဦးမည်။ လက်ရှိအကျဉ်းအကြပ်တွင် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးမည့် တပ်မတော်အရာရှိ အရာခံတပ်သားတို့မှ ၂၀၁၀ မတိုင်မီ တိုင်းပြည်နှင့် ပြည်သူလူထုအနာဂတ်အတွက် အမှန်တရားဘက်မှ မားမားမတ်မတ်ရပ်တည်၍ အမြန်ဆုံး အခြေအနေကို ပြောင်းလည်းပစ်ရန် နောက်ဆုံးအကြိမ်အဖြစ် ဗမာပြည်သားတဦးအနေနှင့် မျှော်လင့်မိပါသည်။ တောင်းလည်း တောင်းဆိုအပ်ပါသည်။ လူထုအုံကြွမှုထပ်မံပေါ်ပေါက်လာပါကလည်း လူထုနှင့်အတူ အကာအကွယ်ပေးနှိုင်မည့် မိမိလက်နက်နှင့်မိမိ တပါတည်း တပ်ဖွဲ့လိုက် ပူးပေါင်းကြစေချင်ပါသည်။ သို့မဟုတ်ပါက ကာလ၀ိဘက် နောက်ပိုး တက် ဟူသည့်စကားအတိုင်း မဆုံးနှိုင်သည့် သံသရာလည်ပေတော့မည်။ လူထုမထောက်ခံသည့် အစိုးရအနေနှင့် တရားဝင်ရွေးကောက်တင်မြှောက်ခြင်းခံရသည်ဖြစ်စေကာမူ တချိန်တွင် ကျဆုံးရသည်သာ ဖြစ်သည်။

လက်ရှိအချိန်သည် ဗမာ့တပ်မတော်သားတို့အပါအ၀င် တိုင်းရင်းသား အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ၀န်ထမ်း၊ ရဟန်းသံဃာနှင့် အခြားဘာသာဝင်အားလုံးဖြစ်သည့် ဗမာနိုင်ငံသားအားလုံး ကိုယ့်ကြမ္မာကိုကိုယ် ဖန်တည်းကြရမည့်အချိန်ဖြစ်သည်။ အမှန်တရားအတွက် အနာဂတ်အတွက် အစွမ်းကုန်ရုန်းကန်တိုက်ပွဲဝင် ကြရမည်။ တဦးချင်း ပူးပေါင်းပါဝင် ကြရမည်။ ကိုယ်တတ်နှိုင်သော ဆန့်ကျင်မှုကို လက်ဝယ်ရရှိပိုင်ဆိုင်ထား သည့် အခွင့်အရေးအတိုင်း ကိုယ်တိုင်ပူးပေါင်းပါဝင်လုပ်ဆောင်ကြရမည်သာဖြစ်သည်။ လူထုတိုက်ပွဲခေါ်သံကို ကြားသည် နှင့် တပြိုင်နက် ချက်ခြင်း လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ပူးပေါင်းတိုက်ပွဲဝင်သွားကြပါစို့။

မတရားမိစ္ဆာစနစ် ကျဆုံးပါစေ။

"အတ္ထာဟိအတ္တနောနာထော"

ရာဇ (မဟာသား)
၂၈၊ ၁၊ ၂၀၀၉

SONG FOR BURMA

Wednesday, January 28, 2009

မြန်မာပြည်အတွက်သီချင်း



ဒီသီချင်းလေးကို အင်္ဂလိပ်လိုစပ်ဆိုခဲ့တာဖြစ်ပါတယ်။ မူရင်းအင်္ဂလိပ်ဘာသာကိုပြန်ဆိုမှုဖြစ်ပါတယ်။ စာသားလေးတွေကို ပဏာမအနေနဲ့ ဝေငှပေးလိုက်တာဖြစ်ပါကြောင်း။

BAJF

☼ အနာဂတ်သစ်သို့ ☼


လှမ်းနေတာမညီညာသည့်လမ့်း့ 
ငါတို့လျှောက်နေတဲ့
အဲ့ဒီဘ၀လမ်းမှာ့ 
လူတွေအမျိုးမျိုးထွေ
ငါလည်းလေခရီးထွက်ခဲ့
ငါ့ဘ၀အနာဂတ်သစ်အတွက့့်  ။
ငါတို့လျှောက်နေတဲ့ခရီးလမ်းကြမ်းမှာ့ 
တချို့လူတွေက
ရေလိုက်ငါးလိုက်နဲ့အောင်မြင်ကြ
ဒါပေမယ့့်  သူတို့
ဘ၀ရဲ့ဒဿနကို
တွင်းနက်နက်ထဲအထိဆင်းမကြည့်လို့
ဘ၀အနှစ်သာရအကြောင်း
ကောင်းကောင်းသိမသွားကြ
သြော့့်  ရေလိုက်ငါးလိုက်
ဖြစ်သလိုနေတတ်ကြတဲ့
သနားစရာလူတွေပ့  ။

ငါတို့လျှောက်နေတဲ့ခရီးလမ်းကြမ်းမှာ့ 
တချို့သူတွေက
မသိရင်မေး မစင်ရင်ဆေးခဲ့ကြ
အဲ့ဒါ ဘ၀ရဲ့အနှစ်သာရ
တကယ်ပါ့ 
အဲ့ဒီလိုလူစားမျိုး
ငါအရမ်းလေးစားသပ့  ။
ငါတို့လျှောက်နေတဲ့ခရီးလမ်းကြမ်းမှာ့ 
တချို့သူတွေက
လှပတဲ့ဘ၀ခရီးကိုရောက်ဖို့
နှောင်ကြိုးတွေကိုဖြေထုတ်
အနာဂတ်ခရီးမှာ့ 
ရဲရဲတွေးရဲရဲရေးပြီး
အမှန်တွေကိုဆိုဖို့အတွက်
ဘ၀တက္ကသိုလ်ဆီ ခရီးဆက်ခဲ့
တကယ်ပါ့  တကယ်ပါ
ငါ့မျက်လုံးတွေရှိရဲ့သားနဲ့
ကြောင်တောင်ကန်းကြီးအဖြစ်မခံနှိုင်ပါ
ငါ့ရဲ့နားတွေရှိရဲ့သားနဲ့
နားတွေကိုထိုးဖောက်တာကိုမခံနှိုင်ပါ
ငါ့ရဲ့ပါးစပ်တွေရှိရဲ့သားနဲ့
ရေငုံနှုတ်ပိတ်ကြိတ်မခံစားနှိုင်ပါ
တကယ်ဆို ငါ့ 
အနာဂတ်သစ်ဆီကိုဆက်လျှောက်ရင်း
အမှန်တွေကိုပဲ
ငါသိသလောက်ဆက်ရေးသွားမှာပါ့  ။
ဇာနည်မောင်

ဧရာဝတီမှသည်……


နာဂစ်မုန်တိုင်းကြောင့်ပေါ့ လူတွေဒုက္ခရောက်ကြရတဲ့အချိန် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကရောက်လာတဲ့ အကိုကြီးတစ်ဦးနဲ့ စကားပြောဖြစ်ကြတော့ သူက နောက်တစ်ကြိမ် တော်လှန်ရေးက “ဧရာဝတီက စမှာကွ” လို့ရုတ်တရက်ပြောလိုက်တဲ့အခါ ကျွန်တော် ကြက်သီးဖြန်းဖြန်းထသွားခဲ့တယ်။ ဟောဒီကဗျာလေးကိုလည်း…. ရေးဖွဲ့ဖြစ်တယ်။ ခံစားချက်တူတဲ့သူတွေနဲ့ ထပ်တူကျမှာဘဲလို့လည်း ယုံကြည်မိပါရဲ့။

ဧရာဝတီမှသည်……


၁။ ဧရာဝတီဟာ…
သူရဲကောင်းပါ…။
တောင်းမစားတတ်ပါဘူး…။
၂။ မြောက်ဘက်ဖျားမှာ… သန္ဓေတည်မွေးဖွား…
သွေးသားညီရင်း… ချင်းတွင်းဝန်းရံ…။
သံလွင် စစ်တောင်း… ညာလက်မောင်းဟေ့
စစ်မောင်းသံချီ… ဒုဌ၀တီ။
မှိုင်းရီဖြိုးဖြ… ရိုးမတွေဆီ…
နောင်တော်မြတ်မို့… လက်အုပ်ချီ။
ပြည်သူ့ရဲ့သွေး …
ပြည်သူ့ရဲ့သွေး …
ပြည်သူ့ရဲ့သွေး …
ဧရာဝတီ…။
၃။ ၁၉၇၀ နှစ်များက…
ပညာရေးတက္ကသိုလ်…
နောက်ဆုံးနှစ်ရဲ့… နှုတ်ဆက်ပွဲက…
ကိုဖူးသစ်ရဲ့…
“နိုးလော့ ထလော့ ဧရာတီ” တေးသွား…
သံတိုင်တွေကြား… ငါတို့သီဆို။
အားသစ်တွေတက်…
ထောင်တွင်းတိုက်ပွဲတွေ ဆက်ခဲ့…။
ပဒေသရာဇ်စနစ်ဆိုး…
မိုးကြိုးသံလျက် အာဏာစက်အောက်မှာ…
တုံးအောက်ဖားလို… ပြားပြားဝပ်နေ…
“ဟယ်” ပြည်သူတွေရဲ့… ရှိုက်ငိုကြွေးသံ…
ပြန်လည်လို့ကြားပါစလေ…
ပြန်လည်လို့ကြားပါစလေ…
“တောက်”… တက်ခေါက်နေတဲ့…
ဧရာဝတီ…။

၎။ ကောင်းလိုက်တဲ့စာသားနဲ့သံစဉ်
ဗိန်းဗေါင်းတီးလို့.. ဟစ်အော်လိုက်ချင်…။
… သူပုန် သူပုန် ထထ
… ဂဠုန် ဂဠုန် ကြွကြွ
… သပိတ် သပိတ် မှောက်မှောက်
… မြင်းခွာတချက်ပေါက်ရင်
… မီးဟုန်းဟုန်းတောက်စေရမလေ…။
… တို့ပြည်သူညီတူတေး
… သီဆိုကြမယ်လေ…။
… တူ တံဇင် ကိုင်ဆွဲ
… တိုက်ပွဲဝင် သူရဲကောင်းတို့…
… နီမောင်းတေးသံ… ကျူးရင့်ကြဟေ…
… နီမောင်းတေးသံ… ကျူးရင့်ကြဟေ…
… ပြည်သူ့ရဲ့ဧရာဝတီ…
… ပြည်သူနိုးထ အားမာန်ကြွချီ။
… နိုးလော့ထလော့… ဧရာဝတီ
… နိုးလော့ထလော့… ဧရာဝတီ
… နိုးလော့ထလော့… ဧရာဝတီ။
၅။ ဒီသံစဉ်နဲ့ စာသား
ရင်ထဲ နှလုံးသားထဲ
သံမှိုစွဲထားသလို…
အို… ဧရာဝတီသူရဲကောင်းတို့…။
၆။ ဆရာမင်းသုဝဏ်ရဲ့…
… စစ်ကိုလည်းကြုံ
… ခြအုံလည်းဖြစ်
… ဓါးထစ်လည်းခံခဲ့ရတဲ့ ဧရာဝတီ။
၇။ “၁၉၇၄”.. အလုပ်သမားအရေး
ထောင်တွင်းတေးတပုဒ်
ဂျွန် (၆) စိတ်ဓါတ်က။
… ငတ်ရင်းဖြင့်အသေမခံ
… တိုက်ရင်းသာအသေခံမည်…
… ဘာမထီ… ဇာနည်စိတ်ဓါတ်
… မွေး… ခဲ့သည်။
… အာဏာရူး စစ်အစိုးရသည်
… ပေးစရာဆန်အစား
… သနားမညှာ… ကျည်ဆံများသာ…
… ပေး… ခဲ့လေပြီ…။
၈။ ဒီတေးသွားနဲ့သံစဉ်
ခုတိုင်ပင်.. ပေါက်ကွဲလွင့်စင်မဆုံး
ဘယ်မှာတုန်း… တို့ပြန်သီကုံးဘို့…။
နာကျည်းစရာ သံစဉ်တွေ ရှာနေတုန်းလား။
ခေါင်းငြိမ့် ငုတ်တုတ်ခံနေရတုန်းလား။
၉။ လက်နက်နဲ့ စိတ်ဓါတ်
သူပြတ်ရင် ကိုယ်ပြတ်ရမယ်။
သူကိုင်တတ်ရင်… ကိုယ်ကိုင်တတ်ရမယ်။
သူတိုက်တတ်ရင်… ကိုယ်တိုက်တတ်ရမယ်လေ။
၁၀။ ငတ်ပြီး တောင်းနေလို့…
ပတ်ပြီး တောင်းနေလို့…
ပေးမဲ့အရာတွေက…
ပေးတဲ့သူတွေက…။
၁၁။ တိုက်ပွဲထဲက အတွေ့အကြုံ
ဒို့… ရင်ခုံပြီး… ယူရမယ်။
၁၂။ မတိုက်ဖူးသေးလို့ပေါ့
တိုက်ဖူးရင်… မိုးကိုတောင်
ဒူးနဲ့တိုက်ချင်လာမှာ…။
၁၃။ နာဂစ်မုန်တိုင်းထက်မြန်တဲ့
သန်တဲ့… နှုန်းတွေနဲ့…
ဧရာဝတီ သူရဲကောင်းတို့စိတ်ဓါတ်။
သေဆုံး… ပျောက်ဆုံးသူတို့ရဲ့…
ဝိညာဉ်တွေနဲ့အတူ…
ဧရာဝတီမှာ… အလံထူပြီး…
ဒို့ညီတူစကြစို့။
၁၄။ တိုက်ရဲသူသာ…
အောင်ပွဲရယူနှိုင်မှာ…။
ဘယ်သူတွေခံနှိုင်မလဲ။
တိုက်ပွဲထဲက…
သူရဲကောင်းတွေပေါ်လာမယ်။
၁၅။ အရှေ့ မျှော်မျှော်… အနောက်မျှော်မျှော်
တောင်မျှော်မျှော်… မြောက်မျှော်မျှော်
အသံကုန်ဟစ်ခေါ်ခေါ်…
ဘယ်သူတွေလာကြသလဲ…
ဘယ်သူတွေဘာလုပ်ကြသလဲ…
ဘာတွေလုပ်နေကြသလဲ...
ဘာတွေလုပ်ပေးနေသလဲ…
… ပါးစပ်ထဲက… လုစားနေသလိုပ…။
၁၆။ တော်လှန်တဲ့စိတ်ဓါတ်က
ရပ်ကြည့်နေတဲ့သူတွေပါ…
တိုက်လှဲသွားမယ်… ရိုက်ခွဲသွားမယ်။
တိုက်ပွဲဒီလှိုင်းတွေတက်လာရင်…။
၁၇။ အသနားမခံနဲ့
အကစားမခံနဲ့
တရားမမှန်တဲ့သူတွေကို…
မုန်တိုင်းလိုမွှေပေတော့။
၁၈။ ဧရာဝတီစိတ်ဓါတ်နဲ့
မြင့်မြတ်တဲ့…
သူရဲကောင်းတွေ…
တိုက်ပွဲကြားမှာ…
အောင်ပွဲခံကြလိမ့်မယ်။
၁၉။ “ဟေ”…
ဧရာဝတီဟာ…
သူရဲကောင်းပါ…..။
၂၀။ “ဟေ”…
ဧရာဝတီဟာ
ဂန္တ၀င်မြောက်တဲ့
ဒို့ရဲ့ သူရဲကောင်းပါ။
ကိုဘိုးရန် (ခေတ္တ- တိုင်းတပါး) 030608

Tuesday, January 27, 2009

သိမှတ်ဖွယ်ရာထိုင်းနိုင်ငံအရေး…


ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ်ဟောင်း သူဌေးကြီးတက်ဆင်နဲ့ သူ့ရဲ့ ကျောထောက်နောက်ခံအစိုးရတွေကို ပြုတ်ကျသွားအောင် လပေါင်း များစွာတိုက်ပွဲဝင်ခဲ့ကြတဲ့ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီရေးပြည်သူ့တပ်ပေါင်းစု People Alliance for Democracy (PAD) က သူတို့အစီအစဉ်ရှိရှိ တိုက်ပွဲဝင်သွားခဲ့ကြတဲ့အပေါ် အစိုးရတွေ ပြုတ်ကျကုန်ပြီးတော့ အခု အဂတိလိုက်စားမှုကင်းမဲ့တဲ့ အစိုးရပေါ်ထွက်ရေးလမ်းကြောင်းပေါ် မှာ ရောက်ရှိလာခဲ့ကြတယ်ဆိုတာ ကြားလိုက်ကြမယ်ထင်ပါတယ်။

အဲဒီတိုက်ပွဲကာလမှာ လူတချို့ဟာ ရဲအပါအ၀င် တခြား တက်ဆင်ထောက်ခံ တဲ့ အနီရောင်ဝတ် လူတစုရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြတယ်၊ ထိခိုက်ဒဏ်ရာရခဲ့ကြတယ်။ အနီရောင်အ၀တ်အစားဝတ်ထားတဲ့ အစိုးရ လက်ကိုင်ဒုတ်တွေနဲ့ အ၀ါရောင်ဝတ် PAD ဆန္ဒပြသူတွေအကြား အဓိကရုဏ်းတွေဖြစ်တယ်။ လမ်းမတွေပေါ်မှာ ဟိုဘက်ဒီဘက် ရုန်းရင်းဆန် ခတ် တိုက်ခိုက်ကြတာတွေလည်းရှိတယ်။ အဓိကကတော့ PAD အဖွဲ့ရဲ့ လူထုရှိတဲ့နေရာကို ငွေပေးငှားထားတဲ့ အနီရောင်ဝတ် အစိုးရလက်ကိုင်ဒုတ် တွေက ဒုတ်၊ ဓား၊ လက်နက်တွေနဲ့ လာပြီးတိုက်ခိုက်ကြတာများတယ်။ PAD ဘက်ကလည်း ဆိုင်ကယ်ဦးထုပ်တွေကို အကာအကွယ်အဖြစ်ဆောင်းထား ပြီး ဒုတ်တွေ၊ ဂေါက်ရိုက်တံတွေနဲ့ပြန်ချကြတယ်။ အဲဒီလိုဖြစ်တဲ့အခါ PAD က လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ထိုင်းအမျိုးသမီး ငယ်တဦးကို ခင်ဗျားတို့က ကြမ်းမဖက်တဲ့လှုပ်ရှားမှုတွေလုပ်နေတယ်ဆိုပြီး တော့ ဒီလို တဦးနဲ့တဦးအပြန်အလှန်တိုက်ခိုက်နေကြတဲ့အခါ ခင်ဗျားတို့ရဲ့ အကြမ်းမဖက်လှုပ်ရှားမှုကို မထိခိုက်ဘူးလားလို့ မေးကြည့်မိတော့ သူက “ဟုတ်တယ် ကျမတို့က အကြမ်းမဖက်ဆန္ဒပြနေကြတာဘဲလေ။ ရှင်တို့ တွေ့တဲ့အတိုင်းဘဲ ဒီမှာ အစိုးရရဲ့ရဲတွေ ကျမတို့ကို လာပြီးအတင်းဝင်ဖြိုခွဲ တဲ့အခါ ကျမတို့က ဘာမှပြန်မလုပ်ပါဘူး။ လူထုအင်အားနဲ့ဘဲ ပိတ်ဆို့တား ဆီးခဲ့ကြတာပါ။ ဒါပေမယ့် အစိုးရမဟုတ်တဲ့ ဘာမှန်းမသိတဲ့ လမ်းဘေးက လူတွေက ကျွန်မတို့ကို လက်နက်တွေနဲ့လာတိုက်ခိုက်တာမျိုးဆိုရင်တော့ ကျမတို့ကိုယ် ကျမတို့ ကာကွယ်ပိုင်ခွင့်ရှိတယ်။ ကျမတို့ကိုယ်ကျမတို့ မကာကွယ်ရင် အနားမှာ ကျမတို့ကိုကာကွယ်မယ့်သူ ဘယ်သူမှမရှိဘူး မဟုတ်လား။ ဒါဟာ ကျမတို့ရဲ့အခွင့်အရေးပါ။” လို့ ဖြေဆိုသွားခဲ့ပါတယ်။

ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်တဲ့အခါ ကိုယ်ရောက်ရှိနေတဲ့စနစ်က မှန်ကန်တယ် မမှန်ကန်ဘူးဆိုတာကို အစိုးရအဖွဲ့ကထွက်ပြီး အဲဒီ PAD နဲ့ပူးပေါင်းခဲ့တဲ့လွှတ်တော်အမတ်တဦးက “အထဲမှာ ပြုပြင်ပြောင်းလဲရေး လုပ်နေလို့တော့ အများစုအရွေးခံထားရတဲ့ အုပ်စုကြီးထဲမှာဘယ်လိုမှ ဖြစ်မှာမဟုတ်လို့ ထွက်လာပြီး လူထုနဲ့ပူးပေါင်းတာပါ” လို့ပြောခဲ့တယ်။ တက်ဆင်ပြုတ်ကျပြီးနောက်ပိုင်းမှာလည်း မဲတွေကို ငွေနဲ့ဝယ်ပြီးကလိန် ကျခဲ့ကြတော့ တက်ဆင်ရဲ့ရုပ်သေးတွေဘဲ မဲနိုင်ပြီး အစိုးရဖွဲ့နှိုင်ခဲ့တယ်လေ။ အဲဒီအချိန်တုန်းက အစိုးရအပါအ၀င် စာနယ်ဇင်းတွေက PAD အဖွဲ့က သူပုန်ထတယ် ဆိုပြီး အကြီးအကျယ်ရေးခဲ့ကြသေးတယ်။ အစိုးရကိုပုန်ကန် တဲ့ လူတွေကို ဘယ်နည်းနဲ့ဘဲပုန်ကန်ပုန်ကန် အဲဒီလိုအစိုးရတိုင်းကသူတို့ကို ဆန်ကျင်လာတဲ့အတွက် သူပုန်လို့အမည်ပေးကြတာပါဘဲ။ PAD ကလည်း သူတို့ရဲ့ လှုပ်ရှားမှုကြာလာတာနဲ့အမျှ တိုင်းပြည်နစ်နာတော့မယ်ဆိုတာကို သိတော့ ပွဲဖြတ်ဘို့ အစိုးရအဆောက်အဦတွေ၊ လေယာဉ်ကွင်းတွေကို လူထုအင်အားနဲ့ သိမ်းပြီး စိမ်ခေါ်ခဲ့တယ်။ ရဲတပ်ဖွဲ့တွေကို အစိုးရအနေနဲ့ သုံးခဲ့ပေမယ့် စိတ်ဓါတ်ပြင်းတဲ့ PAD ဦးဆောင်တဲ့ ဆန္ဒပြလူထုကို မကျော် လွှားနှိုင်ခဲ့ဘူး။ တိုင်းပြည်ရဲ့ အကြီးဆုံးဝင်ငွေဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားလုပ် ငန်းတွေ ရပ်ဆိုင်းနေရတော့ အစိုးရလည်း ထွက်ပေးရတော့တာပေါ့။ အခု ဆိုရင် PAD အဖွဲ့ဝင်တွေရဲ့အပြောအရတော့ အဂတိလိုက်စားမှုမရှိတဲ့ ဒီမိုကရေစီစံနစ်ကို ဦးတည်ရေးက ၇၅% လောက်တော့ အောင်မြင်ခဲ့တယ် ဆိုဘဲ။ ဟုတ်လဲဟုတ်ပါတယ် အခု ထိုင်းနိုင်ငံကသတင်းစာတွေက အဲဒီ PAD ရဲ့လှုပ်ရှားမှုကို အကြမ်းဘက်လှုပ်ရှားမှုလို့ ဘယ်သူမှမပြောကြတော့ ဘူး။ ဒီမိုကရက်တစ်ပါတီရဲ့ အစိုးရသစ်အနေနဲ့ အခက်အခဲတချို့ကို ရင်ဆိုင်နေရတယ်ဆိုပေမယ့်လည်း ထိုင်းနိုင်ငံရေးက အကောင်းဘက်ကို ဦးတည်နေတယ်လို့ပြောလို့ရပါတယ်။ ဒါကလည်း စိတ်ဓါတ်တခုတည်းနဲ့တွင် မဟုတ်ဘဲ စနစ်တကျ အစီအစဉ်နဲ့တိုက်တဲ့တိုက်ပွဲရဲ့ အောင်မြင်မှုရလာဒ်ဖြစ် တယ်ဆိုတာ ငြင်းလို့မရတဲ့သက်သေတခုမဟုတ်ပါလား။

ကိုဘိုးရန်
www.saffrontoward.blogspot.com မှ ပြန်လည်ဖော်ပြပါသည်။

Sunday, January 25, 2009

"ပြည်သူများအတွက် ၂၀၀၉ ခုနှစ် ဓါတ်ဆင်ဓါတ်ရိုက် ယတြာ"


ကျွန်ုပ်သည် ၂၀၀၇ ခုနှစ် နိုဝင်္ဘာလ(၉)ရက်နေ့မှစ၍ အဘဆရာကြီး မင်းသိင်္ခ ဤကမ္ဘာမြေမှ ပြန်လည် ထွက်ခွါသွားသည့် ၂၀၀၈ ခုနှစ် သြဂုတ်လ (၁)ရက်နေ့အထိ ကျွန်ုပ်၏ ကတိသစ္စာရှိသည်နှင့်အညီ ဝိဇ္ဇာပညာရပ်တခုကို ထုတ်ဖေါ်အသုံးပြုခွင့်မရှိဘဲ အချိန်ကာလ (၉)လကြာမြင့်စွာ သည်းခံစောင့်ဆိုင်းခဲ့ရ၏။ ထိုစောင့်ဆိုင်းခဲ့ရသောကိစ္စမှာ နအဖ စစ်ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ကျွန်ုပ်တို့၏ ဝိဇ္ဇာယတြာ ဓါတ်ရိုက် ဓါတ်ဆင်ပညာဖြင့် ဆုံးမမည့်ကိစ္စဖြစ်ပြီး ကျွန်ုပ်တို့ တမျိုးသားလုံး၏ သားစဉ်မြေးဆက်တိုင်အောင် ဒုက္ခပေး လျက်ရှိသော စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းစေရေးကိစ္စဖြစ်၏။

နအဖ စစ်ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကျွန်ုပ်တို့ တိုင်းသူပြည်သားများအပေါ်တွင် ရက်စက်ယုတ်မာ၏။ မိုက်ရိုင်းစော်ကား၏။ ဆင်းရဲမွဲတေစေ၏။ နလံမထူနိုင်အောင် နှိပ်စက်၏။ အချိန်နှင့်အမျှ ဝမ်းနည်းပူဆွေးနေကြ ရအောင် လုပ်ထား၏။ မေတ္တာပို့ဆုတောင်းကြသော သံဃာတော်များကိုပင် သေနတ်ဖြင့် ပစ်သတ်၏။ ဓါတ်တိုင် မှာ ကြိုးတုပ်၍ ရိုက်နှက်၏။ ဘာသာ သာသနာကို စစ်ဖိနပ်ဖြင့် နင်းချေ၏။ တိုင်းပြည် ပျက်စီးရာပျက်စီးကြောင်း များ လုပ်၏။ ချောက်တီးချောက်ချက် ညစ်ဥာဏ်လေးဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း သွေးကွဲ အောင်ခွဲ၍ ရန်တိုက်ပေး၏။ ပြည်သူပြည်သား အချင်းချင်းမသင့်တင့်အောင် ကြံ့ဖွံ့ စွမ်းအားရှင်ဆိုသော အရောင် များဆိုးပေးပြီး အိမ်ကြက်ချင်းအိုးမဲသုတ်၍ ခွပ်ခိုင်းထား၏။ ဒုစရိုက်သမား၊ အရက်သမားလူမိုက်များကို အရက် တိုက် ငွေပေးပြီး ရပ်ရွာမငြိမ်သက်အောင် ဗိန်းဗောင်းတိုက်ပေး၏။ ထိုကဲ့သို့သောလုပ်ရပ်များကြောင့် ပြည်သူတို့အနေဖြင့် တိုင်းပြည်က ထွက်ပြေးနိုင်သူများ ထွက်ပြေးကြရ၏။ ထောင်ထဲနေနိုင်သူများက ထောင်ထဲနေကြရ၏။ ကျန်ပြည်သူများမှာ ကျေးကျွန်သဖွယ်နေကြရ၏။ ထိုသို့သော ပြည်သူတို့၏ ဒုက္ခများကို ကယ်တင်နိုင်ရေးကိစ္စမှာ ကျွန်ုပ်တို့ ဗေဒင်လက္ခဏာ ဂမ္ဘီရဝိဇ္ဇာ ပညာရှင်များ၏ ပခုံးပေါ်၌ သမိုင်းပေးတာဝန်တရပ် အဖြစ် ကျရောက် လျှက်ရှိ၏။

တနေ့သ၌ မှော်ဘီမြို့အစွန် မရမ်းတလင်းတောစပ်ရှိ ကျွန်ုပ်၏ ဆရာသခင်နေထိုင်သော အယူတော် မင်္ဂလာခြံအတွင်းသို့ ပျားရည်ပုလင်းများနှင့် ငါးသုံးလုံးစီးကရက်(၁)တောင့်ကို ယူဆောင်၍ ဆရာသခင်အား ကန်တော့ရန် ရောက်ရှိလျှက်ရှိ၏။ ထိုနေ့သည် ၂၀၀၇ ခုနှစ် နိုဝင်္ဘာလ (၉)ရက်နေ့ဖြစ်၏။ ဆရာသခင်အား ကျွန်ုပ်၏ လာရင်းကိစ္စပြောဆိုနိုင်ရေးအတွက် နံက်(၃)နာရီတွင် အိပ်ယာထရ၏။ တရားထိုင်ပြီးစ ဆရာသခင် အား ကံကောင်းထောက်မစွာဖြင့် တယောက်တည်းထိုင်နေသည်ကို တွေ့ရ၏။ ဆရာသခင်က ကျွန်ုပ်အား မြင်မြင်ချင်း ……… မင်္ဂလာရှိသော အာရုံနံက်ခင်းပါ ဆရာအောင်………..။ ဟု စတင်နှုတ်ခွန်းဆက်၏။ ဆရာသခင်အား ကျွန်ုပ်က ကျိုးနွံစွာကန်တော့၏။ ဆရာတပည့်နှစ်ဦး ဆိတ်နို့ ဂျင်းပြုတ်ရည် တို့ဖြင့် ဖျော်သော လ္ဘက်ရည်ကိုသုံးဆောင်ရင်း စကားစမြည်ပြောဆိုကြ၏။ ကျွန်ုပ်က……။ အဘရယ် သံဃာတော်တွေကို သေနတ်နဲ့ ပစ်သတ်တယ်၊ ပြည်သူတွေကိုလည်း သတ်တယ်၊ ရိုက်တယ် နှက်တယ်။ ဖမ်းဟယ် ဆီးဟယ်နဲ့ ပြည်သူတွေတော့ အနိဌဖလ နဲ့နပမ်းလုံး နေရတယ်ဟု ပြော၏။ အဘက………..ရင်ကော့၍ ဝမ်းခေါင်းသံကြီးကို ပြုပြီး…….. ဒီစစ်ခွေးရူးကြီးသန်းရွှေကို သေချင်းဆိုးနဲ့မသာပေါ်အောင် ငါတို့ ယတြာပညာနဲ့ လုပ်လို့ရတယ် ကွ……ဟု လွှတ်ကနဲပြော၏။ ကျွန်ုပ်က……။ယတြာဆိုတာ ပါဠိလို…. “ဣစ္ဆိတံ၊ နိစ္ဆိတံ၊ ဖသံယာတိ ပဝတ္တတိဘိ၊ ယတရာ”........ လို့ ဆိုတယ်မဟုတ်လားအဘ ဟုမေး၏။ အဘက....... အေးဟုတ်တယ်ကွ၊ အဓိပ္ပါယ်ကတော့ကွာ လိုအပ်သောအကျိုး မလိုအပ်သော အကျိုးနှစ်ပါးတို့ကို ကောင်းစွာဖြစ်စေတတ် ရောက်စေတတ်သောကြောင့် ထိုလက္ခဏာကို ယတြာဟု ခေါ်လေသည်လို့ ရေဝန်းဆရာတော်ရေးတဲ့ အင်္ဂဝိဇ္ဇာ အလင်းပြ ယတြာ ဓါတ်ရိုက် ဓါတ်ဆင်ကျမ်းမှာ အတိအလင်းရေးထားတာ ရှိတယ်ကွ ဟု ပြော၏။ ဒီလောက် တောင်ကောင်း တဲ့ အဘရဲ့ပညာကို သင်ပေးပါဟု ကျွန်ုပ်က နားပူနားဆာလုပ်၏။ နွားပိန်တွယ်တွယ်၏။ အဘက မျက်လုံးကြီးပြူးပြီးပြောပြန်၏။ ငါ့ရဲ့ပညာက ဝိဇ္ဇာယတြာ ဓါတ်ဆင် ဓါတ်ရိုက်နည်းကွ။ ငါတို့တတိုင်းပြည်လုံးက ပြည်သူတွေ အားလုံးဝိုင်းလုပ်ကြဖို့တော့လိုတယ်ကွ။ သိပ်သေချာတဲ့ နည်းကွ။ နှမအစိမ်းလိုက်ပေးကြေး လောင်းရဲတဲ့နည်းကွ။ စကားအကုန်ပြောမယ်ကွာ........။ ဒီကောင်ကြီး မဂန့်ဘူးဆိုရင်၊ လျှာဖြတ်ခံမယ်ကွာ၊ လက်အဖြတ်ခံမယ်ကွာ၊ အိုကွာ.......... တကိုယ်လုံး အတုံးတုံး အတစ်တစ်........ တစ်လှည့်လို့ အာမခံနိုင်ပါ တယ်ကွာဟု ပြော၏။ ဒါပေမယ့် တခုတော့ရှိတယ်ဟု အဘက တွေးတွေးဆဆ ဆက်ပြော၏။ ငါက ဝိဇ္ဇာလမ်းလိုက်နေပြီကွ။ ဝိဇ္ဇာရဲ့အလုပ်က မကောင်းသူပယ် ကောင်းသူကယ်တဲ့အလုပ်ကို လုပ်တယ်ကွ။ လုပ်ထိုက်နေတဲ့အလုပ်ကို လုပ်ရမှာပေါ့ကွာ။ ကဲကွာ......။ ငါမထွက်ခင်မှာ ဒီဓါတ်ရိုက် ဓါတ်ဆင်နည်းကို အသုံးမပြုပါဘူးလို့ မင်းကတိပေးနိုင်တယ်ဆိုရင် ငါသင်ပေးမယ် ဟုပြော၏။ ထိုသို့ပြောပြီးနောက် ငါ့ရဲ့ထွက်ပွဲ လွန်ရင်တော့ မင်းသဘောဘဲ ဟု ဆိုလိုက်ရာ။ ကျွန်ုပ်က……။ ထွက်ပွဲဆိုတာ ဘာကြီးတုန်းအဘ ဟု မေးမြန်းရ၏။ အဘက ဝိဇ္ဇာဓါတ်ဆိုတာ အရှင်ဓါတ်ကွ၊ အရှင်ထွက် …. ထွက်တယ်လို့ဘဲ သုံးတယ်ကွ၊ လူမိုက်ကလေးရေ အသေအချာမှတ်ထားဟေ့။ ငါသေပြီးမှ ငါ့ရဲ့ပညာကို အသုံးပြုလေ ဟု ပြုံးပြုံးကြီး ပြောလိုက်၏။ ကျွန်ုပ်က လိုက်နာပါမည်ဟု ကတိပြု၏။ အဘတိုက်သော သစ္စာရေကို သောက်၏။ အဘသည် မကြာမီအချိန်က အဓိဌါန်တင်၍ ဂန္ဓာရီထွက်၏။ တောရိပ်တောင်ရိပ်ခိုပြီး ဂမ္ဘီရ ကျင့်စဉ်များ ကျင့်၏။ အဓိဌါန်အောင်မြင် ပြီးမြောက်၏။ ထိုပြီးမြောက်ခဲ့သော ကျင့်စဉ်များထဲမှ ကျင့်စဉ် အမှတ်(၅) ဖြစ်သော မိမိခန္ဓာကိုယ်မှရွှေကြိုးလွှတ်သော ကျင့်စဉ်ကို အသုံးပြု၍ ရုပ်မှ နာမ်ခွါပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အိမ် ဘုရားခန်းရှိ ရွှေကလပ်ဖြင့် တခမ်းတနားထားရှိသော ကောဇာသက္ကရာဇ် ၁၂၉၄ ခုနှစ် တပို့တွဲလ္ဆန်း(၈)ရက် ကြာသပတေးနေ့တွင် မီးရှူးသန့်စင် ဖွားမြင်သော မောင်သန်းရွှေ အသက်(၁၂၀) ရှည်စေသောဝ် ဟုပါရှိသည့် စစ်ဘီလူးကြီး၏ ဇာတာရက်ချုပ်ကို ကူးယူခဲ့၏။ ထိုဇာတာရက်ချုပ်ကို ရှေ့ တွင်ချ၍ ပညာကုန်သုံးပြီး တွက်ချက်၏။ အနှစ်ချုပ် စစ်ထုတ်၏။ ထို့နောက် တတိုင်းပြည်လုံးပြည်သူအားလုံး ဓါတ်ဆင် ဓါတ်ရိုက်ကြရမည့် ဝိဇ္ဇာယတြာ ဓါတ်ဆင် ဓါတ်ရိုက်နည်းကို ကျွန်ုပ်အား တထိုင်တည်း လက်ထပ်သင်ပေး၏။ ထိုနေ့မှစ၍ ကျွန်ုပ်သည် ကတိသစ္စာပြုထားချက်အရ အဘဆရာကြီး မင်းသိင်္ခ၏ ဝိဇ္ဇာယတြာ ဓါတ်ဆင် ဓါတ်ရိုက်နည်းကို အသုံးမပြုပဲနေရ၏။ ထုတ်ဖေါ်ခွင့်မပြုရဲဘဲ ငြိမ်နေရ၏။ နေသေးသပ ဂျိုသွေးတမြမြ လုပ်နေရ၏။ ၂၀၀၈ ခုနှစ် သြဂုတ်လ (၁)ရက်နေ့တွင် ဤကမ္ဘာမြေပေါ်မှ အဘဆရာကြီး မင်းသိင်္ခ ပြန်လည်ထွက်ခွါသွားခဲ့ပြီးဖြစ်၏။ သြဂုတ်လ (၅)ရက်နေ့တွင် အဘ၏ ထွက်ပွဲ ကျင်းပခဲ့၏။ ငါ့ရဲ့ထွက်ပွဲလွန်ရင်တော့ မင်းသဘောပဲဟု ဆရာသခင်က မှာကြားခဲ့ပြီးဖြစ်ရာ……………….။

“နအဖ စစ်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (၇)ရက်အတွင်း အသေဆိုးဖြင့် မသာပေါ်စေမည့် ပြည်သူတွေလုပ်ကြရမည့် ၂၀၀၉ ခုနှစ်အတွက် ဓါတ်ဆင် ဓါတ်ရိုက် ယတြာ”

- နအဖ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဓါတ်ပုံကို လေးထောင့်သံပုံးထဲ ထည့်၍

- ဓါတ်ပုံပေါ်ရှိ ၎င်း၏မျက်နှာပေါ်သို့ ငရုတ်ဆီ(၂)ပုလင်းလောင်းချပါ၊

- ငရုတ်ဆီလောင်းချထားသော ဓါတ်ပုံ၏အပေါ်မှ ရေခဲတုံးများဖြင့် ဖိထားပြီး

- သံပုံးကိုအဖုံးလုံအောင်ပိတ်ရမည်။

- ထိုသံပုံးကို မိမိတို့ အိမ်သာအတက်အဆင်း အ၀င်အထွက်နေရာတွင်ထား၍

- အိမ်သာတက်တိုင်း ၎င်းသံပုံးကို ဖနောင့်နဲ့ပေါက်ပြီး ဒီသံပုံးထဲက အကုသိုလ် ကောင်ကြီး သွေးစိမ်းအန်ပြီးသေစမ်း…….။ ဓမ္မန္တရာယ်ကောင်ကြီး ခုနစ်ရက်အတွင်း မသာပေါ်စမ်း။ ငါတို့တတိုင်းပြည်လုံး နင့်ကြောင့်ဒုက္ခရောက်လှပြီ……. နင် အဝိစိ ရောက်မှအေးမှာ…..။ နင်သေစမ်း……။ သေချင်းဆိုးနဲ့ အခုသေစမ်း ဟု မှင်မောင်း အပြည့်ဖြင့် မာန်ပါပါ အမိန့်ပြန်ရမည် ဖြစ်ပါသည်။

ဆောင်ပုဒ်။ ။ ကျွန်ုပ်တို့၏ ဗေဒင်လက္ခဏာ ဂမ္ဘီရဝိဇ္ဖာ ပညာ ပယောဂကြောင့် စစ်အာဏာရှင်စနစ်လုံးဝ ချုပ်ငြိမ်းစေရမည်။

အဘဆရာကြီး မင်းသိင်္ခ၏သားတပည့်

ဆရာအောင်

ဗေဒင်လက္ခဏာဂမ္ဘီရဝိဇ္ဇပညာရှင်

မှတ်ချက်။ ။ ဓါတ်ပုံအစား သတင်းစာတွင်ပါသော ဓါတ်ပုံကို ဖြတ်ထုတ်၍ အသုံးပြုနိုင်ပါသည်။ ဤဝိဇ္ဇာယတြာဓါတ်ဆင်ဓါတ်ရိုက်နည်းအား မိတ္တူကူး၍ လက်ဆင့်ကမ်း ဖြန့်ဝေကြရန်။

2009CAC(BURMA) က တာဝန်ယူဖြန့်ချီပါသည်။ အသေးစိတ် သိရှိလိုပါက cacburma@gmail.com သို့ ဆက်သွယ်လိုက်ပါ။

အဘဦးထွန်းကျော်ရဲ့ လွတ်လပ်ရေးဇာတာဟောစာတမ်း